Showing posts with label နည်းလမ်းများ. Show all posts
Showing posts with label နည်းလမ်းများ. Show all posts
Office documents ကြောင့်ဖြစ်ပေါ်လာတဲ့ Macro Virus အမျိုးအစားကို Antivirus မလိုပဲ အလွယ်တကူ သတ်နည်း
မင်္ဂလာပါ
ဒီပိုစ့်လေးကို ကွန်ပျူ ကိုင်ဆောင်ထားတဲ့ သူတိုင်း
အထူးသဖြင့် DTP ညီအကိုများအနေဖြင့် ဖတ်ထားသင့်တဲ့
Virus သတ်နည်းလေးဖြစ်ပါတယ်။
အခုနောက်ပိုင်းထွက်ထားတဲ့ Microsoft Office 2013 နဲ့
ဆိုရင်တော့ပိုပြီး အဆင်ပြေပါတယ် ကျနော် အခုအင်စတော
လုပ်ပြီးသုံးနေတာ တစ်နှစ်တောင်ပြည့်တော့မယ် တကယ်လို့
ကောင်းပါတယ် Office 2013 က 2007,2010 ထက် ပိုမြန်ဆန်မှု
ရှိပြီး တည်ဆောက်ထားတဲ့ Template ချင်း တအားကွာပါတယ်။
အခု ကျနော်ကတော့ Office 2013 ကို အသုံးပြု ပြီး ဒီ Macro Virus
အမျိုးအစားကို သုတ်သင်နည်းကို ပြပေးသွားမှာပဲဖြစ်ပါတယ်။
Macro Viruses ဆိုတာကတော့ အမြဲတမ်းလိုလို
ကြုံ တွေ့နေရတဲ့ Office documents ကြောင့်ဖြစ်ပေါ်လာတဲ့
Virus တစ်မျိုးပါ။ doc, .ppt စသဖြင့် ပေါ့ ဖိုင်တွေ ထပ်ဆင့်
ပွါးနေတဲ့ စိတ်ပျက်စရာ Virus တစ်မျိုးပေါ့။
တကယ်လို့ Macro Viruses သာ ကွန်ပျူ တာမှာ ရှိနေပြီဆိုရင်တော့
ကွန်ပျူ တာကို ဖွင့်လိုက်တာနဲ့ အဲဒီ Virus က သူ့အလိုလို
ဖိုင်တွေ ပွါးယူနေတာ နေရာအနှံ့ပဲ။ မြင်ရင် အကုသိုလ်ဖြစ်တယ်။
ဒီ Virus ကို Macro Language ဖြင့် ရေးသားထားတာဖြစ်ပါတယ်
ဒီ Virus ကိုတော့ ထိုင်းဝမ် No,1B ကပိုင်ဆိုင်တယ်လို့သိရပါတယ်။
Operating System အတွက် အလုပ်များစေတဲ့ Virus တွေထဲက
တစ်မျိုးပေါ့။ Infectious လို့ခေါ်တဲ့ ကူးစက်ပြန့်ပွါးတတ်တဲ့ Virus
အမျိုးအစား ဖြစ်ပါတယ်။
ဒါပေမယ့် ဘယ်လောက်ပဲ File to File ကူးစက်စက်
Folder to Folder လုပ်နေပလေ့စေ ဘာ Antivirus ဆော့ဝဲမှာ
မလိုပဲ ဒီ Virus ကိုသပ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့
Microsoft Office ကိုအခြေခံပြီး ဖြစ်ပေါ်လာတဲ့ ဒီပြသနာကို
အဖြေရှာဖို့အတွက်လည်း ဒီ Office ကိုပဲအသုံးချတတ်ရင်
Macro Virus အမျိုးအစားကို ကောင်းကောင်းပညာပြပေးနိုင်ပါတယ်။
အောက်မှာ ဆက်လေ့လာကြည့်လိုက်ပါ။
၁။ Start Menu > All Program > Office > Power Point 2013 ကို
တစ်ချက်ထောက်ပြီး ဖွင့်လိုက်ပါ။ ပြီးရင် File ကိုနှိပ်ပါ။
 ၂။အောက်ကပုံအတိုင်း ပေါ်လာခဲ့ရင်တော့ Option ကိုနှိပ်ပါ
၃။ Option ကိုနှိပ်လိုက်ပြီးလို့ အောက်ကပုံအတိုင်း ပြနေရင်တော့
Trust Center ကိုနှိပ်လိုက်ပါ။ ပြီးရင် OK ။
၎။ အောက်ကပုံအတိုင်း ပြနေခဲ့ရင်တော့ Trust Center setting ကို
တစ်ချက်ထပ်နှိပ်လိုက်ပါ၊ ပြီးရင် OK ။
၅။ OK ကိုနှိပ်လိုက်ပြီးတာနဲ့ အောက်ကပုံကိုကြည့်ပါ
Macro Settings > “Disable all macros with notification” ဆိုတာကို
အမှန်ခြစ်ပေးလိုက်ပါ၊ ပြီးရင် OK ကိုသာနှိပ်ပေးလိုက်ပါ။
အားလုံး Ok သွားပါပြီခင်ဗျား
Infectious လို့ခေါ်တဲ့ ကူးစက်ပြန့်ပွါးတတ်တဲ့ Virus
အမျိုးအစား ဖြစ်တဲ့ Macro Virus လေး ဘာ Antivirus မှ
မလိုပဲ အပြီးပိုင် သုတ်သင်ရှင်းလင်းနိုင်ပါပြီ။
နောက်ဘယ်တော့မှာ သင့်ကို ဒုက္ခလာပေးမှာမဟုတ်တော့ပါ
အားလုံးပဲ အဆင်ပြေနိုင်ကြပါစေ
ခင်မင်လေးစားလျှက်
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
 www.zunite.org
FB ချစ်ပရိတ်သတ်ကြီးများခင်ဗျား ဇူးနစ်(နည်းပညာ) ဆိုက်မှာ ဖုန်းဆော့ဝဲ ဂိမ်းများ သတင်းစသော အသစ်ကလေးများကို အချိန်နဲ့တစ်ပြေးညီ တင်ပေးနေတာမို့ FB Page လေးကို  LIKE ပေးပြီး အားပေးနိုင်ပါတယ်။(အားလုံးကို ကျေးဇူးတင်ပါတယ်)
ကို​နေဇင်​ - အ​ခြေခံနည်းပညာ Groupထဲကို
Join Group
လုပ်​​ပေးပါဦး - ​အောက်​ကစာသား​ပေါ်သို့်​နှိပ်​ပီးသွားပါ
ကို​နေဇင်​ - အ​ခြေခံနည်းပညာ Group
Facebook Page သို့ Like
နှိပ်​​ပေးပါဦး -​ ​အောက်​ကစာသား​ပေါ်သို့ နှိပ်​ပီးသွားပါ
ကို​နေဇင်​ - နည်းပညာ Page
အဆင်​​ပြေပါ​စေ
ကို​နေဇင်​ - နည်းပညာ
Soft : ( MB)
<<<  Don't Forget To Say Thanks CLICK HERE TO DOWNLOADDon't Forget To Say Thanks  >>>
