Easi Mobile Agent ပေါင်း ၁၁၀ ကျော် ဖွင့်လှစ်ပြီး ဝန်ဆောင်မှုပေးလျက် ရှိသည်ဟု သမဝါယမဘဏ် မှ တာဝန်ရှိသူက ပြောသည်။
အဆိုပါဝန်ဆောင်မှုမှာ ငွေလွှဲခြင်း၊ ငွေထုတ်ယူခြင်း Deposite Account ထဲသို့ ငွေသွင်းခြင်းများကို ဆောင်ရွက်ပေးခြင်း ဖြစ်သည်။
“Easi Mobile Agent ပေါင်း ၁၁၀ ကျော်သွားပါပြီ။ အဲ့ဒီအတွက်ကြောင့် CB  Bank အနေနဲ့ ငွေလွှဲလို့ရတဲ့နေရာ၊ ငွေသွင်းလို့ရတဲ့ နေရာပေါင်း စုစုပေါင်း  ၂၄၀ ကျော် ရှိသွားပြီ။ 
အဲ့ဒါတွေက နောက်ဆိုရင် ပိုပိုပြီး များလာတာနဲ့အမျှ  ငွေထုတ်ချင်ရင် လမ်းထိပ်ထွက်တာနဲ့ ထုတ်လို့ရမယ်ဆိုတဲ့ အခြေအနေ ဖြစ်လာအောင်  ဆောင်ရွက်နေ ပါတယ်။ ရွာတွေလို နေရာမျိုးတွေမှာတောင် ငွေထုတ်ယူ  သုံးစွဲနိုင်အောင် ဝန်ဆောင်မှုပေးနေပါတယ်”ဟု ပြောသည်။
Easi Mobile Agent မှ ငွေလွှဲထုတ်ယူခြင်း၊ ငွေလွှဲခြင်း၊ Deposite Accound  ထဲသို့ ငွေသွင်းခြင်းတို့ ဆောင်ရွက်အသုံးပြုနိုင်မည်ဖြစ်ပြီး ATM  စက်များတွင်ငွေထုတ်ယူ သုံးစွဲနိုင်သကဲ့သို့ Easi Mobile Agent  များတွင်လည်း ငွေထုတ်ယူနိုင်ခြင်းတို့ အသုံးပြုနိုင်မည်ဖြစ်ကြောင်း ဆိုသည်။
အဆိုပါဝန်ဆောင်မှုကို မြို့ငယ်များနှင့် ရွာများတွင်  အဓိကဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။ လက်ရှိတွင် CB Bankမှ ဘဏ်ခွဲပေါင်း ၁၃၃  ခု ဖွင့်လှစ်ထားပြီးကြောင်း သိရသည်။
“ငွေသွားလွှဲရင် ဘဏ်ကိုလာရမယ်ဆိုတဲ့ အချက်မျိုး ကျွန်တော်တို့တွေဆီမှာ  မြင်နေကြပါသေးတယ်၊ ငွေသွားလွှဲရင် ဘဏ်ကို လာစရာမလိုအောင်ကို ဘဏ်တွေကနေ  ဝန်ဆောင်မှု ပေးနေကြပါပြီ။ မိုဘိုင်း Banking ကနေ ဘဏ်လာစရာ မလိုတော့ဘဲနဲ့  ညသန်းခေါင်လွှဲလို့ရအောင် လုပ်ထားပြီးပါပြီ။ Internet Banking ကလည်း ဘဏ်ကို  လာစရာ မလိုဘဲ ငွေလွှဲလို့ရအောင် လုပ်ထားပြီးပါပြီ”ဟုဆိုသည်။
Credit  internetjournal
Thiha Htike(THT)
အဆင်ပြေပါစေ
ကိုနေဇင် (နည်းပညာ)
ဒီနေရာမှာ
Like တစ်ချက်ပေးခဲ့ပါ


No comments:
Post a Comment