Showing posts with label ဗဟုသုတ. Show all posts
Showing posts with label ဗဟုသုတ. Show all posts

ယူကေ၌ “darling” ဟူသော အကြင်နာစကားကို ပြောပုံပြောနည်းများ





သင့်ဘာသာစကားမှာ“ darling” ဆိုတဲ့စကားလုံးကို ဘယ်လိုပြောပါသလဲ။ British English မှာရှိတဲ့ ၎င်း၏မူကွဲအမျိုးမျိုးကို Ellie Buchdahl က သုံးသပ်ထားပါတယ်။ ပိတ်၊ သိုးမွေး အစရှိတဲ့အထည်အပိုင်းအစလေးတွေနဲ့ ပြုလုပ်ထားတဲ့ စပ်စောင် (rag-rug) လိုပဲ အင်္ဂလိပ်စကားကလည်း တခြားဘာသာစကားတွေရဲ့ စကားလုံး အတိုအထွာလေးတွေနဲ့ စုပေါင်းထားတာ ဖြစ်ပါတယ်။ ၎င်းသည် စနစ်ကျသောအစီအစဉ်မရှိ၊ သေသပ်မှုမရှိတဲ့ အပြင် သဒ္ဒါကလည်း လိမ်လိုက်ကောက်လိုက်နဲ့ သူ့ဘာသာသူ အထုံးတွေပြန်ဖွဲ့နေတယ်လေ။ ဒါပေမဲ့လည်း အင်္ဂလိပ်စကားမှာ တခြားဘာသာ စကားတိုင်းရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ စကားလုံးအ စအနလေးတွေနဲ့ ပြွတ်သိပ်နေပါတယ်။ ဒါကြောင့်လည်း ၎င်းဟာထူးထူးခြားခြားလှပပြီး လုံးလုံးလျားလျား လက်တွေ့အသုံးကျနေတဲ့ ဘာသာစကားဖြစ်တာပေါ့။

“darling” ဆိုတဲ့စကားလုံးကိုပဲ နမူနာကြည့်ကြစို့။

University of Glasgow မှာ Historical Thesaurus အရဆိုရင် darling ရဲ့မူကွဲပေါင်း ၁၀၃ လုံးရှိပါတယ်။ အဲဒီ ၁၀၃ လုံးထဲမှာတော့ “bagpudding” (ငပျော့) ကစလို့“ heart-root ” (အသည်းလေး) နှင့် “pomewater of my eye” (အသည်းကျော်လေး) အစရှိသောစကားလုံးများ ပါဝင်ပါတယ်။  တကယ်တော့လည်းယဉ်ကျေးမှုပေါင်းစုံရှိ လူတွေ နေထိုင်ပြီး နေ့စဉ်နဲ့အမျှ ယောက်ယက်ခတ်ပြီး အလုပ်ရှုပ်နေတဲ့ ယူကေမှာတော့ “darling” စကားလုံးမူကွဲစာရင်းက ဒီထက်ပိုရှည်တာပေါ့။ အကြောင်းကတော့ ကမ္ဘာအရပ်ရပ်မှ ယုံကြည်မှုနဲ့ နောက်ခံအမျိုးမျိုး ရှိတဲ့လူတွေက သူတို့ရဲ့နေ့စဉ်ဘ၀မှာ ဒီအကြင်နာစကားတွေကို ဖောဖောသီသီနဲ့ လွတ်လပ်ပေါ့ပါးစွာသုံးနှုန်းနေလို့ပါပဲ။
“darling” တစ်လုံးကိုပြောတိုင်း အဲဒီလူဟာ ဘယ်လိုလူမျိုးလဲ၊ ယူကေရဲ့ဘယ်အရပ်မှာနေတာလဲ၊ သူရဲ့ယဉ်ကျေးမှုနောက်ခံကဘာလဲဆိုတာတွေ အပြင် ဒီ “darling” လို့အခေါ်ခံရတဲ့သူနဲ့ ခေါ်လိုက်တဲ့ သူတို့ကြားမှာရှိတဲ့ ဆက်ဆံရေးအခြေအနေပါ တွေ့မြင်နိုင်ပါတယ်။ ဒီနေ့ darlings တွေရဲ့အကြောင်းကို British English နည်းအရ ခရေစေ့တွင်းကျ လေ့လာကြည့်ကြပါစို့။

ဖော်ရွေမှုပြ darling (Friendly darling)

