Showing posts with label နည်းပညာသတင်း. Show all posts
Showing posts with label နည်းပညာသတင်း. Show all posts

GoPro Karma ဒရုန်းကို ၂၀၁၆ ခုနှစ်တွင် ဖြန့်ချိမည်





Karma ဟုခေါ်သော ကင်မရာတပ်ဆင်ထားသည့် ဒရုန်းကို ၂၀၁၆ ခုနှစ် ပထမနှစ်ဝက်တွင် ဖြန့်ချိရန် စီစဉ်ထားကြောင်း GoPro မှ ထုတ်ဖော်ပြောကြားသည်။

GoPro သည် အောက်တိုဘာလက အနည်းဆုံး 2.5K resolution ဖြင့် ရိုက်ကူးထားပြီး 1440p YouTube viewing option ဖြင့် ကြည့်ရှုနိုင်သော ကြော်ငြာဗီဒီယိုကို ဖြန့်ချိခဲ့သည်။ ယခုထုတ်ပြန်ကြေညာချက်တွင်လည်း ကုမ္ပဏီက အဆိုပါ ဗီဒီယိုကို ပြန်လည်အသုံးပြုခဲ့သည်။

GoPro တည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ နစ်ခ်ဝုဒ်မန်းက ကုမ္ပဏီအနေဖြင့် quadcopter တစ်ခုကို လုပ်ဆောင်နေကြောင်း မေလက Re/code ကွန်ဖရင့်စ်တွင် အတည်ပြုပြောကြားခဲ့သည်။ “ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးကို ရှုထောင့်အသစ်ကနေ ကြည့်ရှုရတာက မယုံနိုင်လောက်အောင်ကို ကောင်းမွန်လှပါတယ်။ ဒါဟာ အံ့အားသင့်စရာကောင်းတဲ့ အခိုက်အတန့်ပါ။ ဒီလို ရှုထောင့်အသစ်နဲ့ ကြည့်ရှုတာကို ကျွန်တော်တို့ရဲ့ GoPro ကင်မရာတွေနဲ့ ပြုလုပ်ခဲ့ပါတယ်။ နောက်ပြီး ကျွန်တော်တို့က quadcopter ဈေးကွက်မှာ အလားတူ အခွင့်အရေးတစ်ခုကို တွေ့ရှိထားပါတယ်” ၎င်းက ဆိုခဲ့သည်။

GoPro ၏ Karma ဒရုန်းကို ဒေါ်လာ ၅၀၀ မှ ၁၀၀၀ အကြား ကျသင့်ဖွယ်ရှိကြောင်း ကောလာဟလသတင်းများ ထွက်ပေါ်နေသော်လည်း ရောင်းချသည့်တန်ဖိုးနှင့် ပတ်သက်၍ ကုမ္ပဏီမှ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။ သို့သော်လည်း ဒရုန်းနှင့် ပတ်သက်သော သတင်းများအတွက် မှတ်ပုံတင်ထားပါက Karma ဒရုန်းတစ်စင်းကို အခမဲ့ ရရှိနိုင်မည်ဟု ကုမ္ပဏီမှ ပြောကြားခဲ့သည်။

Ref: Engadget
Credit internetjournal
သီဟထိုက်



အဆင်​​ပြေပါ​စေ

ကို​နေဇင်​ (MMiTO)



ကျ​နော်​တင်​သမျှကို Facebook ကတိုက်​ရိုက်​လိုချင်​ရင်
ဒီ​နေရာမှာ
Like တစ်​ချက်​​ပေးခဲ့ပါ





Offline ဖြစ်နေပင်လျှင် Facebook post များ၌ comment ရေးသားနိုင်မည်

 
 
နာမည်ကျော် လူမှုရေးကွန်ရက်ဖြစ်သော Facebook ကို သုံးစွဲသူများသည် ယခုအခါ ၎င်းတို့၏ ဖုန်းများ offline ဖြစ်နေပင်လျှင် post များ၌ comment များ ရေးသားနိုင်ပြီ ဖြစ်သည်။

ထို့အတွက်ကြောင့် သုံးစွဲသူတစ်ဦးက အင်တာနက်လိုင်းမကောင်းသည့် နေရာသို့ ရောက်ရှိနေသည့်အခါ Facebook app ကို ဖွင့်ထားပြီး ပေါ်လာသည့် post များကို ဆက်လက်ကြည့်ရှုနိုင်မည် ဖြစ်သည်။

သုံးစွဲသူများသည် offline ဖြစ်နေစဉ်တွင် post များ၊ ဓာတ်ပုံများနှင့် ဗီဒီယိုများကို Like နှင့် Share ပြုလုပ်နိုင်သည်။ ၎င်း မိုဘိုင်း app သည် offline ဖြစ်နေစဉ် ပြုလုပ်ထားသည့် လုပ်ဆောင်ချက်အားလုံးကို သိမ်းဆည်းပေးထားမည် ဖြစ်ပြီး သုံးစွဲသူက လိုင်းမိသည့်နေရာသို့ ရောက်ရှိသည့်အခါ အဆိုပါ လုပ်ဆောင်ချက်အားလုံးကို အလိုအလျောက် ပြုလုပ်ပေးမည် ဖြစ်သည်။

Offline comment ရေးသားခြင်းကို လက်ရှိတွင် Android app ၌သာ ပြုလုပ်နိုင်သည်။ အဆင့်မြှင့်တင်မှုအသစ်များကို အခြားသော platform များထံ မကြာမီ ဆက်လက်ဖြန့်ချိပေးသွားမည်ဟု Facebook မှ ပြောကြားခဲ့သည်။

Ref: NYDailyNews
Credit internetjournal

သီဟထိုက်


အဆင်​​ပြေပါ​စေ

ကို​နေဇင်​ (MMiTO)



ကျ​နော်​တင်​သမျှကို Facebook ကတိုက်​ရိုက်​လိုချင်​ရင်
ဒီ​နေရာမှာ
Like တစ်​ချက်​​ပေးခဲ့ပါ