Factory Reset ချပြီးတဲ့ ဖုန်းတစ်လုံးမှ ဓာတ်ပုံများနဲ့ အရေးကြီးတဲ့ Data များကို ပြန်လည်ရယူနည်း
Factory Reset ချပြီးတဲ့ ဖုန်းတစ်လုံးမှ ဓာတ်ပုံများနဲ့ အရေးကြီးတဲ့ 
Data များကို ပြန်လည်ရယူနည်း
မင်္ဂလာပါ
ကျန်းမာရေးသိပ်မကောင်းတာနဲ့ ပိုစ့်ကောင်းကောင်း
မရေးနိုင်သေးပါ၊ တောင်းဆိုထားကြတဲ့ ညီအကိုများကိုလည်း
ဒီနေရာမှ မတ္တောရပ်ခံပါတယ် ခင်ဗျား
တောင်းဆိုမှုတိုင်းကို တစ်ဖြေးဖြေးရှင်းတင်ပေးသွားမှာပါ
တောင်းဆိုလာကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်
အခုကျနော်ပြန်လည်မျှဝေချင်တာလေးကတော့
Factory Reset ချပြီးတဲ့ ဖုန်းတစ်လုံးမှ ဓာတ်ပုံများနဲ့
အရေးကြီးတဲ့ Data များကို ပြန်လည်ရယူနည်းလေးဖြစ်ပါတယ်။
ခေါင်းစဉ်လေးမြင်တာနဲ့ သင့်အတွက် အရေးကြီးမယ်
သိသင့်တယ်ဆိုတာကို သဘောပေါက်မှာပါ။
ဖုန်းတစ်လုံးကို Factory Reset ချ ပြီးတဲ့ ဖုန်းတစ်လုံးဟာ
စက်ရုံကထုတ်ထားတဲ့အတိုင်း အသစ်လိုဖြစ်နေပါပြီ
အရင် အသုံးပြု ခဲ့တဲ့ Data အားလုံးဟာ အကုန်ပျက်စီးသွားပါတယ်
အဲလိုပျ က်စီးသွားတဲ့ ဖုန်းတစ်လုံးက အရေးကြီးတဲ့ Data များကို
အကုန်ပြန်လည်ရယူနိုင်မယ့် နည်းလမ်းကို ကျနော် ရှင်းပြသွားမှာပါ
၁။ ပထမဦးဆုံး Recovery Software ကိုအောက်ကလင့်မှာ ရယူလိုက်ပါ။
 ပြီးရင် ကွန်ပျူ တာမှာအင်စတောပြု လုပ်လိုက်ပါ။
Download Here 
၂။ ဆော့ဝဲကို ဖွင့်လိုက်ပါ၊ ဖုန်းနဲ့ ကွန်ပျူ တာကိုချိ တ်ဆက်လိုက်ပါ
အောက်ကပုံလေးကို ကြည့်လိုက်ပါ ကွန်ပျူ တာက ဖုန်းကို Device ကို
သိပြီးလို့ အသင့်ဖြစ်နေပလေ့စေ။
၃။ အောက်ပုံအတိုင်းပေါ်လာခဲ့ရင်တော့ အနီရောင်လေးနဲ့
ဝိုင်းပြထားတဲ့ “Recover Lost Files ဆိုတာကိုနှိပ်လိုက်ပါ
“Recover Deleted Files” ကိုနှိပ်ရင်လည်း ရပါတယ်။
၎။ အောက်ကမြင်နေရတဲ့ ပုံလေကတော့ မိမိဖုန်းမှာ
Recovery လုပ်နိုင်တဲ့ Android storage နဲ့ External Storage ဆိုပြီး
နှစ်ခုပါ၊ အခုက  Factory Reset ချပြီး ပျက်စီး နေတာမို့
Android storage ဖုန်းမာမိုမရီထဲမှ ပြန်လည်ရယူရာမိုဖြစ်လို့
Android storage ကိုတစ်ချက်ထောက်ပြီး Next နှိပ်ပေးလိုက်ပါ။
ပြီးရင် သူ့အလိုလို  scanning process မိမိဖုန်းမှ ပျောက်ဆုံး
သွားသော Data ဖိုင်များအားလုံးကို ရှာနေပါလိမ့်မယ်။
၅။ Data ဖိုင်များအားလုံးကို ပြန်လည်ရှာဖွေပြီးလို့ အောက်ကပုံလို
မြင်နေရရင်တော့ Recovery ကိစ္စပြီးဆုံးသွားပါပြီ မိမိဖုန်းမှာ
Factory Reset ချပြီးလို့ ပျောက်ဆုံးသွားတဲ့ အရင်အရေးကြီးတဲ့
Data အားလုံးကို မြင်နေရပါပြီ။ ပြန်လည်ရှဖွေအောင်မြင်ပြီးတဲ့
Data ဖိုင်များကိုတော့ views နှစ်မျိုးနဲ့ ကြည့်လို့ပါတယ်။
File Type View” and “Data View” ဆိုပြီး မြင်နေရပါလိမ့်မယ်
ကြိုက်တဲ့ Views နဲ့ စမ်းကြည့်ရှုနိုင်ပါတယ်။
၆။ မိမိဖုန်းမှာ ပျောက်ဆုံးပျက်စီးသွားတဲ့ Data ဖိုင်များနဲ့
ဓာတ်ပုံများ၏ အရေအတွက်ဘယ်လောက်ဆိုပြီး အတိအကျ
ဖေါ်ပြထားတဲ့အပြင်၊ အဲဒီဖိုင်များကို ကွန်ပျူ တာရဲ့
မိမိသိမ်းဆည်းထားလိုသောနေရာမှာ တစ်ချက်ထောက်ပြီး
 Save လုပ်ယူနိုင်ပါတယ်။
အားလုံး အဆင်ပြေကြလိမ့်မယ်လို့မျှောလင့်ပါတယ်
ခင်မင်လေးစားလျှက်
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
 www.zunite.org
FB ချစ်ပရိတ်သတ်ကြီးများခင်ဗျား ဇူးနစ်(နည်းပညာ) ဆိုက်မှာ ဖုန်းဆော့ဝဲ ဂိမ်းများ သတင်းစသော အသစ်ကလေးများကို အချိန်နဲ့တစ်ပြေးညီ တင်ပေးနေတာမို့ FB Page လေးကို  LIKE ပေးပြီး အားပေးနိုင်ပါတယ်။(အားလုံးကို ကျေးဇူးတင်ပါတယ်)
ကို​နေဇင်​ - အ​ခြေခံနည်းပညာ Groupထဲကို
Join Group
လုပ်​​ပေးပါဦး - ​အောက်​ကစာသား​ပေါ်သို့်​နှိပ်​ပီးသွားပါ
ကို​နေဇင်​ - အ​ခြေခံနည်းပညာ Group
Facebook Page သို့ Like
နှိပ်​​ပေးပါဦး -​ ​အောက်​ကစာသား​ပေါ်သို့ နှိပ်​ပီးသွားပါ
ကို​နေဇင်​ - နည်းပညာ Page
အဆင်​​ပြေပါ​စေ
ကို​နေဇင်​ - နည်းပညာ
Soft : ( MB)
<<<  Don't Forget To Say Thanks CLICK HERE TO DOWNLOADDon't Forget To Say Thanks  >>>
