အစိုးရဝန်ကြီးဌာန ဝက်ဘ်ဆိုက် ၂၁ ခု၌ ၂ ခုသာ Mobile Vision ကို အထောက်အပံ့ ပေးနိုင်

 လေ့လာမှုအရ အစိုးရဝန်ကြီး ဌာန၏ ဝက်ဘ်ဆိုက်၂၁ ခု၌ Mobile Vision ကို အထောက်အပံ့ ပေးနိုင်သည့် ဝက်ဘ်ဆိုက်မှာ ၂ ခု သာရှိကြောင်း တွေ့ရှိရသည်။

အဆိုပါလေ့လာမှုကို Open Myanmar Initiative မှ Chief Technology Officer ဖြစ်သူ ကိုစိုးသီဟနောင်က လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး အချိန်တစ်လခန့်ယူ၍ အစိုးရ ဝန်ကြီးဌာန ဝက်ဘ်ဆိုက်များကို လေ့လာခဲ့သည်ဟု သိရသည်။

မိုဘိုင်းဖုန်းအသုံးပြုသူအရေအတွက် တိုးတက်များပြားလာသည့်နောက် နည်းပညာလမ်းကြောင်းသည် Mobile Application များဆီသို့ ဦးတည် ပြောင်းလဲလာသော်လည်း အစိုးရအဖွဲ့၏ နည်းပညာပိုင်းဆိုင် အပြောင်းအလဲသည် Mobile နှင့်ပတ်သက်၍ မရှိသလောက် နည်းပါးခဲ့ခြင်းဖြစ်သည်။

“အစိုးရဝ က်ဘ်ဆိုက်တွေထဲမှာ Mobile App အနေနဲ့ နှစ်ခုရှိတယ်။ တစ်ခုကတော့ သမ္မတရုံးဝက်ဘ်ဆိုက်ပါ။ နောက်တစ်ခုကတော့ Mobile အနေနဲ့ App ရှိတယ်။ ဒါ ပေမယ့် သုံးလို့မရဘူး” ဟု အစိုးရ ဝက်ဘ်ဆိုက်များနှင့်ပတ်သက်၍ လေ့လာမှုပြုလုပ်ခဲ့သူ ကိုစိုးသီဟ နောင်က ပြောသည်။

လေ့လာမှုအရ အစိုးရဝန်ကြီး ဌာန၏ ဝက်ဘ်ဆိုက်များတွင် ဝက်ဘ်ဆိုက် ၁၂ ခုသည် Zawgyi Font ကို အသုံးပြုကြပြီး ဝက်ဘ် ဆိုက် ၇ ခုသည် Unicode စနစ် ကိုအသုံးပြုကြသည်ဟု သိရသည်။ အလားတူ ဝက်ဘ်ဆိုက် ၃ ခုသည် Unicode နှင့် Zawgyi နှစ်မျိုးအ သုံးပြုနိုင်ရန် စီစဉ်ထားသည်ဟုလည်း သိရသည်။
“သတင်း အချက်အလက်ရယူနိုင်မှုနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်က လေ့လာခဲ့တာပါ။

လက်ရှိအခြေအနေကို သုံးသပ်ခဲ့တာပေါ့။ ဘာတွေ့ရလဲဆိုတော့ အစိုးရ ဝက်ဘ်ဆိုက်တွေဟာ သူတို့ပြောချင်တာကိုပဲ အသိပေးကြတာ။ ပြည်သူတွေ ဘာသိချင်လဲဆိုတာ မစဉ်းစားကြ ဘူး” ကိုစိုးသီဟနောင်ကပြောသည်။

ထို့အပြင် အစိုးရဝန်ကြီးဌာန ဝက်ဘ်ဆိုက်များသည် ဝန်ကြီးဌာနအချင်းချင်း အပြန်အလှန် ချိတ်ဆက်ဆောင်ရွက် နိုင်သည့် အခြေအနေတွင်မရှိကြောင်း ပြည်သူများနှင့် တိုက်ရိုက် ချိတ်ဆက် ဆောင်ရွက်နိုင်သည့် အခြေအနေမှာလည်း အဆင်မပြေမှုများ တည်ရှိနေကြောင်း လေ့လာ တွေ့ရှိချက်များအရ သိရသည်။

Credit internetjournal
Thiha Htike(THT)
My Facebook Account Click



အဆင်​​ပြေပါ​စေ

ကို​နေဇင်​ (MMiTO)



ကျ​နော်​တင်​သမျှကို Facebook ကတိုက်​ရိုက်​လိုချင်​ရင်
ဒီ​နေရာမှာ
Like တစ်​ချက်​​ပေးခဲ့ပါ





No comments:

Post a Comment

G730-U00 Emergercy data Error fix 100%

မင်္ဂလာပါ  Huawei G730-U00 Emergercy data Error fix 100%  လေပါ ညီတစ်ယောက် အလှူ ခံရင် တင်ထားတာပါ  Zip file လေကို ဒေါင်းပြီ password ကို အလှူ ငေ...