Showing posts with label ကဗျာလေးများ. Show all posts
Showing posts with label ကဗျာလေးများ. Show all posts

ကဗျာဂျာနယ် အမှတ်(၁၀)(၁၉.၁၂.၂၀၁၅)

လေရှူးမွှေ့ရာ နွေဦးချိန်ခါ
 တေးတကြော်ကြော်ဟစ်ကာအော်
  အော်ကာမျှော်လည်း ပေါ်မလာဘဲ
 ရင်ကွဲ၍သာသေရတယ် ဥသြငယ်           

                                                                                     ရေးသူ= ဇင်မင်းဦး  ဆူးကလပ်ရေကျော် ကော့မှူး
=========

 "ြ်မတ်ဆရာ"

အနန္တဂိုဏ်းဝင်
ကျေးဇူးရှင်ဟု
မြတ်ဆရာသည်
တည့်မရှား တစ်ပြားမရှိ
ပီတိကိုစား အားရှိပါ၏။
ဆရာဟူသည်
မြစ်ဆိပ်ကျောက်တုံးပမာနှိုင်စသော်
လာဖွတ်သည့်အဝတ်ဘယ်လောက်များစေ
ပုံစံမယွင်း
ဤအတိုင်းပင်
ဆရာသည်ကား
တစ်နှစ်တခြားသင်ကြားတပည့်
ဘယ်လောက်များလဲ
စေတနာမချို့
သဒ္ဒါဖြိးလျက်သိပံ္ပဝိဇ္ဇာ
ဘွဲ့ဆိုသည်ကိုရအောင်သင်ပြ
ကြိုးစားကြဟု
ဆိုသည့်စကား
နားမှာကြားသည်
အို   မြတ်ဆရာ
ချစ်ဆရာတည်း။


                                                                     ရေးသူ=မအိအိခိုင်(ပိုးလောင်း)
=======

"လူ့ ဘဝ"
*သဘောအမှန်လောကဓံတည်
ဖြစ်ပြန်ပျက်ရ လူ့ ဘဝမို့ 
သုခဒုက္ခ ကြုံတွေ့ရမည်။
*ကြောင်းကျိုးအမှန် ကုသိုလ်ကံကြောင့်
ခံစားစံစား ညဏ်နှင့်ပွားပြီး
အများကောင်းကျိုး ကိုယ်ကောင်းကျိုးကို
သယ်ပိုးပါမှ အနေလှ၍
ဒါနသီလ မျိုးစေ့လှမည်။
*အကုသိုလ်တိုး ကြမ္မာဆိုးကြောင့်
မိုးမှောင်ကာလ စိတ်ညစ်ရသည်
ဘဝဖောက်ပြား ဆင်းရဲများ၍
ခံစားပြန်ရလူ့ ဘဝ။

                                                                                        ရေးသူ-သွယ်သွယ်လှိုင်                               (ကျောက်တော်မြို့ရခိုင်ပြည်နယ်)
=========

အကြောင့်မဲ့လမ်းခွဲ
'ချစ်တယ်'ဆိုတဲ့
စကားတစ်ခွန်းကြောင့်
တို့နှစ်ယောက်နီးခဲ့ကြပေမဲ့
သောကတွေကိုမေ့အချစ်တွေကို
ခံစားနေတဲ့အချိန်လေးမှာ
'မောင်ရယ်လမ်းခွဲလိုက်ရအောင်'တဲ့
လေမပါသောစကားတွေနဲ့
နှလုံးသားမပါဘဲပြောခဲ့တယ်ဆိုတာ
မောင်သိပါတယ်...
ဒါပေမဲ့...ချစ်သူရယ်....
မင်းကိုယ်ပါးပြင်ပေါ်ကျခဲ့တဲ့နှုတ်ခမ်းတွေက
မျက်ရည်သောက်ခဲ့တဲ့နှုတ်ခမ်းတွေလား
ဒါမှမဟုတ်
အချစ်တွေမျိုသိပ်ခဲ့တဲ့နှုတ်တွေလား
မယုံနိုင်တဲ့သောကတွေနက်အတူ
အထီးကျန်တဲ့နေ့လေးတွေကို
ကိုယ်ဖြတ်သန်းနေဆဲပါ...

                                                                                         ရေးသူ=နေထွန်း/ရခိုင်ပြည်နယ် ရသေ့တောင်မြို့
=========

မောင့်​ထံသို့♥


မောင်
ဆိုးစိတ်ပြေစေ
တောင်းဆုဝေဝေ
မေလေ သိပ်ချစ်တယ်

မောင်
ဘာစားနေလဲ
မေ့စိတ်ထဲဝယ်
တဝဲလည်လည်
တွေးဆပွားကာ
မတည့်တာများ
စားမှာလားမသိ
တွေးပူမိ၏။

မောင်
ကျမဘဝ
ဝမ်းစာလှရေး
ခဏအလုပ်
မဟုတ်ပါဘူး

မောင်
ခုခါလူငယ်
နောင်ခါဝယ်လူကြီး
လူငယ်အရေး
ရှေးရှုတွေး၍
မျှော်တွေးဆဆ
လမ်းမှန်ကြစေ
ဆန္ဒမွန်ဖြင့်
လုပ်နေတာပါ မောင်

မောင်
မေ တစ်ခွန်းပြောမယ်
ကျမ ကျောင်းဆရာမ `အလုပ်´
လုပ်နေတာပါမောင်
`လုပ်စားနေတာမဟုတ်ဖူး မောင်´

မောင်
ရွက်စိမ်းပွင့်ဖြူ
စံပယ်ဖြူကို
မေ သိပ်ချစ်တယ် မောင်

                                                                             ရေးသူ=ဆောင်းလရောင်(မော်လိုက်)
===========

ပန်းခရေဟာ
နွမ်းကြွေပေမဲ့
ယူဆောင်သူရွှင်လန်းစေဖို့
မွှေးရနံ့နဲ့ဆောင်ညင်းလေတယ်

                                                                  ရေးသူ=မျက်ဝန်းစိမ်း(မှော်ဘီ)
=============


ဘယ်လိုလဲ

ခေါင်းငုံ့ခံပြီး
လောကဓံကို
ဒေါကန်နေမဲ့အစား
ရဲရင့်မြင့်မြတ်တဲ့
သင့်ရဲ့စိတ်ဓာတ်ကို
ဓါးလှံလက်နက်အဖြစ်
အသုံးပြုပြီး
လောကဓံတိုက်ပွဲ
ဆင်နွဲလိုက်စမ်းပါ
သူငယ်ချင်း-----။
ဒါပေမဲ့
ပြိုင် ပွဲမဝင် ခင်
ယိုင် လဲနေတဲ့
စိတ်ဓာတ်မျိုးတော့
မရဘူးနော်-----။

            ရေးသူ= မောင် ကံခေ(ရှမ်းတောင်)
=====
           ====
                      =
Create by  သီဟထိုက်
                                  =
                                      =
                                          =
                                             (My Page)



အဆင်​​ပြေပါ​စေ

ကို​နေဇင်​ (MMiTO)



ကျ​နော်​တင်​သမျှကို Facebook ကတိုက်​ရိုက်​လိုချင်​ရင်
ဒီ​နေရာမှာ
Like တစ်​ချက်​​ပေးခဲ့ပါ





ကဗျာဂျာနယ် အမှတ်(၇)(၇.၁၂.၂၀၁၅)

ကဗျာကို နှစ်သက်တဲ့သူတွေအတွက် လက်မလွှတ်ဘဲ အမြဲဆောင့်ဖတ်နေရတဲ့ ကဗျာပို့စ်လေးတစ်ခုပါပဲ
နေ့စဉ်ပုံမှန်ကဗျာ၅ပုဒ်တင်ဖြစ်အောင် အကောင်းဆုံးကြိုစားပါမယ် ဆိုတာနဲ့ ဝေဖန်အကြံပြုလိုသည်ဖြစ်စေ / ကဗျာများရေးသားပေးပို့လိုသည် ဖြစ်စေ ph-0973151297 ကို ရေးသားသူ၏ အမည်၊နေရပ်လိပ်စာ ရေးသားပြီး   Viber မှဖြစ်စေ၊sms ဖြင့်ဖြစ်စေ ပေးပို့နိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ် ...နောက်ထပ်လည်း မည်သည့် လူတိုင်းအတွက်အကျိုးရှိစေမယ့်အစီအစဉ်ကောင်းလေးများဖန်တီးနိုင်အောင်လည်း အကြုံပြုနိုင်ပါတယ်ခင်ဗျာ... 
ဝေဖန်အကြုံချက်သည် ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ...
အ​ရောင်​ဖြူဝင်း၊ ရနံ့သင်း၍
အဆင်းလည်းလှ၊​ပြောမ၀​အောင်
များပြားလှသည်​၊​တော်​၀င်​သဇင်​.....
ရှေးယခင်​၊နန်းတွင်းဘုရင်
သူသာလျှင်​၊ရှိ​လေစွဟု
စိတ်​အာရုံတွင်​၊ဖမ်းယူစွဲငင်
ပြုနိုင်​စွမ်းပင်​၊​တော်​၀င်​သဇင်​.........
သူသာလျှင်​၊ဖြစ်​လာရန်​လည်း