Galaxy S5 မှာ Factory reset အလွယ်တကူ ချယူနည်းများ နဲ့ ဖုန်းတစ်ခုလုံးကို ဆေးသည်ဆိုရာ၌
 Galaxy S5 မှာ Factory reset အလွယ်တကူ ချယူနည်းများ
မင်္ဂလာပါ
ဘော်ဒါတစ်ယောက်ကမေးလာတယ် သူ့ဖုန်းကတအားလေးနေပြီတဲ့
စာလေးတစ်ကြောင်းရေးထာတောင် စိတ်ကမရှည်နိုင်တော့ဘူး
ထုခွဲချင်စိတ်ပေါက်တယ်၊ အဲဒါဆိုင်သွားပြတော့ ဆိုင်က ပြောတယ်တဲ့
ဒီလိုလေးနေတာကို ပေါ့စေချင်တယ်ဆိုရင်တော့ ဖုန်းတစ်ခုလုံးကို
ဆေးရမယ် လို့ပြောလိုက်တယ်။ တကယ်ကော ဖုန်းတစ်ခုလုံးကိုဆေးလို့
ရလား၊ ဖုန်းကိုလည်းဆေးလို့ရလား၊ ဖုန်းတစ်ခုလုံးကို
 ဘယ်လိုဆေးလဲ သိချင်လို့ပါ တစ်ချက်လောက်ဖြေပေးပါ
ဆိုပြီး လာမေးထားပါတယ်။
ကျနော် ဒီပိုစ့်ကို Galaxy S5 အတွက်သာ မရည်ရွယ်ပဲ
စမတ်ဖုန်းအားလုံးကို ရည်ရွယ်ပြီး အသေစစ်ရှင်းပြပေးလိုက်ပါတယ်။
ဖုန်း Device ကို စိတ်ဝင်စားပြီး အမြဲလေ့လာဖြစ်နေသူတွေကတော့
အားလုံးသိပြီးသားဖြစ်မှာပါ၊ သိပြီးသားဆိုရင်တော့ ကျော်သွားလိုက်ပါ
လေ့လာခါစညီအကိုတွနဲ့ Factory reset မချတတ်သေးတဲ့ ဘော်ဒါ
တွေအတွက် အထောက်အကူဖြစ်အောင် တင်ပေးလိုက်ပါတယ်။
အမှန်တကယ်က စမတ်ဖုန်းတိုင်းမှာ
ဖုန်းတစ်ခုလုံးကို ဆေးတယ်ဆိုတာက performance ဆိုင်ရာ
 ပိုကောင်းလာအောင်လို့...ရိုးရိုးလေးပြောရရင် ဆိုင်ကအသစ်ဝယ်လာတုန်းကလို
လေးလန်နေတဲ့ဖုန်းတစ်လုံးကို မြန်ဆန်လာအောင် ပြု လုပ်ခြင်းဖြစ်ပါတယ်။
အရမ်းလွယ်ပါတယ် တစ်ခါနှစ်ခါလောက် လုပ်ဖူးရင်
လုပ်တတ်သွားမှာပါ၊ အခုကျ နောက် Video Tutorial နဲ့
ပြပေးမှာတော့မဟုတ်ပါ၊ ပုံလေးတွေနဲ့ အသေးစစ်ရှင်းပြသွားမှာပါ
ကဲဗျာ စလိုက်ကြရအောင် ဖုန်းတစ်ခုလုံးကို ဆေးဖို့က
နည်းလမ်း (၁)
Keypad ကိုအသုံးပြု ၍ Factory reset ချနည်း
၁။ ပမဆုံး သင့်ဖုန်းမှာ ဘက်ထရီအား 75% to 80% လောက်ရှနေရပါမယ်။
၂။ သင့်ဖုန်းမှာ ဗွီဒီယိုတွေနဲ့ ဓာတ်ပုံတွေ ပြီးတော့ အရေးကြီးတဲ့
 Data အားလုံးကို Backup လုပ်ပေးထားလိုက်ပါ။ သို့မဟုတ် SD Card & USB စသည်တို့မှာ ရွေ့ပြောင်းပေးထားပါ။
၃။ အားလုံး အသင့်ဖြစ်ပြီဆိုရင်တော့ Galaxy S5 အတွက် Factory reset 
ချဖို့ရန်က *2767*3855# ဆိုပြီး ဖုန်းကီးဘုတ်မှာ ရိုက်ထည့်ပြီး ဖုန်းအခေါ် 
ကီးကိုနှိပ်လိုက်ရင် Reset အလွယ်တကူ ချယူနိုင်ပါတယ်။ အခုလိုနံပါတ်
နဲ့ Reset ချနည်းကိုတော့ Dialer-Reset ချတယ်လို့ခေါ်ပါတယ်။
ဒါပေမယ့် ဒီနံပါတ်သည် Factory reset ချ ဖို့ရန်၌ S5 တစ်လုံးအတွက်သာ
အဆင်ပြေပါလိမ့်မယ်၊ handset အားလုံးမှာတော့ အလုပ်မလုပ်ပါ။
(အပေါ်က နည်းလမ်းသည် Galaxy S5 အတွက်သီးသန့်ဖြစ်ပါည်)
နည်းလမ်း (၂)
Setting Menu ကိုအသုံးပြု ၍ Factory reset ချ နည်း
၁။ ပမဆုံး သင့်ဖုန်းမှာ ဘက်ထရီအား 75% to 80% လောက်ရှနေရပါမယ်။
၂။ သင့်ဖုန်းမှာ ဗွီဒီယိုတွေနဲ့ ဓာတ်ပုံတွေ ပြီးတော့ အရေးကြီးတဲ့
 Data အားလုံးကို Backup လုပ်ပေးထားလိုက်ပါ။ သို့မဟုတ် SD Card & USB စသည်တို့မှာ ရွေ့ပြောင်းပေးထားပါ။
၃။ Setting>>>Backup and reset ကိုတစ်ချက်နှိပ်လိုက်ပါ
Factory data reset ဆိုပြီး ပေါ်လာပါလိမ့်မယ်၊ အဲဒီအထက်က
ကျနော်အနီရောင်လေးနဲ့ ၀ိုင်းပြထားတဲ့ နေရာနှစ်ခုလုံးကို အမှန်ခြစ်ထားပေးပါ။
ပြီးရင် Dactory data reset ဆိုတာကိုတစ်ချ က်နှိပ်လိုက်ပါ။
၎။ အပေါ်ကအတိုင်း Factory Data reset ဆိုနှိပ်လိုက်ပြီးလို့
အောက်ကပုံအတိုင်းပေါ်လာခဲ့ရင်တော့ Reset Device ဆိုတာကိုနှိပ်ပေးလိုက်ပါ။
ဖုန်းက ပါဝါပိတ်ပြီး Restart ကျသွားပါလိမ့်မယ်။ ပြန်တက်လာပြီးရင်တော့
သင့်ဖုန်းဟာ Factory reset ချ ပြီးသွားပါပြီ။
နည်းလမ်း (၃)
Hardware buttons ကိုအသုံးပြု ၍ Factory reset ချ နည်း
၁။ ဒီတစ်ခါ ဖုန်းကို reset ချ နည်းကတော့ Hardware buttons တို့ကို
အသုံးပြု ၍ ချနည်းလေးဖြစ်ပါတယ်။ အထူးသဖြင့် ဒီနည်းလမ်းဟာ
ဖုန်းရဲ့ မြင်နှာပြင်သား ကွဲအက်သွားတဲ့အခါ၊ ဖုန်းကို Root လုပ်မိလို့
Restart ကျ ပြီး ပြန်တက်မလာတော့ပဲ ဖုန်း Logo မှာပဲ ရပ်နေတဲ့အခါ၊
ဖုန်းကို Root Access ရရှိပြီးလို့ ဖောင့်အထည့်မမှန်လို့ Firmware
