Showing posts with label IT ဗဟုတုတ. Show all posts
Showing posts with label IT ဗဟုတုတ. Show all posts

Mark Zuckerberg (သို့မဟုတ်) လူတွေ Like ကြတဲ့နောက်ထပ်ကမ္ဘာတစ်ခုကိုတည်ထောင်သူ

 Mark Zuckerberg

ကမ္ဘာကြီးပြားတယ်ဆိုတဲ့ စကားကို သက်သေပြလိုက်တဲ့ Facebook ဆိုတဲ့ လူမှုကွန်ရက်ဟာ ပစ္စက္ခလူနေမှုဘဝပုံစံကို
ပြောင်းလဲသွားစေခဲ့ပါတယ်။ ဒီနေ့ခေတ်မှာလူတွေက အထီးကျန်ဆန်လွန်းလှပါတယ်။လူဆိုတာကလည်း အပေါင်းနဲ့ အသင်းနဲ့
ပြောကြဆိုကြနေထိုင်ချင်ကြပါတယ်။ ဒါပေမယ့်လည်း ခေတ်ကာလအခြေအနေအရ ၊ လုပ်ငန်းတွေရဲ့ သဘောသဘာဝအရ တစ်ယောက်နဲ့တစ်ယောက် အတူတူမနေနိုင်ကြဘဲ တစ်မြို့တစ်ရွာစီ၊ တစ်နိုင်ငံစီ ခွဲခွာနေထိုင်ကြရပါတယ်။ အဲဒိလို ကွဲကွာနေမှု
ကို အင်တာနက်သာရမယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက်အနီးဆုံးဖြစ်အောင် ဖြစ်အောင် စွမ်းဆောင်ပေးလိုက်တာကတော့
အားလုံးသိကြတဲ့အတိုင်း Facebook ဆိုတာပါပဲ။ သို့သော်လည်း ဒီ Facebook ကြောင့် ပြဿနာတွေတက်ကြတာလည်းတစ်ပုံတစ်ပင်ကြီးပါပဲ။ တစ်ကိုယ်ရည်မှသည် နိုင်ငံနဲ့ချီပြီး၊ ကမ္ဘာနဲ့ချီပြီးတောင်တက်ကြပါတယ်။


သို့သော်ကောင်းကောင်းအသုံးချတတ်ရင်တော့ ကောင်းကျိုးတွေအများကြီးလည်းရနိုင်ပါတယ်။မည်သို့ပင်ဖြစ်စေလူသားတွေကတော့ နေ့စဉ်နေ့စဉ်၊ညစဉ်ညစဉ် ဒီ Facebook ထဲကိုဝင်နေကြဦးမှာကတော့ သေချာပါတယ်။ ကျွန်တော်တို့ အဲဒိ Facebook ကိုအသက်သွင်းခဲ့တဲ့လူတစ်ယောက်အကြောင်းကို ခြေရာကောက်ကြရအောင်။


သူကတော့ ကမ္ဘာကျော် ဟားဗတ်တက္ကသိုလ်ကျောင်းသားတစ်ယောက်ဖြစ်တဲ့ Mark Zuckerberg ပါပဲ။ Facebook လုပ်ဖို့ကျောင်းတောင်ထွက်ခဲ့သူတစ်ယောက်ပေါ့။ သူ့ကို May 14,1984 မှာနယူးယောက်ပြည်နယ်က ဟဒ်ဆန်မြစ်ကြီးအနီးက White Plains ဆိုတဲ့မြို့လေးမှာမွေးဖွားခဲ့ပါတယ်။ပညာတတ်မိသားစုက နေဆင်းသက်လာခဲ့ပြီး သူ့ အဖေက သွားဆရာဝန်တစ်ယောက်ဖြစ်ကာ အမေကတော့စိတ်ရောဂါကုဆရာဝန်တစ်ယောက်ဖြစ်သည်။

ဇူကာဘတ်သည် သူ့ရဲ့ငယ်စဉ်ကတည်းကပင် ကွန်ပျူတာအပေါ်ရူးသွပ်ခဲ့ပြီး အသက် ၁၂ နှစ်မှာပင် Atari BASIC ပရိုဂရမ်မင်း ကို အသုံးပြုကာ “Zucknet” ဆိုတဲ့ စတိုပို့လွှတ်တဲ့ messageing ပရိုဂရမ်လေးကိုရေးသားခဲ့ပါတယ်။အဲဒိပရိုဂရမ်လေးကသူ့ အဖေသွားဆရာဝန်အတွက်တော့တော်တော်အသုံးကြပါတယ်။လူနာ
တစ်ယောက်လာတဲ့အခါ စာရေးမက လှမ်းအော်စရာမလိုဘဲ ကွန်ပျူတာနဲ့ စာရိုက်ဆက်သွယ်လိုက်ရုံပါပဲ။သူ့အဖေတင်မက တစ်မိသားစုလုံးပါအဲဒိ ပရိုဂရမ်လေးကို တစ်ယောက်နဲ့တစ်ယောက်ဆက်သွယ်ဖို့အသုံးပြုခဲ့ကြပါတယ်။ Facebook ရဲ့ရှေ့ပြေးလို့ဆိုရမလားမသိဘူး။တစ်ချိန်တည်းမှာပဲ သူ့သူငယ်ချင်းတွေနဲ့တွဲပြီး အပျော်သဘောအနေ
နဲ့ ဂိမ်းလေးတွေကိုလည်းရေးခဲ့ပါတယ်။

ဇူကာဘတ်က ကွန်ပျူတာဝါသနာပါတာသိလို့ သူ့မိဘတွေက အလွတ်တန်းကွန်ပျူတာဆရာတစ်ယောက်ဖြစ်တဲ့ David Newman ကို တစ်ပါတ်တစ်ခါ အိမ်ခေါ်ပြီးစာကွန်ပျူတာသင်စေပါတယ်။ နောက်ပိုင်းမှာတော့ ဇူကာဘတ်ဟာ Philips Exeter Academy မှာ ကျောင်းဆက်တက်ခဲ့ပြီး သူက အဲဒိမှ စာပေပညာရပ်နဲ့ပတ်သက်လို့ ထူးချွန်သူတစ်ယောက်ဖြစ်ခဲ့ကာ ဂန္ထဝင်စာပေနဲ့ ဒီပလိုမာရရှိခဲ့ပါတယ်။ သို့သော်လည်းသူ့ရဲ့ ပရိုဂရမ်တွေ develop လုပ်ဖို့ အတွက် ပိုမိုစိတ်အားထက်သန်စွာနဲ့ ဆက်လက်လုပ်ဆောင်ခဲ့ကာ ပရိုဂရမ်အသစ်များကိုရေးသားခဲ့ပါတယ်။ အဲဒိကျောင်းမှာပဲ တေးဂီတဆော့ဖ်ဝဲတစ်ခုဖြစ်တဲ့ Pandora ရဲ့ရှေ့ပြေးဖြစ်တဲ့ Synapse ကို ရေးသားခဲ့ပြီး AOL ,Microsoft တို့က ဝယ်ယူဖို့ကမ်းလှမ်းခြင်းခံရခဲ့ပေမယ့် ဇူကာဘတ်ကမရောင်းခဲ့သလို အလုပ်လုပ်ဖို့ကမ်းလှမ်းမှုကိုလည်းပယ်ချခဲ့ပါတယ်။

