Showing posts with label မိုလ်ဘိုင်းဂျာနယ်နှင့်သတင်းများ. Show all posts
Showing posts with label မိုလ်ဘိုင်းဂျာနယ်နှင့်သတင်းများ. Show all posts

ဆွေသဟာရဲ့ဆွေသဟာ promotion အစီအစဉ်ကိုဒုတိယအကြိမ် စတင်လိုက်ပါပြီ...





မင်္ဂလာပါ ဆွေသဟာ ရဲ့ ဆွေသဟာ promotion အစီအစဉ်နဲ့မိတ်ဆတ်ပေးချင်ပါတယ်ခင်ဗျာ

ကျွန်တော်တို့ ဆွေသဟာ Mobile မှ လူကြီးမင်းတို့ကို ကျေးဇူးတုံ့ပြန်သောအားဖြင့် ယခုမှစပြီး promotion များကိုပုံစံအမျိုးမျိုးဖြင့် promotion ချပေးမှာဖြစ်ပါတယ်
pormotion များကတော့...

ဝယ်ယူသူများအတွက် ဆိုင်မှမည်သည် ပစွည်းဝယ်ယူသည်ဖြစ်စေ 3000 ဖိုးနှင့်အထက်ဝယ်ယူအားပေးပါက မိမိတို့ ဖုန်းထဲကို (Music+Wallpaper+Game+Application)များကိုလက်ဆောင်ထည့်သွင်း
ပေးမှာဖြစ်ပါတယ်။

ပစွည်းပြင်ဆင်သူများအတွက် ဆိုင်မှ မည်သည့် Software or Hardware ပြင်ဆင်မူဖြစ်စေ ပြင်ဆင်မူ ၅၀၀၀ ကျသင့်ပါက (၅၀၀၀ ဆို ၁၀၀၀ / ၁၀၀၀၀ ဆို ၂၀၀၀/၂၀၀၀၀ ဆို ၃၀၀၀ / ၄၀၀၀၀ ဆို ၄၀၀၀
နှင့် ၅၀၀၀၀ ဆို ၁၀၀၀၀ ပြန်လည်အမ်းပေးသွားမှာဖြစ်ပါတယ်။
ထို့နောက်

အသက်ကြီးရွယ်အို သံဃာတော်အရှင်သူမြတ်များ
မသန်မစွမ်းသူများ
ပင်စင်စား လူကြီးများအတွက်
Software ပြင်ဆင်မူအပိုင်းတွင် ၂၀၀၀ ဖိုးနှင့်အထက် ပြင်ဆင်ပါက ပြင်မူစရိတ်တိုင်းတွင် ၁၀၀၀ စီလျော့ပေးပြီး (Music+Wallpaper+Game+Application)များကိုလက်ဆောင်ထည့်သွင်း
ပေးမှာဖြစ်ပါတယ်။

ချစ်သူစုံတွဲများ
သူငယ်ချင်းမိတ်ဆွေများ(အနည်းဆုံးနှစ်ယောက်လာရပါမည်)
ညီအကို မောင်နှမများ (အနည်းဆုံးနှစ်ယောက်လာရပါမည်)
အလုပ်ယူနီဖောင်းဝတ်ထားသူမည်သူမဆို
ကျောင်းသား ယူနီးဖောင်းဝတ်ထားသူမည်သူမဆို
များကို
Software ပြင်ဆင်မူအပိုင်းတွင် ၂၀၀၀ ဖိုးနှင့်အထက် ပြင်ဆင်ပါက ပြင်မူစရိတ်တိုင်းတွင် ၁၀၀၀ စီလျော့ပေးပြီး (Music+Wallpaper+Game+Application)များကိုလက်ဆောင်ထည့်သွင်း
ပေးမှာဖြစ်ပါတယ်။

ယခုတစ်ခေါက် promotion ၏ထူးခြားမူအနေနဲ့ promotion ကာလအတွင်း (မြန့်မာဆက်သွယ်ရေး(MPT)မှဝန်ထမ်းများ) မိတ်ဆွေများကို ၅၀၀၀ ဖိုး Software Service ကို အခမဲ့ပြင်ဆင်ပေးနေမှဖြစ်ပါတယ်။ ။
(မှတ်ချက်။ ။မိမိ ၏ .ယူနီဖောင်းအကျီကိုဝတ်ဆင်လာရမည်ဖြစ်ပြီးနေ့စဉ် ညနေ ၄နာရီမှ ည ၉နာရီ ထိသာ)

Promotion ၏ မှတ်ချက်။ ။ ယခု promotion သည် 19.12.2016 မှ 25.12.2016 ထိသာ အကျူံးဝင်ပြီးလာရောက်သူများအားလုံးသည် ယခုကြော်ငြာကို မိမိတို့ deviceတွင်ပြသနိုင်မှ promotion ရရှိမှာဖြစ်ပါတယ်။ ။

ဆက်သွယ်ရန်
ဖုန်း-09-73151297
swethahar356@gmail.com


အဆင်​​ပြေပါ​စေ

ကို​နေဇင်​ (MMiTO)



ကျ​နော်​တင်​သမျှကို Facebook ကတိုက်​ရိုက်​လိုချင်​ရင်
ဒီ​နေရာမှာ
Like တစ်​ချက်​​ပေးခဲ့ပါ





iPad များတွင် user account အများအပြားဖြင့် အသုံးပြုနိုင်ရန် Apple စမ်းသပ်နေ






Apple သည် ကျောင်းသားများက စာသင်ခန်းများရှိ iPad များအား ၎င်းတို့၏ account profile များဖြင့် ဝင်ရောက်အသုံးပြုနိုင်စေမည့် feature သစ်တစ်ခုကို စမ်းသပ်လျက်ရှိသည်။

User account အများအပြားဖြင့် အသုံးပြုခြင်းကို Apple ၏ ကွန်ပျူတာများတွင် ကာလအတန်ကြာကတည်းက ထောက်ပံ့ပေးထားသည်။ ဇန်နဝါရီလ ၁၁ ရက်တွင် iOS 9.3 beta ကို ဖြန့်ချိပေးခဲ့သော Apple သည် ကျောင်းများတွင် အသုံးပြုနေသော iPad များအတွက် feature သစ်ကို ယခုနှစ်ကုန်ပိုင်းတွင် ဖြန့်ချိသွားရန် စီစဉ်နေသည်။