Toshiba ၏ image sensor လုပ်ငန်းကို ဒေါ်လာ ၁၅၅ သန်းဖြင့် Sony ဝယ်ယူ





Sony သည် Toshiba ၏ image sensor လုပ်ငန်းကို ယန်း ၁၉ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၅၅ သန်း) ဖြင့် ဝယ်ယူခဲ့ကြောင်း ကြေညာခဲ့သည်။ အဆိုပါ အစီအစဉ်သည် အောက်တိုဘာလက ကောလာဟလအနေဖြင့် ပထမဦးဆုံး ထွက်ပေါ်လာခဲ့သော်လည်း ယခုအခါတွင် ဝယ်ယူမှုကို တန်ဖိုးနှင့်တကွ Sony မှ အတည်ပြုခဲ့ခြင်း ဖြစ်သည်။

Toshiba ၏ စက်ရုံ၊ ပစ္စည်းကိရိယာများနှင့် ဝန်ထမ်းများကို၂၀၁၆ ခုနှစ် မတ်လ ၃၁ ရက်တွင် ကုန်ဆုံးမည့် ဘဏ္ဍာရေးနှစ်အတွင်း Sony ထံ လွှဲပြောင်းပေးရမည် ဖြစ်သည်။ အဆိုပါ စက်ရုံသည် image sensor များကို အဓိကထုတ်လုပ်မည့် Sony ၏ ဌာနခွဲသစ်ဖြစ်သော Sony Semicondcutor Corporation လက်အောက်တွင် လည်ပတ်လုပ်ဆောင်မည် ဖြစ်သည်။

Sony သည် high-end ကင်မရာများအတွက် sensor ဈေးကွက်တွင် အောင်မြင်မှုရရှိနေရုံသာမက ၎င်း၏ ကင်မရာအစိတ်အပိုင်းများကလည်း စမတ်ဖုန်းများတွင် အားထားစရာအရာတစ်ခုအဖြစ် သက်သေပြနိုင်ခဲ့သည်။ Apple, Google နှင့် Xiaomi အပါအဝင် ကုမ္ပဏီများသည် ၎င်းတို့၏ ထုတ်ကုန်အချို့တွင် Sony sensor များကို အသုံးပြုထားသည်။

Ref: TheVerge
Credit  internetjournal

သီဟထိုက်


အဆင်​​ပြေပါ​စေ

ကို​နေဇင်​ (MMiTO)



ကျ​နော်​တင်​သမျှကို Facebook ကတိုက်​ရိုက်​လိုချင်​ရင်
ဒီ​နေရာမှာ
Like တစ်​ချက်​​ပေးခဲ့ပါ





Myanmar Tower Company ကို မလေးရှား ကုမ္ပဏီ တစ်ခုက ဝယ်ယူ




စင်ကာပူအခြေစိုက် Digicel Asian Holdings မှတစ်ဆင့် Myanmar Tower Company ကို မလေးရှားကုမ္ပဏီတစ်ခုဖြစ်သည့် Edotco Group Shn Bhd က ဝယ်ယူလိုက်သည်ဟု ၄င်းတို့ Edotco က သတင်း ထုတ်ပြန်လိုက်သည်။

Edotco သည် Myanamr Tower Company ၏ အစုရှယ်ယာ ၇၅ ရာခိုင်နှုန်းကို ဝယ်ယူခဲ့ခြင်း ဖြစ်ပြီး Myanamr Tower Company ၏ အစုရှယ်ယာ ၂၅ ရာခိုင်နှုန်းကို Yoma Strategic Holding ကုမ္ပဏီက ပိုင်ဆိုင်ခြင်း ဖြစ်သည်ဟု သိရသည်။

Myanmar Tower Company ၏ လုပ်ငန်း လွှဲပြောင်းမှု တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂၂၁ သန်းရှိသည်ဟု ကုမ္ပဏီ၏ အောက်တိုဘာလ ထုတ်ပြန်ချက် များအရသိပြီး Edotco ကုမ္ပဏီ၏ ဝယ်ယူမှုတွင် Yama Strategic Holding ၏ ပိုင်ဆိုင်မှုများ ပါဝင်ခြင်း မရှိကြောင်း သတင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

Edotco Group Shn Bhd သည် မလေးရှားအခြေစိုက် Axiata ကုမ္ပဏီ၏ လုပ်ငန်းခွဲတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၌ တာဝါ တည်ဆောက်ခြင်းနှင့် တည်ဆောက်ပြီး တာဝါများ ငှားရမ်းပေး ခြင်းစသည့်လုပ်ငန်းများကို လုပ်ကိုင်နေသည့် Myanmar Tower Company ၏ အစုရှယ်ယာ ၇၅ ရာခိုင်နှုန်းကို ဝယ်ယူလိုက်ခြင်း ဖြစ်သည်။

Myanmar Tower Company ၌ တာဝါဆိုဒ်ပေါင်း ၁၂၅၀ ကိုပိုင်ဆိုင်ထားပြီး ဝန်ထမ်းအင်အား ၂၀၀ ကျော်ဖြင့် လည်ပတ်လုပ်ကိုင်နေသည်ဟု ၄င်းတို့ ဝက်ဘ်ဆိုက် စာမျက်နှာ၌ ဖော်ပြထားသည်။ တာဝါ တည်ဆောက်ခြင်း ကုန်ကျစရိတ်များ ပြားသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး တာဝါကောင်းကောင်းတစ်တိုင်အတွက် ကုန်ကျငွေ အမေရိကန် ဒေါ်လာ ၁ သိန်းခန့်ရှိနိုင်ကြောင်း ဆက်သွယ်ရေးလုပ်ငန်းပိုင်ဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးကပြောသည်။

Edotco ကို ၂၀၁၂ ခုနှစ်က တည်ထောင်ခဲ့ခြင်းဖြစ်ပြီး မလေး ရှား၊ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီယား၊ သီရိလင်္ကာ နှင့် ပါကစ္စတန် စသည့်နိုင်ငံများတွင် တာဝါတိုင်ပေါင်း ၁၅၀၀၀ ဖြင့် လုပ်ငန်း လည်ပတ် လုပ်ကိုင်နေကြောင်း သိရသည်။