အပင်​​ပေါ်အပင်​ဆင်​လို့၊​မြေ​ပေါ်မကျ
ပင်​မြင့်​ဖျားမှ၊ငွားငွားစွင့်
ဂုဏ်​ယူဝင့်​ထည်​၊ကျက်​သ​ရေရှိလှပါဘိ​၊​တော်​၀င်​သဇင်​.......
ဩော်​.....​ရွှေစံပယ်
အသင်​သည်​လည်း၊နှင်းရည်​ကို​သောက်
မြေမှာမြစ်​တွယ်​၊​ပေါက်​​ရောက်​ပါလည်း
သင်​၏ရနံ့၊​မွှေးပျံ့ပျံ့သည်
မြင်​သူတို့၏၊စိတ်​သဏာန်​၀ယ်​,
ကြည်​နူးရွှင်​လန်း​စေလိမ့်​မည်​။
ရေးသူ=ဇူး(​တောင်​တွင်းကြီး)
=============
'အလိမာ'
ငယ်တုန်းကလ္ဘက်ရည်ဆိုင်မှာ စားပွဲထိုးလေးငွေကိုင်သလို
စာရင်းအင်းပိုင်နိုင်စွါ
ငါတွက်နိုင်ချင်မိတယ်
သူငယ်ချင်းရီးစါးထားတဲ့အခါ
အယွင်းမှားမပါအောင်အလေးထားသလို
ငါလဲစါရေးသား တတ်ချင်မိခဲ့တယ်
ချစ်သူလေးများစါရေးသားတဲ့အခါ
ငါ့ကိုများပေးထားလာရင်
ကျွမ်းကျွမ်းကျင်ကျင်ငါဖတ်တတ်ချင်ခဲ့တယ်
ငါတပ်ထဲဝင်တဲ့အခါ
အရာရှိကြီးများစိုင်းထိုးကြပေမင့်
ငါ့မှာတော့ဝိုင်းထိုးတာကိုခံနေခဲ့ရတယ်
ခုတော့ငါရှေ့တန်းထွက်တဲ့အခါ်
မှတ်သားချက်ကိုနားမလည်မိလို့
မိုင်းကွင်းထဲငါဆင်းခဲ့မိတော့တယ်
သြော် ခုငါသေရတော့မယ်
စါတလုံးတော့တတ်ချမိပါတယ်....
 

ရေးသူ=KhinMaungWin
pone nar su 13.
BAGO
===========
"အလွမ်း"

တို့နှစ်ယောက်ဝေးသွားတဲ့နေ့ကစပြီး
တိတ်တခိုးရင်ခုန်သံနဲ့
နေ့ရက်တွေကိုအသက်ဆက်သူ

         ရေးသူ=  သွန်းဆစ်ကြယ်( ကော့ကရိတ်မြို့နယ် )
==========
"အချစ်ဝဋ်ကြွေး"
ချစ်သူ...
တကယ်ဆို   ဒို့တွေလမ်းခွဲခဲ့ကြပြီပဲ
 နေ့နေ့ညည မေ့မရခဲ့ပါဘူး
 မေ့ဖြောက်ဖို့ကြိုးစားတိုင်း
တိုးတိုးပြီးသတိရနေတဲ့  ငါ့စိတ်ကိုလည်းမုန်းတယ်
 မဖြစ်နိုင်တော့ဘူးဆိုကာမှ
သူလည်းပဲ ငါ့လိုသတိရနေမလားဆိုတဲ့ခပ်ကြောင်ကြောင်အတွေးတွေကြေင့်
ချစ်သူနဲ့ဝေးရာကို ထွက်ပြေးချင်ပေမယ့်
မင်းမရှိတော့တဲ့ အချိန်ကစပြီး
 ပျော်စရာတွေ ပျောက်ဆုံးသွားတဲ့
မနက်ဖြန်ဆိုတာကို  အတူကျော်လွှားရင်း
ဒါဟာဝဋ်ကြွေးတစ်ခုဖြစ်မယ်ဆိုရင် ဒီဘဝ ဒီမျှနှင့်သာကျေပါစေ
မသွားနိုင်တဲ့ ငါ့ရဲ့ခြေထောက်တွေကိုလည်းမုန်းတယ်
ဖြစ်ချင်တာထက်ဖြစ်သင့်တာကို ဦးစားပေးရတဲ့  ဘဝကြီးမှာ
ငါဘာများ တတ်နိုင်မှာလည်းချစ်သူရယ်...
 
ရေးသူ=----(ပေါင်းတည်)
==========
ရေးသူ=လွမ်းကာရံ( စစ်​​တွေ
ရခိုင်​  )
 
 
 
 
 
သီဟထိုက်
========



အဆင်​​ပြေပါ​စေ

ကို​နေဇင်​ (MMiTO)



ကျ​နော်​တင်​သမျှကို Facebook ကတိုက်​ရိုက်​လိုချင်​ရင်
ဒီ​နေရာမှာ
Like တစ်​ချက်​​ပေးခဲ့ပါ





ကဗျာဂျာနယ် အမှတ်(၆)(5.12.2015)

မတင်ဖြစ်တာတောင် တော်တော်ကြီးကို ကြာသွားပါတယ် အကြောင်းအမျိုးမျိုးကြောင့်မတင်ဖြစ်ခဲ့တာပါ
ကဗျာကို နှစ်သက်တဲ့သူတွေအတွက် လက်မလွှတ်ဘဲ အမြဲဆောင့်ဖတ်နေရတဲ့ ကဗျာပို့စ်လေးတစ်ခုပါပဲ
နေ့စဉ်ပုံမှန်ကဗျာ၅ပုဒ်တင်ဖြစ်အောင် အကောင်းဆုံးကြိုစားပါမယ် ဆိုတာနဲ့ ဝေဖန်အကြံပြုလိုသည်ဖြစ်စေ / ကဗျာများရေးသားပေးပို့လိုသည် ဖြစ်စေ ph-0973151297 ကို ရေးသားသူ၏ အမည်၊နေရပ်လိပ်စာ ရေးသားပြီး   Viber မှဖြစ်စေ၊sms ဖြင့်ဖြစ်စေ ပေးပို့နိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ် ...
ချစ်သူ...
နင့်ကိုအရမ်းချစ်တာသိရက်နဲ့ထားသွားခဲ့တယ် ..
အရမ်းလွန်းရတာသိရက်နဲ့
ဖြေသိမ့်စကားမပြောတဲ့နင့်ကို..ငါမမုန်းပါဘူး
 ငါ့ရင်ခွင်မှာ မပျော်တဲနင်
အခြားရင်ခွင်မှာပျော်ရွှင်ပါစေ..ချစသူ...
ရေးသူ-ရှင်မွှေးလွန်း(နမ့်စန်)
+++++
... ဘ၀...
ခန်းနားချင်တယ်
ဆန်းပြားတဲ့လောကကြီးမှာ 
တစ်လှမ်းသွားတိုင်း ရန်များနေခဲ့တယ်
ကြမ်းတမ်းတဲ့ဘ၀လမ်း ဘယ်သူများလျောက်လှမ်းချင်ပါမလဲ
မခန်းနားခဲ့လို့စမ်းတ၀ါးတ၀ါးသွားနေမှာလား
ပေတစ်ရာလမ်းရဲ့နေရာအနံ့ရောက်ခဲ့ပြီးပါပြီ..
မသေချာတဲ့နေ့ရက်တိုင်းအတွက်..
ငါအဖြေရှာနေအုံးမယ်..
 
ရေးသူ-sar"4"kyaw
 
 
+++++
 
 ချစ်ဆုံး ချစ်ဆုံး..
အမူတုံးက
စကားချင်းဖလယ်
အချစ်နယ်ပယ်သို့
ရောက်အောင်သူချွဲ
အောင်သည့်ပွဲတွင်
အသဲကိုခင်း
သူလျေက်နင်းပြီး
အပြီးစွန့်ခွာသွားလေတယ်...
 