Sweetie, love, hun, darl 

ယူကေရဲ့တချို့အရပ်တွေမှာ Love၊ chuck နဲ့ duck ဆိုတဲ့ ဂုဏ်ပုဒ်တွေကို အချစ်ဆုံးသူငယ်ချင်းက အစ ဘတ်စ်ကားမောင်းတဲ့သူ အထိ တွေ့တဲ့ သူတိုင်းကို ခေါ်သော အသုံးအနှုန်းဖြစ်ပါတယ်။
ထို့အတူပဲ တောင်ပိုင်းစကားပြောသူတွေကြားမှာတော့ “sweetie” နဲ့ “hun” အစရှိတဲ့အသုံးအနှုန်းကို နေရာတိုင်းမှာကြားရပါတယ်။ (အ ထက်တန်းစားနဲ့ အလယ်တန်းစား လူတွေရဲ့ ပုံသေကားကျပုံစံဖြစ်ပါတယ်။) hen ကိုတော့ လှောင်အိမ်တစ်ခုအတွင်းမှာတွေ့ရတဲ့ အမွေးပါတဲ့ ကြက်ကိုခေါ်သလောက်ကို လူတွေကိုလည်း  ချစ်စနိုးခေါ်တဲ့ စကားလုံး အဖြစ် အသုံးပြုပါတယ်။

သတိပြုရန်။ အစဉ်အလာအားဖြင့် “love”၊ “sweetie” ဆိုတဲ့စကားလုံးတွေဟာ အမျိုးသားတွေသုံးတဲ့အခေါ်အဝေါ်မဟုတ်ပါ။ အရွယ်ရောက်ပြီးအမျိုးသားတစ်ယောက်က ကလေးငယ်တစ်ဦး (သို့) အမျိုးသမီးတစ်ဦးကို “love” လို့ခေါ်ကောင်းခေါ်ပေမယ့်လည်း ပိုပြီးယောက်ျားဆန်တဲ့ အသုံးအနှုန်းကို ပိုနှစ်သက်မှာဖြစ်ပါတယ်။ ဒီအတွက်လည်း အင်္ဂလိပ်စာမှာ - pal၊ mate၊ chum၊ cocky၊ bro၊ dude- အစရှိတဲ့ အခေါ်အဝေါ်တွေ အများကြီးရှိပါတယ်။

ဖော်ရွေမှုထက် အနည်းငယ်ပိုသော darling 

အရင်ကကိုယ့်အတွက်ခင်မင်ရတဲ့သူငယ်ချင်းသက်သက်ဖြစ်ခဲ့တဲ့ သူတစ်ယောက်အပေါ် သဘောထားပြောင်းသွားပြီး အမြင်တစ်မျိုးနဲ့ မြင်ရင်ဘာဖြစ်မလဲ။ ဘယ်လိုခေါ်မလဲ။ အင်္ဂလိပ်စာမှာ အထူးသဖြင့် ဗြိတိသျှ အင်္ဂလိပ်စကားမှာတော့ တစ်စုံတစ်ယောက်ကိုအရူးအမူး စွဲလမ်းကြောင်း (have a crush)၊ ကြိုက်ကြောင်း (fancy)၊ သဘောကျ (like) ကြောင်းတွေကို a bit of a crush, to fancy someone, to kind of like someone, to like someone in that way…စသည်တို့ဖြင့် တခြား တစ်ယောက်ကိုရှင်းပြနိုင်ပါတယ်။
ဒီ “darling” ကဲ့သို့သော အခေါ်အဝေါ်တွေနဲ့ ကိုယ်ချစ်ခင်စွဲလမ်းနေတဲ့ သူကိုတော့ ခေါ်လို့မဖြစ်ပါဘူး။ အရင်ကခေါ်ခဲ့ရင်တောင်မှ  အခုသွားခေါ်ရင် ရှုပ်ကုန်ပါလိမ့်မယ်။ အကယ်၍ သင့်ရဲ့ထာဝရအချစ်တွေကို ဖွင့်ဟ၀န်ခံတဲ့အခါ ကျရင်တော့ ခြွင်းချက်သဘောဆောင်သော (conditionals) နဲ့ ဆန္ဒကိုဖော်ပြသော (subjunctives) ကြိယာများ ပါဝင်သော စကားများကိုသုံးရပါမယ်။

ဥပမာ -
So ....

I think ....

I might possibly have started ....

May be we should ....

Do you think ....

Just like ....

Any way ....so?

ကြုံရာလူစိမ်းများအတွက် darling

Beautiful, handsome, sexy…….