Exeter ကနေ 2002 မှာကျောင်းပြီးတဲ့နောက် ဟားဗတ်တက္ကသိုလ်ကိုဆက်တက်ခဲ့ပါတယ်။အဲဒိဟားဗတ်ဆိုတဲ့တကယ့်နေရာမှာလည်းသူက ဆော့ဖ်ဝဲdeveloper အသိုင်းအဝိုင်းမှာရေပန်းစားခဲ့ပြီး CourseMatch ဆိုတဲ့ ပရိုဂရမ်ကိုရေးသားခဲ့ကာ အဲဒိ ပရိုဂရမ်က ကျောင်းသားတွေအနေနဲ့သူတို့ယူထားတဲ့ဘာသာရပ်များနဲ့ပတ်သက်ပြီး အခြားသူများယူထားတဲ့ဘာသာရပ်များနဲ့ပတ်သက်ကာတူညီမှုများကိုနှိုင်းယှဉ်တဲ့ ပရိုဂရမ်ဖြစ်ပါတယ်။ထို့ပြင် Facemash ပရိုဂရမ်ကိုလည်းရေးသားခဲ့ပြီး Campus အတွင်းက ကျောင်းသားနှစ်ယောက်ရဲ့ပုံနှစ်ပုံကိုနှိုင်းယှဉ်ပြကာ user များကို ဘယ်အတွဲက ဆွဲဆောင်မှုအရှိဆုံးလဲဆိုတာကို vote လုပ်ရတဲ့ပရိုဂရမ်ဖြစ်ပါတယ်။အဲဒိပရိုဂရမ်ကတော်တော်လေးလူကြိုက်များခဲ့ပေမယ့် ကျောင်းရဲ့အုပ်ချုပ်မှုအဖွဲ့အစည်းက အခြားသူများရဲ့ ကိုယ်ရေးအချက်အလက်များကို သုံးစွဲမှုနဲ့ ပတ်သက်ပြီးပိတ်ပင်ခြင်းခံခဲ့ရပါတယ်။

ဒီလိုနဲ့ဇူကာဘတ်ဟာ သူလုပ်ခဲ့တဲ့ Projects များနဲ့ ပတ်သက်ဆက်နွယ်ကာ Social Networking site တစ်ခုဖြစ်တဲ့ Harvard Connection ဆိုတဲ့ site ကိုလုပ်ဖို့ Divya Narendra နဲ့ အမွှာညီအစ်ကိုဖြစ်တဲ့ Cameron နဲ့ Tyler တို့ကဖိတ်ခေါ်ခဲ့ပါတယ်။ဇူကာဘတ်က အဲဒိ Project ကိုလုပ်ဆောင်ဖို့ကူညီပေးခဲ့ပေမယ့် မကြာမီ သူ့ရဲ့ကိုယ်ပိုင် social networking site ကိုလုပ်ဖို့ သူ့သူငယ်ချင်းတွေဖြစ်တဲ့ Dustin Moskovitz,Chris Hughes နဲ့ Eduardo Saverin တို့နဲ့ပူးပေါင်းခဲ့ပါတယ်။ဇူကာဘတ်နဲ့သူ့သူငယ်ချင်းတွေက site တစ်ခုကိုလုပ်ခဲ့ပြီး အဲဒိ site မှာ သုံးစွဲသူများကို သူတို့ရဲ့ ကိုယ်ပိုင် profile တွေပြုလုပ်ဖို့၊ ပုံတွေ တင်ဖို့နဲ့ အခြားသော သုံးစွဲသူများနဲ့ ဆက်သွယ်ဖို့ အတွက် ရည်ရွယ်ခဲ့ပြီး ပထမဦးဆုံး The Facebook လို့ခေါ်တွင်ခဲ့ပါတယ်။ဟားဗတ်မှာအဲဒိ Project လုပ်နေရင်း ဒုတိယနှစ်ပြီးတဲ့အခါ Facebookကို အချိန်ပြည့်လုပ်ဆောင်နိုင်အောင်ကျောင်းထွက်ခဲ့ပြီး ကုမ္ပဏီကို ကယ်လီဖိုးနီးယားမှာရှိတဲ့ Palo Alto ကိုပြောင်းရွှေ့ခဲ့ပါတယ်။ဒီလိုနဲ့ Facebook စတင်မွေးဖွားခဲ့ကာ 2004 နှစ်ကုန်ပိုင်းလောက်မှာတော့ သုံးစွဲသူပေါင်း တစ်သန်းကျော်ရှိလာခဲ့ပါတယ်။

ဒီလိုမျိုးသုံးစွဲသူတွေများလာတာနဲ့အမျှ အခြားသော ရင်းနှီးမြှုပ်နှံသူများပါဝင်ပူးပေါင်းထောက်ပံ့မှုကိုရရှိခဲ့ကာ 2005 မှာတော့ Accell Partners က $12.7 billion ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။2005 ဒီဇင်ဘာလောက်မှာတော့ သုံးစွဲသူ 5.5 million ရှိလာခဲ့ပြီး အခြားသောကုမ္ပဏီများက ဒီမှာကြော်ငြာဖို့ စိတ်ဝင်စားမှုမြင့်တက်လာခဲ့ပါတယ်။ထို့ပြင်သူ့ကုမ္ပဏီကိုမရောင်းချလိုတဲ့ Zuckerberg ကYahoo! နဲ့ MTV Networks တိုရဲ့ကမ်းလှမ်းမှုကိုလည်းပယ်ချခဲ့ပါတယ်။ အဲဒိလိုမရောင်းခဲ့ပဲ သူ့ရဲ့ site မှာ ပြင်ပ developer များအား များစွာသော feature များထည့်သွင်းနိုင်စေဖို့တွေလုပ်ဆောင်ပေးခဲ့ပြီး site ကိုပိုမိုတိုးတက်ဖို့ပဲအာရုံစိုက်လုပ်ဆောင်ခဲ့ပါတယ်။ ဒီအချက်က Developer တွေ အတုယူရမယ့်အချက်တစ်ခုလည်းဖြစ်ပါတယ်။