ရေးသူ=ရန်နိုင်(ဖျာပုံ)
 
 
++++++
 
 
ရင်တွင်း ဖြစ်နှင်းဆီ
~~~~~~~~~~~~
အညတရရဲ့ ချစ်ခြင်းမျက်ရည်
မင်းရက်စက်စွာ ခြေထောက်ဆေးလို့
ငါ့ဘ၀ရဲ့နှင်းဆီရေ
မင်းကိုချစ်ခဲ့သမျှ
သဲရေကျပြီးဆုံးခဲ့ရင်
ငါ့ဘ၀...
တခန်းရပ် ငိုချင်းဇာတ်နဲ့
ရင်တွင်းဖြစ်မှတ်တမ်းလေး
ငါ့နှလုံးသားမှာ..
သက်ဆုံးတိုင်ကဗည်းထိုးထားပါ့မယ် ။
နှင်းဆီရေ.....။
 
ရေးသူ=ဇော်နိုင်လင်း(ပခုတ်ကူနယ်သားလေး-မီချေင်းတွင်း)
 
+++++++
 
 အပြစ်မရှာတဲ့ မင်း....
                            အရူံးများနှင့် ရင်ဆိုင်ရချိန်မှာ 
နောင်တတရားတွေလက်ဝယ်ရင်း.....
                                ရိုက် ရိုက်ကာငိုကြွေးမနေပါနဲ့
တိတ်တိတ်ကြွေကွဲ မျက်ရည်ဝဲနှင့်
                  အားမာန်ဖြည့်ကာ ပြုံးစမ်းပါ
ရေးသူ=nai(သဖန်း)
 
 
သီဟထိုက်


အဆင်​​ပြေပါ​စေ

ကို​နေဇင်​ (MMiTO)



ကျ​နော်​တင်​သမျှကို Facebook ကတိုက်​ရိုက်​လိုချင်​ရင်
ဒီ​နေရာမှာ
Like တစ်​ချက်​​ပေးခဲ့ပါ





ကဗျာဂျာနယ် အတွဲ(၆) (၂၁.၉.၂၀၁၅)

 
မတင်တာလည်းကြာပြီနော် မအားလို့ပါ နောက်ပိုင်းအဆက်မပြတ် ကြိုးစားပြီးတင်ပေးသွားပါ့မယ်။ ။
မင်းအငွ့အသက်နဲ့အတူ
ဆုံးရှူံးခဲ့ရတဲ့ ကြေကွဲခြင်းတွေက
ငါ့မျက်ဝန်းထဲ အိမ်မှာ ရစ်ဝဲလျက်ပါကွာ...
ကိုအတွက် ဝေဒနာဟာ
မင်းအတွက် ရယ်စရာဖြစ်မခဲ့ရင်
 ကိုယ်အတွက် ထာဝရဟာမင်းအတွက်
တင်္ဂမဖြစ်ခဲ့ရင်ရက်ရက်စက်စက်
ချစ်ပြပါမယ်ချစ်သူရယ်...
ကိုယ်ဟာဌက်တစ်ကောင်ဆိုရင်
မင်းဟာဌက်ကို့ရဲ့အတောင်ပံပါ
ကိုယ်ဟာကောင်းကင်ဆိုရင်မင်းဟာ
ကိုယ်ရဲ့လမ်းလေးပါ
သူရယ်...
ရေးသူ=အမည်မသိ
                                     ကို.. ရက် လ နှစ်တွေ                                               
ပြောင်းလဲသွားပေမယ့်
ဒို့ရဲ့အချစ်ကတော့
ပြောင်းလဲမသွားပါ
ကို.. ပြောတဲ့စကားတွေဟာ
ဒို့အတွက်ကတော့
ဘယ်တော့မှဟောင်းမသွားပါ
အမြဲတမ်းချိုမြိန်နေစဲပါ
ခုချိန်များဆုတစ်ခုတောင်းပါဆိုရင်
ကိုဒို့နားရောက်လာပါစေလို့
ဆုတောင်းနေမိမှာ
သေချာပါတယ်ကိုရယ်...

ရေးသားသူ=အေးနောင့်

ချစ်သူရယ်........
အချိန်ရှိတိုင်းလွမ်း
တမ်းတခဲ့ရတိုင်းကို
အထီးကျန်စွာဖြတ်သန်းခဲ့
မင်း.......သိနိုင်မလား...
ရွက်ဟောင်းတွေကြွေ
ရွက်သစ်တွေဝေနေပေမဲ့
ရင်ထဲမှာ တစ်ယောက်တည်း
တမ်းတဆဲပါ ချစ်သူရယ်....

ရေးသားသူ=မြစ်ကြီးနား

ကောင်လေးရေ
ငါနင့်ကိုအရိပ်ယောင်ပြလည်း
နင်ဘာမှနားမလည်
စကားနဲ့လည်း
နင်မရိပ်မိ
တကောက်ကောက်လိုက်နေတာလည်း
နင်မသိ
ငါကမိန်းကလေးမို့
ဖွင့်မပြောရဲဘူး
နင်ဒါကိုနည်းနည်းလေးမှမရိပ်မိဘူးလား
ချစ်သူ သူငယ်ချင်းရေ............

ရေးသားသူ=ဇွန်(ပွင့်ဖြူ)

မိုးဆောင်းနွေပြောင်း
ရာသီဟောင်းလဲ
တနေ့တရက်မမေ့ရက်ဘူး
အချစ်ဦးရယ်
ပြည်ရွှေဆံတော်ဘုရားဦးထိပ်ထားပြီး
သစွာဆိုထား တို့စကားသည်မှာခဲလေသလား
အချစ်ဦးရယ်
မြစ်အေရာဘေး
လိုင်းဖွေးဖွေးနှင့်ကြည်နူးခဲရတု
ဘ၀သည်
အိမ်မက်လေးများဖြစ်ခဲ့သလား
အချစ်ဦးရယ်
နဝေဒေး တံတားဖြတ်သွားပြီး
တန်ကြည်တောင်တန်းအလှပန်းကို
မေ့ခဲ့လေသလား
အချစ်ဦးရယ်
အခုတော့
အချစ်ဦးတို့နှစ်ဦးသည်ဝေးခဲ့လေပြီ
တနယ်နယ်ရပ်ရပ် ခြာမင်းရောက်သွားလဲ
မင်းနဲ့ဆုံရတု
ပြည်အလှသည် မင်းကိုသတိရမေ့မရဖို့
မြင်ရအုံးမည် မနက်ဖြန်ဆီ

ရေးသားသူ=မင်းထက်(ကျွန်းတိုင်းရွှာ)
ကဗျာချစ်စာဖတ်ပရိတ်သတ်ကြီးကိုလေးစားလျက်ပါ ကျွန်တော် "သီဟထိုက် " အမြဲကြိုးစားလျက်ပါ  
"သီဟထိုက်"



အဆင်​​ပြေပါ​စေ

ကို​နေဇင်​ (MMiTO)



ကျ​နော်​တင်​သမျှကို Facebook ကတိုက်​ရိုက်​လိုချင်​ရင်
ဒီ​နေရာမှာ
Like တစ်​ချက်​​ပေးခဲ့ပါ





ကဗျာဂျာနယ် အမှတ်(၅) (9.5.2015)

ကျွန်တော်တို့ကဗျာဂျာနယ်လေးလဲ ကျွန်တော်အလုပ်တွေမအားတာနဲ့ ပုံမှန်မလည်ပတ်မိဘူးဗျာ အခုကစပြီး ပုံမှန်လည်ပတ်မှာပါ ကျွန်တော့်ဖုန်းနံပါတတ်သိတဲ့သူတွေ တော့ ကျွန်တော်မပြောပါဘူးဒါပေမဲ့ ကျွန်တော်ဖုန်းနံပါတ်ပြန်တင်မှာပါ အဲ့ဒါ ကဗျာအတွက်သီးသန့်ပါ အရင်က sms နဲ့ပို့ခိုင်းပါတယ် အခု Viber or ကျန်တဲ့ social network app တစ်ခုခုသုံးပြီးပို့နုင်အောင်စိစဉ်ပေးမှာပါ သင်တို့အတွက်လည်းဘေကုန်သက်သာတာပေါ့ ကောင်းပါပြီအခုတော့ကျွန်တော်ဖုန်းမှာကဗျာပေါင်; 147 ပုဒ်ရှိနေပါတယ်ကျွန်တော့်ကိုထပ်မပို့သေးနဲ့ပါအုံး ဘာလို့လဲဆိုတော့ဖုန်းက wifi earror ဖြစ်နေလို့ပြန်ပြင်ရင်ကြိမ်းသေ Factory reset ချမှာမို့ပါ အဲ့တော့မိတ်ဆွေတို့ကဗျာတွေပါသွားမှာစိုးလို့ပါ အဲ့တော့ ဒီ 147 ထပ်ထပ်ပို့တဲ့ကဗျာတွေကို Cancel လုပ်ပလိုက်မှာပါ ဒီတော့မိတ်ဆွေတို့ မပို့သေးနဲ့ပါအုံးဗျ...နောက်ပြီးကဗျာအတွက် blog လေးတစ်ခုလုပ်ထားတယ် ပြင်ဆင်လို့မပြီးသေးဘူး ပြီးရင် ရေးသူတွေအားလုံးကို ကျွန်တော်တခါတည်း တင်ခိုင်းမှာပါ ဖုန်းကနေပေါ့ အဲ့တော့အမြဲ update လေးဖြစ်နေတာပေါ့... ဟုတ်ဘူးလား...