ကျ သွားတဲ့အခါ၊ ဖုန်းကို lock ချထားပြီး Password ကိုမေ့လို့ Lock ဖြုတ်
မရတဲ့အခါ စသည်ဖြင့် အကြီးအကျယ် ပြသနာတက်နေတဲ့အခါ ဒီ
Hardware buttons ကိုအသုံးပြု ပြီး Factory reset ချ ယူနိုင်ပါတယ်။
၂။ ဖုန်းပါဝါကိုပိတ်လိုက်ပါ Turn your Galaxy S5 off
၃။ ဒီတစ်ခါ Recovery menu ကိုဝင်ရောက်ရမည်ဖြစ်ပါသည်။
Recovery Mode ၀င်ဖို့ရန်အတွက် Power button,Volume Up button
 and Home key ပါဝါခလုပ်၊အသံချဲ့ ခလုပ်၊ Home ကီး တွေကို တွဲနှိပ်ထားပါ
အောက်ကပုံလေးလိုပေါ်လာသည်အထိ တွဲနှိပ်ထားပါ။
အပေါ်ကပုံလေးအတိုင်းပေါ်လာတဲ့အခါ အပေါ်ကိုရွေ့လိုက
အသံချဲ့ ခလုပ် Volume Up button ကိုနှိပ်ပါ။ အောက်သို့ရွေ့လိုက
အသံတိုးခလုပ် Volume Down button ကိုနှိပ်ပါ။
 ၄။ Recovery Mode ကိုဝင်လာလို့ အောက်ကပုံလေးအတိုင်းမြင်နေရရင်
Delete all user data နေရာကို အသံတိုးခလုပ် Volume Down button ကီးကို
တစ်ချက်ချင်းနှိပ်ပြီး သွားလိုက်ပါ။ ရောက်တာနဲ့ ပါဝါခလုပ်ကို တစ်ချက်နှိပ်လိုက်ပါ။
၅။ ပါဝါခလုပ်ကိုနှိပ်ပြီးလို့ အောက်ကပုံအတိုင်း Reboot System now
 နေရာကိုပြနေခဲ့လျှင် ပါဝါခလုပ်ကို ထပ်ပြီးနှိပ်ပေးလိုက်ပါ။
အားလုံးပြီးတာနဲ့ သင့်ဖုန်းဟာ Hardware buttons ကို
အသုံးပြု လျှက် Factory reset တစ်ခုကို ချ ယူလို့ပြီးပါပြီ။
အားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
ကို​နေဇင်​ - အ​ခြေခံနည်းပညာ Groupထဲကို
Join Group
လုပ်​​ပေးပါဦး - ​အောက်​ကစာသား​ပေါ်သို့်​နှိပ်​ပီးသွားပါ
ကို​နေဇင်​ - အ​ခြေခံနည်းပညာ Group
Facebook Page သို့ Like
နှိပ်​​ပေးပါဦး -​ ​အောက်​ကစာသား​ပေါ်သို့ နှိပ်​ပီးသွားပါ
ကို​နေဇင်​ - နည်းပညာ Page
အဆင်​​ပြေပါ​စေ
ကို​နေဇင်​ - နည်းပညာ
Soft : ( MB)
<<<  Don't Forget To Say Thanks CLICK HERE TO DOWNLOADDon't Forget To Say Thanks  >>>
www.sammobile.com မှာအကောက်တစ်ခု အလွယ်တကူ ဖွင့်ယူပြီး Samsung Official ရဲ့ Firmware အားလုံးကို လိုသလောက်ဒေါင်းလော့ယူနိုင်ပါပြီ
မင်္ဂလာပါ
အခုကျနော်တင်ပေးလိုက်တဲ့ နည်းပညာသည် နည်းပညာလိုက်စားသူညီအကိုများနဲ့၊
 ဖုန်းကလစ်သူများနဲ့ ဖုန်း Service သမားတွေအတွက် မသိမဖြစ်တဲ့ နည်းပညာဖြစ်ပါတယ်။
ဟုတ်ပါတယ် သင်ဟာ ပိုစ့်ရဲ့ခေါင်းစဉ်နဲ့ ပုံလေးကိုမြင်တာနဲ့ ဘာဆိုတာကိုသဘောပေါက်မှာပါ
နည်းပညာများကို လေ့လာခါစညီအကိုများတော့ သိကြဦးမှာ မဟုတ်လောက်ပါဘူး၊ ဒါပေမယ့် ကျနော်သိထားသမျှ အရာသည် လိုအပ်နေသူတစ်ဦးတစ်ယောက်အတွက်
အဆင်ပြေသံလေးကိုကြားရင် ကျ နော်အရမ်းဝမ်းသာပါတယ်။
နည်းပညာလောကထဲက ညီအကိုများကတော့ တစ်ချို့ လည်း
သိပြီးသား ဖြစ်သလို နေ့စဉ်လည်း အားကိုးတစ်ကြီးနဲ့ အသုံးပြုနေကြရတဲ့
မသိမဖြစ် မရှိမဖြစ်တဲ့ စပါယ်ရှယ် နည်းပညာတစ်ခုပါ။
သိပြီးသားဘော်ဒါတွေကတော့ ကျော်သွားလိုက်ပါ မသိသေးတဲ့သူတွေအတွက်
www.sammobile.com မှာအကောက်တစ်ခု အလွယ်တကူ ဖွင့်ယူပြီး
Samsung Official ရဲ့ Firmware အားလုံးကို လိုသလောက်ဒေါင်းလော့ ဘယ်လိုရယူ
နိုင်မလဲဆိုတာကို ကျနော် အသေးစစ်ရှင်းပြသွားမှာဖြစ်ပါတယ်။
သင်ဟာ Android Device ကိုကြို က်နှစ်သက်ပါသလား?
 ထိုလောကတွင် သင်ဟာ သာမန် User တစ်ယောက်အနေဖြင့်
 အသုံးပြု တတ်လာရင်းကနေပျော်နေပြီလား?
သင့်မှာ ကိုယ်ပိုင်ဖုန်းလေးကို တစ်ခြားဖုန်းတွေလို
နောက်ဆုံး ဗားရှင်းဆိုတာကို တင်သုံးပြီး စမတ်ကျ ချင်နေတာလား?
နည်းပညာလောကထဲကို ကိုယ်သိသလောက်
 အများသူငှာကိုလည်း ပြန်လည် မျှ ဝေလိုတာလား?
 နေ့စဉ်နဲ့ အမျှ သင့်ကိုခင်လို့ အားကိုးလို့ Firmware လေး
ပေးပါဦး။ တင်ပေးပါဦးလို့ တောင်းဆိုနေကြတာလား?
အရေးတကြီး လိုအပ်နေတဲ့အချိ န် အွန်လိုင်းတစ်ခွင်
ဘယ်သွားရှာရမယ်မသိ အုံးစားနေတာလား?
Official ဆိုက်မဟုတ်တဲ့ Unofficial ဆိုက်များမှာပေးထားတဲ့
Download Link များကို သံသယကြောင့် ဒေါင်းလော့မယူရဲတာလား?
သင်ဟာ Samsung Official ရဲ့ ထုတ်ကုန်မှန်သမျှ Firmware အားလုံးကို
တစ်နေရာတည်းမှာ တစ်ထိုင်တည်းနဲ့ လိုအပ်သလောက် ဒေါင်းလော့ယူပြီး
သိမ်းဆဲထားလိုတာလား?