Credit  internetjournal
သီဟထိုက်


အဆင်​​ပြေပါ​စေ

ကို​နေဇင်​ (MMiTO)



ကျ​နော်​တင်​သမျှကို Facebook ကတိုက်​ရိုက်​လိုချင်​ရင်
ဒီ​နေရာမှာ
Like တစ်​ချက်​​ပေးခဲ့ပါ





ငါးရက်အတွင်း Microsoft Surface Book များ အကုန်ရောင်းချခဲ့ရ





အောက်တိုဘာလ ၇ ရက်မှစတင်ကာ ကြိုတင်မှာယူများ လက်ခံခဲ့ပြီးနောက် Surface Book လက်တော့ပ်များ အကုန်ရောင်းချခဲ့ရကြောင်း Microsoft မှ ပြောကြားသည်။

လက်တော့ပ်တွင် ပါဝင်သော ကီးဘုတ်ကိုဖြုတ်၍ tablet အသွင်ဖြင့် သုံးနိုင်သည့် Windows 10 ထုတ်ကုန်ကို အောက်တိုဘာလ ၂၆ ရက်တွင် သုံးစွဲသူများထံ တင်ပို့ရောင်းချမည် ဖြစ်သည်။

“Surface Book အတွက် များပြားလှတဲ့ ဝယ်လိုအားကို ကျွန်တော်တို့ တွေ့မြင်ခဲ့ပါတယ်။ အောက်တိုဘာလ ၂၆ ရက်မှာ ရရှိနိုင်ဖို့အတွက် ကြိုတင်မှာယူနိုင်မယ့် အရေအတွက်အားလုံး ရောင်းကုန်သွားပါပြီ။ အောက်တိုဘာလ ၂၆ ရက်ကျရင် စတိုးဆိုင်တွေမှာ Surface Book ကို နည်းပါးတဲ့ အရေအတွက်နဲ့သာ ရနိုင်ပါမယ်။ အွန်လိုင်းမှာ ထပ်မံ မှာယူနိုင်မယ့်အချိန်နဲ့ တင်ပို့ရောင်းချမယ့်အချိန်ကို ထပ်မံကြေညာသွားပါမယ်” ဟု Microsoft ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။

Microsoft သည် Surface Book ကို အောက်တိုဘာလ ၆ ရက်တွင် ပွဲထုတ်မိတ်ဆက်ပေးခဲ့ပြီး ၎င်းသည် ဖန်တီးခဲ့သမျှ ကွန်ပျူတာများတွင် အပါးလွှာဆုံးနှင့် စွမ်းဆောင်ရည်အမြင့်ဆုံး ဖြစ်ကြောင်း ဆိုခဲ့သည်။
Surface Book သည် ဈေးနှုန်းမြင့်မားပြီး တန်ဖိုးမှာ ၁,၄၉၉ ဒေါ်လာမှ ၂,၆၉၉ ဒေါ်လာအထိ ကျသင့်မည် ဖြစ်သည်။ ၎င်းတွင် ၁၃.၅ လက် 3,000 x 2,000 pixel display နှင့် နောက်ဆုံးပေါ် Intel Core processor အသုံးပြုထားပြီး ဘက်ထရီကို ၁၂ နာရီအထိ အသုံးပြုနိုင်မည် ဖြစ်သည်။

Ref: CNET
Credit  internetjournal

သီဟထိုက်
Credit internetjournal



အဆင်​​ပြေပါ​စေ

ကို​နေဇင်​ (MMiTO)



ကျ​နော်​တင်​သမျှကို Facebook ကတိုက်​ရိုက်​လိုချင်​ရင်
ဒီ​နေရာမှာ
Like တစ်​ချက်​​ပေးခဲ့ပါ





BeeTalk ၏ Public Account အား လူတိုင်းအသုံးပြုနိုင်ရန် စတင်





BeeTalk ၏ Public Account အား လူတိုင်းအသုံးပြုနိုင်ရန် စတင်ဆောင်ရွက်လိုက်ကြောင်း သတင်းရရှိသည်။
BeeTalk Chatting App မှ မြန်မာနိုင်ငံရှိ အသုံးပြုသူများအတွက် BeeTalk Public Account Admin Platform ကို လူတိုင်းအသုံးပြုနိုင်ရန် စတင်လိုက်ခြင်း ဖြစ်သည်။

“အခု BeeTalk မှာ ဖွင့်ထားတဲ့ Public Account ၇၀ ရှိပြီ။ အဲ့ဒီ့အထဲမှာ အားကစား၊ ကျန်းမာရေး၊ ဖျော်ဖြေရေး၊ မီဒီယာ အစရှိတာတွေ ပါဝင်ပါတယ်။ Public Account တွေ အများကြီးဖြစ်လာတဲ့ အတွက် သတင်းအချက်အလက်တွေကို ရှာဖွေနေစရာမလိုဘဲ ဖုန်းထဲကို အမြဲတမ်းရောက်ရှိနေမှာပါ” ဟု BeeTalk မြန်မာ၏ Marketing Manager မနန်းမိုက ပြောသည်။

Public Account တစ်ခုပြုလုပ်ရန်အတွက် အီးမေးလ်၊ ကိုယ်ရေးအချက်အလက်များနှင့် မျက်နှာထင်ရှားစွာမြင်ရသော ဓာတ်ပုံတစ်ပုံ လိုအပ်မည်ဖြစ်သည်။ BeeTalk တွင် Public Account မှတ်ပုံတင်ခြင်း ပြုလုပ်မည်ဆိုပါက သတ်မှတ်ထားသော မှတ်ပုံတင်ရန် နေရာသို့ဝင်ရောက်ပြီး (၁) Basic Information (၂) Email activation (၃) User Information (၄) Account Information တို့ကို အဆင့်ဆင့် ဖြည့်စွက်ရမည်ဖြစ်သည်။ မှတ်ပုံတင်ပြီးပါက BeeTalk မှ ယင်းအချက်အလက်များကို စစ်ဆေး၍ ခွင့်ပြုပေးမည်ဖြစ်ကြောင်း၊ စတင် အသုံးပြုနိုင်ရန် စာတိုပို့ပေးမည်ဖြစ်ကြောင်း၊ ယင်းနောက် အကောင့် စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