2006 မှာတော့ ပြဿနာတက်တော့တာပဲ။ Harvard Connection ရဲ့ ဖန်တီးသူတွေက သူတို့ရဲ့ အိုင်ဒီယာကို ခိုးချပါတယ်ဆိုပြီးတရားစွဲပါတယ် ။ အဲဒိအမှုဟာ၂၀၁၁ အထိရောက်ရှိခဲ့ပါတယ်။နှစ်ဦးနှစ်ဖက်လည်းတော်တော်လေးငွေကုန်ခဲ့ပါတယ်။ထို့အတူ ဇူကာဘတ်အနေနဲ့ အခြားသော ကိုယ်ရေးကိုယ်တာပြဿနာတစ်ခုနဲ့လည်းကြုံတွေ့ခဲ့ရပါသေးတယ်။ စာရေးဆရာ Ben Mezirch က “The Accidental Billionaries” မှာ ဇူကာဘတ်ရဲ့ ဘဝအကြောင်းနဲ့ပတ်သက်ပြီး ဇာတ်ကွက်တွေကို ကိုယ့်ဖာသာကိုဆင်ရေးတာ၊ စကားပြောတွေကို စိတ်ကူးနဲ့ ရေးတာ့ ၊ဝတ္ထု ဆန်ဆန် ဇာတ်ရုပ်ဖန်တီးရေးသားတာတွေနဲ့ပတ်သက်ပြီး ဇူကာဘတ်နဲ့ ပြဿနာတက်ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် သူရေးထားတာတွေက မှန်တာ မှားတာ ဆိုတာထက်နောက်ဆုံးတော့ အကယ်ဒမီ ရှစ်ဆု အမည်တင်သွင်း ခြင်းခံခဲ့ရတဲ့ The Social Network ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်လာခဲ့ပါတယ်။

မည်သို့ပင်ဖြစ်စေ Facebook ရဲ့ အရှိန်အဟုန်ကြီးထွားလာခဲ့ပြီး 2010 မှာတော့ ဇူကာဘတ်ဟာ Person of the Year အဖြစ်ရွေးချယ်ခြင်းခံခဲ့ရပြီး Forbes မဂ္ဂဇင်းရဲ့ ကမ္ဘာ့အချမ်းသာဆုံးစာရင်း မှာNo. 35 ဖြစ်လာခဲ့ပြီး အသားတင်ပိုင်ဆိုင်မှုဟာ $ 6.9 billion ရှိလာခဲ့ပါတယ်။
အလှူအတန်းလည်းရက်ရောတဲ့ဇူကာဘတ်ဟာ 2010 မှာ ဒေါ်လာသန်းတစ်ရာကို နယူးဂျာစီမှာရှိတဲ့ Newark Public Schools အတွက် လှူဒါန်းခဲ့သလို သူ့ရဲ့ တစ်သက်တာမှာ သူ့ပိုင်ဆိုင်မှုတစ်ဝက်ကို ပေးလှူဖို့ “Giving Pledge” အဖွဲ့မှာလက်မှတ်ရေးထိုးခဲ့ပြီး အဲဒိအဖွဲ့ဝင်တွေထဲမှာ ဘီလ်ဂိတ်၊ ဝါရင်းဘတ်ဖတ် နဲ့ ဂျော့လူးကပ်စ်တို့လို ဘီလီယံနာကြီးတွေလည်းပါဝင်ပါတယ်။

၂၀၁၂ မေလမှာတော့ Facebook ရဲ့အပြောင်းအလဲကြီးတစ်ခုစတင်ခဲ့ပါတယ်။ အဲဒါကတော့ Public လုပ်လိုက်တာပါပဲ ။$16 ဘီလီယံ အထိမြင့်တက်ခဲ့ပြီး သမိုင်းတလျှောက်အကြီးမားဆုံးသော internet IPO တစ်ခုဖြစ်ခဲ့ပါတယ်။မေလ 2013 မှာတော့ ဇူကာဘတ်ကသူနှစ်ပေါင်းများစွာတွဲလာတဲ့ Priscilla Chan နဲ့လက်ထပ်ခဲ့ပါတယ်။မေလ 2013 မှာတေ့ Facebook ဟာ Fortune 500 lists ထဲကိုပထမဦးဆုံးအကြိမ်ရောက်ခဲ့ပြီး ဇူကာဘတ်က အဲဒိ lists ထဲမှာ အသက်အငယ်ဆုံးဖြစ်ကာ ၂၈ နှစ်မျှသာရှိပါသေးတယ်။

===================

Nyein Chan(TSJ Tech Team)


အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)
 www.zunite.org

FB ချစ်ပရိတ်သတ်ကြီးများခင်ဗျား ဇူးနစ်(နည်းပညာ) ဆိုက်မှာ ဖုန်းဆော့ဝဲ ဂိမ်းများ သတင်းစသော အသစ်ကလေးများကို အချိန်နဲ့တစ်ပြေးညီ တင်ပေးနေတာမို့ FB Page လေးကို  LIKE ပေးပြီး အားပေးနိုင်ပါတယ်။(အားလုံးကို ကျေးဇူးတင်ပါတယ်)



ကို​နေဇင်​ - အ​ခြေခံနည်းပညာ Groupထဲကို
Join Group
လုပ်​​ပေးပါဦး - ​အောက်​ကစာသား​ပေါ်သို့်​နှိပ်​ပီးသွားပါ

ကို​နေဇင်​ - အ​ခြေခံနည်းပညာ Group


Facebook Page သို့ Like
နှိပ်​​ပေးပါဦး -​ ​အောက်​ကစာသား​ပေါ်သို့ နှိပ်​ပီးသွားပါ

ကို​နေဇင်​ - နည်းပညာ Page



အဆင်​​ပြေပါ​စေ

ကို​နေဇင်​ - နည်းပညာ


Soft : ( MB)


<<<  Don't Forget To Say Thanks CLICK HERE TO DOWNLOADDon't Forget To Say Thanks  >>>
 