EdSurge ၏ အဆိုအရ ကျောင်းများသည် သင်ခန်းစာများပို့ချစဉ် စာသင်ခန်းများရှိ iPad များအားလုံးကို ထိန်းချုပ်နိုင်ခြင်းနှင့် ကျောင်းသားများ၏ screen များကို ဆရာများက ကြည့်ရှုနိုင်ခြင်း ကဲ့သို့သော ပညာရေးနှင့်သက်ဆိုင်သည့် iPad feature များအား beta တွင် ပါဝင်ရေးအတွက် Apple နှင့် ဆက်သွယ်မည်ဖြစ်ကြောင်း သိရသည်။

iPad သည် ကျောင်းများ၊ လုပ်ငန်းများနှင့် အိမ်များရှိ ကွန်ပျူတာများနေရာ၌ အစားထိုးနေရာယူလျက်ရှိသည်။ စာသင်ခန်းများတွင် iPad များကို ဝေမျှသုံးစွဲခွင့်ရရှိခြင်းသည် အခြားသုံးစွဲသူများအပေါ် ထိခိုက်မှုမရှိစေဘဲ ကျောင်းသားများက ၎င်းတို့၏ account များဖြင့် အသုံးပြုနိုင်စေမည် ဖြစ်သည်။ Intelligent Sharing ဟုခေါ်သော အပိုဆောင်း feature တစ်ခုကလည်း ကျောင်းသားများက ၎င်းတို့၏ account များဖြင့် log in ပြုလုပ်ပြီးနောက် iPad တွင် နောက်ဆုံးအသုံးပြုခဲ့သော နေရာမှ ပြန်လည်အသုံးပြုနိုင်စေမည် ဖြစ်သည်။
Apple မှ တာဝန်ရှိသူတစ်ဦးကမူ အဆိုပါ feature အား စာသင်ခန်းပြင်ပရှိ iPad များ၌ အသုံးပြုနိုင်ခြင်း ရှိ၊ မရှိအတွက် မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

Ref: Quartz
Credit internetjournal

သီဟထိုက်
www.thihahtike.com 



အဆင်​​ပြေပါ​စေ

ကို​နေဇင်​ (MMiTO)



ကျ​နော်​တင်​သမျှကို Facebook ကတိုက်​ရိုက်​လိုချင်​ရင်
ဒီ​နေရာမှာ
Like တစ်​ချက်​​ပေးခဲ့ပါ





Facebook Messenger မှာစ စ်တုရင်ကစားနည်း

 
Facebook Messenger အသုံးပြု သူများအတွက် Facebook Messenger မှာ စစ်တုရင်ကစားခြင်းကို command များအသုံးပြုပြီး ကစားနိုင်မှာ ဖြစ်ပါတယ်။ Facebook Messenger ကနေ စစ်တုရင် ကစားမယ်ဆိုရင် ကိုယ်နဲ့ကစားမယ့်ကိုယ့်ရဲ့ Facebook ကသူငယ်ချင်း အကောင့်ကို @fbchess play ဆိုတဲ့ Command ကိုရိုက်ထည့်ပေးရပါမယ်။

ဒါဆိုရင် Chess Game ကိုစတင်ပြီဖြစ်ပြီး ဘယ်သူက ဘယ်အရောင်ဆိုတာကို ဖော်ပြပေးပါလိမ့်မယ်။ ဒီနေရာမှာ ကိုယ်က မိမိစိတ်ကြိုက် အရောင်ရွေးချယ် မယ်ဆိုရင် @fbchess play white/black နှစ်သက်ရာ အရောင်တစ်ခုကို ရွေးချယ်နိုင်ပါတယ်။

ကစားသူဟာ Pawn ကိုစရွှေ့မယ်ဆိုရင် @fbchess P ဆိုတဲ့ command ကို အသုံးပြုရပါမယ်။ ဒီနေရာမှာ P ဆိုတာ Pawn ကို ကိုယ်စားပြုတဲ့ command ဖြစ်ပါတယ်။ အကွက်ရွှေ့မယ်ဆိုရင်တော့ အက္ခရာ a ကနေ h အထိပေးထားပြီး ဒေါင်လိုက်အနေနဲ့ နံပါတ် ၁ ကနေ ၈ အထိ ပေးထားပါတယ်။ ဒါကတော့ ကိုယ်ဘယ်အက္ခရာလိုင်းက Chess  အကောင်ကို ဘယ်နံပါတ်ကိုရွှေ့မယ်ဆိုတာကို သတ်မှတ်နိုင်ရန်အတွက် ဖော်ပြပေးထားတာ ဖြစ်ပါတယ်။ ဥပမာ သင်ဟာ ဘုရင်အပေါ်က Pawn ကိုရွှေ့မယ်ဆိုရင် @fbchess Pe3 ဆိုတဲ့ command ကို အသုံးပြုနိုင်ပါတယ်။ အကယ်၍ အလွယ်တကူ command ကိုအသုံးပြုမယ်ဆိုရင် @fbchess e3 ဆိုတဲ့ command နဲ့ ဘုရင်အပေါ်ဘက်က Pawn ကို အပေါ်တစ်ကွက် ရွှေ့နိုင်ပါတယ်။