BeeTalk မိုဘိုင်း application မှာ ၂၀၁၅ ခုနှစ် ဇန်န၀ါရီလတွင် မြန်မာနိုင်ငံ၌ စတင်ခဲ့ခြင်းဖြစ်ပြီး ကိုယ်ပိုင် အကောင့်မှ တစ်ဆင့် followers များ အကန့်အသတ် မရှိ စုဆောင်းခြင်း၊ သတင်း အချက်အလက်များ ပျံ့နှံ့ရောက်ရှိစေခြင်း၊ Digital Marketing များ ပြုလုပ်နိုင်ခြင်း စသည်တို့ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း သိရသည်။ BeeTalk ၏ Public Account အား လူတိုင်း အသုံးပြုနိုင်ရန် စတင်ဆောင်ရွက်ခြင်း အခမ်းအနားကို အောက်တိုဘာလ ၁၄ ရက်က နိုဗိုတယ်ဟိုတယ်တွင် ကျင်းပခဲ့သည်။

Credit  internetjournal

သီဟထိုက်
My Facebook Account Click





အဆင်​​ပြေပါ​စေ

ကို​နေဇင်​ (MMiTO)



ကျ​နော်​တင်​သမျှကို Facebook ကတိုက်​ရိုက်​လိုချင်​ရင်
ဒီ​နေရာမှာ
Like တစ်​ချက်​​ပေးခဲ့ပါ





ကချင်ပြည်နယ်နှင့် ရခိုင် ပြည်နယ်တို့၏ မိုဘိုင်းဖုန်း သိပ်သည်းဆ ၂၀ ရာခိုင်နှုန်းအောက်တွင်သာ ရှိနေ

မန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကဏ္ဍတွင် မိုဘိုင်းဖုန်း သိပ်သည်းဆ အနည်းဆုံးဒေသများမှာ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်း အချက်အလက်၊ နည်းပညာ ဝန်ကြီးဌာနမှ သိရသည်။ အဆိုပါ ဒေသနှစ်ခုသည် တစ်နိုင်ငံလုံး၏ မိုဘိုင်းသိပ်သည်းဆ ၂၀ ရာခိုင်နှုန်းအောက်တွင် ရှိနေခြင်းဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုဘိုင်းဖုန်း သိပ်သည်းဆ နည်းပါးနေသေးခြင်းမှာ အဆိုပါဒေသများ၏ တစ်ဦးချင်း မိုဘိုင်းဖုန်းအသုံးပြုမှုနှင့် မိုဘိုင်း ဆက်သွယ်ရေးဈေးကွက် အနည်းငယ်သာရှိနေသေးခြင်း တို့ကြောင့် ဖြစ်ကြောင်း အထက်ပါ ဝန်ကြီးဌာန၏ တာဝန်ရှိသူ တစ်ဦးကဆိုသည်။
“ဒီမှာက မြို့ကြီးတွေလို တစ် ဦးချင်း မိုဘိုင်းဖုန်းကိုင်သုံးတာ နည်းတယ်ပြောရမယ်။ ရွာဘက် တွေဆို ပိုနည်းတာပေါ့။ စစ်တွေ၊ တောင်ကုတ်လိုမြို့ပေါ်မှာတော့ တစ်ယောက်ချင်းစီ ဖုန်းသုံးတာ ပိုများတယ်။ ဒါတောင် မိသားစု တစ်စုမှာ လူစေ့ဖုန်းကိုင်တာမျိုး မရှိသေးဘူး။ ရန်ကုန်မှာဆို မိသား စု လေးဦးရှိရင် လေးဦးလုံးမှာ မို ဘိုင်းဖုန်းတစ်လုံးစီရှိ ကြတယ်လေ” ဟု ရခိုင်ပြည်နယ် စစ်တွေ မြို့ရှိ ဒေသခံတစ်ဦးကဆိုသည်။
ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်တွင် မိုဘိုင်းဖုန်းသိပ်သည်းဆ နည်းပါးနေသေးသော ပြည်နယ်နှင့်တိုင်းဒေသကြီး အချို့ရှိနေသေးကြောင်း သိရသည်။ အဆိုပါ ဒေသများမှာ ချင်းပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ဖြစ်ကြသည်။
တစ်နိုင်ငံလုံးတွင် မိုဘိုင်းဖုန်း သိပ်သည်းဆ အများဆုံး ဒေသမှာ နေပြည်တော်ကောင်စီနယ်မြေ ဖြစ်နေပြီး ယင်းဒေသတွင် ၁၂၄ ရာခိုင်နှုန်းအထိ ရှိနေခြင်း ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး၏ မိုဘိုင်းဖုန်း သိပ်သည်းဆပမာဏမှာ ၈၀ ရာခိုင်နှုန်းရှိနေပြီး မန္တလေး တိုင်းတွင် မိုဘိုင်းဖုန်းသိပ်သည်း ဆ ၅၀ ရာခိုင်နှုန်းသာရှိနေကြောင်း အထက်ပါဝန်ကြီးဌာနမှ ထုတ်ပြန်သော အချက်အလက်များ အရသိရသည်။
အထက်ပါ ဝန်ကြီးဌာနမှ ထုတ်ပြန်လိုက်သော နိုင်ငံအတွင်း မိုဘိုင်းဖုန်းသိပ်သည်းဆ ပမာဏများသည် ဒေသတစ်ခုချင်းစီးအ တွက် ရောင်းချပြီးသော ဆင်းမ်ကတ် အရေအတွက်နှင့် အသုံးပြု နေသည့် အရေအတွက်တို့အား အချိုးချ တွက်ချက်ထားခြင်း ဖြစ်ကြောင်း သိရသည်။
Thiha Htike(THT)



အဆင်​​ပြေပါ​စေ

ကို​နေဇင်​ (MMiTO)



ကျ​နော်​တင်​သမျှကို Facebook ကတိုက်​ရိုက်​လိုချင်​ရင်
ဒီ​နေရာမှာ
Like တစ်​ချက်​​ပေးခဲ့ပါ