အခုကျနော် ပြန်လည်မျှ ဝေလိုက်တဲ့နည်းအတိုင်း www.sammobile.com မှာ
အကောက်တစ်ခု အလွယ်တကူ ဖွင့်ယူပြီး Samsung Official ရဲ့ Firmware အားလုံးကို လိုသလောက်ဒေါင်းလော့ယူနိုင်ပါပြီခင်ဗျား...။
၁။ ပမထဦးဆုံး http://www.sammobile.com/ သွားလိုက်ပါ
၂။ Join ဆိုတာကိုနှိပ်ပါ ကျနော်အနီရောင်လေးနဲ့ဝိုင်းပြထားပါတယ်
၃။ အနီရောင်လေးနဲ့ဝိုင်းပြထားတဲ့ Free ဆိုတဲ့စာသားအောက်က
Join ဆိုတာကိုထပ်နှိပ်ပေးပါ။
၎။ အောက်မှာ ပုံအတိုင်းမြင်နေရရင်တော့ Register တင်ရမယ့်
အပိုင်းကို ရောက်လာပါပြီ။ အနီရောင်လေးနဲ့ဝိုင်းပြထားတဲ့
 နေရာတိုင်းမှာ တစ်ခုချင်းစီ အသေချာဖြည့်ပေးလိုက်ပါ။
 1. Name....နေရာမှာ စိတ်ကြို က်ထည့်လို့ရပါတယ်။
2. Password.....နေရာမှာတော့ အစက စာလုံးဟာ အကြီးဖြစ်ရပါမယ်
ဥပမာ=Zunite ဖြစ်ရပါမယ်။
3. Confirm Password.....နေရာမှာ အပေါ်က Password ကိုပြန်ထည့်ပါ။
4. Email Address.....နေရာမှာ မိမိရဲ့ Gmail ကိုထည့်ပေးလိုက်ပါ။
5. Confirm Email Address.....နေရာမှာ အပေါ်က Gmail ကိုပြန်ထပ်ထည့်ပါ
အသေအချာစီစစ်ပြီးလုပ်ပါ။
၅။ အောက်မှာ မြင်နေရတဲ့ ပုံမှာတော့ ညဏ်စမ်းပဟေဠိ ပုံစံလေးပါ
အရုပ်တစ်ခုခုကို ပေးထားပါတယ် အဲဒီအရုပ် တစ်စစီဖြစ်နေတာပါ
ပြန်ပြီး ဆက်ပေးရမှာဖြစ်ပါတယ်။ တစ်စစီဖြစ်နေတဲ့ ပုံလေးတွေကို
မောက်နဲ့ဖိဆွဲပြီး လိုအပ်နေတဲ့နေရာမှာ ဖြည့်ပေးရမယ်။
အောက်ကပုံလေးကတော့ ကျနော်ဖြည့်ပေးထာတာလေးပါ။
၆။ အောက်က မြင်နေရတဲ့ ပုံမှာတော့
1. Country.....နေရာမှာ မိမိနေတဲ့နိုင်ငံကိုရွေးပေးရမှာဖြစ်ပါတယ်။
2. Time Zone.... နေရာမှာတော့ မိမိနိုင်ငံရဲ့ Provide နေရာကို
ထည့်ပေးရမှဖြစ်ပါတယ်။
3. DSt Conrrection Option....နေရာမှာတော့ ဘာမှ လုပ်စရာမလိုပါ။
၇။ အပေါ်က Referrer....နေရာမှာတော့ တစ်ခြား အကောက်လျှောက်ပြီးလို့
အောင်မြင်ပြီးသား Member ၀င်ရဲ့ နာမည်ကို ထည့်ပေးရမှာဖြစ်ပါတယ်။
Web ရဲ့ Menu Bar မှ Forum ဆိုတာကို တစ်ချက်နှိပ်လိုက်ပါ။
၈။ အောက်ကပုံအတိုင်းပေါ်လာပါလိမ့်မယ်ကျနော် အနီရောင်လေးနဲ့
နာမည်ကို Copy ယူပြီး Referrer နေရာမှာ ထည့်ပေးလိုက်ပါ
အဲဒီလိုနာမည်မျိုးအောက်မှာ အများကြီးပါပါတယ်။ 
၉။ Receive Email... နေရာမှာ
 Receive Email and Newsletters from Administrators
 နေရာမှာအမှန်ခြစ်ထားပေးပါ။
၁၀။ အပေါ်ကနေရာတိုင်းမှာ လိုအပ်တာတွေအားလုံးကို
ဖြည့်စွက်ပြီးလို့ စိတ်ကြို က်ဖြစ်ပြီဆိုတာနဲ့  
I have read, and agree to abide by the SamMobile rules
နေရာမှာ လေးထောင့်ကွက်လေးကို အမှန်ခြစ်ပေးပါ။
ပြီးတာနဲ့ Complete Registration ဆိုတာကိုနှိပ်ပေးလိုက်ပါ။
၁၁။ အောက်ကပုံမှာတော့ Registrar တင်ပြီးလို့ အောင်မြင်တဲ့အနေနဲ့
Message ဖေါ်ပြပေးနေတာဖြစ်ပါတယ်။ မိမိဖွင့်ထားတဲ့ နာမည်နဲ့
ဖွင့်တုန်းက ထည့်ပေးလိုက်တဲ့ Gmail လည်းတစ်ပါတည်းပါဝင်ပါတယ်။
မိမိဖွင့်ထားတဲ့ အကောက် Activate ဖြစ်ဖို့အတွက် ကျနော် အနီရောင်လေးနဲ့
ဝိုင်းပြထားတဲ့ Here ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပါ။
မိမိမှာ Gmail ကဖွင့်ထားပြီးသားဆိုရင်တော့ New tag အနေဖြင့်တန်း
ပွင့်လာမှာဖြစ်ပါတယ်။ တကယ်လို့ မဖွင့်ထားဖူးဆိုရင်တော့
Browser မှ New tag ယူပြီး Gmail ကိုဝင်လိုက်ပါ။
၁၂။ မိမိ Gmail ကိုဖွင့်လိုက်တဲ့အချိန်မှာတော့ ချက်ချင်းဆိုသလို 
Samsung mobile Tern က မဲတစ်စောင့်ပို့ထားပြီးပါပြီ။
မဲနေရာကိုတစ်ချက်နှိပ်လိုက်ပါ။
 ၁၃။ ပို့ပေးထားတဲ့ မဲလေးပွင့်လာပြီးမှာတော့ အောက်ကပုံလေးအတိုင်း
Official ဆိုက်က မိမိ၏အကောက်သစ်ကို Activate ဖြစ်ဖို့ရန်
URL လို့ခေါ်တဲ့ Activate Link ကိုထပ်နှိပ်ခိုင်းနေတာပါ ထပ်နှိပ်ပေးလိုက်ပါ။
 ၁၄။ http://www.sammobile.com/ ပြန်ရောက်သွားပါလိမ့်မယ်
အဲဒီမှာ Official က Message တစ်စောင့်ထပ်ပို့ပေးထားပါလိမ့်မယ်
Member တစ်ယောက်အနေဖြင့် ကျေးဇူးတင်ကြောင်း။ ပြီးတော့
သင့်အကောက်သစ်ဟာ Confirm လုပ်ပြီးဖြစ်လို့ Activate ဖြစ်ပြီးဖြစ်ကြောင်း
ပြီးတော့မှ Pay for my chosen subscription ဆိုပြီးအောက်နားမှာ
စာတစ်ကြောင်းပြနေပါလိမ့်မယ်။ သွားမနှိပ်လိုက်ပါနဲ့၊ ပိုက်ဆံနဲ့ပေးမသုံးနိုင်ပါ
 Free account ပဲအသုံးပြု မှာ ဖြစ်လို့ဘာမှ လုပ်ပေးစရာမလိုတော့ပါ။
၁၅။ အကောက်အသစ်လည်း Registrar တင်တာ အောင်မြင်ပြီဆိုမှတော့
မိမိလိုချင်တာတွေ အားလုံးကို စိတ်ကြို က်မွှေရုံပဲပေါ့ဗျာ...
တကယ်လို့ Firmware လိုချင်ပါက သင်လိုချင်တဲ့ ဖုန်းအမျိုးအစားကို
ရိုက်ရှာပြီး စိတ်ကြို က်ဒေါင်းလေ့ချယူလို့ရပါပြီ။ အားလုံး Free ပေါ့ဗျာ
သင်လိုသလောက်သာ လိုင်းကောင်းနေတုန်းတစ်ထိုင်တည်းနဲ့
ဒေါင်းလော့ယူနိုင်ပါပြီ။
 ၁၆။ ကျနော်ကတော့ Galaxy S5 Android 5.0 Lollipop Firmware ကို
လိုချင်တာနဲ့ ရိုက်ရှာတော့ တွေ့တယ်၊ အောက်ကပုံလေးကိုကြည့်ပါ
ဒေါင်းလော့ယူမယ်ဆိုရင် အနီရောင်လေးနဲ့ဝိုင်းပြထားတဲ့
 Download ဆိုတာကို တစ်ချက်နှိပ်လိုက်ပါ။  
 ၁၇။ နောက်ပရိုဂရမ်တစ်ခုထပ်ပွင်လာအခါ အောက်မှာပြထားတဲ့
Download ဆိုပြီး အပြာလေးနဲ့ ပြနေတဲ့နေရာကိုသာနှိပ်ပြီးဒေါင်းလော့ယူပါ။
၁၈။ ချက်ချင်းဆိုသလိုနော် Firmware ကအောက်ကပုံအတိုင်း
တန်းကျလာမှာဖြစ်ပါတယ်။ သင့်မှာ IDM လည်းအဆင်ပြေနေတယ်
လိုင်းရော အားလုံး OK နေတယ်ဆိုရင်တော့ Start Download ကိုသာ
အားရပါးရ နှိပ်ပေးလိုက်ပါတော့ခင်ဗျာ...