အစဉ်တစိုက် သိမ်းပိတ်ဖို့
                       မောင်ကြံရွှယ်
ချူ မယ်ကြံရွှယ်ကာမှန်းသော်လည်း
                                          တံချူကိုမမှီမကမ်းရယ်မို့
လွမ်းကျန်ရသေး
((ကဗျာရေးသူ=ဓနုမောင်)) 
           မဖြစ်နိုင်တဲ့ကြားထဲက 
 ကျွန်မသူ့ကိုချစ်မိသွားခဲ့တယ်
                                                            ဒါကြောင့်ရလာမည့်အဆိုးအကောင်းတွေအားလုံးကို
ကျွန်မကျေကျေနပ်နေမှာပါမောင်
((ကဗျာရေးသူ=Juliar Eisan)) BEHS PHAKANY)
စိမ်းရက်သူ.....
နီးလျက်ဝေးနေတဲ့
နှလုံးသားတစ်ခုကို
ရင်ထဲမှာ နာကျင်အောင်
ခံစားနေရပေမယ့်
မင်းသိဖို့မရည်ရွှယ်ခဲပါဘူး
အချစ်နန်းကိုစိတ်ကူးယဉ်ပြီး
ရူးခဲ့ရသမျှနောက်ကျတဲ့
ကိုယ့်ဘ၀မှာ
ယောက်ျးမာနဆိုတာ
တံခွထူလို့မရအောင်
ဖျက်ဆီးလို့
ချေမူန်းသွားရက်တယ်....
((ကဗျာရေးသူ=သာစည်သား))
"ချစ်ပိုင်းတိုင်"
ချောကလက်
အိပ်ရာထက်
ဖိတ်စင်သွားတဲ့
နုတ်ခမ်းများအတွက်
ခွင့်လွှတ်ပါ။
နတ်ဘုရားအစူစူပွင့်
ရင်နင့်အောင်
ကိုးကွယ်ခဲ့လို့
ဒီတစ်ခါအချစ်
နောက်ဆုံးဖြစ်ပါစေတော့ ။
((ကဗျာရေးသူ=Dညနေ)) 
ရည်ရွှယ်သူတို့
ကာရံမူကင်းတဲ့ စကားလုံး
ချိုမြိန်မူကင်းတဲ့အနမ်း
ရင်ထဲအချစ်သစ်ပင်
ဝေကွာခြင်းအကိုင်းအခက်
အလွမ်းသစ်ရွှက်တွေပြည့်စုံခဲ့သော်လည်း
ပျော်ရွှင်မူပန်းပွင့်လေးမဖူးပွင့်ခဲ့ဘူး
(ကဗျာရေးသူ=ရှင်မွေးလွန်း(နမ့်စန်))
ချစ်ခဲ့လေလား
နှလုံးသားဝယ်
ထိန်းမရလေသော
ချစ်ဖူးလေသော
အမှတ်တမဲ့က
အမှတ်တရဖြစ်စေပြီ
နင်မသိလည်း လွမ်းမိနေပြီ
နင်မခေါ်ချင်လည်း
ငါတော်ချင်နေပြီ
နင်မသိတဲ့အချစ်ခရီးလမ်းမှာ
အဖော်မပါဘဲ ငါရပ်စောင့်နေမိပြီ
((ကဗျာရေးသူ=only)) 
<နိဂုံး>
လိုက်ကာမချဘဲ
သိမ်းခဲ့ရတဲ့
ငါတို့နှစ်ယောက်ရဲ့
တစ်ခန်းရပ်ပြဇာတ်ထဲမှာ
နောက်ဆုံးအလွမ်းမင်းသမီးက
ငါတဲ့လား~~~~
((ကဗျာရေးသူ=မှော်ဝင်)) ကြာအင်းဆိပ်ကြီး
ငါ့ရဲ့အချစ် နင်မသိတော့
ကွယ်ရာမှာ
တွယ်တာကာ လွမ်းရတယ်
မချစ်ဘူးတော့ ရင်းတော့မယ်
အချစ်ဦးရယ်
ငါ့ရဲ့အချစ်နင်မသိတော့
ကွယ်ရာမှာ
တွယ်တာကာ
လွမ်းရတယ်
မချစ်ဘူးတော့ ရူးတော့မယ်
အချစ်ဦးရယ်
ငါ့ရဲ့အချစ် နင်မသိတော့
ကွယ်ရာမှာ တွယ်တာကာ
လွမ်းရတယ်
မချစ်ဘူးတော့ရူးတော့မယ်
အချစ်ဦးရယ်
((ကဗျာရေးသူ=အမည်မသိ)) 
<<ခွန်အား>>
ဘ၀ရေဆန်ခရီးလမ်း
မငြီးတမ်းပါ ရဲဝင့်စွာ
တွေ့ကြုံလာသမျှအခက်ခဲ
ရင်ဆိုင်နိုင်ဖို့
အသင့်ပြင်ဆဲ
ရှေ့ဆက်လှမ်းဖို့ ခွန်အားဆင်
ရောင်နီသစ်တို့ ဒို့ဇွဲပင်.....။
((ကဗျာရေးသူ=အမည်မသိ))
အပြုံးမရှားတဲ့မင်း
အရူုံးများနှင့်ရင်ဆိုင်ရချိန်မှာ
နောင်တတရားတွေ
လက်ဝယ်ပိုက်ရင်း
ရိုက်ရိုက်ကာငိုကြွေးမနေပါနဲ့
တိတ်တိတ် ကြွေကွဲ
မျက်ရည်ဝဲနှင့်
အားမန်ဖြည့်ကာ
ပြုံးစမ်းပါ 
((ကဗျာရေးသူ=nai(သဖ)))
Thiha Htike(THT)

thihahtike.it@gmail.com

My Facebook Account Click



အဆင်​​ပြေပါ​စေ

ကို​နေဇင်​ (နည်းပညာ)



ကျ​နော်​တင်​သမျှကို Facebook ကတိုက်​ရိုက်​လိုချင်​ရင်
ဒီ​နေရာမှာ
Like တစ်​ချက်​​ပေးခဲ့ပါ





ကဗျာဂျာနယ်အတွဲ(၅)(၁၅.၈.၂၀၁၅)


ကျွန်တော်တို့ကဗျာဂျာနယ်လေးကလည်းအကြောင်းအမျိုးမျိုးကြောင့်ရပ်တန့်နေခဲ့တာကြာခဲ့ါပြီ 
အလုပ်တွေထဲမှာမအားလို့ကတစ်ကြောင်း အကြောင်းအမျိုးကြောင့် မအားလို့ကတစ်ကြောင်း
နားနေခဲ့တာအခုမှသာဆက်ဖြစ်ပါတယ်ခင်ဗျာ ကျွန်တော်ကိုနားလည်ပေးကြပါခင်ဗျာ
နောက်ပြီးကျွန်တော့်မှာplanလေးတစ်ခုရှိပါတယ်အဲ့planလေးကနောက်ပို့စ်တစ်ခုမှာတင်ပေးပါ့မယ်
အခုတော့ဒီပို့စ်လေးမှာ အရင်တိုင်းကဗျာလေးတွေတင်ပေးလိုက်ပါတယ်ခင်ဗျာ...အားပေးကြပါအုံးနော်....
ဧပရယ်14ရဲ့ညလေးတညမှာ
လေပြေတွေတို့နှစ်ယောက်နှင့်အတူပျော်လို့
ချစ်ဦးသူနူတ်ခမ်းဖျားလေးက
တယောသံစဉ်အလား ချစ်တယ်တဲ့
နားထဲမှာနားဝင်ချိုရင်း........

ကဗျာရေးသူ=y.ke


ကောင်းလေးရေ
ချစ်တယ်မပြော
ချစ်တယ်မဖြေဘဲ
တို့နှစ်ယောက်ချစ်မိသွားခဲ့ကြတယ်
မုန်းတယ်မပြောဘဲ လမ်းခွဲခဲ့ကြတယ်
ဒါပေမဲ့...
အချိန်နဲ့အမျှ ပိုလာတဲ့ သံဃောဇဉ်တွေကို
တကယ်ပဲဖြတ်ပစ်နိုင်မှာတဲ့လား
ကြယ်နူးခဲ့အချိန်လေးတွေကိုရော
တကယ်ပဲမေ့လိုက်ရတော့မှာလား
ကောင်လေးရယ်.......

ကဗျာရေးသူ=JULIARအိစံ
(အ.ထ.က ဖားကန့်)


မျဉ်းပြိုင်သစွာ
နှလုံးသားတစ်ခုအရင်းတည်လို့
တစ်ဘ၀စာချစ်ခဲ့ပေမယ့်
မင်းကတော့စိမ်းကားရက်တယ်
BFFလို့မင်းဆိုပေမယ့်
နှလုံးသားရူံးတဲ့ ငါ့မှာ
ဆွဲအားမရှိတဲ့နေရာတစ်ခုမှာ