WhatsApp အားနည်းချက်တစ်ခုကြောင့် သုံးစွဲသူ သန်းပေါင်းများစွာ ထိခိုက်နိုင်ကြောင်း လုံခြုံရေးကုမ္ပဏီတစ်ခု သတိပေး





နာမည်ကျော် messaging ဝန်ဆောင်မှုဖြစ်သော WhatsApp ရှိ အားနည်းချက်တစ်ခုကြောင့် သုံးစွဲသူ သန်း ၂၀၀ ခန့်တွင် အန္တရာယ်များ ကြုံတွေ့ရနိုင်ကြောင်း လုံခြုံရေးကုမ္ပဏီ Check Point မှ သတိပေး ပြောကြားခဲ့သည်။

အဆိုပါ အားနည်းချက်သည် သုံးစွဲသူက မိမိ၏ ဖိုင်များသုံးစွဲခွင့်အတွက် အခကြေးငွေပေးရမည့် ransomeware အပါအဝင် malware များကို ဟက်ကာများက ဖြန့်ဝေစေနိုင်ကြောင်း သိရသည်။

၎င်းအားနည်းချက်သည် WhatsApp ဝက်ဘ်အခြေခံ ဝန်ဆောင်မှုတွင်သာ ဖြစ်ပေါ်ခြင်း ဖြစ်သည်။
WhatsApp သည် သြဂုတ်လကုန်ပိုင်းက ၎င်းပြဿနာနှင့် စပ်လျဉ်း၍ သတိပေးပြောကြားခဲ့ပြီးနောက် ပြင်ဆင်မှုတစ်ရပ်ကို ချက်ချင်း ပြုလုပ်ပေးခဲ့သည်။

Check Point ကမူ သုံးစွဲသူများအနေဖြင့် WhatsApp software ကို update လုပ်ကာ အားနည်းချက်ကို ပြင်ဆင်ရန် တိုက်တွန်းခဲ့သည်။

WhatsApp web app သည် မိုဘိုင်း app ၏ mirror ဗားရှင်းတစ်ခုဖြစ်ပြီး စမတ်ဖုန်းတွင် လက်ခံရရှိသော message များ၊ ဓာတ်ပုံများနှင့် အခြား content များကို web browser တစ်ခုပေါ်တွင် အသုးပြုနိုင်စေသည်။
လက်ရှိတွင် web app ကို အသုံးပြုသူ သန်း ၂၀၀ ကျော်ရှိကြောင်းနှင့် စမတ်ဖုန်း app ကို အသုံးပြုသူ သန်း ၉၀၀ ရှိကြောင်း ကုမ္ပဏီမှ ပြောကြားခဲ့သည်။

WhatsApp ကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလတွင် Facebook က ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

Ref: BBC
Credit  internetjournal
Thiha Htike(THT)



အဆင်​​ပြေပါ​စေ

ကို​နေဇင်​ (MMiTO)



ကျ​နော်​တင်​သမျှကို Facebook ကတိုက်​ရိုက်​လိုချင်​ရင်
ဒီ​နေရာမှာ
Like တစ်​ချက်​​ပေးခဲ့ပါ





CommuniCast 2015 နှင့် Myanmar International ICT Exhibition တို့ ပူးပေါင်းကျင်းပမည်





CommuniCast 2015 နှင့် Myanmar International ICT Exhibition တို့ ပူးပေါင်း ကျင်းပမည်ဖြစ် ကြောင်း သိရသည်။

နိုဝင်ဘာ (၁၇) ရက်မှ (၁၉) ရက်နေ့အထိ Myanmar Event Park တွင် ကျင်းပမည်ဖြစ်ကြောင်း၊ အိုင် စီတီနယ်ပယ်အတွင်းမှ စီးပွားရေးလုပ်ငန်းများကို တစ်နေရာတည်းတွင် ပြသမည်ဖြစ်ကြောင်း သိရ သည်။ “ဒီပွဲကနေပြီး အိုင်စီတီနယ်ပယ်ရဲ့ စီးပွားရေးဖွံ့ဖြိုးမှုတွေ ဆထက်မကဖြစ်လာမယ်လို့ ယုံကြည် ပါတယ်၊ အိုင်စီတီလုပ်ငန်းက နိုင်ငံရဲ့အနာဂတ်စီးပွားရေးအတွက် အရေးပါပြီး နယ်ပယ်အနှံ့မှာ အခွင့်အလမ်းတွေ ရှိနေတယ်” ဟုမြန်မာနိုင်ငံကွန်ပျုတာအသင်းချူပ်၏ ဥက္ကဌ ဦးခွန်ဦးကပြောသည်။ အဆိုပါ အခမ်းအနားကို ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနနှင့် ပြန်ကြားရေး ဝန်ကြီးဌာနတို့၏ ပံ့ပိုး ကူညီမှုဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

CommuniCast ၏ ပထမဆုံး အခမ်းအနားကို ၂၀၁၄ ခုနှစ်ကကျင်းပခဲ့သည်။ နိုင်ငံပေါင်း (၂၂) နိုင်ငံမှ ကုမ္ပဏီပေါင်း (၉၀) ကျော်နှင့် အိုင်စီတီ ကျွမ်းကျင်သူပေါင်း (၂၀၈၆) ယောက် တက်ရောက်ခဲ့ကြောင်း၊ Myanmar International ICT Exhibition ကို မြန်မာနိုင်ငံကွန်ပျုတာအသင်းချူပ်မှ အဆက်ဆက် ကျင်းပခဲ့ကြောင်း သိရသည်။ ယခုအခါ အဆိုပါ အခမ်းအနားနှစ်ခုကို တစ်ပေါင်းတည်း ကျင်းပမည်ဖြစ်သည်။ ဂြိုဟ်တု နည်းပညာနှင့် Broadband များမှ မိုဘိုင်းနှင့် Enterprise Solution များ အထိပြသသွား မည်ဖြစ်ကြောင်း သိရသည်။

Credit  internetjournal
Thiha Htike(THT)
My Facebook Account Click


အဆင်​​ပြေပါ​စေ

ကို​နေဇင်​ (MMiTO)