(မှတ်ချက်=Firmware များကိုဒေါင်းလော့ယူကြရာ၌ များသောအားဖြင့်
 Firmware များသည် GB များသည့်အတွက် ဒေါင်းလော့အဆင်ပြေမှု
မပြေမှုသည် မိမိတို့၏ Internet Connection အခြေအနေအရသာဖြစ်ပါကြောင်း)
အားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။ အကောက်တစ်ခု 
အလွယ်တကူ ဖွင့်ယူနိုင်ကြပြီး Samsung Official ရဲ့ Firmware အားလုံးကို 
လိုသလောက်ဒေါင်းလော့ယူနိုင်ကြပါစေဟု...
ဆန္ဒများနဲ့
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
 www.zunite.org
FB ချစ်ပရိတ်သတ်ကြီးများခင်ဗျား ဇူးနစ်(နည်းပညာ) ဆိုက်မှာ ဖုန်းဆော့ဝဲ ဂိမ်းများ သတင်းစသော အသစ်ကလေးများကို အချိန်နဲ့တစ်ပြေးညီ တင်ပေးနေတာမို့ FB Page လေးကို  LIKE ပေးပြီး အားပေးနိုင်ပါတယ်။(အားလုံးကို ကျေးဇူးတင်ပါတယ်)
ကို​နေဇင်​ - အ​ခြေခံနည်းပညာ Groupထဲကို
Join Group
လုပ်​​ပေးပါဦး - ​အောက်​ကစာသား​ပေါ်သို့်​နှိပ်​ပီးသွားပါ
ကို​နေဇင်​ - အ​ခြေခံနည်းပညာ Group
Facebook Page သို့ Like
နှိပ်​​ပေးပါဦး -​ ​အောက်​ကစာသား​ပေါ်သို့ နှိပ်​ပီးသွားပါ
ကို​နေဇင်​ - နည်းပညာ Page
အဆင်​​ပြေပါ​စေ
ကို​နေဇင်​ - နည်းပညာ
Soft : ( MB)
<<<  Don't Forget To Say Thanks CLICK HERE TO DOWNLOADDon't Forget To Say Thanks  >>>
ဘောလုံးဝါသနာရှင်များအတွက် လိဂ်ပေါင်းများစွာမှ ဘောလုံးပွဲများကို မလွတ်တမ်းကြည့်ရှုနိုင်မယ့် Youtube လင့်
မင်္ဂလာပါ
ဘောလုံးဝါသနာရှင်များအတွက်
လိပ်ပေါင်းများစွာမှ အပတ်စဉ် ဘောလုံးပွဲများကို
မလွတ်တမ်းကြည့်ရှုနိုင်မယ့် Internet Connection လုံးဝ
မကျ ပဲ အဆင်ပြေပြေကြည့်ရှုနိုင်တဲ့ Youtube လင့်ကို
တင်ပေးလိုက်ပါတယ်ခင်ဗျာ...
ကျနော်လည်း အရင်တုန်းက ဘောလုံးပွဲကို
ကြည့်ချင်ရင် တိုင်ပတ်နေတာ ဘယ်ကနေကြည့်ရမယ်မသိ
ဂိုးလ်စကိုးလေးကိုသာကြည့်ပြီး ကျေနပ်ခဲ့ရတယ်။
ထိုင်းမှာတော့ အမျာကြည့်နေကြတဲ့ www.hahasport.com  ကနေကြည့်ဖြစ်ပါတယ်
ဒါပေမယ့် အရင်နှစ်တွေက အဆင်ပြေမယ်အခုတော့ အဆင်မပြေတော့ပါ၊ လိုင်းကသိပ်မကောင်ဘူးဆိုရင်တော့ အ၀ိုင်းလေး လည်နေတာကိုပဲကြည့်နေရတယ်။
အထူးသဖြင့် ကြည့်နေရင်းနဲ့ ရပ်သွားတယ်ဆိုရင်ပဲ ဓာတ်ပုံကို
ထိုင်ကြည့်နေရသလိုမျိုးဖြစ်နေတယ် ဘောလုံးပွဲသာပြီးသွားတယ်
 လောလုံးအစအဆုံး ဘယ်လို ဖြစ်သွားမှန်းကို မသိတာ၊ အရင်တုန်းကတော့
 လိုင်းမကောင်းလို့ ကြည့်မရတပဲဖြစ်မယ်လို့ ဘယ်ဟုတ်မယ်၊
တစ်ပတ်ဆိုလည်း ကြည့်မရ နောက်တစ်ပတ်ဆိုလည်း ဒီလိုပါပဲ
ဆိုတော့ အဲဒီလင့်က အဆင်မပြေတော့မှန်းသိသာလာတယ်
မကြည့်ပဲလည်း မနေနိုင်ကြပြန် ဘော်ဒါတွေ ၀ိုင်းရှာကြရင်းကနေ
အခုကျနော် တင်ပေးမယ့် www.warpfootball.com ကို သွားတွေ့တယ်။
ဟုတ်ပါတယ် အခုကျ ပြန်လည်မျှဝေလိုက်တဲ့ www.warpfootball.com လင့်ဟာ
လိဂ်ပေါင်းများစွာမှ အပတ်စဉ် ဘောလုံးပွဲများကို မလွတ်တမ်းကြည့်ရှုနိုင်မယ့်
Youtube လင့်ကို တစ် နှစ် သုံး ဆိုပြီး တင်ပေးထားတာမို့
ဘယ်ဖုန်းအမျို အစား၊ Tablet မျိုးမဆို Android Device & IOS Device အားလုံးမှာ
Internet connection လုံးဝမကျ ပဲ ဇိမ်ကျကျကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
ကဲဗျာ စလိုက်ကြရအောင်
ကွန်ပျူ တာနဲ့ ကြည့်ရှုကြမယ့် ဘော်ဒါတွေကတော့
www.warpfootball.com ကို တစ်ချက်နှစ်လိုက်ပါ
ပွင့်လာတဲ့ ပရိုဂရမ်တစ်ခုမှာ နာမည်ကြီးလိဂ်တွေဖြစ်တဲ့
ပရီမီးယား၊ စပိန်လာလီဂါ၊ အီတလီ၊ ဂျာမန်၊ ပြင်သစ်၊
ဟော်လန် တွေရဲ့ Logo လေးတွေနဲ့ ပေါ်နေပါလိမ့်မယ်
အောက်ကပုံလေးကို ကြည့်လိုက်ပါ။
အပေါ်မှာ မြင်နေရတဲ့ အတိုင်းပါပဲ မိမိကြည့်ရှုလိုတဲ့ လိဂ်ကို
တစ်ချက်နှိပ်ပြီး ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
(ထိုင်းစာလုံးတွေချည်းမြင်နေရခြင်းသည် ကျနော်ကအခုဒီပိုစ့်ကို
ထိုင်းမှ ရှာပြီး တင်ပေးနေတာမို့ စာလုံးတွေက ထိုင်းလိုချည်းပေါ်နေတာဖြစ်သည်
နိုင်ငံအလိုက် ကွဲပြားကြလိမ့်မယ်လို့ ထင်ပါသည်၊ ပြသနာမဟုတ်ပါ။ ဖတ်မရရင်နေ
အဓိက ဘောလုံးပွဲ ကြည့်လို့ရဖို့က အဓိကဖြစ်လို့ ကျော်သွားလိုက်ပါ)
အောက်ကို ဆင်းသွားလိုက်ပါ အဲဒီမှာ လိဂ်ပေါင်းစုံမှ လာနေဆဲ ပွဲစဉ်တွေနဲ့
လာဦးမယ့် ပွဲစဉ်တွေကို ဖေါ်ပြပေးနေပါလိမ့်မယ်။
အစောဦးဆုံးလာမယ့် ပွဲစဉ်သည် အောက်ဆုံးနားကို ရောက်နေပါလိမ်မယ်
နောက်မှ လာမယ့်ပွဲစဉ်မျာသည် အပေါ်ကိုရောက်နေပါလိမ့်မယ်
အောက်ကပုံကိုကြည့်လိုက်ပါ အခုလာနေတဲ့  ပွဲစဉ်
အာဆင်နယ် နဲ့ စပါး