နောက်တစ်ခုကတော့ Knight ကိုရွှေ့မယ်ဆိုရင် အသုံးပြုရမယ့် Command ကတော့ @fbchess N ကိုအသုံးပြုရပါမယ်။ ဥပမာအနေနဲ့ အနက်ရောင်ဘက်က Knight ကို အကွက် C နံပါတ် ၆ နေရာကို ရွှေ့မှာဖြစ်တဲ့အတွက် @fbchess Nbc6 ဆိုတဲ့ command နဲ့ Knight ကိုရွှေ့နိုင်မှာ ဖြစ်ပါတယ်။ ပုံမှာပြထားတဲ့ အတိုင်းဆိုရင် Knight ဟာ Pawn ကို စားနိုင်တဲ့အကွက်ထဲ ရောက်နေပြီဖြစ်ပါတယ်။ ဒီတော့ Knight ဟာ Pawn က စားမှာဖြစ်တဲ့အတွက် Knight ကိုယ်စားပြုတဲ့ command ကိုအရှေ့မှာ ထားပေးပါ။ ပြီးသွားရင် အကွက် C မှာရှိတဲ့အတွက် C ကိုထည့်သွင်းပေးရပါမယ်။ ကိုယ်စားမယ့် Pawn ဟာ d4 မှာရှိတဲ့အတွက် d4 ဆိုတာကို ထည့်သွင်းပေးရပါမယ်။ ဒီနေရာမှာ Pawn ကိုစားမှာ ဖြစ်တဲ့အတွက် Knight ရဲ့နေရာနဲ့ စားမယ့်နေရာရဲ့ကြားထဲမှာ X ကိုထည့်သွင်းပေးရပါမယ်။ ဥပမာအနေနဲ့ @fbchess Ncxd4 ဆိုတဲ့ com-mand ကိုအသုံးပြုရပါမယ်။

နောက်ထပ် Bishop ကို အသုံးပြုမယ်ဆိုရင် ရိုက်ထည့်ပေးရမယ့် command က B ဖြစ်ပါတယ်။ ဥပမာ @fbchess Bd3 ဒါကတော့ Bishop ကို အကွက် D နံပါတ် ၃ ကိုရွှေ့မှာ ဖြစ်တဲ့အတွက် ဥပမာပေးတဲ့ command ပဲဖြစ်ပါတယ်။ သင့်ရဲ့ Pawn ဟာ ပြိုင်ဘက်ရဲ့ အထက်ဘက်ကို ရောက်သွားတဲ့အခါမှာ Pawn ကို Promote လုပ်ဖို့ အတွက် = ဆိုတဲ့ command ကိုအသုံးပြုရပါမယ်။ Castle နဲ့ King ကို နေရာချိန်းချင်ရင်တော့ @fbchess O-O ဆိုတဲ့ Command ကိုအသုံးပြုနိုင်ပါတယ်။

အကယ်၍  သင်ဟာကစားပွဲက ထွက်လိုတယ်ဆိုရင် @fbchess resign ကိုရိုက်ထည့်ပြီး ကစားပွဲကနေ ထွက်ခွာနိုင်ပါတယ်။ ကစားနေရင်း Facebook Messenger မှာစကားပြောနေတယ်ဆိုရင် @fbchess continue ဆိုတဲ့ command ကိုအသုံးပြုနိုင်မှာဖြစ်ပြီး၊ ကိုယ်နဲ့ကစားတဲ့ ကစားဖော်ရဲ့ ပွဲရလဒ်တွေကို ကြည့်ချင်ရင်တော့ @fbchess stats ဆိုပြီး ကြည့်ရှုနိုင်ပါတယ်။ ကစားနေရင်းနဲ့ ကစားတဲ့အခါမှာ အသုံးပြုတဲ့ command တွေကို သိချင်ရင်တော့ @fbchess help ဆိုတဲ့ command ကို အသုံးပြုနိုင်ပါတယ်။

Credit  internetjournal
သီဟထိုက်
www.thihahtike.com


အဆင်​​ပြေပါ​စေ

ကို​နေဇင်​ (MMiTO)



ကျ​နော်​တင်​သမျှကို Facebook ကတိုက်​ရိုက်​လိုချင်​ရင်
ဒီ​နေရာမှာ
Like တစ်​ချက်​​ပေးခဲ့ပါ





၎ လက်မအရွယ် Apple ထုတ်ကုန်သစ်ကို iPhone 5e ဟုခေါ်ဆိုဖွယ်ရှိ





လပေါင်းများစွာ ကောလာဟလသတင်းများအဖြစ် ထွက်ပေါ်ခဲ့သော Apple ၏ ၄ လက်မအရွယ် စမတ်ဖုန်းကို iPhone 5e ဟုခေါ်ဆိုဖွယ်ရှိကြောင်း တရုတ်နိုင်ငံသား လေ့လာဆန်းစစ်သူတစ်ဦးက ပြောကြားလိုက်သည်။

iPhone 5e တွင် “e” သည် “enhanced” ကို ရည်ညွှန်းထားကြောင်း၊ အဆိုပါ စမတ်ဖုန်းသစ်သည် iPhone 5s ကို အနည်းငယ် အဆင့်မြှင့်တင်ထားပြီး Apple Pay နှင့် VoLTE အထောက်အပံ့ ပါဝင်လာမည် ဖြစ်ကြောင်း ဆိုသည်။

၎ လက်မအရွယ် iPhone တွင် ပင်မကင်မရာအနေဖြင့် 8MP ကင်မရာပါဝင်ပြီး A8 SoC နှင့် 1GB RAM အသုံးပြုထားကြောင်း သတင်းများက ဖော်ပြခဲ့သည်။ တရုတ်နိုင်ငံတွင် iPhone 5e ကို ၃,၂၈၈ ယွမ် (ဒေါ်လာ ၅၀၀ ခန့်) ဖြင့် ရောင်းချဖွယ်ရှိသည်။

Ref: GSMArena
Credit  internetjournal

သီဟထိုက်
www.thihahtike.com


အဆင်​​ပြေပါ​စေ

ကို​နေဇင်​ (MMiTO)



ကျ​နော်​တင်​သမျှကို Facebook ကတိုက်​ရိုက်​လိုချင်​ရင်
ဒီ​နေရာမှာ
Like တစ်​ချက်​​ပေးခဲ့ပါ





iTunes media ဆာဗာထက် ပိုမိုမြန်ဆန်သော Intel ၏ဒုတိယမျိုးဆက် Compute Stick

Intel သည်မူရင်း Compute Stick ကိုမိတ်ဆက်ပြီး တစ်နှစ်အကြာတွင် ကန်ဒေါ်လာ ၁၅ ဝန် iTunes media ဆာဗာ တည်ဆောက်နိုင်မည့် လမ်းညွှန်ပါဝင်သော ဒုတိယမျိုးဆက် Compute Stick ကို မိတ်ဆက်ခဲ့သည်။ အဆိုပါ Compute Stick သည်ကန်ဒေါ်လာ ၁၅၉မှ ၄၉၉ အထိကျသင့်မည် ဖြစ်ပြီး အဆင့်မြှင့်တင်မှုများစွာ ပါဝင်လာသည်။