ကျ​နော်​တင်​သမျှကို Facebook ကတိုက်​ရိုက်​လိုချင်​ရင်
ဒီ​နေရာမှာ
Like တစ်​ချက်​​ပေးခဲ့ပါ





တိုကျို ဂိမ်းပြပွဲသို့ မြန်မာဂိမ်းများ သွားရောက်ပြသမည်





ဂျပန်နိုင်ငံတွင်ကျင်းပမည့် တိုကျို ဂိမ်းပြပွဲသို့ မြန်မာဂိမ်းများ သွားရောက် ပြသမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ Tokyo Game Show 2015 ပြပွဲသို့ မြန်မာနိုင်ငံ ကွန်ပျုတာလုပ်ငန်းရှင် အသင်းမှ တာဝန်ရှိသူများနှင့် ပြည်တွင်း Game Developers များ သွားရောက် လေ့ လာမည် ဖြစ်ကြောင်းနှင့် ပြည်တွင်း Game Developer များ ဖန်တီး ထုတ်လုပ်ထားသော ဂိမ်းများ ပါဝင်ပြသမည် ဖြစ်ကြောင်း သိရသည်။ ပြည်တွင်း ဂိမ်းကုမ္ပဏီ သုံးခု၏ ဂိမ်းစုစုပေါင်း ၁၂ မျိုးဝန်းကျင်ခန့် ပြသမည်ဖြစ်သည်ဟု သိရသည်။

ဂျပန်နိုင်ငံရှိ အာဆီယံ-ဂျပန်စင်တာ (ASEAN-Japan Center-AJC) မှကြီးမှူး၍ ASEAN Creative Network အစီအစဉ်အရ Tokyo Game Show 2015 ကို စက်တင်ဘာလ (၁၇) ရက်မှ (၂၀) ရက်နေ့အထိကျင်း ပမည်ဖြစ်သည်။

“ကျွန်တော့် အနေနဲ့ကတော့ Rage of Rama ဂိမ်း (ရာမဇာတ်တော်အား အခြေခံထားသည့် ဂိမ်း) ကို အဓိကထား ပြသသွားမှာ ဖြစ်ပါတယ်” ဟု ပါဝင်ပြသမည့် Total Gameplay Studio မှကိုမြင့်ကျော်သူက ပြောသည်။ မြန်မာနိုင်ငံမှ Kodots, Total Gameplay Studio, Joy Dash တို့မှ ထုတ်လုပ် ဖန်တီးထားသော ဂိမ်းများ ပြသ သွားမည်ဖြစ်သည်။ Joy Dash အနေဖြင့် စုစုပေါင်း ဂိမ်းဆယ်မျိုး ဝန်းကျင်ခန့်ကို ပြသမည်ဖြစ်ကြောင်း Joy Dash မှ ကိုသက်နိုင်ဆွေကပြောသည်။

“ကျွန်တော်တို့ အနေနဲ့ ကတော့ ဥာဏ်စမ်းဂိမ်း၊ ဇာတ်လမ်း ဦးစားပေးတဲ့ ဂိမ်းအမျိုးအစားတွေကို အဓိကထား ပြသသွားမှာဖြစ် ပါတယ်” ဟု Kodots မှ ကိုချစ်ကိုကို က ပြောသည်။

အဆိုပါ တိုကျိုဂိမ်းပြပွဲတွင် နိုင်ငံ (၄၀) ကျော်မှ လာရောက် ပြသမည်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် တတိယအကြိမ် ပါဝင်ပြသခြင်း ဖြစ်ကြောင်း၊ နိုင်ငံတကာမှ နာမည်ရ ဂိမ်း ကုမ္ပဏီများဖြစ်သော Capcom, Namco, CryTeck စသည်တို့လည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ ပြပွဲတွင် အချက်အလက်များ ယူဆောင်ပြီး ချိတ်ဆက်ရန် ဆက်သွယ်ရမည့် သူများ အဖြစ် မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင်အသင်းမှ ကူညီ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ စိတ်ပါဝင်စားသူများ အနေဖြင့် အဆိုပါ အသင်းသို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

Credit  internetjournal
Thiha Htike(THT)
My Facebook Account Click



အဆင်​​ပြေပါ​စေ

ကို​နေဇင်​ (MMiTO)



ကျ​နော်​တင်​သမျှကို Facebook ကတိုက်​ရိုက်​လိုချင်​ရင်
ဒီ​နေရာမှာ
Like တစ်​ချက်​​ပေးခဲ့ပါ





အစိုးရဝန်ကြီးဌာန ဝက်ဘ်ဆိုက် ၂၁ ခု၌ ၂ ခုသာ Mobile Vision ကို အထောက်အပံ့ ပေးနိုင်

 လေ့လာမှုအရ အစိုးရဝန်ကြီး ဌာန၏ ဝက်ဘ်ဆိုက်၂၁ ခု၌ Mobile Vision ကို အထောက်အပံ့ ပေးနိုင်သည့် ဝက်ဘ်ဆိုက်မှာ ၂ ခု သာရှိကြောင်း တွေ့ရှိရသည်။

အဆိုပါလေ့လာမှုကို Open Myanmar Initiative မှ Chief Technology Officer ဖြစ်သူ ကိုစိုးသီဟနောင်က လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး အချိန်တစ်လခန့်ယူ၍ အစိုးရ ဝန်ကြီးဌာန ဝက်ဘ်ဆိုက်များကို လေ့လာခဲ့သည်ဟု သိရသည်။

မိုဘိုင်းဖုန်းအသုံးပြုသူအရေအတွက် တိုးတက်များပြားလာသည့်နောက် နည်းပညာလမ်းကြောင်းသည် Mobile Application များဆီသို့ ဦးတည် ပြောင်းလဲလာသော်လည်း အစိုးရအဖွဲ့၏ နည်းပညာပိုင်းဆိုင် အပြောင်းအလဲသည် Mobile နှင့်ပတ်သက်၍ မရှိသလောက် နည်းပါးခဲ့ခြင်းဖြစ်သည်။