Xiaomi Mi 3 Review



ကိုယ်ထည်ဒီဇိုင်းအရရော၊ OS ဒီဇိုင်းအရပါ ကောင်းမွန်တဲ့ တရုတ်ပြည်တွင်းထုတ် အဆင့်မြင့် စမတ်ဖုန်းတစ်လုံး

HANMINSEIN

The Good : Xiaomi ရဲ့ Mi 3 ဖုန်းမှာ လှပတဲ့ အလူမီနီယံ-မဂ္ဂနီဆီယမ်သတ္ထုကိုယ်ထည်ပါရှိလာပြီး စွမ်းဆောင်ရည်ကလည်း မြင့်မားသလို OS UI ကလည်း Android ဖုန်းတွေထဲမှာ အကောင်းဆုံးလို့ ပြောလို့ရပါတယ်။

The Bad : 4G LTE စနစ်ကို support မပေးသလို microSD card slot လည်း မပါရှိပါဘူး။ နောက်ပြီး Mi Store မှာကလည်း တရုတ်စာသားတွေနဲ့ပဲ ရေးသားထားတာကြောင့် Language ပိုင်းမှာ အနည်းငယ်ခက်ခဲနိုင်ပါတယ်။


The Bottom Line : တရုတ်ဖုန်းဆိုပေမယ့် အခြားသော ထိပ်သီးစမတ်ဖုန်းကုမ္ပဏီတွေရဲ့ အဆင့်မြှင့်ဖုန်းတွေကို တန်းတူယှဉ်နိုင်ပါတယ်။ အကယ်၍ သင်ဟာ ငွေ ၃သိန်းအောက်လောက်နဲ့ စွမ်းဆောင်ရည်ကောင်းပြီး ဒီဇိုင်းလှပတဲ့ အဆင့်မြှင့် စမတ်ဖုန်းကိုကိုင်ချင်ရင်တော့ Xiaomi Mi3 ဟာ သင့်အတွက် အသင့်တော်ဆုံးဖုန်းတစ်လုံးဖြစ်မှာပါ။
Xiaomi ဆိုတာ တရုတ်ပြည်တွင်းမှာတော့ ပြီးခဲ့တဲ့နှစ်တွေကတည်းက တရုတ်ပြည်တွင်းဈေးကွက်မှာ နာမည်ရထားပြီးဖြစ်တဲ့ စမတ်ဖုန်းထုတ်လုပ်တဲ့ကုမ္ပဏီဖြစ်ပါတယ်။ လက်ရှိကုမ္ပဏီကို ဦးဆောင်နေသူကတော့ ယခင် Google က အဆင့်မြင့်အမှုဆောင်တစ်ဦးဖြစ်တဲ့ Hugo Barra ပါ။ သူရောက်ပြီးနောက်ပိုင်း Xiaomi ဟာ တရုတ်ပြည်ပဈေးကွက်ကိုလည်း ပိုမိုချဲ့ထွင်နိုင်လာပါတယ်။ ဒီနှစ်မှာပဲ Xiaomi ဟာ အရှေ့တောင်အာရှနဲ့ အခြားသော အာရှနိုင်ငံအချို့မှာ ဈေးကွက်စတင်ချဲ့ထွင်နေပါပြီ။ ဥပမာ-စင်ကာပူ၊မလေး၊ ဟောင်ကောင်၊ ထိုင်ဝမ်နဲ့ အိန္ဒိယလိုနိုင်ငံတွေမှာလည်း Xiaomi သုံးစွဲသူတွေ တဖြည်းဖြည်း များပြားလာပါတယ်။ မြန်မာနိုင်ငံကိုတော့ တရားဝင်မိတ်ဆက်ခြင်းမရှိသေးပေမယ့် Xiaomi ဖုန်းကို တချို့သောဖုန်းသုံးစွဲသူတွေ တော်တော်များများ သတိပြုမိပြီး ဖြစ်ပါလိမ့်မယ်။


ပထမဆုံး Xiaomi ဆိုတာ ဘယ်လိုအသံထွက်ရမလဲလို့ စဉ်းစားနေသူတွေ ရှိပါမယ်။ တရုတ်စာလုံးဖြစ်တာကြောင့် တခြားသူတွေအဖို့ အသံထွက်က မှားယွင်းရင် မှားယွင်းနေပါလိမ့်မယ်။ ရှောက်မီ ဒါမှမဟုတ် ရှောင်မီဆိုတာကတော့ အနီးစပ်ဆုံးဖြစ်ပါလိမ့်မယ်။
Mi3 ဖုန်းက မနှစ်ကတည်းက မိတ်ဆက်ထားတဲ့ဖုန်းဖြစ်ပါတယ်။ ဒီနှစ်လယ်မှာပဲ Xiaomi ဟာ ၄င်းတို့ရဲ့ မျိုးဆက်သစ် Mi4 ဖုန်းကို မိတ်ဆက်ပြီးဖြစ်ပါတယ်။ Mi4 မိတ်ဆက်ပြီးဖြစ်ပေမယ့် Mi3 နဲ့ Mi4 ဟာ ဒီဇိုင်းခြင်းဟာ လုံးဝကွာခြားနေတာကြောင့် ကိုယ်ဘယ်လိုဒီဇိုင်းကိုကြိုက်နှစ်သက်သလဲဆိုတာပေါ်မူတည်ပြီး အကြိုက်ကွဲပြားနိုင်ပါသေးတယ်။ ပြည်တွင်းမှာလည်း Mi4 ရနိုင်ပေမယ့် Mi3 ထက်စာရင် ဈေးနှုန်းကြီးမြှင့်နေသေးပြီး ရှားလည်း ရှားပါသေးတယ်။
Mi 3 ရဲ့ ကိုယ်ထည်တည်ဆောက်ပုံက ကောင်းမွန်လှပါတယ်။ သတ္ထုဟန်ရှိတဲ့ အလူမီနီယံ၊ မဂ္ဂနီဆီယမ်အရောကိုယ်ထည်ကို အသုံးပြုထားပြီး ကိုယ်ထည်ဒီဇိုင်းကလည်း လှပါတယ်။ ၅လက်မအရွယ်ရှိ FullHD မျက်နှာပြင်ပါရှိလာပြီး Gorilla Glass 3 နဲ့လည်း မျက်နှာပြင်အကြမ်းခံနိုင်အောင် ကာကွယ်ထားပါသေးတယ်။ အသေးစိတ်ကြည့်ရအောင်ပါ။