ဆုံခွင့်ရှိတဲ့ မျဉ်းပြိုင်နှစ်ကြောင်းလို
ထာဝရသစွာရှိနေပါ့မယ်

ကဗျာရေးသူ=နောင်သူရိန်(သာစည်သား)


ဗေဒါနှင့် နေရာ
**********

#ဆရာဇော်ဂျီရေးသီပါခဲ့
ဗေဒါပန်းမြ
နူးညံ့စွလျင်
လောက၏ဒါဏ်လောကဓံကို
ခံလျက်ရင်ဆိုင်
စိတ်မယိုင်ပဲ
ခိုငခိုင်လျှမ်းလျှမ်း
လန်းမြဲလန်းရျွှ်
ပန်းပန်လျက်ပါမဗေဒါဟု
သူငါဒုဒေး
အားဆေးကျွေးသည်
တတ်သွေးဖြန်းဖြန်း
ထ ;ဘိသော။
#ဇော်ဂျီဆရာ
ဥပမာပြ
လောက၏ဒါဏ်လောကဓံအား
တော်လှန်ကျော်လွှား
သူ့စိတ်ထားကို
စံထားနမူ
ခံစားယူလည်း
သူသူငါငါ
လူတကာတို့
တူစွာတိုင်ပင်
လားသို့လျှင်တည့်
ဦးတင်ညွှတ်တွား
မြတ်ဘုရားဉ်
ပန်းများဝေေ၀တင်သချေဝယ်ကြေးငွေတစ
မပေးရသည်

ကဗျာရေးသူ=မသိ :(


ရှေ့ကိုလေအစဉ်လှမ်း
ချေလှမ်းတိုးရွှေ့သမျှ
ကျန်ခဲ့သူ ပူရှစေရင်
ထွက်ခွာသူ
သင်ပြန်ကြည့်လှည့်ပါ

ကဗျာရေးသူ=အောင်သိန်းဟန်(ချပ်သင်း)


"သစွာ"
လိမ်မပြောတတ်တဲ့
ငါ့နှလုံးသားက
ဘယ်တော့မှညာမပြောဘူးဆိုတာယုံ
တစ်ကြိမ်မှာတစ်ခါတည်းဖြစ်တည်လို့....

ကဗျာရေးသူ=မသိ:(


ရင်ခွင်နန်းတော်
***********
ပြေးထွက်ခဲ့ချင်ပြီ
ဟန်ဆောင်အပြုံးအပျော်တွေတော်ပါတော့။
ရတနာစိမ်ကျောက် ဇယ်တောက်တောက်လည်း
မကစားချင်တော့ဘူး။
ခမ်းနားတဲ့နန်းတော်
တကယ် မောင့်ရင်ခွင်လောက်
မနွေးထွေးဘူး...။


ကဗျာေ၇းသူ=Dညနေ
အားလုံးအတွက် အစဉ်ကြိုးစားလျက်...
သီဟထိုက်(THT)


အဆင်​​ပြေပါ​စေ

ကို​နေဇင်​ (နည်းပညာ)



ကျ​နော်​တင်​သမျှကို Facebook ကတိုက်​ရိုက်​လိုချင်​ရင်
ဒီ​နေရာမှာ
Like တစ်​ချက်​​ပေးခဲ့ပါ



ကဗျာဂျာနယ် အတွဲ(၄)(4.7.2015)








ထုံးစမ်းအတိုင်း ကျွန်တော်တို့ ကဗျာဂျာနယ်လေးရဲ့ အတွဲ (၃) ရောက်လာပါပြီ ကဗျာလေးတွေကိုအားပေသူတွေလည်းများလာပါပြီ ကဗျာတွေလည်းများတော့ အရင်ပို့စ်စနစ်နဲ့တင်ပေးလိုက်ပါပြီ မပါသေးတဲ့သူတွေလည်း ဆောင့်ကြအုံးနော် ပါလာမှာပါ နောက်ပြီးအားလည်းအားပေးကြပါအုံး...
ကဗျာကိုချစ်မြတ်နိုးကြတဲ့သူတွေကို ချစ်မြတ်နိုးလျက်...

" သီဟထိုက် "


သင်တို့ ဒီနေ့အားပေးမူဟာကျွန်တော်အတွက် မနက်ဖြန်အတွက်အားဆေးတစ်ခွက်ပါ...


နှင်းဆီလှလှလေးတစ်ပွင့်
 အစွမ်းကုန်ပွင့်လန်းနေတာ
ကြွေကျဖို့မှမဟုတ်တာ
ချစ်သူရဲ့ဆံကေသာအထက်မှာ ပန်ဆင်ဖို့အတွက်
တစ်ပွင့်တည်းသော အဖြူရောင်နှင်းဆီပန်းတစ်ပွင့်ပါ

ရေးသူ=သွေး (တနသာင်္ရီ)
 
 



တစ်သက်မှာတစ်ခါ
တစ်ခါမှာတစ်ချစ်
အသည်းနှင့်အောင်ချစ်ရတဲ့သူလေး
ကြက်တစ်မှေးဒေါင်းတစ်ငှေး
ရေးရေးလေးမှမေ့မရ
အတိတ်က၀တ်ကြွေးကြောင့်လားမသိ
အသေချာသိတာကသူရေ
"မင်းကိုချစ်တာ ထာဝရပါ "


ရေး=ချစ်ဦးမောင် (အ.မ.က-ဇမူရာဇ်-ကောလင်း)
 
 



ဝေးကွာလွမ်း
ရင်ထဲကခံစားသောကများသည်
ဘယ်အခါမှ အဆုံးသတ်မှာလဲ
သက်နဲ့ဝေးနေနေ့ရက်တွေလည်း
ပျော်စရာဆိတ်သုဉ်းအလွမ်းတွေဖုံးလို့
ရင်ထဲနာကျင်ဖြစ်ရပါသည်

ရေးသူ=ဌေးအောင်(လုံးခင်း-လယ်ပြင်ကြက်တန်း)
 
 



-------

ဘကုံးနဲ့စပြီးးးးးးးဝ
လုံးနဲ့ဆုံးတဲ့ဘ၀ကိုတော့
မမေ့ပါနဲ့လို့

ရေးသူ=ကဗျာချစ်သူ(ပုသိမ်)
 
 


မိုးစက်ချစ်သူ
-------------------

တိမ်တွေငိုနေတယ်ချစ်သူ
မိုးတွေရွှာချိန်မိုးစက်တွေကြားမှာ
ကိုယ်တို့အချစ်တွေဖြစ်ပြီးမှ
ဘာမဟုတ်တဲ့စကားကြောင့်
ထာဝရဆိတ်သုန်းရတော့မှာလား
မိုးရယ်............

ရေးသူ=နောင်သူရိန်
 
 



သူမကြင်လို့
ထားရစ်ခဲ့တာ
မမေ့နိုင်လဲ
မတမ်းတဘူး

ရေးသူ=ဇင်ရီဗလ်(ထိုမာ)
 




လမ်းခွဲစကားပြောတိုင်း
မချစ်တော့တာမဟုတ်ပါဘူးချစ်သူ
သွေးအေးအေးနဲ့
နင်ဥပေစ်ခါ ပြုမှာကို မခံစားနိုင်လို့
ငါ့ရင်ခွင်ကို ငါကိုယ်တိုင်ခွဲပြီးလမ်းခွဲခဲ့တာပါ
နေ့လည်စာတစ်ထောင်တန်ဆိုင်မှာဆုံမယ်ပြောပြီး
ပျောက်သွားတဲ့သူ့ကိုစောင့်ရင်း
ထမင်းလည်းငတ်ခဲ့ဖူးတာအမှတ်တရပေါ့နော်


ရေးသူ=နမ့်ခမ်းသူလေးတစ်ယောက်
 
 




လှလွန်းသူ
----------------

ရိုးရိုးလေးနဲ့ယဉ်ပြ
ယဉ်ယဉ်လေးနဲကလှသူရယ်
ဒီမောင့်ရင်ထဲ မင်းတစ်ယောက်ကိုပဲ
ချစ်မိတယ်....

ရေးသူ=အေးမင်း(တောင်ဘက်)
 
 




နှင်းတွေဖုံးလွှမ်း အချစ်တောင်ပြာတန်းက
နှင်းတွေကို သက်သေပြုကာမဆုံးနိုင်သော
အလွမ်းများက နှင်းတွေဝေသလို
အသည်းတွေလည်း ကြွေနေရပြီပေါ့
ချစ်သူရယ်...

ရေးသူ=နွမ်တိမ်မျှင်
 
 



အရာရာထက်ပို
ပန်းကလေးတွေထက်
မင်းကိုပိုချစ်တယ်
သဘာဝအလှတရားထက်
မင်းကို....
ပိုချစ်တယ်
ငါ့ကိုယ်ငါထက်
မင်းကိုပိုချစ်တယ်
ဒါပေမယ့်....
ငါ့ရဲ့အချစ်တွေက
မင်းမသိနိုင်ခဲ့ပါဘူး..
ဘာကြောင့်လဲဆိုတော့
ငါကမိန်းကလေးတစ်ယောက်ဖြစ်နေလို့ပါပဲ။

ပေးပို့သူ=ရေနီသားဖြိုးလေး
ရေးသူ=မြတ်နိုးဇော်






ကဗျာပေးပို့သူများထံ သတင်းကောင်းပါးအပ်ပါတယ်ခင်ဗျာ...