တစ်စုံတစ်ယောက်ရဲ့ ပုံပန်းသဏ္ဌာန် (သို့) ကိုယ်လုံးကိုယ်ထည်နဲ့ ပတ်သက်လို့ရည်ရွယ်ပြီးပြောဆိုတာက ရဲတင်းပြီးရိုင်းစိုင်းလှပါတယ်။ အဲဒီအတိုင်းပဲ love နဲ့ဆိုင်တဲ့ အခေါ်အဝေါ်တွေကို မိန်းကလေး (နဲ့ ယောကျာ်းလေး) တွေကို "ကျူ" တဲ့အခါ ညစ်ပတ်ပြီးမှောင်မည်းသော နိုက်ကလပ်များနှင့် online-dating forum ကဲ့သို့သောနေရာများအ တွက် သီးသန့်ဖယ်ထားရပါမယ်။ တီထွင်ထားတဲ့ chat-up line (ကျူတဲ့စကားလုံး) တွေနဲ့ပတ်သက်လာရင် အင်္ဂလိပ်စကားဟာ အသုံးဝင်တဲ့ အမှီအငြမ်းတစ်ခုဖြစ်ပါတယ်။ သံတူကြောင်းကွဲစကားလုံးဖြင့် အဓိပ္ပာယ် နှစ်ခွရပြီး ဟာသမြောက်သောစကားလုံးကို ရွေးချယ်လိုက်တဲ့အတွက် မဖွယ်မရာအကြောင်းအရာသည် ပိုပြီး မဖွယ်မရာဖြစ်လာပါတယ်။ အင်္ဂလိပ်စကားကလည်း သံတူကြောင်းကွဲများ၊ အဓိပ္ပာယ်တူစကားလုံးများကို လိုသလိုဖန်တီးပြောဆိုနိုင်ရန်အတွက် အသုံးတည့်အောင်စီစဉ် ထားတာမဟုတ်ပါလား။

ဥပမာ -
"Do you have any raisins (စပျစ်သီးခြောက်)? How about a date (စွန်ပလွန်သီး/ချိန်းတွေ့ခြင်း) then?"
"Are you Jamaican? Because Jer-making (You're-making) me crazy!"

ဆယ်ကျော်သက်အရွယ်အတွက် darling 

Baby, babes, lover, honey, snookums, lamb chop, cutie-pie, sweetiekins.
ဆယ်ကျော်သက်တွေက သူတို့ချစ်ခင်တဲ့သူကိုခေါ်တဲ့ အခေါ်အဝေါ်တွေအပေါ် အချိန်ကြာကြာအကုန်မခံတာ အကောင်းဆုံးပါပဲ။ ဘာကြောင့်လဲဆိုတော့ စကားအဖြစ်ပြော ရရင် သူတို့ရဲ့စကားလုံးတွေဟာ သွားတွေပိုးစားသွားလောက်တဲ့အထိ ခြွင်းချက်မရှိ ချိုလွန်းလို့ပါပဲ။ ပြောင်းဖူးပေါက်ပေါက်၊ တကျွတ်ကျွတ်ဝါးသံက ရုပ်ရှင်ရုံနောက်တန်း ထိုင်ခုံတွေမှာ ကောင်းပေမယ့် အသက်ကလေးရလာတော့ ဘ၀ဟာလက်တွေ့ပိုကျလာပါတယ်။

ဇနီး/ခင်ပွန်းနှင့် နှစ်ရှည် ဆက်ဆံရေးများ အတွက် darling Dear

ဆယ်စုနှစ်နှစ်စုလောက် ကုန်လွန်ခဲ့ပြီး သားသမီး ၂ ယောက် ၃ ယောက်လောက်ရလာတဲ့ အခါမှာတော့ ၁၀၃ လုံးရှိသောအကြင်နာ စကားလုံးတွေဟာ များလွန်းတယ်လို့ ထင်လာရပါတယ်။ စုံတွဲအများစု ကတော့ ပုံမှန် "darling" အပြင် "dear" နှင့် "love" တို့ကိုပဲအသုံးပြုပါတော့တယ်။ အိမ်ထောင်သက်ရဲ့နှစ် ၆၀ မင်္ဂလာနှစ်ပတ်လည် ရောက်လာတဲ့ အခါမှာတော့ ဗြိတိသျှဇနီးမောင်နှံအများစုကတော့ နံနက်စာ (breakfast) စာရင်းနဲ့ တစ်ဦးနဲ့တစ်ဦး လည်ချောင်းသံခပ်အုပ်အုပ်နဲ့ တစ်လုံးနှစ်လုံးစ ပြောရင်းနဲ့ပဲ ကျေနပ်နေကြပါတော့တယ်။

