မင်္ဂလာပါ
ကျနော်ဆီမှာ ဒီပို့လေးကို တောင်းဆိုထားတာ ကြာပါပြီ
ကျနော် မတင်ပေးဖြစ်ဘူး အားနာလှပါပြီ ဒီနေ့တော့
တင်ပေးလိုက်ပါပြီ။
တောင်းဆိုထားတဲ့သူကတော့ သူ့မှာ ကွန်ပျူ တာအဆင်မပြေတာမို့
ဖုန်းမှာတင် Root လုပ်နိုင်တဲ့နမ်းလမ်းနဲ့ Firmware တင်နည်းကိုပါ
ရှင်းပြသွားဖို့ကို တောင်းဆိုထားတာပါ။
သူ့ဖုန်းအမျိုးအစားကတော့ Huawei G620S-UL00 4.4.4 ဖြစ်ပါတယ်
Firmware ကိုတော့ Official မှဒေါင်းလော့ရယူထားတာလေးကို
ပြန်လည်တင်ပေးလိုက်တာ ဖြစ်ပါတယ်။
တော်တော်ရှာရခက်ခဲပါတယ် မလွယ်တဲ့ Firmware လေးပါ
ရှားရှားပါးပါးမို့ တောင်းလော့ရယူထားကြစေလိုပါတယ်ခင်ဗျား။
Huawei G20S-UL00-V100R001C17B244 4.4.4 Official FirmwareHuawei G620S-Ul00 ဖုန်းများအတွက် Root လုပ်နည်း==========================
ဒီ Huawei G620S-Ul00 ဖုန်းများအတွက် Root လုပ်နိုင်တဲ့
Root Tool တစ်ခုရှိပါတယ် ဒါကတော့ ကွန်ပျူ တာအဆင်ပြေတဲ့
သူတွေအတွက်ပေါ့လေ၊ အရင်ကျနော် တင်ပေးဖူးတဲ့ ပိုစ့်ထဲမှာ
Root tool နဲ့ပတ်သက်လို့ Restore & Backup လုပ်နည်းအတွက်သာ
သီးသန့်ရှင်းပြထားခဲ့တာ ဖြစ်ပါတယ်။
နောက်ပိုင်း ကျနော် ဒီ Root Tool ကိုအသုံးပြု ပြီး Root လုပ်နည်းကို
ပုံတွေနဲ့တကွ လုံနည်းများကို အသေးစစ်ရှင်းပြသွားဖို့ရှိပါတယ်။
အခုတော့ Official မှ Video Tutorial ကိုသာ Root နဲ့ တွဲတင်ပေးလိုက်ပါတယ်
Root လုပ်ရန်အတွက် Root Tool ကို အောက်ကလင့်မှာ ရယူပါ။
Download Hereဒီ Tool ကိုအသုံးပြု ပြီး
ဖုန်း System တစ်ခုလုံးကို Backup & Restore လုပ်ဖို့ရန်အကောင်းဆုံး ဆော့ဝဲများနဲ့ အသုံးပြုနည်း အပြည့်အစုံကိုတော့အောက်ကလင့်မှာ လေ့လာကြည့်လိုက်ပါ။ဖုန်း System တစ်ခုလုံးကို Backup & Restore လုပ်ဖို့ရန်အကောင်းဆုံး ဆော့ဝဲများနဲ့ အသုံးပြုနည်း အပြည့်အစုံ ဒီ Root Tool ကိုအသုံးပြု ပြီး Root လုပ်နည်းကို Tutorial ကို
အောက်လင့်မှာ လေ့လာကြည့်လိုက်ပါ။
Huawei G620S-Ul00 ဖုန်းများအတွက် One Click Root Apk ကိုတော့
မတွေ့ရသလောက်ပါပဲ ကျနော်ပဲလေ့လာအား ညံ့တာဖြစ်မှာပါ
ရှာနေဆဲပါ တကယ်လို့ အဆင်ပြေတဲ့နေ့ကို တင်ပေးသွားမှာပါ
ဘော်ဒါတွေထဲကလည်း ဒီဖုန်းအတွက် ကွန်ပျူ တာမလိုပဲ Root Apk
ဖြင့် Root Access ရှိနိုင်တယ်ဆိုရင်လည်း တစ်ချက်လောက် Comment
ပေးထားခဲ့ကြပါခင်ဗျား တစ်ခြားသူတွေလည်း အဆင်ပြေသွားအောင်ပေါ့
မြန်မာစာထည့်သွင်းနည်း==============
မြန်မာစာအတွက်ကတော့ အခုနောက်ပိုင်းခေတ်စားနေတဲ့
စမတ်ဖုန်းအများစုအတွက်တော့ ကျနော်စမ်းသပ်အောင်မြင်ပြီး
သလောက်ဆိုရင်တော့ ကျနော် အမြဲတမ်းအသုံးပြု နေတဲ့
ကီးဘုတ်အတွက် Frozenkeyboard ပေါ့ ဖောင့်အတွက်ကတော့
ICSMMFontinstaller.apk လေးပေါ့ အရမ်းအဆင်ပြေပါတယ် အောက်မှာ ရယူလိုက်ပါ။ FrozenKeyboard နဲ့
ICSMMFontinstaller.apk ကို install လုပ်ပါ။
(install လုပ်ရန်အတွက် setting / security /
unknown source အကွက်လေးကို အမှန်ခြစ်ပေးပါ)
OR
ICSMMFontinstaller.apk လေးကို အောက်ကလင့်မှာရယူပါ
Download Here OR
Download Here OR
Download Here Huawei G620S-Ul00 ဖုန်းများအတွက် Firmware တင်နည်း=============================
Huawei ဖုန်းများကိုတော့ ကွန်ပျူ တာနဲ တင်နည်းကို
ဟိုအရင်ကျနော် ပြန်လည်မျှဝေဖူးထားတာ ရှိပါတယ်
မူရင်း ပိုစ့်တင်ပေးသူကိုတော့ မမှတ်တော့ပါ အရမ်းအဆင်ပြေပါတယ်
ကွန်ပျူ တာတော့ လိုမယ်ပေါ့ ကွန်ပျူ တာသာရှိမယ်ဆိုရင်တော့
Huawei ဖုန်းများကို ကွန်ပျူ တာကနေ Firmware တင်နည်းကို
အောက်လင့်မှာ လေ့လာကြည့်လိုက်ပါ။
Huawei Phone များကို Computer နဲ့ Firmware တင်နည်း တစ်ခြားလွယ်ကူမယ့်နည်းလမ်းကတော့ ရှိပေမယ့်
လေ့လာခါစညီအကိုတွေအတွက် မလွယ်လောက်ဖူးထင်လို့
မတင်ပေးတော့ပါ နောက်များတော့ ဒီထက်အဆင်ပြေမယ့်
နည်းလမ်းကောင်းတွေကို ကျနော်တတ်နိုင်သလောက်
တင်ပေးသွားမှာပါ။
အဆင်ပြေပါစေ