ကျွန်တော် Myanmar Poem ဆိုသည့် Blog လေးတစ်ခုလုပ်ပေးထားပါတယ် ထိုBlog လေးတွင်မိမိတို့၏ရင်တွင်းကဗျာလေးများကို Up to Date တင်နိုင်မှဖြစ်ပါတယ် တင်ဖို့အတွက်ကျွန်တော် ဖုန်းဖြင့်အလွယ်နည်းကို သင်ပေးမှာဖြစ်ပြီး မိမိတို့ကဗျာများကို Up To Date တင်နိုင်မှာဖြစ်ပါတယ်ခင်ဗျာ ထို့နောက်တွင်လည်းကျွန်တော့် ဖုန်းကို Viber ထည့်သွင်းတော့ဖြစ်ပါတယ်ခင်ဗျာ Blog လေးကိုတော့ ဖွင့်လို့ပြီးဆီးသွားရင် အကြောင်းပြန်မှာဖြစ်ပါတယ်ခင်ဗျာ...


ဝါသနာနှင့်အလုပ်ထပ်တူကြပါစေလို့ဆုတောင်းရင်.းးးးး



Thiha Htike(THT)

thihahtike.it@gmail.com

0973151297

ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး)

ဆရာတစ်ယောက်မဟုတ်ပါနော် နည်းပညာလောကထဲစ၀င်လာကတည်းက ကျွန်တော် ဒီလိုမျိုး အစီအစဉ်လေးလုပ်ခဲ့တာပါ .. အားလုံးကကျွန်တော့်ဆရာတွေပါ အခုဒီပို့စ်ကိုကြည့်နေသူလည်းကျွန်တော်ကျွန်တော် "သီဟထိုက် "၏ဆရာပါ :D

ကျွန်တော့်ထံသို့ မေးလ်ဖြင့်ဖြစ်စေ၊ဖုန်းဆက်ပြီးဖြစ်စေ Mobile နည်းပညာများ( မနက် ၉ မှ ည ၉ နာရီထိ) မေးမြန်းနိုင်ပါကြောင်း သိသလောက်ကို ဖြေပေးပါ့မယ်ခင်ဗျာ....(ကျန်တဲ့အချိန်တွေစက်ပိတ်ထားလို့ပါ)

မှတ်ချက်။ ။ ကျွန်တော့်ကို Message နဲ့ပို့ပြီးမမေးဖို့ အထူးပြောလိုပါတယ် .ဖုန်းဆက်ပြီးသော်လည်းကောင်း မေးလ်ဖြင့်သော်လည်းကောင်းတိုက်ရိုက်မေးမြန်းနိုင်ပါတယ်ခင်ဗျာ (only voice call & Email )မအားတဲ့အချိန်ဖုန်းကိုင်မည်မဟုတ်ပါ နားလည်ပေးစေချင်ပါတယ်,အကယ်လို့ ဒီိပိုစ်က ရလဒ်လေးတွေကြောင့်အဆင်ပြေလို့ နောက်ထပ်ဒီလိုများများတင်နိုင်အောင် Supply ပေးမယ်ဆိုရင်တော့ မည်သည့်ငွေဖြည့်ကဒ်မဆိုပေးပို့ပြီး ကူညီနိုင်ပါတယ်ခင်ဗျာ..

Welcome From My Blog

Welcome From My Facebook Group

Welcome From My Facebook Page

Facebook မှာ ကျွန်တော်နဲ့ Friend ဖြစ်ချင်သူရင်ဒါလေးကို နှိပ်လိုက်နော်..ဟဲ့ဒါကိုဆို.. :P

ဒါနဲ့ FacebookA/C မရှိဘူးဆို ကြိတ်မှိတ်ခံစားမနေနဲ့ ဒါကိုနှိပ်လိုက်နော် ... Ok...

အဆင်​​ပြေပါ​စေ

ကို​နေဇင်​ - နည်းပညာ
www.konayzin.com


Soft : (-) Mb

PCloud Download Link

ကဗျာဂျာနယ် အတွဲ(၃)(23.6.2015)







ထုံးစမ်းအတိုင်း ကျွန်တော်တို့ ကဗျာဂျာနယ်လေးရဲ့ အတွဲ (၃) ရောက်လာပါပြီ ကဗျာလေးတွေကိုအားပေသူတွေလည်းများလာပါပြီ ကဗျာတွေလည်းများတော့ အရင်ပို့စ်စနစ်နဲ့တင်ပေးလိုက်ပါပြီ မပါသေးတဲ့သူတွေလည်း ဆောင့်ကြအုံးနော် ပါလာမှာပါ နောက်ပြီးအားလည်းအားပေးကြပါအုံး...
ကဗျာကိုချစ်မြတ်နိုးကြတဲ့သူတွေကို ချစ်မြတ်နိုးလျက်...
 
" သီဟထိုက် "
 
 
 
 



ရယ်သံကြားဉ်
                တိတ်တိတ်ငို
 
#လှံထိပ်မှာပုဇင်းနား
ကျကန်းကားခေးပါ
 ရယ်စရာထိုဖြစ်ထုံး။

#လာခဲ့ပါနော်ဟု
စာရွှက်ပြာငွေမင်စပ်ကယ်နဲ့
လက်ထပ်လွှာ စိတ်စာကမ်း
ဒို့ရင်နွမ်းသိမ့်သိမ့်ခါ
မဆိုင်တာ ငါသိသော်လည်း
မိုင်တစ်ရာ ဘဇာကြောင့်
ငြိပါလိမ့် မသိအောင်မျက်ရည်သုတ်တဲ့
ငုတ်တုတ်ငူငါ့သနစ်
မင်းဟစ်လို့ရယ်ပါအုံး။   ။



ရေးသူ= စီး(မြင်းမူ)
 
 
 



ချစ်သူ,,,,
တခြားတစ်ဖက်မှာ နင်ပျော်ဖို့အတွက်
ငါ့နှလုံးသားကို
 တံတားအဖြစ်ခင်း ပေးထားပါတယ်...

မခံစားနိုင်လောက်အောင် နာကျင်ပေမဲ့
နင်ပျော်ရွှင်ဖို့အတွက်
 ငါ့နှလုံးသားကို စတေးထားတာပါချစ်သူ....

နင့်ဘေးမှာ အရိပ်လိုတိတ်တိတ်လေးနေပြီ
နင့်အပြုံးတွေနဲ့
ငါ့နှလုံးသားက
ဒဏ်ရာကို ကုစားနေရတာပါချစ်သူ...

ကံကြမာ ကငါ့ကို
 မျက်နှာသာတစ်ခါတစ်လောက်ပေးခဲ့မယ်ဆိုရင်
နင်ရဲ့ဂရုစိုက်မူလေးကို
ငါတစ်ခါလောက်လိုချင်မိတယ်ချစ်သူ...

ရေးသူ= Thu Thu


လွမ်း
------
ချစ်တယ်စကားပြန်ဖြေကြား
သတ်တိတွေကို " မ " မွေးဖွား
မောင်တစ်ယောက်က
"မ" ကိုပစ်သွားရင်တစ်ခုလုံူးမွမွ ကြွေသွား
 
 
 
ရေးသူ= အဝေးကမောင်အတွက်(မူဆယ်)
 
 


"အိမ်မက်နတ်သား"
                     အိမ်မက်ထဲဝယ်
တွေ့စဉ်ခဏ သူပြုံးပြ
                                ရုတ်တရတ်လန့်နိုးလို့
တွေ့ငြားရှာပါသော်လည်း အိမ်မက်မှမဟုတ်ဘဲ...

ရေးသူ= Zero(28.10.1988)
 
 
 
 
 
တမလွန်ခရီး
--------------
 
fri ရေ ငါရွှက်လွှင့်နေတယ်
                           ငါ့လူတွေနဲ့ဝေးရာကိုပေါ့
ငါ့ချစ်သူလည်းပါမလာဘူး
                      သူငိုနေမှာပေါ့
                                                                  ငါ့ဖဲကထုတ်လိုက်သောသူနူတ်ခမ်း
            အလွမ်းတွေဆူးနစ်လို့
ရင်ခုန်ခဲ့တဲ့အတွက်
ငါဟာအဲ့ဒီအချိန်မှာ........
 
 
ရေးသူ= နွေလွန် 