Design and Build Quality

လွန်ခဲ့တဲ့ ၃နှစ်ကစပြီး Mi ဖုန်းတွေကို တရုတ်ပြည်တွင်းမှာ စတင်မိတ်ဆက်ခဲ့ပြီးနောက်ပိုင်း Xiaomi ဟာ တရုတ်ဖုန်းဈေးကွက်မှာ တဖြည်းဖြည်း နေရာရလာပါတယ်။ Mi3 ကလည်း ကုမ္ပဏီရဲ့ အကောင်းဆုံးထုတ်ကုန်တစ်ခုလို့တောင် ဆိုနိုင်ပါတယ်။ ၄င်းမှာ ကြည့်လို့ကောင်းတဲ့ ဒီဇိုင်းနဲ့ ကိုယ်ထည်တည်ဆောက်ပုံ ပါရှိပြီး ၅ လက်မအရွယ်ဖုန်းဆိုတာ အသင့်တော်ဆုံးဆိုဒ်တစ်ခုလို့ ဆိုနိုင်ပါတယ်။

တရုတ်ဖုန်းတွေဆိုရင် ဈေးပေါတယ်၊ ပလတ်စတစ်ကိုယ်ထည်နဲ့သာ လာတယ်၊ ကွာလတီမကောင်းဘူးလို့ သုံးစွဲသူအများစုကထင်ကြပေမယ့် နောက်ပိုင်း တရုတ်ဖုန်းတွေတော်တော်များများဟာ ကွာလတီကောင်းလာတာကိုတွေ့ရပါတယ်။ Mi3 ဖုန်းဟာလည်း ဒီအတိုင်းပါပဲ။ Mi3 ရဲ့ ဖုန်းဒီဇိုင်းက အသေးစိတ်ကအစ ကောင်းမွန်အောင်တည်ဆောက်ထားပါတယ်။ အလေးချိန်က ၁၄၅ ဂရမ်ရှိပြီး ထင်ထားတာထက် ပေါ့တာကိုတွေ့ရပါတယ်။ ဒါကြောင့် သင်လက်ထဲမှာ Mi3 ဖုန်းကိုကိုင်ထားရင် သက်တောင့်သက်သာ ရှိပါလိမ့်မယ်။

ဖုန်းရဲ့ကျောဘက်ဘယ်ဘက်ထိပ်နားမှာတော့ 13MP ရှိ ကင်မရာနဲ့ dual-flash မီးပါရှိပြီး အောက်နားမှာတော့ MI လိုဂိုပါရှိပါတယ်။ ဖုန်းရဲ့အောက်ခြေမှာတော့ စပီကာနဲ့ micro USD အပေါက်ပါရှိပြီး ဖုန်းရဲ့ညာဘက်မှာတော့ ပါဝါခလုတ်နဲ့ အသံခလုတ်တို့ ပါရှိပါတယ်။ ဖုန်းရဲ့ ထိပ်ပိုင်းမှာတော့ ဆင်းကဒ်  slot နဲ့ နားကြပ်ပေါက်ပါရှိပါတယ်။ အခုနောက်ပိုင်းဖုန်းအများစုဟာ သေးငယ်တဲ့ micro (or) nano SIM တွေသုံးလာကြပေမယ့် Mi3 မှာတော့ ပုံမှန်ဆင်းကဒ်ဆိုဒ်ပဲ ထည့်ရမှာဖြစ်ပါတယ်။ CDMA/GSM နဲ့ WCDMA ဆိုပြီး ဗားရှင်း ၂မျိုးနဲ့လာပါတယ်။
ရှေ့မျက်နှာပြင်ရဲ့ ဘယ်ဘက်ထိပ်မှာတော့ MI လိုဂို ပါရှိပြီး အောက်ဘက်မှာတော့ menu buttons တွေပါရှိပါတယ်။ မျက်နှာပြင်အရွယ်အစားက ၅လက်မရှိကာ resolution က 1920x1080 ရှိတာကြောင့် Full HD အရည်အသွေးရှိတဲ့ဖုန်းတစ်လုံးလို့ ဆိုရပါမယ်။

အတွင်းပိုင်းမှာတော့ မြန်နှုန်း 2.3 GHz ရှိ quad-core Qualcomm Snapdragon 800 processor ပါရှိပြီး RAM က 2GB ဖြစ်ကာ Internal Storage ကတော့ 16 GB ပါ။ မှတ်ဥာဏ်ထပ်တိုးဖို့အတွက် microSD card slot မပါတာကြောင့် စိတ်ပျက်စရာပါ။ 64GB ဗားရှင်းလည်းရှိသေးပေမယ့် တရုတ်ပြည်တွင်းဈေးကွက်မှာသာ ရရှိနိုင်ပြီး ပြည်တွင်မှာတော့ 16GB version ပဲ ရှိပါတယ်။ NFC, Bluetooth, WIFI အားလုံးပါရှိပေမယ့် 4G LTE စနစ်ကိုတော့ အထောက်အပံ့ပေးမှာ မဟုတ်ပါဘူး။

Software and features

Xiaomi ဖုန်းတွေရဲ့ အဓိက စိတ်ဝင်စားစရာအကောင်းဆုံးနဲ့ အထင်ရှားဆုံးက အတွင်းမှာပါရှိတဲ့ MIUI ပါပဲ။ Android စနစ်ကို ပိုပြီးလှပသေသပ်အောင် စနစ်တကျပြုပြင်ထားတာဖြစ်ပြီး ရုတ်တရက်ကြည့်ရင် Android OS ထက် iOS လို့တောင် ထင်မှားစရာရှိပါမယ်။ ဒီဇိုင်းပိုင်းကလည်း iOS နဲ့ဆင်တူလှပြီး သပ်သပ်ရပ်ရပ်ရှိတာကို တွေ့ရပါတယ်။ တရုတ်ဘက်က ဝင်တဲ့ဖုန်းဆိုရင် Google Service တွေမရရှိနိုင်တာကိုတော့ သတိပြုရပါမယ်။ စင်ကာပူအလုံးတွေဆိုရင်တော့ Google Service အပြည့်အဝအထောက်အပံ့ပေးပါတယ်။

