Showing posts with label Samsung Kies ဆိုင်ရာများ. Show all posts
Showing posts with label Samsung Kies ဆိုင်ရာများ. Show all posts

Samsung Phone & Tablet တွေအတွက် မရှိမဖြစ်တဲ့ Entertainment ဆော့ဝဲ

Samsung Phone & Tablet တွေအတွက် မရှိမဖြစ်တဲ့ Entertainment ဆော့ဝဲ

မင်္ဂလာပါ
အမေးများလာတဲ့ မေးခွန်းတွေထဲက
တကယ်အသုံးတည့်မယ့် ဆော့ဝဲလေးတစ်ခုကို
အားလုံးအတွက် ပြန်လည်မျှဝေလိုက်ပါတယ်။

အထူးသဖြင့် ဒီဆော့ဝဲဟာ Samsung Phone & Tablet
သမားတွေအတွက် လုံးဝရှိထားသင့်တဲ့ ဆော့ဝဲကောင်းပါ

ဒါပေမယ့် ဒီဆော့ဝဲကိုအသုံးပြု ဖို့ရန်က ကွန်ပျူ တာတော့
ရှိနေရပါမယ်၊ ကွန်ပျူ တာမှာ ဒီဆော့ဝဲကို အင်စတောလုပ်ပြီးတဲ့အခါ
သင့် Samsung Device အားလုံးအတွက် ဒီဆော့ဝဲက Entertainment အနေဖြင့်
သင့်စိတ်ကြိုက်ဖြစ်အောင် လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။


ဒီဆော့ဝဲဟာ ဘာလုပ်တွေဆောင်နိုင်သလဲဆိုရင်တော့

၁။ သင့်ဖုန်းက Android Version 4.3 ဆိုရင် 4.4.2 ဗားရှင်းကို
တင်သုံးချင်တယ်ဆိုရင်တော့ Official ကတိုက်ရိုက်ချပေးနေတဲ့
Firmware ကိုဒီဆော့ဝဲကနေ တိုက်ရိုက် Upgrade လုပ်ယူနိုင်ပါတယ်။
 ၂။ မိမိဖုန်းမှ ဓာတ်ပုံများနဲ့ ဗွီဒီယိုများကို ကွန်ပျူ တာသို့ ပို့ထားချင်တဲ့အခါ
USB ကြိုးကိုချိတ်ဆက်ထားလိုက်ရုံနဲ့ အမြန်ဆုံး ပို့ပေးထား
နိုင်ပြီး မိမိအလိုရှိတဲ့အခါ ပြန်ပြီး အလွယ်တကူ ရယူနိုင်မယ့်
 Transfer အပိုင်လည်း ပါဝင်တယ်။
၃။ အထူးစိတ်ဝင်စားစရာကောင်းတာလေးတစ်ခုကတော့
ဒီဆော့ဝဲလေးထဲမှာ မိမိဖုန်းထဲကသီချင်းတွေကို စိတ်ကြို က်ဖန်တီးယူနိုင်တဲ့
Manage အပိုင်းပါဝင်လာတာပါ။ စိတ်ကူးဆန်းသလောက်
ကလစ်ယူနိုင်မယ့် အပိုင်းတွေပေါ့။
၎။ နောက်ဆုံးတစ်ခုကတော့ Backup & Restore အပိုင်းပါ
သင့်ဖုန်းမှာ လောလာဆယ်အသုံးပြုနေတဲ့ App တွေနဲ့
ဓာတ်ပုံလေးတွေ၊ ပြီးတော့ ဗွီဒီယိုတွေ Email တွေ အဆုံးပြောလိုက်ရရင်တော့
သင့်ဖုန်းနာမည်နဲ့ System တစ်ခုလုံးကို Backup လုပ်ထားချင်တာလား
One Click နဲ့ ပြီးပါတယ်။

စက္ကန့်ပိုင်းလောက်ပဲ စောင့်ပါ အကုန်လုံးနော်
Backup လုပ်ယူနိုင်တယ်၊ သင့်ဖုန်းမှာ သိမ်းဆဲထားတဲ့ ဓာတ်ပုံတွေနဲ့
App တွေ ဖုန်းမာမိုရီ ကဒ်ထဲကပဲဖြစ်ဖြစ် SD ကဒ်ထဲပဲဖြစ်ဖြစ် ခနခန ပျောက်သွားလို့
အုံးစားနေတာလား တစ်ချက်တည်းနဲ့ Restore လုပ်ပြီး အကုန်ပြန်ရယူနိုင်ပါတယ်။

