Xiaomi ဖုန်း အစစ် နဲ့ အတု ခွဲချင်လိုသူများအတွက် “Mi Verification”


 

Xiaomi ဟာအခုဆိုရင် ကမ္ဘာ့အကြီးဆုံး Smartphone ထုတ်လုပ်တဲ့ ထိပ်ဆုံးကုမ္ပဏီတွေထဲက တစ်ခုဖြစ်ပါတယ်။ Xiaomi ဟာ နာမည်အရမ်းကြီးလာတာနဲ့အမျှ အတုထုတ်လုပ်သူတွေလည်း ရှိလာပါတယ်။ ဒါကို Xiaomi အနေနဲ့ သူ့ထုတ်ကုန်တွေကို အစစ်နဲ့အတု ခွဲခြားနိုင်ဖို့အတွက် Apps ထုတ်ပေးထားတာရှိပါတယ်။ Apps နာမည်က Mi Verification လို့အမည်ရပါတယ်။ အဆိုပါ Apps ကိုအသုံးပြုဖို့အတွက် သင့်ရဲ့ Devices မှာ Internet Connection နဲ့ Performance mode ကို Enable လုပ်ပေးဖို့လိုအပ်ပါတယ်။ Apps ကို Download ဆွဲဖို့အတွက်http://pc.cd/K0h7 ဒီ Links မှာ ဆွဲနိုင်ပါတယ်။ Apps အသုံးပြုရတာ အရမ်းလွယ်ကူရိုးရှင်းပါတယ်။ တစ်ခုတော့ရှိပါတယ်။ PC (or) Devices တစ်ခုခုကနေ Browser တစ်ခုခုမှာ https://jd.mi.com/ ကိုဖွင့်ပြီး QR Code Scan လုပ်ပေးရမှာဖြစ်တဲ့အတွက် လိုအပ်ပါတယ်။ QR Code ကို Scan လုပ်ပြီးတာနဲ့ အဆိုပါ Apps က သင့်ရဲ့ဖုန်း Hardware တွေကို စစ်ဆေးပြီး Verify လုပ်ပြီး QR Code Scan လုပ်တဲ့ Webpage မှာ သင့်ဖုန်းနဲ့ပတ်သတ်ပြီး Verified Result ကို ထုတ်ပေးမှာဖြစ်ပါတယ်။ အောက်ဖော်ပြပါ ပုံတွေတစ်ခုချင်းဆီမှာ အဆင့်ဆင့်ဆောင်ရွက်ပုံတွေကို အသေးစိတ်ရေးပြထားပါတယ်။ လေ့လာကြည့်ပြီး ကိုယ်တိုင်လုပ်ကြည့်ပါ။ ပြည်တွင်းဝင်လာတဲ့ Xiaomi ဖုန်းတွေမှာတော့ များသောအားဖြင့် Purchased on Date နဲ့ Warranty Date ကို ဖော်ပြပေးမှာမဟုတ်ပါဘူး။ ဒါပေမယ့်… ဒါကြောင့်နဲ့ သင့်ဖုန်းဟာ အတုလို့ သံသယ၀င်ဖို့မလိုအပ်ပါဘူး။ အဆိုပါ Verified Result ထွက်တဲ့ အစိမ်းရောင် Screen Webpage ထိရောက်ပြီဆိုရင်ပဲ သင့်ဖုန်းဟာ Xiaomi ဖုန်း အစစ်ဖြစ်ကြောင်း ပြောလို့ရပါပြီ။ Xiaomi ဖုန်းအတုဆိုရင် Result မထွက်လာပါဘူး။ Apps က Hardware ID တွေဘာတွေ တိုက်စစ်တာဖြစ်တဲ့အတွက် QR Code နဲ့တိုက်စစ်တာတွေပါ ခံထားတာဖြစ်တဲ့အတွက် ဖြစ်ပါတယ်။
***
(( အလွယ်ကူဆုံးသော Xiaomi ဖုန်းအစစ်လား၊ အတုလား ခွဲချင်ရင်တော့၊ MIUI Official ROM သာ တင်ကြည့်လိုက်ပါ။ Xiaomi ဖုန်းအတုဆိုရင် MIUI Official ROM တင်လို့ကို မရပါဘူးခင်ဗျာ ))

Credit >>> Mi Myanmar


အဆင်​​ပြေပါ​စေ

ကို​နေဇင်​ (MMiTO)



ကျ​နော်​တင်​သမျှကို Facebook ကတိုက်​ရိုက်​လိုချင်​ရင်
ဒီ​နေရာမှာ
Like တစ်​ချက်​​ပေးခဲ့ပါ





G730-U00 Emergercy data Error fix 100%

မင်္ဂလာပါ  Huawei G730-U00 Emergercy data Error fix 100%  လေပါ ညီတစ်ယောက် အလှူ ခံရင် တင်ထားတာပါ  Zip file လေကို ဒေါင်းပြီ password ကို အလှူ ငေ...