ကလေးများအတွက် darling

အသက်အရွယ်ရလာတာနဲ့အမျှ ဗြိတိသျှ အင်္ဂလိပ်စကားပြောသူတွေဟာ အချင်းချင်းအတွက် အကြင်နာစကားတွေတီထွင်မှုမှာ စိတ်ဝင်စားမှုတွေ လျော့နည်းသွားပေမယ့် အဲဒီအစား ကလေးတွေအတွက် အကြင်နာစကားလုံးတွေကို ဖန်တီးကြပါတယ်။
ယူကေတောင်ပိုင်းမှာတော့ "my lamb" ဆိုတဲ့စကားလုံးကိုကြားရမှာဖြစ်ပြီး မြောက်ပိုင်းမှာ "chuck"၊ Scotland မှာ "brairnie" (Scots လူမျိုးတွေအတွက် bairn က ကလေးလို့အဓိပ္ပာယ်ရပါတယ်) နှင့် Ireland မှာတော့ "mhuirnin (သို့) "stoirin" ဆိုတဲ့အခေါ်အဝေါ်တွေကိုကြားရမှာဖြစ်ပါတယ်။
ယူကေမှာနေပြီး Jamaican နောက်ခံရှိတဲ့သူတွေကတော့ "pikaninny" ဆိုတဲ့အခေါ်အဝေါ်သုံးကြမှာဖြစ်သလို Hindi ဘာသာစကားပြောသူများ ကတော့"jaan" လို့သုံးကြပါတယ်။
တချို့အခေါ်အဝေါ်တွေကတော့ "my cabbage", my cinnamon နဲ့ "poopie" လို့တောင်မှ သုံးကြပါတယ်။ သင့်အတွက်ရော နောက်Valentine's Day မှာ ဘယ်သူက သင့်ရဲ့ darling  ဖြစ်လာမှာလဲ?
Britishcouncil.org/blog မှ Ellie Buchdahl ရဲ့ Ways of saying 'darling' in the UK ကို ကိုးကားဘာသာပြန်ထားပါတယ်။

Credit  internetjournal
Thiha Htike(THT)
My Facebook Account Click


အဆင်​​ပြေပါ​စေ

ကို​နေဇင်​ (နည်းပညာ)



ကျ​နော်​တင်​သမျှကို Facebook ကတိုက်​ရိုက်​လိုချင်​ရင်
ဒီ​နေရာမှာ
Like တစ်​ချက်​​ပေးခဲ့ပါ





COC Gmail Account ပြန်​ချိန်းနည်း


COC Gmail Account ပြန်​ချိန်းနည်း​လေပါ
(ခင်​​မောင်​ထူး နည်းပညာ မှပြန်​share ​ပေးလိုက်​ပါတယ်​)
Pdf ​ ​လေလုပ်​ထားလိုက်​ပါတယ်​လိုသူများ​အောက်​မှာ​ဒေါင်းပါ

download



<<<
ကျွန်တော့် Site မှ
မိတ်ဆွေတို့ နှစ်သက်သည့်မည်သည့် ပို့စ်ကိုမဆို 
 လွပ်လပ်စွာကူးယူ မျှဝေနိုင်ပါတယ်>>>
 



အဆင်ပြေပါစေ

ထက်အောင်ကျော် (နည်းပညာ)


Google Gift Card (free) ယူပြီး COC မှာ Gems ဝယ်ကြမယ်








အပေါ်လင့် က application ကို ဒေါင်းပါ။ ဖွင့်ပြီး login ဝင်ပါ။ ok ပေါ်လာရင် နှိပ် ပါ fb နဲ့ Auto ချိတ်ပါလိမ့်မယ်။ စောင့်နေပါ code ရိုက်ဖို့. box ကျလာပါလိမ့်မယ်။ BQ47216 ကုတ်ကို ရိုက်ထည့်ပါ။ ပြီးရင် 0.3 $ ရပါပြီ။ setting က invite friend ကိုနှိပ်ပါ။ ကို့ရဲ့ invite code ကိုတွေ့ရပါလိမ့်မယ်။ မှတ်ထားပါ။ ကို့ရဲ့friend တွေကိုလည်း ဒီ နည်းနဲ့ ကို့ရဲ့ code ကိုသုံးခိုင်းပါ။ 12$ ပြည့်လာပါမယ်။ ပြည့်ရင် setting မှာ payout ကိုနှိပ်ပါ။ 12 US $ Gift Card ကို ဝယ်ပြီး COC Game. က shop မှာ Gems တွေ ဝယ်ပြီး စိတ်ကြိုက် level တွေ တင်သုံးနိုင်ပါပြီ။ gems မဝယ်ချင်ဘူး COC မဆော့တဲ့ သူဆိုရင်လည်း google gift cardနဲ့ တစ်ခြား အရာတွေမှာ အသုံးပြုနိုင်ပါသည်။ ကျေးဇူးပါ။