၎င်း၏အရွယ်အစားမှာ ပီကေထုပ်အရွယ်သာရှိပြီး ကွန်ပျူတာ တစ်လုံးကဲ့သို့ သုံးနိုင်မည့် လုပ်ဆောင်ချက်များ ပါဝင်သလို USB port ၂ ခုထည့်သွင်းထားပြီး ကြိုးမဲ့ hardware သစ်တစ်ခုလည်း ပါဝင်သည်။ ယခုနှစ်တွင် Intel သည် Atom Core M3 နှင့် Core M5
ဗားရှင်းများကို ထုတ်လုပ်ထားသည်။ ကန်ဒေါ်လာ ၁၅၉တန် quad-core Atom ဗားရှင်း Compute Stick သည် iTunes media ဆာဗာအဖြစ် ကောင်းစွာ အသုံးပြုနိုင်မည် ဖြစ်သည်။

အဆိုပါ Compute Stick ၏အရွယ်မှာ အကျယ်၁.၅ လက်မ၊ အရှည် ၄.၄၅ လက်မ၊ အထူ ၀.၄၇ လက်မရှိသည်။ ၎င်းသည် iTunes အပါအဝင် သာမန် Windows app ၁၀ ခုကို အသုံးပြုရန် စွမ်းအင်လုံလောက်သည်။ HDMI 1.4b ထည့်သွင်းထားသော connector ကြောင့် မည်သည့် HDTV ကိုမဆို တိုက်ရိုက် ချိတ်ဆက်နိုင်သည်။ ထို့အပြင် HDTV တွင် external storage ထုတ်ကုန်နှင့် တွဲဖက်ပစ္စည်းများ ဖြစ်သော mouse နှင့် keyboard တို့ကို ချိတ်ဆက်နိုင်မည့် USB နှင့် ကြိုးမဲ့ feature များလည်း ပါဝင်သောကြောင်း သုံးစွဲရ အဆင်ပြေမည် ဖြစ်သည်။

Compute Stick ဗားရှင်းသစ်တွင် USB 3.0 နှင့် USB 2.0 တစ်ခုစီ ပါဝင်သလို dual-band 802.11ac Wi-Fi ထောက်ပံ့မှုတို့ ပါဝင်သည်။ ထို့အပြင် RAM 2GB နှင့် 32GB on-board memory, storage 128GB အထိ တိုးချဲ့အသုံးပြုနိုင်သော SDXC ကတ်များကို အသုံးပြုနိုင်သည်။ Compute Stick တွင်ပါဝင်သော Atom ပရိုဆက်ဆာကို Cherry Trail အထိ အဆင့်မြှင့်တင်ထားသည်။ ဒုတိယမျိုးဆက် Compute Stick သည် ပထမဆုံး မော်ဒယ်ထက် ကန်ဒေါ်လာ ၁၀ မြင့်မားမည် ဖြစ်ပြီး မကြာမီတွင် တင်ပို့ရောင်းချ သွားမည် ဖြစ်သည်။

စွမ်းဆောင်ရည်မြင့်သော Intel Core M3 (ကန်ဒေါ်လာ ၃၉၉) သို့မဟုတ် Core M5 ($499) ပရိုဆက်ဆာ ပါဝင်သော ဗားရှင်များကို ဖေဖော်ဝါရီလတွင် ရောင်းချသွားမည် ဖြစ်သည်။ ၎င်းဗားရှင်းတွင် Bluetooth 4.0 အစား Bluetooth 4.2 ပါဝင်လာမည် ဖြစ်သည်။

Ref: 9to5Mac
Credit  internetjournal
သီဟထိုက်
www.thihahtike.com


အဆင်​​ပြေပါ​စေ

ကို​နေဇင်​ (MMiTO)



ကျ​နော်​တင်​သမျှကို Facebook ကတိုက်​ရိုက်​လိုချင်​ရင်
ဒီ​နေရာမှာ
Like တစ်​ချက်​​ပေးခဲ့ပါ





Samsung Galaxy S6 အတွက် QWERTY ကီးဘုတ်ကာဗာ





နော်ဝေကုမ္ပဏီ One2Touch က Samsung Galaxy S6 နှင့် S6 Edge အတွက် SlimType ဟုခေါ်သော ကီးဘုတ်ကာဗာကို ပွဲထုတ်မိတ်ဆက်ခဲ့သည်။
NFC မှတစ်ဆင့် Galaxy S6 နှင့်ချိတ်ဆက်အသုံးပြုနိုင်မည့် SlimType ကို Play Store မှ ရယူနိုင်သော သက်ဆိုင်ရာ app တစ်ခုနှင့် တွဲဖက်အသုံးပြုနိုင်သည်။ အီးမေးလ်၊ ဝက်ဘ်နှင့် ရှာဖွေမှုများအတွက် hotkey များပါဝင်သလို emoji ခလုတ်တစ်ခုကိုလည်း ထောက်ပံ့ပေးထားသည်။

အဆိုပါ ကီးဘုတ်ကို ပါးလွှာသော case တစ်ခုတွင် ပေါင်းစပ်ထည့်သွင်းထားခြင်း ဖြစ်ပြီး အသုံးပြုလိုပါက ဖုန်း screen ကို ဘေးတိုက်အနေအထား ပြောင်းကာ အသုံးပြုရမည် ဖြစ်သည်။
SlimType ကို ၃၉ ဒေါ်လာဖြင့် တရားဝင်ဝက်ဘ်ဆိုက် မှတစ်ဆင့် ဝယ်ယူနိုင်သည်။

Ref: AndroidAuthority
credit internetjournal

သီဟထိုက်
www.thihahtike.com




အဆင်​​ပြေပါ​စေ

ကို​နေဇင်​ (MMiTO)