တစ်ချက်နှစ်လိုက်ပါ။ နောက်ထပ် ပရိဂရမ်တစ်ခု
ထပ်ပွင့်လာပါလိမ့်မယ် အောက်ကပုံလေးကိုကြည့်လိုက်ပါ
အပေါ်မှာ မြင်နေရတဲ့ ပုံအတိုင်းပါပဲ အခုလာနေတဲ့
အာဆင်နယ် နဲ့ စပါး ပွဲစဉ်ပါ ကျနော် အနီရောင်လေးနဲ့ ၀ိုင်းပြထားတဲ့
Youtube ဆိုတာတဲ့နေရာမှာ ဘောလုံးပွဲကို ကြည့်ရှုနိုင်မယ့် Youtube လင့်တွေပါ
 တွေထဲက တစ်ခုခုကိုနှိပ်လိုက်ပါ။
 အောက်ကပုံအတိုင်း Youtube လင့်နဲ့ ပေါ်လာလိမ့်မယ်
အပေါ်မှာ မြင်နေရတဲ့အတိုင်းပါပဲ Internet connection လုံးဝမကျပဲ
လိုင်း အသင့်အတင့် ရှိနေရုံနဲ့ Android device & IOS Device အားလုံးမှာ
Youtube လင့်ကနေ မထိုက်တန်းကြည့်ရှုနိုင်ပါပြီ။
ဘောလုံးပွဲတိုင်းကို ကြည့်ရှုနိုင်မယ့် Youtube လင့်
www.warpfootball.com 
ဖုန်းမှ ကြည့်လိုသော ဘော်ဒါတွေလည်း
မိမိဖုန်းရဲ့ Google Search မှာ အပေါ်မှာ လင့်ကို ရိုက်ရှာပြီး
ကျနော် ပုံလေးနဲ့ ပြပေးထားတဲ့အတိုင်း တစ်ဆင့်ရှင်း
သွားလိုက်ပြီး ကြည့်ရှုနိုင်ပါတယ်။
 မြင်တဲ့အတိုင်းပါပဲ အခု လာနေတဲ့ အာဆင်နယ် နဲ့ စပါး ပွဲကို
တိုက်ရိုက်ကြည့်ရှုနေတာဖြစ်ပါတယ်။
အားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်
ခင်မင်လေးစားလျှက်
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
 www.zunite.org
FB ချစ်ပရိတ်သတ်ကြီးများခင်ဗျား ဇူးနစ်(နည်းပညာ) ဆိုက်မှာ ဖုန်းဆော့ဝဲ ဂိမ်းများ သတင်းစသော အသစ်ကလေးများကို အချိန်နဲ့တစ်ပြေးညီ တင်ပေးနေတာမို့ FB Page လေးကို  LIKE ပေးပြီး အားပေးနိုင်ပါတယ်။(အားလုံးကို ကျေးဇူးတင်ပါတယ်)
ကို​နေဇင်​ - အ​ခြေခံနည်းပညာ Groupထဲကို
Join Group
လုပ်​​ပေးပါဦး - ​အောက်​ကစာသား​ပေါ်သို့်​နှိပ်​ပီးသွားပါ
ကို​နေဇင်​ - အ​ခြေခံနည်းပညာ Group
Facebook Page သို့ Like
နှိပ်​​ပေးပါဦး -​ ​အောက်​ကစာသား​ပေါ်သို့ နှိပ်​ပီးသွားပါ
ကို​နေဇင်​ - နည်းပညာ Page
အဆင်​​ပြေပါ​စေ
ကို​နေဇင်​ - နည်းပညာ
Soft : ( MB)
<<<  Don't Forget To Say Thanks CLICK HERE TO DOWNLOADDon't Forget To Say Thanks  >>>
Windows 8,8.1 ဆိုင်ရာ-Explorer.EXE နဲ့ပတ်သက်လို့ အဆင်မပြေဖြစ်နေမှုကို အလွယ်တကူဖြေရှင်းနည်း
မင်္ဂလာပါ
ကျနော် ဒီပိုစ့်လေးကို ရေးတင်ပေးချင်နေခဲ့တာကြာပါပြီ
အချိန်မရသေးတာနဲ့ မရေဖြစ်တာပါ ဒီနေ့တော့
စိတ်အမောတွအားလုံးရှင်းသွား အောင်တင်ပေးလိုက်ပါပြီခင်ဗျား...
ပုံမှာ မြင်နေရတဲ့အတိုင်းပါပဲ Explorer.exe နဲ့ဆိုင်တဲ့ ပြသနာတစ်ခုပါ
အခုနောက်ပိုင်း ဖြစ်လေ့ဖြစ်ထရှိလာတာတက Windows 8,8.1 တင်ပြီး
အသုံးပြု နေကြတဲ့ ဘော်ဒါတွေမှာပါ၊ ကျနော် အပါအ၀င်ပေါ့
ဒီနေပဲ မနက်လင်းလို့ ကွန်ပျူ တာဖွင့်လိုက်တာနဲ့ အပေါ်ကပုံလေးအတိုင်း
လာပေါ်နေတော့ ကျနော် မျက်လုံးတောင် မယုံမိဘူး ဖြစ်သွားတယ်။
လွယ်ပါတယ် ကျနော် ချက်ရှင်းပဲ သတိတာနဲ့ ဖြေရှင်းလိုက်ပါတယ်
%100% အဆင်ပြေပါတယ်။ ကျနော်လို Explorer.exe ဆိုရာ
ပြသနာတက်နေကြတဲ့ ညီအကိုတွေအတွက် ကျနော် ဖြေရှင်းခဲ့ပုံလေးကို
အောက်မှာ အသေးစစ်ရှင်းပြထားပါတယ်။
ဒီကောင်ဘာကြောင့်ဖြစ်သလဲဆိုတော့ လက်လှမ်းမှီသလောက်ပြောရရင်
system  registry ဆိုင်ရာ ကြောင့်ပါ၊ malicious လို့ခေါ်တဲ့ ကွန်ပျူ တာကို
အချိန်မရွေး ဒုက္ခကောင်းကောင်းပေးနိုင်တဲ့ Virus ကြောင့်ပဲဖြစ်ပါတယ်။
အဲဒီ Virus က ကွန်ပျူ တာရဲ့ System ပိုင်းဆိုင်ရာကို တိုက်ခိုက်တတ်ပါတယ်
ပုံမှာ မြင်တဲ့အတိုင်းပါပဲ explorer ကြီးတောင် သုံးစားမရတော့ဘူးဖြစ်ဆိုတော့
အဲဒီ malicious ဆိုတဲ့ Virurs ဟာ ကွန်ပျူ တာကို အန္တရာယ်ပေးနိုင်တယ်ဆိုတာ
သိနိုင်လောက်ပါပြီ။ အဲဒီ Virus ကို ချက်ရှင်းဖယ်ထုပ်ပေးရမှာ ဖြစ်ပါတယ်။
ရှင်းထုပ်ပေးတဲ့နေရာမှာ သတိထားပြီး လုပ်စေချင်ပါတယ် 
ဘာကြောင့်လဲဆို သူကအဓိကနေရာယူပြီး ဖျက်စီးနေတာက 
ကွန်ပျူ တာရဲ့ Registry ဆိုင်ရာမှာ နေရာယူနေတာဖြစ်နေလို့ပါ
ကဲဗျာ အလကားနေရင်း  ဒုက္ခလာပေးနေတဲ့ malicious ကြီးကို
ကွန်ပျူ တာမှ အပြီးပိုင် သုတ်သင်လိုက်ကြအောင် 
ဒီ Explorer နဲ့ပတ်သက်လို့ ပညာရှင်တွေရဲ့ အတွေ့အကြုံ အရ
ဖြေရှင်းနည်းပေါင်း များစွာရှိကောင်းရှိနိုင်ပါတယ်၊ အခုကျနော် 
ရှင်းပြပေးသွားမှာ ကျနော် အောင်မြင်ခဲ့တဲ့ နည်းလမ်းလေးကိုပဲ
ပြန်လည် မျှဝေသွားမှာ ဖြစ်ပါတယ်။
၁။ ပထမဆုံးအနေဖြင့် Windows Defender ကိုဖွင့်လိုက်ပါ။
မဖွင်တတ်သေးရင်တော့
Start Menu>>>Control penal>>>Windows Defender>>>Turn on 
ပေးလိုက်ပါ။ 
သို့....