SimCardPinLock ကျတာဘယ်လိုဖြည်ရမလဲဆိုသူတွေအတွက်ဗဟုသတလေးပါဗျာ




*mm-mpxteam *
မှာ *ZawMyoOo* ရေးထားလို့ ပြန်လည် မျှဝေလိုက်ပါတယ်.. မူရင်းအတိုင်းပါ..

PIN lock နဲ့ PUK lock ဆိုပြီး Sim lock (2)နှစ်မျိုးရှိပါတယ်...
အနော်တို့နိုင်ငံမှာ ၁၅သိန်းတန် ၅သိန်းတန် ၂သိန်းတန် အားလုံးမှာ မူလ PIN code က 12345 ပုံမှန်နံပါတ်ပါ....သိသူများလည်းသိမှာပါ....
မသိသူများကလည်း PIN lock - 12345 ကိုမှတ်ထားလိုက်ပါ...
တစ်ချို့ တစ်ချို့တွေဟာ Sim Card ကို ကဒ်ချိုးပီတာနဲ့ အမှုမဲ့ အမှတ်မဲ့ ထားတတ်ကြပါ...တစ်ချို့ကလည်းလွင့်ပစ်တတ်ပါတယ်.....သိမ်းထားရမှန်းမသိကြပါဘူး...တကယ်တော့ Sim Cardချိုးထားပီတဲ့ကဒ်အခွံဟာသိမ်းထားရပါမယ်ဗျ..ဒါဟာတကယ်ကိုအရေးကြီးပါတယ်....ဒီကဒ်အခွံမှာ PUK Code တစ်ခါထဲပါပြီးသားပါ.....
Sim lock လည်းကျရော ဘာလုပ်ရမှန်းမသိပဲ ဆိုင်ကိုပြေးရပါတော့တယ်....
ဆိုင်သမားတွေကလည်း Sim lock ကျတာဖြစ်တဲ့အတွက် ကဒ်ချိုးထားတဲ့ကဒ်ရှိမှ Unlock ပြုလုပ်နိုင်မှာဖြစ်ပါတယ်...
အဲ့မှာမသိမ်းထားတဲ့သူများကတော့ ဘာမှန်းမသိတာနဲ့တင် MPT ရုံးဆီကိုပြေးရပါတော့တယ်.....
အခုထွက်တဲ့ ၁၅၀၀ တန် MEC TEl မှာတော့  PUK ရော PIN ရော ခဲခြစ်အဖြစ်ထည့်ပေးထားပါတယ်...သဘောကတော့ Sim lock ကျရင်အဆင်ပြေနိုင်အောင်လို့ပါ....SIM lock ကျသွားရင် မလုပ်တတ် လုပ်တတ်နဲ့ လျှောက်ပြီးလည်းရိုက်မထည့်ပါနဲ့... ဆိုင်ပြေးတာထက်စာရင် ဆက်သွယ်ရေးရုံးကိုတိုက်ရိုက်သွားတာပိုကောင်းပါတယ်ခင်ဗျာ...ကျွန်တော့်လို
ကလိတာ ၀ါသနာပါတဲ့ beginner တွေအတွက်ကတော့ အောက်မှာရေးထားတဲ့အတိုင်း စမ်းကြည့်ကြပေါ့ဗျ....မိမိဆန္ဒရှိမှ စမ်းသပ်ပါ....အနော်မတိုက်တွန်းပါဗျ...