ကျ​နော်​တင်​သမျှကို Facebook ကတိုက်​ရိုက်​လိုချင်​ရင်
ဒီ​နေရာမှာ
Like တစ်​ချက်​​ပေးခဲ့ပါ





Google Play ဝန်ဆောင်မှုများကို တရုတ်နိုင်ငံ၌ ယခုနှစ်အတွင်း အသုံးပြုနိုင်မည်ဟု Lenovo အကြီးအကဲ ပြောကြား

တရုတ်နိုင်ငံသို့ Google က Play Store, app များနှင့် ဝန်ဆောင်မှုများ ပြန်လည်သယ်ဆောင်လာမည့် ကိစ္စသည် လျှို့ဝှက်ထားရမည့် ကိစ္စမဟုတ်ကြောင်း၊ အဆိုပါကိစ္စသည် ယခုနှစ်တွင် ဖြစ်ပေါ်လာလိမ့်မည် ဖြစ်ကြောင်း တရုတ်အခြေစိုက် Lenovo မိုဘိုင်းအဖွဲ့မှ အကြီးအကဲဖြစ်သူ ချန်ဇူဒေါင်က ပြောကြားသည်။
ဇူဒေါင်၏ ပြောကြားချက်ကို Tech.Sina က ကိုးကား ဖော်ပြခဲ့သော်လည်း Google ဝန်ဆောင်မှုများ အသုံးပြုနိုင်မည့်အချိန်နှင့် ပတ်သက်၍ အသေးစိတ် ဖော်ပြခဲ့ခြင်း မရှိပေ။
နှစ်အတန်ကြာ ဝန်ဆောင်မှုများ ရုပ်သိမ်းခဲ့ပြီးနောက် တရုတ်နိုင်ငံ၌ Google Play Store အထူးဗားရှင်းတစ်ခုကို ဖြန့်ချိသွားမည် ဖြစ်ကြောင်း အစောပိုင်းက သတင်းများ ထွက်ပေါ်ခဲ့သည်။ ထို့နောက် Android ၏ Engineering Director ဖြစ်သူ ဒေးဗစ်ဆင်ဂယ်တန်က Google ၏ app နှင့် ဝန်ဆောင်မှုများ ပါဝင်သော စမတ်နာရီ platform အသုံးပြုထားသည့် Moto 369 Android Wear နာရီကို တရုတ်နိုင်ငံတွင် မိတ်ဆက်သွားမည်ဟု ပြောကြားခဲ့သည်။
လက်ရှိတွင် တရုတ်ဖုန်း အများအပြား၌ Android ကို အသုံးပြုထားသော်လည်း ဟန်းဆက်ကုမ္ပဏီများက တရုတ်အခြေစိုက် ဝန်ဆောင်မှုများနှင့် app store များသာ ပေါင်းစပ်ပါဝင်သည့် AOSP ခေါ် Android Open Source Project ကိုသာ မှီခိုနေရသည်။
Ref: ZDNet
Credit  internetjournal
သီဟထိုက်



အဆင်​​ပြေပါ​စေ

ကို​နေဇင်​ (MMiTO)



ကျ​နော်​တင်​သမျှကို Facebook ကတိုက်​ရိုက်​လိုချင်​ရင်
ဒီ​နေရာမှာ
Like တစ်​ချက်​​ပေးခဲ့ပါ





စမတ်ဖုန်းနှင့် တွဲဖက် အသုံးပြုနိုင်သော ကင်မရာ မှန်ဘီလူးများကို ZEISS မိတ်ဆက်





ZEISS သည် Fellowes အမှတ်တံဆိပ်များနှင့် ပူးပေါင်း၍ စမတ်ဖုန်း ဓာတ်ပုံသမားအတွက် အဆင့်မြင့် ကင်မရာ မှန်ဘီလူးများစွာကို မိတ်ဆက်ခဲ့သည်။

အဆိုပါ ကင်မရာ မှန်ဘီလူးများသည် မြင်ကွင်းကျယ်၊ အနီးကပ်ဓာတ်ပုံနှင့် အဝေးမှ အရာဝတ္ထုများကို ဆွဲယူရိုက်ကူးထားသော (telephoto) ဓာတ်ပုံများကို ရိုက်ကူးနိုင်သည်။ ထို့အပြင် ExoLens အမှတ်တံဆိပ် ကင်မရာမှန်ဘီလူးများတွင် ZEISS optics ပါဝင်ပြီး အဖြူရောင်တံဆိပ် ရိုက်နှိပ်ထားပြီး အနက်ရောင် လောင်းထားသော အလူမီနီယမ်ဖြင့် ဖန်တီးထားသည်။ ကင်မရာ မှန်ဘီလူးတိုင်းတွင် အလင်းပြန်မှုကို လျှော့ချပေးပြီး အလင်းထုတ်လွှင့်မှုကို အဋ္ဌဆင့်မြှင့်တင်ပေးမည့် T*T* antireflective ZEISS ကိုပါဝင်သည်။

စမတ်ဖုန်းနှင့် ကင်မရာမှန်ဘီလူး ချိတ်ဆက်ရာတွင် အထူးပြုလုပ်ထားသည့် ExoLens ဒေါက်လိုအပ်မည် ဖြစ်ပြီး ဖုန်း၏တစ်ဖက်ခြမ်းကို ဆုပ်ကိုင်ထားပြီး တစ်ဖက်တွင်မူ မှန်ဘီလူးကို ထည့်သွင်းထားသည်။ စက်ဖြင့် ဖန်တီးထားသော အလူမီနီယမ်ဒေါက်တွင် မှန်ဘီလူးများ၊ သာမန် tripod နှင့် cold shoe တွဲဖက်ပစ္စည်းများကို ဝက်အူရစ်ဖြင့် ချိတ်ဆက်အသုံးပြု နိုင်သည်။

ExoLens+ZEISS ကင်မရာ မှန်ဘီလူးများကို ၂၀၁၆ ခုနှစ် ဒုတိယ သုံးလပတ် နှောင်းပိုင်းတွင် တင်ပို့ရောင်းချ သွားမည်ဖြစ်ပြီး iPhone 6, 6 Plus, 6S နှင့် 6S Plus နှင့်လည်း တွဲဖက်အသုံးပြု နိုင်မည်ဖြစ်သည်။