MIUI ရဲ့ အထင်ရှားဆုံးအရာက Theme ပါပဲ။ ကိုင်တဲ့သူတော်တော်များများကလည်း Theme ဒီဇိုင်းလှလို့ ကိုင်ကြတာ များပါတယ်။ MIUI Theme တွေက သပ်သပ်ရပ်ရပ်ရှိလှပြီး ဖုန်းစနစ်တခုလုံးရဲ့ ဒီဇိုင်းကိုပြောင်းလဲနိုင်တာကြောင့် Theme ပြောင်းတာ ကြိုက်နှစ်သက်တဲ့သူတွေအတွက် အကောင်းဆုံးပါပဲ။ ဥပမာ Ferrari theme ကိုပြောင်းလိုက်ရင် UI design ပြောင်းရုံတင်မက ဖုန်းကို unlock လုပ်တဲ့အချိန်မှာ Ferrari engine နှိုးသံပါထွက်ရှိပါသေးတယ်။ MiStore မှလည်း နုနုရွရွ မိန်းကလေးအကြိုက် Theme ဒီဇိုင်းတွေကစလို့ Transformer လို ခပ်ရှုပ်ရှုပ်နဲ့ ယောက်ျားလေးအကြိုက် Theme ဒီဇိုင်းတွေလည်း အမျိုးအစုံရှိပါတယ်။ နောက်ပြီး Theme တွေထဲကမှ ကိုယ်ကြိုက်နှစ်သက်တဲ့အရာတွေ(ဥပမာ-Icon, Lockscreen) ကိုလည်း သီးခြားစီ ပြုပြင်နိုင်ပါသေးတယ်။

MIUI မှာတော့ App Drawer Icon ပါရှိမှာမဟုတ်ပါဘူး။ iOS လိုပဲ App တွေကို Homescreen မှာ စာမျက်နှာအလိုက် တွေ့ရှိမှာ ဖြစ်ပါတယ်။ ပါရှိတဲ့ Build-in App တွေက သပ်သပ်ရပ်ရပ်ရှိသလို ထူးထူးခြားခြားသုံးနိုင်တဲ့စနစ်တွေလည်း ပါပါသေးတယ်။ ဥပမာ Music App ကို အပြီးဖွင့်တာမဟုတ်ပဲ Icon ပေါ်ကို လက်နဲ့ အောက်ဘက်အသာလေးဆွဲလိုက်ရင် Widget ပုံစံနဲ့ အမြန်ဖော်ပြပေးတဲ့စနစ်တွေလည်း ပါပါသေးတယ်။ ဒီစနစ်ကတော့ Build-in App အနည်းငယ်မှာပဲ ရတာပါ။

Build-in ပါရှိတဲ့ Compass App က ဒီဇိုင်းပိုင်း အတော်သပ်ရပ်တာကိုတွေ့ရပါတယ်။ အခြားသော Weather လို App တွေနဲ့ File Manager လို App တွေလည်း ဒီဇိုင်းပိုင်း လှပသေသပ်တာကို တွေ့ရပါတယ်။ Security လို App ကနေတဆင့် ဖုန်းနံပါတ်တွေကို Block နိုင်သေးသလို Data Monitoring tool ကနေလည်း ဘယ် Application က အင်တာနက်ဒေတာ ဘယ်လောက် သုံးစွဲနေတယ်၊ ဘယ် App တွေကို ဒေတာသုံးစွဲခြင်းကနေရပ်ထားမယ်၊ WiFi ကနေပဲ သုံးစွဲခွင့်ပြုမယ်စသလို အသေးစိတ်ထိန်းချုပ်နိုင်ပါသေးတယ်။ အခုနောက်ပိုင်း ဖုန်းအော်ပရေတာတွေက ဒေတာကနေ ပိုက်ဆံဖြတ်တာကြောင့် အခုလို ပြီးပြည့်စုံတဲ့ Data Monitoring Tool ပါရှိနေတာက စိတ်ကျေနပ်ဖွယ်ရာပါပဲ။
Xiaomi က MIUI ဆိုတာ To made Android much better and Redefining Android လို့ဆိုထားတဲ့အတိုင်း OS တစ်ခုလုံးကို အသေးစိတ်ပြုပြင်ထားပါတယ်။ အကယ်၍ MIUI ROM ကိုပဲ စမ်းသုံးချင်သေးရင်လည်း သင့်ဖုန်းနဲ့ ကိုက်ညီမယ့် ROM ကို Xiaomi website မှာ ဒေါင်းလုဒ်လုပ်နိုင်ပြီး စမ်းသပ်သုံးစွဲကြည့်နိုင်ပါသေးတယ်။

Camera

Xiaomi Mi3 ဖုန်းမှာ 13 Megapixel ရှိ Dual-LED flash camera ပါရှိပြီး ရှေ့ကင်မရာကတော့ 2MP ပါရှိပါတယ်။ Camera App  မှာ ပုံမှန်ဖုန်းတွေလိုပဲ Panorama, HDR နဲ့ အရောင် filter တချို့ရနိုင်ပြီး ထွေထွေထူးထူး feature တွေတော့ မပါရှိပါဘူး။ ဓါတ်ပုံကွာလတီကလည်း ကောင်းမွန်တာကိုတွေ့ရပြီး ကင်မရာပိုင်းစနစ်ကောင်းမွန်တဲ့ဖုန်းလို့ သုံးသပ်နိုင်ပါတယ်။

Performance

ဗားရှင်းဟောင်း Snapdragon 800 processor ပဲ ပါရှိပေမယ့်လည်း သုံးစွဲရာမှာတော့ ထစ်ငေါ့တာမရှိပါဘူး။ သုံးရတာ ချောချောမွေ့မွေ့ရှိလှပါတယ်။ Quadrant benchmark နဲ့ ဖုန်းစွမ်းဆောင်ရည် ရမှတ်တိုင်းတာရာမှာ ၂၁၁၆၄ မှတ် ရရှိတာကိုတွေ့ရပြီး ၄င်းရဲ့ပြိုင်ဘက်လို့ဆိုနိုင်တဲ့ OnePlus One ဖုန်းထက်တော့ အနည်းငယ်နည်းတာကိုတွေ့ရပါတယ်။ ဒါပေမယ့် ဖုန်းရဲ့ စွမ်းဆောင်ရည်တခုလုံးကို ခြုံပြောရရင် သုံးစွဲရတာ ကောင်းမွန်လှတယ်လို့ ဆိုနိုင်ပါတယ်။

Battery life

နောက်ကာဗာက ဖြုတ်တပ်လို့မရပဲ အတွင်းမှာတော့ သိပ်သည်းဆ 3050 mAh ရှိ ဘက်ထရီပါရှပါတယ်။ ပုံမှန်သုံးရင်တော့ ၁ရက်ကျော်ခံတာကိုတွေ့ရပြီး ပိုပြီးကြာရှည်ခံချင်ရင်တော့ ကိုယ်နဲ့သင့်တော်မယ့် Battery Power mode တွေကိုလည်း ရွေးချယ်နိုင်ပါသေးတယ်။