ကျွန်တော်ကိုဖုန်းဆက်ပြီးမိမိတို့ ရင်တွင်းမှာဖြစ်သော ကဗျာ ၊ ရသ ၊ဒသန များကို စာတို မက်ဆေ့ဖြင့်သော်လည်းကောင်း ၊ E-Mail ဖြင့်ဆက်ဖြင့်သော်လည်းကောင်း Facebook မှလည်းကောင်း

ပေးပို့ပြီး မိမိတို့ရဲ့ရင်တွင်းဖြစ်များကို အများအားမျှဝေခံစားစေလို၊ ၀ါသနာအရဖြစ်စေ ၊ အကြေင်းအမျိုးမျိုးကြောင့် Shaing လုပ်ချင်ရင် (သူတစ်ပါးအားမထိခိုက်စေဘူးဆိုရင်) ကျွန်တော့်အား 

မိမိတို့ရဲ့ ကလောင်နာမည်၊နေရပ်၊facebookသုံးပါက Facebook မှာ Firend အဖြစ်လက်ခံဖို့ Link ပေါ့ ကျန်သော Sociel Website များနဲ့ ပေးစေချင်သော အများပါထည့်ပေးပါ ကျွန်တော့်အား

mail ဖြင့်ဖြစ်စေ မက်ဆေ့ပို့ပြီးဖြစ်စေ ပေးပို့နိုင်ပါတယ်ခင်ဗျာ။ ။ဟုတ်ကဲ့ ခင်ဗျ ကျွန်တော်တို့ ရေးသားပေးပို့ထားတဲ့ ကဗျာတွေရဲ့ အောက်မှာ ရေးသူ=မည်သူဆိုပြီး ရေးသားလေ့ရှိပါတယ်

ဟုတ်ကဲ့အဲ့ရေးသားသူတွေရဲ့ကဗျာတွေ ကောင်းရင် သူတို့နာမည်ရယ် ရေးသားသော ကဗျာခေါင်းစဉ်လေးရယ် မက်ဆေ့ပေးပို့နိုင်ပါတယ် ထိုပေးပို့သော ကဗျာရေးသားသူ ၏ SMS များသည်

၃ရက်နှင့်အဆောင်ရေ ၃၀ ပြည့်ပါက ကျွန်တော့်အား Bill Card ပေးပို့ထားသော Money များထဲမှ ဘေကဒ်၃၀၀၀ထောင်အား ထိုကဗျာရေးသားသောသူထံသို့ ပေးပို့ပြီး

ဝမ်းသာစကားပြောမည်ဖြစ်ပါတယ်ခင်ဗျာ ... ထို့နောက် ထို စာရေးသူ၏ ကဗျာများကို ၁ ရက်တွင် သူ၏ကဗျာကိုသီးသန့်ပဲ ပေးပို့သလောက်တင်ပေးသွားမည်ဖြစ်ပါတယ်ခင်ဗျာ... ဒါ ကျွန်တော်

ဖတ်ရူ့သူတွေနဲ့ရေးသားသူတွေအတွက် စဉ်းစားထားသော ခပ်ပိန်းပိန်းဦးနှောက်လေးဖြစ်ပါသဖြင့် ကျွန်တော့် အစီအစဉ်လေးအားအကြံညဏ်ပေးလို ကန့်ကွက်လို အကြောင်းအမျိုးမျိုး

ပြောခင်ရင် မနက် ၉ နာရီမှ ည၉ နာရီအထိ တိုက်ရိုက် ဖုန်းဆက်နိုင်ပါတယ်ခင်ဗျာ တစ်ခုခု လိုအပ်ခဲ့ရင် ညဏ်တိမ်လို့ခွင့်လွှတ်ပေးစေချင်ပါတယ်ခင်ဗျာ... :D







Thiha Htike(THT)

thihahtike.it@gmail.com

0973151297

ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး)

ဆရာတစ်ယောက်မဟုတ်ပါနော် နည်းပညာလောကထဲစ၀င်လာကတည်းက ကျွန်တော် ဒီလိုမျိုး အစီအစဉ်လေးလုပ်ခဲ့တာပါ .. အားလုံးကကျွန်တော့်ဆရာတွေပါ

အခုဒီပို့စ်ကိုကြည့်နေသူလည်းကျွန်တော်ကျွန်တော် "သီဟထိုက် "၏ဆရာပါ :D

ကျွန်တော့်ထံသို့ မေးလ်ဖြင့်ဖြစ်စေ၊ဖုန်းဆက်ပြီးဖြစ်စေ Mobile နည်းပညာများ( မနက် ၉ မှ ည ၉ နာရီထိ) မေးမြန်းနိုင်ပါကြောင်း သိသလောက်ကို ဖြေပေးပါ့မယ်ခင်ဗျာ....

(ကျန်တဲ့အချိန်တွေစက်ပိတ်ထားလို့ပါ)

မှတ်ချက်။ ။ ကျွန်တော့်ကို Message နဲ့ပို့ပြီးမမေးဖို့ အထူးပြောလိုပါတယ် .ဖုန်းဆက်ပြီးသော်လည်းကောင်း မေးလ်ဖြင့်သော်လည်းကောင်းတိုက်ရိုက်မေးမြန်းနိုင်ပါတယ်ခင်ဗျာ (only voice call

& Email )မအားတဲ့အချိန်ဖုန်းကိုင်မည်မဟုတ်ပါ နားလည်ပေးစေချင်ပါတယ်,အကယ်လို့ ဒီိပိုစ်က ရလဒ်လေးတွေကြောင့်အဆင်ပြေလို့ နောက်ထပ်ဒီလိုများများတင်နိုင်အောင် Supply

ပေးမယ်ဆိုရင်တော့ မည်သည့်ငွေဖြည့်ကဒ်မဆိုပေးပို့ပြီး ကူညီနိုင်ပါတယ်ခင်ဗျာ.. 

Facebook မှာ ကျွန်တော်နဲ့ Friend ဖြစ်ချင်သူရင်ဒါလေးကို နှိပ်လိုက်နော်..ဟဲ့ဒါကိုဆို.. :P

ဒါနဲ့ FacebookA/C မရှိဘူးဆို ကြိတ်မှိတ်ခံစားမနေနဲ့ ဒါကိုနှိပ်လိုက်နော် ... Ok...

အဆင်​​ပြေပါ​စေ

ကို​နေဇင်​ - နည်းပညာ


Soft : ( - ) Mb

DOWNLOAD HERE 


အပန်းမကြီးဘူးဆိုရင်​ ​ဘေးက ADS များကို Click တစ်​ချက်​ ​ပေးခဲ့ပါ ခဗျာ ။

ခံစားချက်များဖြင့်ဖန်တီးထားသော ကဗျာလေးများ(8.5.2015)

Image result for poem image








ကျွန်တော်ကိုဖုန်းဆက်ပြီးမိမိတို့ ရင်တွင်းမှာဖြစ်သော ကဗျာ ၊ ရသ ၊ဒသန များကို စာတို မက်ဆေ့ဖြင့်သော်လည်းကောင်း ၊ E-Mail ဖြင့်ဆက်ဖြင့်သော်လည်းကောင်း ပေးပို့ပြီး

မိမိတို့ရဲ့ရင်တွင်းဖြစ်များကို အများအားမျှဝေခံစားစေလို၊ ၀ါသနာအရဖြစ်စေ ၊ အကြေင်းအမျိုးမျိုးကြောင့် Shaing လုပ်ချင်ရင် (သူတစ်ပါးအားမထိခိုက်စေဘူးဆိုရင်) ကျွန်တော့်အား  မိမိတို့ရဲ့

ကလောင်နာမည်၊နေရပ်၊facebookသုံးပါက Facebook မှာ Firend အဖြစ်လက်ခံဖို့ Link ပေါ့ ကျန်သော Sociel Website များနဲ့ ပေးစေချင်သော အများပါထည့်ပေးပါ ကျွန်တော့်အား mail

ဖြင့်ဖြစ်စေ မက်ဆေ့ပို့ပြီးဖြစ်စေ ပေးပို့နိုင်ပါတယ်ခင်ဗျာ။ ။(မှတ်ချက်။ ။ ဆရာကြီးတစ်ယောက်မဟုတ်ပါဘူး ၊ဘာမှလည်းမဟုတ်ပါဘူး ပြီးတော့ တစ်ခုခုလိုခဲ့ရင် ကောင်းစေချင်စိတ်စောနေလို့လို့

နားလည်ပေးပါ နော် ကူညီရုံသက်သက်ပါ နောက်ပြီး စာအရေးအသားညံခဲ့သသည်ဖြစ်စေ ၊စာလုံးလေးများလိုခဲ့သည်ဖြစ်စေ် ကောင်းစေချင်စိတ်ကြောင့်မို့ နားလည်ပေးအုံးနော်... )
 