Ref: Petapixel
Credit  internetjournal
သီဟထိုက်
www.thihahtike.com



အဆင်​​ပြေပါ​စေ

ကို​နေဇင်​ (MMiTO)



ကျ​နော်​တင်​သမျှကို Facebook ကတိုက်​ရိုက်​လိုချင်​ရင်
ဒီ​နေရာမှာ
Like တစ်​ချက်​​ပေးခဲ့ပါ





Snapdragon 616 SoC နှင့် 4,100mAh ဘက်ထရီပါဝင်သော Xiaomi Redmi 3

 
Xiaomi သည် Qualcomm Snapdragon 616 chipset နှင့် ၅ လက်မအရွယ် 720p HD display ပါဝင်သော Redmi 3 စမတ်ဖုန်းကို တရားဝင်မိတ်ဆက်ခဲ့သည်။ အဆိုပါ စမတ်ဖုန်းသစ်တွင် 2GB RAM နှင့် သိုလှောင်မှုပမာဏ တိုးမြှင့်နိုင်သော 16GB internal memory ပါဝင်သည်။ ဘက်ထရီက အရွယ်ကြီးမားသော 4,100mAh ဘက်ထရီ ဖြစ်သည်။

ကင်မရာအနေဖြင့် ကျောဘက်တွင် 13MP ကင်မရာပါဝင်ပြီး အရှေ့ဘက်ကင်မရာက 5MP ဖြစ်သည်။ အရွယ်အစားက ၁၃၉.၃ x ၆၉.၆ x ၈.၅ မီလီမီတာဖြစ်ပြီး အလေးချိန်က ၁၄၄ ဂရမ်ဖြစ်သည်။ ၎င်းတွင် ကုမ္ပဏီ၏ MIUI 7 OS ကို အသုံးပြုထားသည်။ Dual-SIM လုပ်ဆောင်ချက်ပါဝင်ပြီး လျင်မြန်သော 5V/2A အားသွင်းစနစ်ကို ထောက်ပံ့ပေးထားသည်။


သတ္တုကိုယ်ထည်ဖြင့် တည်ဆောက်ထားသော Redmi 3 ကို ၆၉၉ ယွမ် (၁၀၅ ဒေါ်လာ) ဖြင့် တရုတ်နိုင်ငံတွင် ရောင်းချသွားမည်ဖြစ်သည်။

Ref: GSMArena
Credit internetjournal
သီဟထိုက်
www.thihahtike.com



အဆင်​​ပြေပါ​စေ

ကို​နေဇင်​ (MMiTO)



ကျ​နော်​တင်​သမျှကို Facebook ကတိုက်​ရိုက်​လိုချင်​ရင်
ဒီ​နေရာမှာ
Like တစ်​ချက်​​ပေးခဲ့ပါ





MEIZU ဖုန်းအသုံးပြုသူများ MEIZU ၏ Flyme Cloud အကောင့်အား ဂရုစိုက်အသုံးပြုသင့်





MEIZU စမတ်ဖုန်း အသုံးပြုသူ များအနေနှင့် မိမိတို့ဖုန်းတွင် ပါဝင်သော MEIZU ၏ Flyme Cloud စနစ်အား အသုံးပြုရာတွင် စနစ်တကျ ဂရုစိုက်အသုံးပြုသင့်ပြီး Flyme Cloud အကောင့်အား အသုံးပြုထားမှသာ ဖုန်းတွင်ဖြစ်ပေါ်လာသော Lock စနစ်များအား အကောင်းဆုံး ဖြေရှင်းပေးနိုင်လိမ့် မည်ဖြစ်ကြောင်း သိရသည်။