စိတ်ချအရဆုံးကတော့ Samsung Device တွေအတွက် Official က ဒီဆော့ဝဲကို
တိုက်ရိုက် ထုပ်ပေးထားတာမို့လို့ အပေါ်ကကျနော်ပြောခဲ့တဲ့ အပိုင်းလေးခုလုံးကို
%100% လောက်လုံးဝစိတ်ချပြီး လုပ်ယူနိုင်တယ်ဆိုတာပါပဲ။

ဒီဆော့ဝဲမှာ ဗားရှင်းက နှစ်မျိုးထွက်ရှိခဲ့ပါပြီ
အခုကျနော်ပြောနေတဲ့ ဗားရှင်းကတော့ Kies 3 ပါ ဒီဗားရှင်းကို 
ကွန်ပျူ တာမှာ အင်စတောလုပ်နည်းကို ဆက်ကြရအောင်ပါ။

Installation Guide
=============
၁။ ပမဆုံး Kies 3 ကို Official ကနေ တိုက်ရိုက်
ဒေါင်းလော့ရယူလိုက်ပါ။

Download Here

OR

Download Here

၂။ ဒေါင်းလော့လုပ်ဖိုရန် Official ဆိုက်ကို ရောက်တဲ့အခါ
မိမိကွန်ပျူ တာအတွက် အဆင်ပြေမယ့် ဗားရှင်းကို ရွေးဒေါင်းယူနိုင်ပါတယ်။
၃။ ဒေါင်းလော့ရလာတဲ့ Kies 3 Setup ဖိုင်ကို Right Click တစ်ချက်
ထောက်ပြီး Run as Administer ဖြင့် အင်စတောလုပ်လိုက်ပါ။
I accept the terms of the license agreement 
ဆိုတာကိုအမှန်ခြစ်ပေးပြီး Next ဆိုနှိပ်ပေးလိုက်ပါ။ 
၎။ Next နှိပ်ပြီးလို့ အောက်ကပုံအတိုင်းပေါ်လာခဲ့ရင်တော့
ဆော့ဝဲရဲ့ Function ဆိုင်ရာ Features တွေကို ပြပေးနေပါလိမ့်မယ်။
မိနစ်အနည်းငယ်ကြာပါမယ် စောင့်နေလိုက်ပါ။
၅။ မိနစ်အနည်းငယ်ကြာပြီးလို့ အောက်ကပုံအတိုင်း
မြင်နေရရင်တော့ ကျနော် အနီရောင်လေးနဲ့ ၀ိုင်းပြထားတဲ့ နေရာတွေမှာ
 အမှန်ခြစ်လေးကို ခြစ်ပေးပြီး Finish ဆိုတာကိုထပ်နှိပ်ပေးလိုက်ပါ။
၆။ အင်စတောလုပ်ခြင်းကိစ္စအပြီးမှာတော့ သင့်ရဲ့ ကွန်ပျူ တာ
Desktop ပေါ်ကို အောင်မြင်စွာ ရောက်နေပါလိမ့်မယ်။
ဒီဆော့ဝဲနဲ့ ဖုန်းကို Firmware တင်နည်း၊ Backup & Restore လုပ်နည်း
များကို အသေးစစ်တင်ပေးသွားမှာဖြစ်ပါတယ်။

ခင်မင်လေးစားလျှက်

အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)

ကို​နေဇင်​ - အ​ခြေခံနည်းပညာ Groupထဲကို
Join Group
လုပ်​​ပေးပါဦး - ​အောက်​ကစာသား​ပေါ်သို့်​နှိပ်​ပီးသွားပါ

ကို​နေဇင်​ - အ​ခြေခံနည်းပညာ Group


Facebook Page သို့ Like
နှိပ်​​ပေးပါဦး -​ ​အောက်​ကစာသား​ပေါ်သို့ နှိပ်​ပီးသွားပါ

ကို​နေဇင်​ - နည်းပညာ Page



အဆင်​​ပြေပါ​စေ

ကို​နေဇင်​ - နည်းပညာ


Soft : ( MB)


<<<  Don't Forget To Say Thanks CLICK HERE TO DOWNLOADDon't Forget To Say Thanks  >>>
 

G730-U00 Emergercy data Error fix 100%

မင်္ဂလာပါ  Huawei G730-U00 Emergercy data Error fix 100%  လေပါ ညီတစ်ယောက် အလှူ ခံရင် တင်ထားတာပါ  Zip file လေကို ဒေါင်းပြီ password ကို အလှူ ငေ...