Dinga Store ကို စတင်မိတ်ဆက်

ပြည်တွင်းရှိ Mobile Application များကို တစ်နေရာတည်း၌ စုစည်းရောင်းချပေးမည့် Dinga Store ကို ယခုတစ်ပတ်အတွင်း မိတ်ဆက်သွားမည်ဟု Technomation မှ စီအီးအိုဖြစ်သူ ကိုထူးမြင့်နောင်က ပြောသည်။
နိုင်ငံတကာ၌ အောင်မြင်နေသည့် Play Store အတိုင်း စီစဉ်ဖန်တီးထားခြင်းဖြစ်သည့် Dinga Stoer ၌ ပြည်တွင်းထုတ် Mobile Application များကို စုစည်း ရောင်းချ သွားမည်ဖြစ်ပြီး Developer များအနေဖြင့်လည်း Application များကို လွယ်ကူစွာရောင်းချနိုင်မည်ဟု သိရသည်။

“ငွေကြေးခွဲဝေမှုကတော့ နိုင်ငံတကာအတိုင်း Devloper က ၇၀ ရာခိုင်နှုန်းယူပြီးတော့ ကျွန်တော်တို့ က ၃၀ ရာခိုင်နှုန်း ယူပါတယ်။ Payment စနစ်တွေ ကတော့ ပေးလို့ရတဲ့ ဘယ် Payment မဆို ပေးလို့ရအောင် စီစဉ်သွားမှာပါ”ဟု ကိုထူးမြင့်နောင်က ဆိုသည်။

လက်ရှိအချိန်၌ နိုင်ငံတကာ Payment စနစ်များဖြစ်ကြသည့် Visa Card ၊ Master Card များ နှင့် Application ဝယ်ယူရန် ငွေပေးချေနိုင်ပြီး ပြည်တွင်းငွေပေးချေ စနစ်ဖြစ်ကြသည့် MPU ကတ်များ၊ Mobile Money ဝန်ဆောင်မှုများ စသည်တို့ဖြင့်လည်း ငွေပေးချေနိုင်ရန် စီစဉ်နေသည်ဟု သိရသည်။
“ပြည်တွင်းငွေပေးချေမှုတွေလည်း ဆက်ပြီးတော့ ချိတ်ဆက်သွားမှာပါ။ အခုတော့ Dinga Gift Card ဆိုပြီးတော့ ငွေပေးချေနိုင်တဲ့ ကတ်တွေကိုလည်း မိုဘိုင်းဖုန်း ဆိုင်တွေမှာ ရောင်းပေးနေပါတယ်” ဟု ကိုထူးမြင့်နောင်က ပြောသည်။

Dinga Gift Card ကို ရန်ကုန်ရှိ မိုဘိုင်းဖုန်းဆိုင် ၆ ဆိုင်၊ မန္တလေးရှိ မိုဘိုင်းဖုန်းဆိုင် ၃ ဆိုင်နှင့် နေပြည်တော်ရှိ မိုဘိုင်းဖုန်းဆိုင် ၁ ဆိုင်တို့၌ ဝယ်ယူနိုင်ပြီလည်း ဖြစ်သည်။

Dinga Store သည် ပြည်တွင်းရှိ Android မိုဘိုင်းဖုန်း အသုံးပြုသူများအတွက် ရည်ရွယ်ရေးသားထားသည့် Application များကိုသာ စုစည်းတင်ဆက်သွားမည်ဖြစ်ပြီး လက်ရှိ အချိန်၌ Mobile Application ပေါင်း ၃၀ ကျော်ခန့် တင်ဆက်ထားရှိသည်ဟု သိရသည်။

Application ၏ ဈေးနှုန်းကို Developer အနေဖြင့် စိတ်ကြိုက် သတ်မှတ်နိုင်မည်ဖြစ်ပြီး အခမဲ့ တင်ဆက်လိုသည့် Application များကိုလည်း Dinga မှ ပြန်လည်ဖြန့်ချိပေး သွားမည် ဖြစ်သည်။

“Developer အနေနဲ့ ငွေပေးချေမှုအတွက် စဉ်းစားစရာမလိုတော့ဘူး။ သုံးမယ့် လူတွေအတွက်တော့ App Store ကို Install လုပ်ထားဖို့ လိုတယ်။ App တင်ပြီး ရောင်း ချင်တဲ့ Developer တွေအနေနဲ့ကတော့ Dinga Group မှာလာပြီး ဆက်သွယ်လို့ရတယ်”ဟု ကိုထူးမြင့်နောင်က ဆိုသည်။

Credit  internetjournal
Thiha Htike(THT)
My Facebook Account Click


အဆင်​​ပြေပါ​စေ

ကို​နေဇင်​ (နည်းပညာ)



ကျ​နော်​တင်​သမျှကို Facebook ကတိုက်​ရိုက်​လိုချင်​ရင်
ဒီ​နေရာမှာ
Like တစ်​ချက်​​ပေးခဲ့ပါ





No comments:

Post a Comment

G730-U00 Emergercy data Error fix 100%

မင်္ဂလာပါ  Huawei G730-U00 Emergercy data Error fix 100%  လေပါ ညီတစ်ယောက် အလှူ ခံရင် တင်ထားတာပါ  Zip file လေကို ဒေါင်းပြီ password ကို အလှူ ငေ...