“အစိုးရဝ က်ဘ်ဆိုက်တွေထဲမှာ Mobile App အနေနဲ့ နှစ်ခုရှိတယ်။ တစ်ခုကတော့ သမ္မတရုံးဝက်ဘ်ဆိုက်ပါ။ နောက်တစ်ခုကတော့ Mobile အနေနဲ့ App ရှိတယ်။ ဒါ ပေမယ့် သုံးလို့မရဘူး” ဟု အစိုးရ ဝက်ဘ်ဆိုက်များနှင့်ပတ်သက်၍ လေ့လာမှုပြုလုပ်ခဲ့သူ ကိုစိုးသီဟ နောင်က ပြောသည်။

လေ့လာမှုအရ အစိုးရဝန်ကြီး ဌာန၏ ဝက်ဘ်ဆိုက်များတွင် ဝက်ဘ်ဆိုက် ၁၂ ခုသည် Zawgyi Font ကို အသုံးပြုကြပြီး ဝက်ဘ် ဆိုက် ၇ ခုသည် Unicode စနစ် ကိုအသုံးပြုကြသည်ဟု သိရသည်။ အလားတူ ဝက်ဘ်ဆိုက် ၃ ခုသည် Unicode နှင့် Zawgyi နှစ်မျိုးအ သုံးပြုနိုင်ရန် စီစဉ်ထားသည်ဟုလည်း သိရသည်။
“သတင်း အချက်အလက်ရယူနိုင်မှုနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်က လေ့လာခဲ့တာပါ။

လက်ရှိအခြေအနေကို သုံးသပ်ခဲ့တာပေါ့။ ဘာတွေ့ရလဲဆိုတော့ အစိုးရ ဝက်ဘ်ဆိုက်တွေဟာ သူတို့ပြောချင်တာကိုပဲ အသိပေးကြတာ။ ပြည်သူတွေ ဘာသိချင်လဲဆိုတာ မစဉ်းစားကြ ဘူး” ကိုစိုးသီဟနောင်ကပြောသည်။

ထို့အပြင် အစိုးရဝန်ကြီးဌာန ဝက်ဘ်ဆိုက်များသည် ဝန်ကြီးဌာနအချင်းချင်း အပြန်အလှန် ချိတ်ဆက်ဆောင်ရွက် နိုင်သည့် အခြေအနေတွင်မရှိကြောင်း ပြည်သူများနှင့် တိုက်ရိုက် ချိတ်ဆက် ဆောင်ရွက်နိုင်သည့် အခြေအနေမှာလည်း အဆင်မပြေမှုများ တည်ရှိနေကြောင်း လေ့လာ တွေ့ရှိချက်များအရ သိရသည်။

Credit internetjournal
Thiha Htike(THT)
My Facebook Account Click



အဆင်​​ပြေပါ​စေ

ကို​နေဇင်​ (MMiTO)



ကျ​နော်​တင်​သမျှကို Facebook ကတိုက်​ရိုက်​လိုချင်​ရင်
ဒီ​နေရာမှာ
Like တစ်​ချက်​​ပေးခဲ့ပါ





Facebook ၏ WhatsApp ကို လစဉ် အသုံးပြုသူ သန်း ၉၀၀ ကျော်ရှိလာ





Messaging app ဖြစ်သော WhatsApp သည် ပိုမိုနာမည်ကျော်ကြားလာပြီး လစဉ်သုံးစွဲသူဦးရေမှာလည်း မြင့်တက်လာခဲ့သည်။

Facebook ပိုင်ဆိုင်သော WhatsApp ကို လစဉ်သုံးစွဲသူ ဦးရေသည် သန်း ၉၀၀ ကျော်ရှိလာခဲ့ကြောင်း WhatsApp အမှုဆောင်အရာရှိချုပ် ဂျန်ကိုရန်က Facebook ပို့စ် တစ်ခုဖြင့် ရေးသား ပြောကြားခဲ့သည်။ WhatsApp ကို သုံးစွဲသူသည် ဧပြီလက သန်း ၈၀၀ ရှိရာမှ သန်း ၁၀၀ ခန့် မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။ တိုးတက်မှုနှုန်းမှာ တစ်နှစ် အတွင်း ၅၀ ရာခိုင်နှုန်းအထိ ရှိလာခဲ့သည်။

ပြီးခဲ့သည့်နှစ်က Facebook မှ အမေရိကန်ဒေါ်လာ ၁၉ ဘီလီယံဖြင့် ဝယ်ယူခဲ့ပြီးနောက် WhatsApp ၏ တိုးတက်မှုနှုန်းမှာ တစ်သမတ်တည်း ရှိခဲ့သည်။ အဆိုပါ ဝန်ဆောင်မှုကို သုံးစွဲသူဦးရေသည် ၂၀၁၄ ခုနှစ် သြဂုတ်လတွင် သန်း ၆၀၀ ရှိရာမှ ယခုနှစ်အစပိုင်းတွင် သန်း ၇၀၀ အထိ မြင့်တက်ခဲ့သည်။ WhatsApp သုံးစွဲသူ အရေအတွက်သည် လစဉ်သုံးစွဲသူ ၁.၄၄ ဘီလီယံရှိသော Facebook နှင့် အလွန်ကွာခြားနေသော်လည်း သုံးစွဲသူ ၃၁၆ သန်းရှိသော Twitter ထက် သုံးဆနီးပါး ရှိလာခဲ့သည်။

သို့ရာတွင် WhatsApp သုံးစွဲသူ ဦးရေသည် မိခင်ကုမ္ပဏီ Faecebook ၏ messaging app သုံးစွဲသူထက် သာလွန်ခဲ့သည်။ Facebook ၏ messaging app ကို သုံးစွဲသူ ဦးရေမှာ သန်း ၇၀၀ ဖြစ်ကြောင်း ကုမ္ပဏီက ဇွန်လတွင် ကြေညာခဲ့သည်။

Ref: CNET
Credit  internetjournal

Thiha Htike(THT)



အဆင်​​ပြေပါ​စေ

ကို​နေဇင်​ (နည်းပညာ)