Conclusion


အခုနောက်ပိုင်း တရုတ်ပြည်တွင်းထုတ်ဖုန်းတွေဟာ အဆင့်မှီလာတာကိုတွေ့ရပါတယ်။ ပြည်တွင်းမှာ ဈေးကွက်ချဲ့ထွင်နေတဲ့ တရုတ်ဖုန်းကုမ္ပဏီတွေဖြစ်တဲ့ Oppo, Vivo နဲ့ Lenovo စမတ်ဖုန်းကုမ္ပဏီတွေဟာ အခြားသော ကမ္ဘာ့ထိပ်သီးဖုန်းကုမ္ပဏီတွေလိုပဲ စွမ်းဆောင်ရည်ပိုင်းကောင်းမွန်လာသလို ဈေးနှုန်းပိုင်းကလည်း မတိမ်းမယိမ်းဖြစ်လာတာကို တွေ့ရပါတယ်။

Xiaomi Mi3 ဟာလည်း စွမ်းဆောင်ရည်ပိုင်းအရရော၊ ဒီဇိုင်းပိုင်းအရရော၊ Software အရရော အဘက်ဘက်ကကောင်းမွန်တဲ့အပြင် ဈေးနှုန်းကလည်း ချိုသာပါသေးတယ်။ အဓိက အားနည်းချက်ကတော့ microSD card slot မပါရှိတာကြောင့် Storage များများသုံးစွဲသူတွေအတွက်တော့ စိတ်အနှောင့်အယှက်ဖြစ်စရာပါပဲ။
ခြုံပြောရရင်တော့ သင်ဟာ ဒီဇိုင်းပိုင်းကောင်းပြီး အရည်အသွေးမြင့်ကာ ဈေးနှုန်းချိုသာတဲ့ဖုန်းတစ်လုံး လိုချင်ရင်တော့ Xiaomi Mi3 ဟာသင့်အတွက် အသင့်တော်ဆုံးလို့ဆိုနိုင်ပါတယ်။ Mi3 ကို ကာလာ အနက်နဲ့ အဖြူ ၂မျိုးကို ဈေးနှုန်း ၂၇၀၀၀၀ ဝန်းကျင်နဲ့  Win Mobile, Myanmar Mi Store, Telefono ဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပြီး မန္တလေးမှာတော့ ရွှေနဂါး မိုဘိုင်းမှာ ဝယ်ယူနိုင်ပါတယ်။

Ref : CNET

Credit blog.techspace.com.mm

အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)
 www.zunite.org

FB ချစ်ပရိတ်သတ်ကြီးများခင်ဗျား ဇူးနစ်(နည်းပညာ) ဆိုက်မှာ ဖုန်းဆော့ဝဲ ဂိမ်းများ သတင်းစသော အသစ်ကလေးများကို အချိန်နဲ့တစ်ပြေးညီ တင်ပေးနေတာမို့ FB Page လေးကို  LIKE ပေးပြီး အားပေးနိုင်ပါတယ်။(အားလုံးကို ကျေးဇူးတင်ပါတယ်)



ကို​နေဇင်​ - အ​ခြေခံနည်းပညာ Groupထဲကို
Join Group
လုပ်​​ပေးပါဦး - ​အောက်​ကစာသား​ပေါ်သို့်​နှိပ်​ပီးသွားပါ

ကို​နေဇင်​ - အ​ခြေခံနည်းပညာ Group


Facebook Page သို့ Like
နှိပ်​​ပေးပါဦး -​ ​အောက်​ကစာသား​ပေါ်သို့ နှိပ်​ပီးသွားပါ

ကို​နေဇင်​ - နည်းပညာ Page



အဆင်​​ပြေပါ​စေ

ကို​နေဇင်​ - နည်းပညာ


Soft : ( MB)


<<<  Don't Forget To Say Thanks CLICK HERE TO DOWNLOADDon't Forget To Say Thanks  >>>
 

Email လား Gmail လား :-P

  Email လား Gmail လား :-P

Facebook ပေါ်မှာနာမည်ကြီးနေတဲ့ မြန်မာနိုင်ငံတွင် Email အစား Gmail
 သုံးစွဲသူ ၁.၉၈ သန်းခန့်ရှိလာ ဆိုတဲ့ ခေါင်းစဉ်နဲ့ပတ်သက်ပြီး email နဲ့ gmail ငြင်းခုန်နေကြပါတယ်။ အမှန်တော့ ဆောင်းပါးကိုကူးချရမှာ ခေါင်းစဉ်လွဲသွားတာဖြစ်တယ်လို့ မူရင်း စာရေးတဲ့သူကဆိုပါတယ်။

 Email နဲ့ Gmail ဘယ်လိုကွာလဲဆိုတာကြည့်ကြရအောင်။ Email ဆိုတာ electronic mail ရဲ့ အတိုကောက်ဖြစ်ပါတယ်။ ၁၉၉၃ ခုနှစ်မှာစတင်ပြီး တစ်ယောက်(သို့)တစ်ယောက်ထဲပိုတဲ့သူတွေဆီကို digital message ပို့တဲ့စနစ်ပဲဖြစ်ပါတယ်။

 Email address တစ်ခုမှာ Local Part ရယ် Domain Part ရယ်ဆိုပြီးပါဝင်ပါတယ်။ ဥပမာ myatminsoe@myanmarmobileapp.com ဆိုရင် @ ရှေ့က myatminsoe ကို local part လို့ခေါ်ပြီး @နောက်က myanmarmobileapp.com ကို domain part လို့ခေါ်ပါတယ်။

 Email Address ဟာ တစ်ယောက်နဲ့တစ်ယောက်လုံးဝမတူပဲ unique ဖြစ်ပါတယ်။ domain part တူရင် local part မတူရပါဘူး။ local part တူရင် domain part မတူရပါဘူး။ myatminsoe@myanmarmobileapp.com နဲ့ myatminsoe@gmail.com ဟာ domain part မတူတဲ့အတွက် နှစ်ခုလုံးရှိနိုင်ပါတယ်။ Google ကထုတ်လုပ်တဲ့ Gmail ဟာ email တစ်ခုပဲဖြစ်ပါတယ်။