MEIZU ၏ Flyme Cloud စနစ်သည် iOS များတွင် ပါဝင်သော iCloud ကဲ့သို့ပင် ဖုန်း၏ အချက်အလက် လုံခြုံရေးအတွက် ပြုလုပ်ပေးထားသော စနစ်တစ်ခုဖြစ်ပြီး အကြောင်းတစ်စုံတစ်ခုကြောင့် ဖုန်း Lock ကျခြင်းများ ဖြစ်ပေါ်ခဲ့ပါက အဆိုပါ Cloud အကောင့်မှ တစ်ဆင့်ပြန်လည် ပြုလုပ်နိုင်မည် ဖြစ်သည်။
ယင်းနှင့်ပတ်သက်၍ MEIZU မှတာဝန်ရှိသူ တစ်ဦးကပြောပြရာ တွင် ''ကျွန်တော်တို့ ဖုန်းမှာပါဝင်လာတဲ့ Flyme Cloud အကောင့်ဟာ ဖုန်းရဲ့လုံခြုံရေး အတွက်အပြင် အသုံးပြုသူရဲ့ အချက်အလက် လုံခြုံရေးအတွက်ပါ ပြုလုပ်ထားတာ ဖြစ်တဲ့အတွက် ဒီကောင့်ကို ဂရုစိုက်သင့်ပါတယ်။ ကိုယ့်ရဲ့ဖုန်း Lock ကျသွားတဲ့အချိန်မှာ ဒီအကောင့်ကနေ တစ်ဆင့် အလုပ်လုပ်ရမှာဖြစ်ပြီး အကောင့်မမှတ်မိ တော့ဘူးဆိုရင်တော့ ဖုန်းကဘယ်လိုမှ အသုံးပြုလို့ ရတော့မှာ  မဟုတ်ပါဘူး။ အသုံးပြုသူက ဖုန်းမှာ Lock စနစ်တစ်ခုခုကို အသုံးပြုထားပြီး ဖုန်းပျောက်သွားတဲ့ အချိန်မျိုးတွေမှာ ဆိုရင်လည်း အသုံးပြုသူရဲ့ အချက်အလက် လုံခြုံရေးအတွက် ဒီ Cloud စနစ်က ထိန်းသိမ်းပေးထားမှာ ဖြစ်ပါတယ်'' ဟု ပြောသည်။
Flyme Cloud တွင် ဖြည့်သွင်းထားသော မိမိ၏ Mail လိပ်စာနှင့် Password တို့ကို မှတ်သားထားမည်ဆိုပါက ဖုန်း Lock ကျချိန်တွင် အဆင်ပြေလွယ်ကူစွာ ပြန်လည်ပြုလုပ်နိုင်မည် ဖြစ်သော်လည်း အကောင့်နှင့် Password အား မမှတ်မိပါက ဖုန်းအား ပိုင်ဆိုင်ကြောင်း လိုအပ်သော အထောက်အထား များနှင့်တကွ တင်ပြမှသာ ပြန်လည်ပြုလုပ် နိုင်မည်ဖြစ်ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်၍ MEIZU Pro5 အသုံးပြုသူ ကိုအောင်သူမှ ပြောပြရာတွင် ''ကျွန်တော် MEIZU Pro5 ကို သုံးနေတာပါ။ ဖုန်းမှာပါတဲ့ Flyme Cloud ကို ဖြည့်တော့ ဖြည့်လိုက်တယ်။ ဒါက ဘယ်လိုမှန်းလည်း သေချာမသိတော့ အဆင်ပြေသလိုပဲ အကောင့်ကို အမှတ်တမဲ့ဖြည့်ပြီး အသုံးပြုလိုက်မိတယ်။ ဒါပေမယ့် ဖုန်းကို ဘောင်းဘီအိတ်ထဲ ထည့်ထားပြီး ဖုန်းရဲ့ Screen ကပွင့်နေတဲ့ အချိန်မှာ  Pattern တွေကို အလိုအလျောက်လျောက်ထိပြီး ဆွဲမိသွားတော့ မှားယွင်းမှု အကြိမ်ရေ ပြည့်သွားတဲ့ အချိန်မှာ ဖုန်းက Lock ကျသွားရော။ အဲဒီမှာ ပြဿနာက စတော့တာပဲ။ Flyme Cloud အကောင့်က ဖြည့်ခဲ့တဲ့ Mail နဲ့ Password ကိုတောင်းနေတယ်။ ဒါပေမယ့် စလုပ်တုန်းက ဘယ်လို ဖြည့်ခဲ့မှန်း မမှတ်မိတော့ဘူး။ အဲဒီအချိန်မှာ ဖုန်းကဘာမှကို လုပ်လို့မရတော့ဘူး။ ပါဝါလည်း ပိတ်လို့မရဘူး။ Boot Setting ထဲကနေ Factory Reset လုပ်ကြည့်ဖို့အတွက်လည်း ကြိုးစားကြည့်တယ်။ မရတော့ဘူး။ ဘာမှကို လုပ်လို့မရတော့တာ။ Lock ကျနေတဲ့အချိန်မှာ ဖုန်းမှာရှိနေတဲ့ GPS က သူ့အလိုလို ပွင့်လာတယ်။ အင်တာနက်လည်း ပွင့်တယ်။ ဒါ ပေမယ့်အကောင့် မသိတော့ဘူးဆိုရင် ဘာမှကို လုပ်လို့မရတော့ဘူး'' ဟု ပြောသည်။

MEIZU ဖုန်းတွင် Lock ကျ သွားချိန်၌ ဖုန်း၏ GPS စနစ်အား အလိုအလျောက် ဖွင့်ထားပေးနေ မည်ဖြစ်ပြီး ဖုန်းအား မိမိအကောင့်နှင့် ပြန်လည်ဖွင့်နိုင်ရန်အတွက် အင်တာနက် စနစ်ကိုလည်း အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ ယင်းစနစ်များအား အလိုအလျောက် ပွင့်လာမည်ဖြစ်သော်လည်း ဖုန်းအား ပါဝါပိတ်ခြင်း၊ Factory Reset ပြုလုပ်ခြင်းများအား ပြုလုပ်နိုင်မည် မဟုတ်ပဲ Flyme အကောင့်ဖြင့်သာ ပြန်ဖွင့်နိုင်မည် ဖြစ်သည်။ Flyme အကောင့်အား မမှတ်မိတော့ပါက ဖုန်းအားပိုင်ဆိုင်ကြောင်း အထောက်အထားများဖြင့် သက်ဆိုင်ရာ MEIZU ကုမ္ပဏီသို့ အကြောင်းကြားနိုင်မည် ဖြစ်ကြောင်းသိရသည်။

''ဖုန်း Lock ကျသွားချိန်မှာ Flyme အကောင့်ကို လုံးဝမသိတော့ဘူး ဆိုရင်တော့ ဖုန်းကိုဝယ်ခဲ့တဲ့ ဘောက်ချာနဲ့ အာမခံစာရွက်တွေကို တစ်ပါတည်း ယူဆောင်လာပြီး ကျွန်တော်တို့ဆားဗစ် ကောင်တာကို ယူလာခဲ့ရင် ကျွန်တော်တို့ကနေတစ်ဆင့် ဖုန်းပိုင်ဆိုင်မှု အထောက်အထားတွေကို ကုမ္ပဏီဖက်ကို အွန်လိုင်းကနေတစ်ဆင့် ပူးတွဲတင်ပြပေးပြီး ဖုန်းကို Lock ပြန်ဖြုတ်နိုင်ဖို့ ကူညီပေးနိုင်ပါတယ်'' ဟု MEIZU မှ Services Manager ကိုကြည်မြင့်က ပြောသည်။
Cloud Lock ကျပြီး အကောင့် မမှတ်မိသူများအနေဖြင့် အွန်လိုင်းမှတစ်ဆင့် တရုတ်နိုင်ငံရှိ MEIZU ကုမ္ပဏီသို့ Mail ဖြင့် ပိုင်ဆိုင်မှု အထောက်အထားများ ပြသကာ Lock ဖြည်ခြင်းအား ပြန်လည်ပြု လုပ်နိုင်မည်ဖြစ်သလို ပြည်တွင်းရှိ MEIZU ဆားဗစ်ကောင်တာသို့ သွားရောက်ကာ ပိုင်ဆိုင်မှု စာရွက်စာတမ်းများ ပြသ၍လည်း အကူအညီ ရယူနိုင်မည်ဖြစ်ပြီး ဖုန်း  - ၀၉၂၅၀၀၇၃၀၇၆ သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်မည် ဖြစ်သည်။
Credit  internetjournal
သီဟထိုက်
www.thihahtike.com