အကြောင်းအမျိုးမျိုးကြောင့် ကိုယ့် Sim Card က lock ကျပီဆိုရင် ဖုန်းလိုင်းပျောက်သွားပါမယ်..Unlock ပြန်လုပ်ဖို့ ဖုန်းက PUK Code တောင်းပါလိမ့်မယ်...PUK Code က ခုနကအနော်သိမ်းထားပါလို့ပြောတဲ့ ကဒ်ချိုးပီတဲ့ကဒ်ထဲမှာ ပါပီသားပါ...
- Unlock ပြန်လုပ်ပုံကတော့ အဲ့ဒီဆင်းကဒ်ချိုးလိုက်တဲ့ ကဒ်မှာပါတဲ့ PUK Code (၈) လုံးကို ရိုက်ထည့်ပေးပြီး OK နှိပ်ပါ....
- PIN Number အသစ်ပြန်လုပ်ခိုင်းပါလိမ့်မယ်... 12345 လို့သာ ရိုက်ပြီး OK နှိပ်ပါ.....
- နောက်တစ်ခေါက် PIN Number ကို Confirm လုပ်ခိုင်းပါလိမ့်မယ်....12345 လို့ထပ်ရိုက်ပေးပြီး OK နှိပ်လိုက်ပါ...ဒါဆိုရင် Sim Lock, ပြုတ်ပြီး ဖုန်းလိုင်းပြန်တက်လာပါလိမ့်မယ်ဗျ.....
ဒီအောက်ကနည်းလေးကတော့ မိမိတို့ရဲ့ ဆင်းကဒ်ကို Lock ချထားချင်သူများအတွက် ပြုလုပ်နည်းလေးပါတင်ပေးလိုက်ပါတယ်ဗျ...
အနော်ကတော့မတိုက်တွန်းပါဘူး....Sim Card Lock ချချင်တယ်ဆိုရင်လဲ အခုနောက်ပိုင်းထွက်တဲ့ Antivirus ဆော့ဝဲလ်တွေမှာ Sim Card Lock Function ပါတာတွေ အသုံးပြုထားရင်လဲ မိမိတို့ရဲ့ ကဒ်ကို Lock ချထားနိုင်ပါတယ်ဗျ....မိမိတို့ဆန္ဒရှိလို့ အသုံးပြုချင်တယ်ဆိုသူများ အဆင်ပြေစေရန်နှင့် ဗဟုသုတအနေနဲ့ တင်ပေးလိုက်ပါတယ်...

ဘာလို့ SIM Lock ချထားရပါသလဲ ဆိုရင် SIM Card ကို အခြားသူတစ်ဦးဦးက အသုံးမပြုနိုင်အောင်ချရခြင်းဖြစ်ပါတယ်...
SIM Lock ချထားပါက မိမိဆင်းဒ်ကဒ်ကို ဘယ်ဖုန်းမှာထည့်ထည့် ကုဒ်တောင်းနေမှာပါ ကုဒ်မသိရင် သုံးလို့မရတော့ပါဘူး ဘယ်ဖုန်းကိုပဲ ထည့်ထည့်ပါ ဆင်းဒ်ကဒ်မှာ Effect ဖြစ်နေတာပါ ....အဲဒါကြောင့်ချရတာပါ...
မလိုအပ်ရင်တော့ SIM Lock ကို ဖွင့်မထားပါနဲ့...
PIN Code ကို မလိုအပ်လျှင် မပြင်ပါနဲ့ မကလိပါနဲ့...
ပြင်ချင် Lock ချချင်သူများကတော့ မူလ PIN Code က *12345* သာဖြစ်ပါတယ် အဲတာကို ဝင်ချင်ရင် အဲကောင်ရိုက်ပေးမှပွင့်ပါတယ် ...
အဲဒီကုဒ်မရိုက်ဘဲ ကျန်တာတွေ လျှောက်ရိုက်မိရင်တော့ သုံးခါထက်ပိုရိုက်မိရင် လော့ချလိုက်မှာဖြစ်ပါတယ်..
ဒါဆိုအဓိကပြောချင်တာက
SIM Lock ပြောင်းခြင်ရင် ပထမဆုံး * 12345* ကိုရိုက်ပါ ကျန်တာရိုက်လို့မရပါ.. ပြီးမှ ကိုယ် ကြိုက်တဲ့ကုဒ်ကိုပြောင်းပါ မေ့လို့မရပါ...ဒါအရေးကြီးပါတယ်ဗျ...





အဆင်​​ပြေပါ​စေ

ကို​နေဇင်​ - နည်းပညာ
www.konayzin.com


Soft : (-) Mb

PCloud Download Link

G730-U00 Emergercy data Error fix 100%

မင်္ဂလာပါ  Huawei G730-U00 Emergercy data Error fix 100%  လေပါ ညီတစ်ယောက် အလှူ ခံရင် တင်ထားတာပါ  Zip file လေကို ဒေါင်းပြီ password ကို အလှူ ငေ...