 သူ့ရဲ့ domain part ဟာ gmail.com နဲ့ဆုံးတာဖြစ်ပြီး မြန်မာနိုင်ငံမှာ @gmail.com အသုံးပြုသူ ၁.၉၈ သန်းရှိတယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ @gmail.com အပြင် @yahoo.com, @outlook.com, @icloud.com အစရှိတဲ့ email တွေအများကြီးရှိပါသေးတယ်။ emailထဲမှာ တော်တော်များများက အခမဲ့ရပြီး တစ်ချို့က လစဉ်ကြေးပေးရတဲ့ @mptmail.com.mm လိုမျိုး email တွေလဲရှိပါတယ်။ me@myatminsoe.com လိုမျိုး ကိုယ်ပိုင် domain နဲ့သုံးတဲ့ email တွေလဲရှိပါတယ်။ ဒီလောက်ဆို email နဲ့ gmail ဘာကွာလဲဆိုပြီး မေးစရာမလိုတော့ဘူးထင်ပါတယ်။

Myat Min Soe

www.myanmarmobileapp.com

အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)
 www.zunite.org

FB ချစ်ပရိတ်သတ်ကြီးများခင်ဗျား ဇူးနစ်(နည်းပညာ) ဆိုက်မှာ ဖုန်းဆော့ဝဲ ဂိမ်းများ သတင်းစသော အသစ်ကလေးများကို အချိန်နဲ့တစ်ပြေးညီ တင်ပေးနေတာမို့ FB Page လေးကို  LIKE ပေးပြီး အားပေးနိုင်ပါတယ်။(အားလုံးကို ကျေးဇူးတင်ပါတယ်)



ကို​နေဇင်​ - အ​ခြေခံနည်းပညာ Groupထဲကို
Join Group
လုပ်​​ပေးပါဦး - ​အောက်​ကစာသား​ပေါ်သို့်​နှိပ်​ပီးသွားပါ



Facebook Page သို့ Like
နှိပ်​​ပေးပါဦး -​ ​အောက်​ကစာသား​ပေါ်သို့ နှိပ်​ပီးသွားပါ



အောက်​က Click Here To Download စာသားကို
Click ပီး Down ပါ

အဆင်​​ပြေပါ​စေခင်​ဗျာ

-- ​​CLICK HERE TO DOWNLOAD --


ကို​နေဇင်​ - နည်းပညာ

Android သုံးစွဲသူများအတွက် လုံခြုံရေးအန္တရာယ်


Android သုံးစွဲသူ ၆၀ ရာခိုင်နှုန်းသည် Android OS version အဟောင်းများကို သုံးစွဲနေကြပြီး Google မှ ၄င်းတို့၏လုံခြုံရေး အားနည်းချက်ကို ပြင်ဆင်ရန် မရှိကြောင်း သိရသည်။ လုံခြုံရေးပြသာနာမှာ Android 4.0 Jelly Bean နှင့် အစောပိုင်း OS ရှိ web browser များတွင်တွေ့ရပြီး Google ၏ လုံခြုံရေးဆိုင်ရာ အကြီးအကဲမှ Google + Post တွင် ထိုအချက်ကိုရေးသားခဲ့သည်။

Software ကို update အမြဲဖြစ်နေစေရန်မှာ စိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း Adrian Ludwig မှဆိုခဲ့သည်။ Android OS အဟောင်းများ၏ browser app သည် WebKit browserengine ကိုအခြေခံထားပြီး ၂ နှစ်ကျော် သက်တမ်းရှိပြီးဖြစ်ကာ ထိုလုံခြုံရေးချို့ယွင်းချက်ကို ပြင်ဆင်ရန် မဖြစ်နိုင်ကြောင်းဆိုထားသည်။

Google ၏ Android သုံးစွဲမှုစာရင်းအရ ထိခိုက်မှုမရှိသော Version အသစ် Android 4.4 KitKat နှင့်အထက်သုံးစွဲသူမှာ 39.1 ရာခိုင်နှုန်းရှိသည်။ ထို့ကြောင့် Android devices ၆၀ ရာခိုင်နှုန်းမှာ အန္တရာယ်ရှိသော browser ကိုသုံးစွဲနေရသည်။

Android OS ကို upgrade လုပ်ရန်မှာလည်း အများစုအဖြစ် မဖြစ်နိုင်သလောက်ရှိနေသည်။ Ludwig မှ Android OS အဟောင်းများကို သုံးစွဲပါက browser ပြောင်းလဲသုံးစွဲရန်အကြုံပြုထားပြီး Android 4.0 ICS နှင့် အထက်တွင် Chrome ကိုသုံးရန် အကြံပေးထားသည်။

Android 2.3 နှင့် အထက်ဖုန်းများတွင်မူ FireFox ကိုသုံးစွဲနိုင်မည်ဖြစ်သည်။ သို့တိုင်မူရင်း web browser ၏အားနည်းချက်ဖြစ်၍ ပြသာနာ အားလုံးမပြေလည်နိုင်ဟုသိရသည်။


 Net Guide Journal

အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)
 www.zunite.org

FB ချစ်ပရိတ်သတ်ကြီးများခင်ဗျား ဇူးနစ်(နည်းပညာ) ဆိုက်မှာ ဖုန်းဆော့ဝဲ ဂိမ်းများ သတင်းစသော အသစ်ကလေးများကို အချိန်နဲ့တစ်ပြေးညီ တင်ပေးနေတာမို့ FB Page လေးကို  LIKE ပေးပြီး အားပေးနိုင်ပါတယ်။(အားလုံးကို ကျေးဇူးတင်ပါတယ်)



ကို​နေဇင်​ - အ​ခြေခံနည်းပညာ Groupထဲကို
Join Group
လုပ်​​ပေးပါဦး - ​အောက်​ကစာသား​ပေါ်သို့်​နှိပ်​ပီးသွားပါ



Facebook Page သို့ Like
နှိပ်​​ပေးပါဦး -​ ​အောက်​ကစာသား​ပေါ်သို့ နှိပ်​ပီးသွားပါ



အောက်​က Click Here To Download စာသားကို
Click ပီး Down ပါ

အဆင်​​ပြေပါ​စေခင်​ဗျာ

-- ​​CLICK HERE TO DOWNLOAD --


ကို​နေဇင်​ - နည်းပညာ

G730-U00 Emergercy data Error fix 100%

မင်္ဂလာပါ  Huawei G730-U00 Emergercy data Error fix 100%  လေပါ ညီတစ်ယောက် အလှူ ခံရင် တင်ထားတာပါ  Zip file လေကို ဒေါင်းပြီ password ကို အလှူ ငေ...