အဆင်​​ပြေပါ​စေ

ကို​နေဇင်​ (MMiTO)



ကျ​နော်​တင်​သမျှကို Facebook ကတိုက်​ရိုက်​လိုချင်​ရင်
ဒီ​နေရာမှာ
Like တစ်​ချက်​​ပေးခဲ့ပါ





သိပ္ပံနည်းပညာဆိုင်ရာ ပြပွဲ ကျင်းပမည်



သိပ္ပံနည်းပညာဆိုင်ရာပြပွဲ နှင့် ဟောပြောပွဲ "သိပ္ပံပွဲခင်း-၂၀၁၅ " ကို ရန်ကုန်တက္ကသိုလ်မှ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြပွဲကို ဒီဇင်ဘာလ ၁၈ ရက် မှ ၂၀ ရက်ထိ ရန်ကုန်တက္ကသိုလ်တွင် ကျင်းပပြုလုပ်မည် ဖြစ်သည်။ ပြပွဲတွင် ရန်ကုန်တက္ကသိုလ် ဘွဲ့ကြို ကျောင်းသား၊ ကျောင်းသူများ၏ ဆန်းသစ် သိပ္ပံပြပွဲ/ပြိုင်ပွဲ၊ သိပ္ပံနည်းပညာဆိုင်ရာ သင်ကြားမှု အထောက်အကူပြု ပစ္စည်းများ၊ သုတေသန လုပ်ငန်းသုံး စက်ကိရိယာများနှင့် ပတ်သက်သော သိပ္ပံနှင့် နည်းပညာဆိုင်ရာ အသိပညာများကို ခင်းကျင်းပြသသွားမည့် အပြင် ဟောပြောပွဲများလည်း ပါဝင်မည် ဖြစ်သည်။

ပြပွဲသို့ တက္ကသိုလ်၊ ကောလိပ်များ၊ ဝန်ကြီးဌာနများ၊ သိပ္ပံနည်းပညာဆိုင်ရာ အဖွဲ့အစည်းများနှင့် ကုမ္ပဏီများမှ ဝင်ရောက်ပြသနိုင်မည်ဖြစ်ပြီး ပါဝင်ပြသလိုသူများ အနေဖြင့် ဖုန်း - ၀၁ - ၅၀၂၀၇၄၊ ၀၉၇၉၂၉၉၁၄၇၁၊ ၀၉ ၅၀၄၇၆၅၀ တို့သို့ ဆက်သွယ် ပါဝင်နိုင်ကြောင်း သိရသည်။

Credit  internetjournal
သီဟထိုက် My Page



အဆင်​​ပြေပါ​စေ

ကို​နေဇင်​ (MMiTO)



ကျ​နော်​တင်​သမျှကို Facebook ကတိုက်​ရိုက်​လိုချင်​ရင်
ဒီ​နေရာမှာ
Like တစ်​ချက်​​ပေးခဲ့ပါ





iPhone 6S ကို သုံးကြိမ်အားသွင်းနိုင်မည့် 10,000mAh ဘက်ထရီ ပါဝင်သော စမတ်ဖုန်း


တစ်ကြိမ်အားသွင်းလျှင် ၁၅ ရက်အထိ သုံးနိုင်သော Oukitel K10000 စမတ်ဖုန်းကို ယခုအခါ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ စမတ်ဖုန်းသည် ၉ မီလီမီတာအထူရှိပြီး အကျယ် ၇၇ မီလီမီတာ၊ အမြင့် ၁၄၃ မီလီမီတာဖြစ်ကာ အလေးချိန်က ၁၈၄ ဂရမ်ဖြစ်သည်။

၎င်းတွင် ပါဝင်သည့် 10,000mAh ဘက်ထရီသည် စမတ်ဖုန်းအားသွင်းရန်အတွက် သယ်ဆောင်အသုံးပြုနေကြသော external portable USB charger များတွင် ပါဝင်သည့် ဘက်ထရီထက် ပိုမိုကြီးမားသည်။ Quick-Charge ကို ထောက်ပံ့ပေးထားသောကြောင့် ၀ မှ ၁၀၀ ရာခိုင်နှုန်းကို အားသွင်းရန် အချိန် ၃.၅ နာရီကြာမြင့်မည်ဖြစ်သည်။ အဆိုပါ စမတ်ဖုန်းသည် အခြားသော ထုတ်ကုန်များကိုပါ အားသွင်းပေးနိုင်ပြီး power-out feature ဖြင့် iPhone 6S သုံးလုံးကို အားအပြည့်သွင်းပေးနိုင်သည်။

Oukitel K10000 စမတ်ဖုန်းကို အရွယ်ကြီးမားသည့် ဘက်ထရီအပြင် ၅.၅ လက်မ 720p screen, 1GHz quad-core MediaTek processor, 2GB RAM နှင့် 8MP ကင်မရာတို့ဖြင့် အသုံးပြုနိုင်သည်။ Operating System က Android 5.1 Lollipop ဖြစ်ပြီး 4G LTE နှင့် dual-SIM တို့ကို ထောက်ပံ့ပေးထားသည်။
၎င်းစမတ်ဖုန်းကို Gearbest တွင် အမေရိကန်ဒေါ်လာ ၂၄၀ ဖြင့် ကြိုတင်မှာယူနိုင်သည်။

Ref: 9to5Google
Credit internetjournal 
သီဟထိုက် My Page

အဆင်​​ပြေပါ​စေ

ကို​နေဇင်​ (MMiTO)



ကျ​နော်​တင်​သမျှကို Facebook ကတိုက်​ရိုက်​လိုချင်​ရင်
ဒီ​နေရာမှာ
Like တစ်​ချက်​​ပေးခဲ့ပါ





G730-U00 Emergercy data Error fix 100%

မင်္ဂလာပါ  Huawei G730-U00 Emergercy data Error fix 100%  လေပါ ညီတစ်ယောက် အလှူ ခံရင် တင်ထားတာပါ  Zip file လေကို ဒေါင်းပြီ password ကို အလှူ ငေ...