 " အဆွေမလေး "

"မင်းရဲ့ ဘိုးဘွားဘေဘီ
အစဉ်အဆက်က ကိုးကွယ်လာတဲ့
ဗုဒွဘာသာသာသနာကို
မင်းလက်ထက်ကြမှ  လူဘုံ အလယ်မှာ
ငွေမရှိလို့ ဘ၀သိမ်ငယ်တာနဲ့
စွန်လွတ်တော့မှာလား  အဆွေမလေးရယ်...
မင်းရဲ့ ဘိုးဘွားဘေဘီ   အစင်အစပ့်ကထိန်းသိမ်းလာတဲ့
မြန်မာအမျိုးသမီးများရဲ့  ယဉ်ကျေးမူကို
မင်းလက်ထက်ကြမှ ငွေမရှိလို့
ဘ၀သိမ်ငယ်တာနဲ့ စိတ်လွတ်တော့မှာလား
အဆွေမလေးရယ်...

မင်းရဲ့ဘိုးဘွားဘေဘီ အစင်အစပ်က
မြန်မာအမျိုးသမီးတိုင်းထိန်းသိမ်းလာတဲ့
အပျိုစင်ဘ၀ရဲ့ ဂုဏ်သိကှာကို
မင်းလက်ထက်ကြမှ လူဘုံအလယ်မှာ
ငွေမရှိလို့ ဘ၀သိမ်ငယ်တာနဲ့
ယောကျာင်္းတကာရဲ့ ရင်ခွင်ဈေးတန်းမှာ
ခြရောင်းတော့မှာလား
ဒါဆိုရင် တန်းဖိုးရှိတဲ့လူသားမို့
သနားစရာကောင်းလိုက်တာ အဆွေမလေးရယ်... ။  "


ရေးသူ။ ။ ကျော်ကျော်






" သတိရမိတဲ့ အချိန်တိုင်းမှာ
ငါလွမ်းမိတယ် ကေခိုင်ရယ်
နင်နေများကောင်းရဲ့လား တွေးပူမိတယ်
သိစေချင်ခဲ့တယ် ကေခိုင်ရယ်
သတိရလို့ တိတ်တိတ်လေးကျခဲ့ဖူးတဲ့
မျက်ရည်တွေအကြောင်း
မင်းကိုတကယ် နက်နက်ရှိင်းရှိင်း
ချစ်ခဲ့မိတာပါ ကေခိုင်ရယ်
သင်္ကြန်ရက်တိုင်းမှာ
မင်းစီကို ရောက်ခဲ့ပါတယ်
ကိုကမြင်ခဲ့ပေမဲ့ မင်းကအပျော်အရွှင်တွေနဲ့
ပြည့်နက်နေတဲ့မင်းဘ၀မှာ
ကို့ကို ဘယ်မြင်နိုင်မှာလဲ ကေခိုင်ရယ် "


ရေးသူ။ ။ညီမလေးကို ချစ်တဲ့မောင် သန့်ဇင်ထွန်း


" အချစ်တစ်ခုကို ငါမမျှော်လင့်တော့ပါဘူး
လောကဓံရဲ့လှည့်ကွက်ကို
ကြံကြံခံနိုင်အောင် ငါကြိုးစားပါ့မယ်။
အခြေအနေမပေးလို့ ဝေးခဲ့ကြရတာပါ
ဂုဏ်မနမရှိတဲ့ သုညသမားဆိုပေမဲ့
ချစ်တတ်တဲ့နှလုံးသားကတော့
ငါ့မှာလည်းရှိတာပါပဲ နင်မိဘတွေပြောသလိုပဲ
ငါပြောသလိုပဲ ငါကအဆင့်မရှိ
ညဏ်ပညာမရှိ ဂုဏ်ဓနဆိုတာအဝေးမှာ
သုညပဲသိတဲ့ ငါပါနင် "


ရေးသူ။ ။နွယ်တိမ်မျှင်


" သတိရတိုင်းသာ
အလွမ်းတွေနဲ့ပန်းတွေပွင့်မယ်ဆို
မင်းပါးပြင် ကမ်ဘာမေမြတစ်ခုလုံး
အနမ်းတွေ ပန်းတွေနဲ့ ဖုံးလိမ့်မယ်...

ရေးသူ။ ။သူရထွန်း(လိပ်စာ-၃ရပ်ကွပ်၊လှည်းတန်း၊ကမာရွှက်)

အချစ်ဆိုတာ
ပိုင်ဆိုင်မူတစ်ခုတည်းမှမဟုတ်တာပဲ
တစ်ခါတစ်ရံပိုင်ဆိုင်ခွင့်ရဖို့ထက်
် ကြိုးစားရတာပိုခက်ခဲမှန်း
တစ်နေ့မင်းသိနိုင်ပါစေ။
ငါ့အတွက်တော့...
လွမ်းနေရုံ သတိရခြင်းသက်သက်နဲ့
တစ်ယောက်ယောက်တည်းလည်းနေတတ်ပါတယ်...။ "


ရေးသူ။ ။သူရထွန်း(လိပ်စာ-၃ရပ်ကွပ်၊လှည်းတန်း၊ကမာရွှက်)






" ပိုင်ရှင်အမှန်သိလျှင်မစံနဲ့
သရေပေါ်အိတ် သရေနားစားမလုပ်နဲ့
မိန်းမကောင်းမှန်လျှင် ကြောက်ရွှံ့စိတ်ရင်ဝယ်ထိတ်၏
နောက်ဘ၀၀ယ်အနေခက်မည့်အခြောက်။
ယောကျာင်္းရှာဖြစ်တတ်သည်တဲ့
ထိုမှတဖန်အပျက်မဖြစ်တတ်သည်တဲ့"

ရေးသူ။ ။ပိုင်ရှင်



မှတ်ချက်  ။ ။ အကြောင်းအမျိုးမျိုးကြားမှာ အလုပ်ရူပ်နေရတဲ့အတွက် မိတ်ဆွေများရဲ့ကဗျာများကို မတင်ပေးနိုင်အတွက် နားလည်ပေးပါလို့ တောင်းဆိုပါတယ် ... ကဗျာချစ်သူတွေလည်း နောက်ကဗျာများတင်ရန်အများကြီးရှိပါသေးတယ်ခင်ဗျာ...
Thiha Htike(THT)

thihahtike.it@gmail.com

0973151297

ဆရာတစ်ယောက်မဟုတ်ပါနော် နည်းပညာလောကထဲစ၀င်လာကတည်းက ကျွန်တော် ဒီလိုမျိုး အစီအစဉ်လေးလုပ်ခဲ့တာပါ .. အားလုံးကကျွန်တော့်ဆရာတွေပါ

အခုဒီပို့စ်ကိုကြည့်နေသူလည်းကျွန်တော်ကျွန်တော် "သီဟထိုက် "၏ဆရာပါ :D

ကျွန်တော့်ထံသို့ မေးလ်ဖြင့်ဖြစ်စေ၊ဖုန်းဆက်ပြီးဖြစ်စေ Mobile နည်းပညာများ( မနက် ၉ မှ ည ၉ နာရီထိ) မေးမြန်းနိုင်ပါကြောင်း သိသလောက်ကို ဖြေပေးပါ့မယ်ခင်ဗျာ....

(ကျန်တဲ့အချိန်တွေစက်ပိတ်ထားလို့ပါ)

မှတ်ချက်။ ။ ကျွန်တော့်ကို Message နဲ့ပို့ပြီးမမေးဖို့ အထူးပြောလိုပါတယ် .ဖုန်းဆက်ပြီးသော်လည်းကောင်း မေးလ်ဖြင့်သော်လည်းကောင်းတိုက်ရိုက်မေးမြန်းနိုင်ပါတယ်ခင်ဗျာ (only voice call

& Email )မအားတဲ့အချိန်ဖုန်းကိုင်မည်မဟုတ်ပါ နားလည်ပေးစေချင်ပါတယ်,အကယ်လို့ ဒီိပိုစ်က ရလဒ်လေးတွေကြောင့်အဆင်ပြေလို့ နောက်ထပ်ဒီလိုများများတင်နိုင်အောင် Supply

ပေးမယ်ဆိုရင်တော့ မည်သည့်ငွေဖြည့်ကဒ်မဆိုပေးပို့ပြီး ကူညီနိုင်ပါတယ်ခင်ဗျာ..

Welcome From My Blog

ဒါနဲ့ FacebookA/C မရှိဘူးဆို ကြိတ်မှိတ်ခံစားမနေနဲ့ ဒါကိုနှိပ်လိုက်နော် ... Ok...

အဆင်​​ပြေပါ​စေ

ကို​နေဇင်​ - နည်းပညာ


Soft : ( - ) Mb

DOWNLOAD HERE 


အပန်းမကြီးဘူးဆိုရင်​ ​ဘေးက ADS များကို Click တစ်​ချက်​ ​ပေးခဲ့ပါ ခဗျာ ။

G730-U00 Emergercy data Error fix 100%

မင်္ဂလာပါ  Huawei G730-U00 Emergercy data Error fix 100%  လေပါ ညီတစ်ယောက် အလှူ ခံရင် တင်ထားတာပါ  Zip file လေကို ဒေါင်းပြီ password ကို အလှူ ငေ...