Windows + I Key ကိုတွဲနှိပ်လိုက်ပါ၊ ပြီးတော့
Control penal>>>Windows Defender>>>Turn on  လုပ်ပေးလိုက်ပါ။
Defender ကြီးကို ဖွင့်ပြီးရင်တော့ ကြန္ပ် ဴ တာတစ္ခုလံုးကို Full Scan လုပ္လိုက္ပါ။
၂။ ကြန္ပ် ဴ တာ ကီးဘုတ္မွ Windows + R key ကိုတွဲနှိပ်လိုက်ပါ အောက်ကပုံကိုကြည့်ပါ
၃။ 'Run' dialogue လေးပွင့်လာပါလိမ့်မယ် အဲဒီ Box ထဲမှာ
regedit လို့ရိုက်ထည့်ပါ အောက်ကပုံကိုကြည့်ပါ
၎။ regedit လို့ ရေးပြီးတာနဲ့ OK ကိုနှိပ်လိုက်ပါ၊ အောက်ကပုံအတိုင်း
ကျလာပါလိမ့်မယ် ပုံအတိုင်းကြည့်လုပ်လိုက်ပါ၊ ကျနော် နံပါတ်စဉ် တပ်ပေးထားပါတယ်။
မလုပ်တတ်သေးရင် ဒီစာကို ကြည့်ပါ Registry Editor ပရိုဂရမ်ထဲမှာ
HKEY_CURRENT_USER  ကိုတစ်ချက်နှိပ်ပါ၊ ပြီးတော့
Software ဆိုတာကို နှိပ်ပါ၊ Microsoft ဆိုတာကို ထပ်နှိပ်ပါ၊ Windows ကိုနှိပ်ပါ၊
 CurrentVersion ဆိုတာကိုထပ်နှိပ်ပါ၊ Explorer ဆိုတာကိုနှိပ်ပါ၊ ပြီးတော့မှ User Shell Folders ဆိုတာကို တွေ့ပါလိမ့်မယ် တစ်ချက်နှိပ်ပေးလိုက်ပါ။ အဲဒီမှာ Personal ဆိုတာစာသားကို
လိုက်ရှာပါ တွေ့ပြီးဆိုတာနဲ့ Right-click ကိုနှပ်ပြီး Modify ဆိုတာကို ထပ်နှိပ်ပေးလိုက်ပါ။
၅။ ပေါ်လာတဲ့ Edit String လို့ခေါ်တဲ့ Box လေးထဲမှ
Value data နေရာမှာ အောက်ကစာသားကို Copy ကူးပြီး ထည့်လိုက်ပါ။
 %USERPROFILE%\Documents
အပေါ်ကပုံအတိုင်း Past လုပ်ပြီးပြီဆိုတာနဲ့ OK ကိုနှိပ်ပေးလိုက်ပါ။
၆။ Edit String ဆိုတဲ့ Box လေးကို ပိတ်ရပါမယ်၊ ပိတ်ဖိုရန် 
File ဆိုတာကို တစ်ချက်နှိပ်ပါ၊ ပြီးရင် 'Exit' နဲ့ထွက်လိုက်ပါ။
၇။ system registry ပိုင်းကို အသေနိုင်တဲ့ Clean up ဆော့ဝဲတစ်ခုလိုပါတယ်
Cleaner ကြီး အောက်ကလင့်မှာဒေါင်းလော့ယူလိုက်ပါ။ ပြီးရင် အင်စတောလုပ်လိုက်ပါ။
ရိုးရှင်းပြီး ကွန်ပျူတာကို အကောင်းဆုံး သန့်ရှင်ပေးနိုင်တဲ့ Cleaner Professional & Bussiness Edition. v5.02 with crack ဇူးနစ် 9:16 PM Cleaner
၈။ Cleaner ကြီးအင်စတောလုပ်ပြီးတာနဲ့ 
 system registry ပိုင်းရှင်းသွားအောင် Clean  ပေးလိုက်ပါ။ 
 ၉။ အားလုံးပြီးတာနဲ့ ကွန်ပျူ တာကို Restart ချ ပေးလိုက်ပါ
ပြန်တက်လာပြီးရင်တော့ malicious ဆိုတဲ့ Virurs မရှိတော့ပဲ
အားလုံးပုံမှန်အတိုင်း အဆင်ပြေသွားပါလိမ့်မယ်။
အားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်
အားလုံးကို ခင်မင်လေးစားလျှက်
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
 www.zunite.org
FB ချစ်ပရိတ်သတ်ကြီးများခင်ဗျား ဇူးနစ်(နည်းပညာ) ဆိုက်မှာ ဖုန်းဆော့ဝဲ ဂိမ်းများ သတင်းစသော အသစ်ကလေးများကို အချိန်နဲ့တစ်ပြေးညီ တင်ပေးနေတာမို့ FB Page လေးကို  LIKE ပေးပြီး အားပေးနိုင်ပါတယ်။(အားလုံးကို ကျေးဇူးတင်ပါတယ်)
ကို​နေဇင်​ - အ​ခြေခံနည်းပညာ Groupထဲကို
Join Group
လုပ်​​ပေးပါဦး - ​အောက်​ကစာသား​ပေါ်သို့်​နှိပ်​ပီးသွားပါ
Facebook Page သို့ Like
နှိပ်​​ပေးပါဦး -​ ​အောက်​ကစာသား​ပေါ်သို့ နှိပ်​ပီးသွားပါ
အောက်​က Click Here To Download စာသားကို
Click ပီး Down ပါ
အဆင်​​ပြေပါ​စေခင်​ဗျာ
-- ​​CLICK HERE TO DOWNLOAD --
ကို​နေဇင်​ - နည်းပညာ
G730-U00 Emergercy data Error fix 100%
မင်္ဂလာပါ  Huawei G730-U00 Emergercy data Error fix 100%  လေပါ ညီတစ်ယောက် အလှူ ခံရင် တင်ထားတာပါ  Zip file လေကို ဒေါင်းပြီ password ကို အလှူ ငေ...