ကျ​နော်​တင်​သမျှကို Facebook ကတိုက်​ရိုက်​လိုချင်​ရင်
ဒီ​နေရာမှာ
Like တစ်​ချက်​​ပေးခဲ့ပါ





နေစွမ်းအင်သုံး မောင်သူမဲ့လေယာဉ်ကို မြန်မာကတီထွင်



ကောင်းကင်၌ ၁၀ နာရီအကြာ ပျံသန်းနိုင်မည့် နေစွမ်းအင်သုံး မောင်းသူမဲ့ လေယာဉ်ကို တီထွင် ဖန်တီးနေသည်ဟု မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသ ပညာ တက္ကသိုလ်၊ မောင်းသူမဲ့ လေယာဉ် သုတေသနဌာနမှ အဖွဲ့ခေါင်းဆောင် ဒေါက်တာသဲမောင်မောင်က ပြောသည်။

နေစွမ်းအင်သုံး မောင်းသူမဲ့ လေယာဉ်ကို ပထမဦးဆုံးအနေဖြင့် လွန်ခဲ့သော ၃ လခန့်မှ စတင်၍ သုတေသန ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လာမည့် ဒီဇင်ဘာလ အတွင်း သုတေသန လုပ်ငန်း ပြီးစီးမည်ဟု ခန့်မှန်းထားကြောင်း ဒေါက်တာသဲမောင်မောင်က ဆိုသည်။

“ဆိုလာတွေရောက်နေပြီ။ ဒီဇင်ဘာလောက်တော့ ပြီးမယ်လို့ ခန့်မှန်းထားတယ်။ ဒီဇိုင်းပိုင်းတွေနဲ့ အခြားနည်းပညာပိုင်းတွေက ကျွန်တော်တို့ဆီမှာ ရှိပြီးသား ဆိုတော့ ပါဝါလိုင်း အတွက်ပဲ ကျွန်တော်တို့ သုတေသနလုပ်ရတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ နေစွမ်းအင်သုံး မောင်းသူမဲ့လေယာဉ်သည် ကောင်းကင်၌ အချိန်ကြာမြင့်စွာ ပျံသန်းနိုင်မည်ဖြစ်သည့် အတွက် ကမ်းရိုးတန်းဒေသများ အတွက် ကင်းထောက် လေယာဉ် အဖြစ် အသုံးပြုပါက ပိုမိုသင့်လျော်ဖွယ်ရှိပြီး မြေပြင် ဆာဗေးလုပ်ငန်းများ အတွက်လည်း အခြားသော မောင်းသူမဲ့လေယာဉ်များနည်းတူ လုပ်ကိုင်နိုင်မည်ဟု သိရသည်။

လက်ရှိအချိန်၌ မြန်မာနိုင်ငံ လေကြောင်းနှင့်အာကာသပညာတက္ကသိုလ်၊ မောင်းသူမဲ့လေယာဉ် သုတေသနဌာနသည် ပြေးလမ်းသုံး မောင်းသူမဲ့လေယာဉ် ၅ စီး၊ လက်ပစ် မောင်း သူမဲ့လေယာဉ် ၃ စီး ၊ ပန်ကာလေးလုံးတပ် မောင်းသူမဲ့လေယာဉ် ၂ စီးနှင့် ပန်ကာရှစ်လုံးတပ် မောင်းသူမဲ့လေယာဉ် ၂ စီးတို့ဖြင့် ကောင်းကင် ဓာတ်ပုံရိုက် မြေပုံဆာဗေးတိုင်းတာခြင်းများကို လုပ်ကိုင်ပေးနေသည်ဟု သိရသည်။
ရေဘေးသင့် ဒေသတစ်ခုဖြစ်သည့် ကလေးမြို့၌ မောင်းသူမဲ့လေယာဉ်များသည် ပျက်စီးသွားသော ကျေးရွာများ၊ မြစ်ကြောင်းပြောင်းလဲပုံများကို ကောင်းကင် ဓာတ်ပုံ ရိုက်ကူး၍ ဆာဗေးတိုင်းတာခြင်းများ လုပ်ကိုင်နေပြီး မြေနေရာအသစ်များ ဖော်ထုတ်ခြင်းကိုလည်း လုပ်ကိုင်ပေးနေသည်ဟု သိရသည်။

ကလေးမြို့၌ ဆာဗေးပြုလုပ်နေသော မောင်းသူမဲ့လေယာဉ် အမျိုးအစားမှာ အကွာအဝေး ၁၅ မိုင်ခန့် ပျံသန်းနိုင်ပြီး ကြာမြင့်ချိန် ၄၅ မိနစ်ခန့် ပျံသန်းနိုင်ကြောင်း၊ သယ်ဆောင်နိုင်သည့် အလေးချိန်မှာ ၀.၈ ကီလိုဂရမ် ကောင်းကင်ဓာတ်ပုံရိုက် ကင်မရာများဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာတက္ကသိုလ်၊ မောင်းသူမဲ့လေယာဉ် သုတေသနဌာနသည် ၂၀၁၄ ခုနှစ်အတွင်း ၅၀၀ ကေဗွီအေ မဟာဓာတ်အားလိုင်း လမ်းအူကြောင်း ရှာဖွေ တိုင်းတာခြင်း လုပ်ငန်းများကို ကောင်းကင်ဓာတ်ပုံရိုက်၍ ရှာဖွေပေးနိုင်ခဲ့သည်ဟု သိရသည်။

Credit  internetjournal
Thiha Htike(THT)
My Facebook Account Click



အဆင်​​ပြေပါ​စေ

ကို​နေဇင်​ (နည်းပညာ)



ကျ​နော်​တင်​သမျှကို Facebook ကတိုက်​ရိုက်​လိုချင်​ရင်
ဒီ​နေရာမှာ
Like တစ်​ချက်​​ပေးခဲ့ပါ





G730-U00 Emergercy data Error fix 100%

မင်္ဂလာပါ  Huawei G730-U00 Emergercy data Error fix 100%  လေပါ ညီတစ်ယောက် အလှူ ခံရင် တင်ထားတာပါ  Zip file လေကို ဒေါင်းပြီ password ကို အလှူ ငေ...