ကျွန်တော်တို့ကဗျာဂျာနယ်လေးလဲ ကျွန်တော်အလုပ်တွေမအားတာနဲ့ ပုံမှန်မလည်ပတ်မိဘူးဗျာ အခုကစပြီး ပုံမှန်လည်ပတ်မှာပါ ကျွန်တော့်ဖုန်းနံပါတတ်သိတဲ့သူတွေ တော့ ကျွန်တော်မပြောပါဘူးဒါပေမဲ့ ကျွန်တော်ဖုန်းနံပါတ်ပြန်တင်မှာပါ အဲ့ဒါ ကဗျာအတွက်သီးသန့်ပါ အရင်က sms နဲ့ပို့ခိုင်းပါတယ် အခု Viber or ကျန်တဲ့ social network app တစ်ခုခုသုံးပြီးပို့နုင်အောင်စိစဉ်ပေးမှာပါ သင်တို့အတွက်လည်းဘေကုန်သက်သာတာပေါ့ ကောင်းပါပြီအခုတော့ကျွန်တော်ဖုန်းမှာကဗျာပေါင်; 147 ပုဒ်ရှိနေပါတယ်ကျွန်တော့်ကိုထပ်မပို့သေးနဲ့ပါအုံး ဘာလို့လဲဆိုတော့ဖုန်းက wifi earror ဖြစ်နေလို့ပြန်ပြင်ရင်ကြိမ်းသေ Factory reset ချမှာမို့ပါ အဲ့တော့မိတ်ဆွေတို့ကဗျာတွေပါသွားမှာစိုးလို့ပါ အဲ့တော့ ဒီ 147 ထပ်ထပ်ပို့တဲ့ကဗျာတွေကို Cancel လုပ်ပလိုက်မှာပါ ဒီတော့မိတ်ဆွေတို့ မပို့သေးနဲ့ပါအုံးဗျ...နောက်ပြီးကဗျာအတွက် blog လေးတစ်ခုလုပ်ထားတယ် ပြင်ဆင်လို့မပြီးသေးဘူး ပြီးရင် ရေးသူတွေအားလုံးကို ကျွန်တော်တခါတည်း တင်ခိုင်းမှာပါ ဖုန်းကနေပေါ့ အဲ့တော့အမြဲ update လေးဖြစ်နေတာပေါ့... ဟုတ်ဘူးလား...
အစဉ်တစိုက် သိမ်းပိတ်ဖို့
မောင်ကြံရွှယ်
ချူ မယ်ကြံရွှယ်ကာမှန်းသော်လည်း
တံချူကိုမမှီမကမ်းရယ်မို့
လွမ်းကျန်ရသေး
((ကဗျာရေးသူ=ဓနုမောင်))
မဖြစ်နိုင်တဲ့ကြားထဲက
ကျွန်မသူ့ကိုချစ်မိသွားခဲ့တယ်
ဒါကြောင့်ရလာမည့်အဆိုးအကောင်းတွေအားလုံးကို
ကျွန်မကျေကျေနပ်နေမှာပါမောင်
((ကဗျာရေးသူ=Juliar Eisan)) BEHS PHAKANY)
စိမ်းရက်သူ.....
နီးလျက်ဝေးနေတဲ့
နှလုံးသားတစ်ခုကို
ရင်ထဲမှာ နာကျင်အောင်
ခံစားနေရပေမယ့်
မင်းသိဖို့မရည်ရွှယ်ခဲပါဘူး
အချစ်နန်းကိုစိတ်ကူးယဉ်ပြီး
ရူးခဲ့ရသမျှနောက်ကျတဲ့
ကိုယ့်ဘ၀မှာ
ယောက်ျးမာနဆိုတာ
တံခွထူလို့မရအောင်
ဖျက်ဆီးလို့
ချေမူန်းသွားရက်တယ်....
((ကဗျာရေးသူ=သာစည်သား))
"ချစ်ပိုင်းတိုင်"
ချောကလက်
အိပ်ရာထက်
ဖိတ်စင်သွားတဲ့
နုတ်ခမ်းများအတွက်
ခွင့်လွှတ်ပါ။
နတ်ဘုရားအစူစူပွင့်
ရင်နင့်အောင်
ကိုးကွယ်ခဲ့လို့
ဒီတစ်ခါအချစ်
နောက်ဆုံးဖြစ်ပါစေတော့ ။
((ကဗျာရေးသူ=Dညနေ))
ရည်ရွှယ်သူတို့
ကာရံမူကင်းတဲ့ စကားလုံး
ချိုမြိန်မူကင်းတဲ့အနမ်း
ရင်ထဲအချစ်သစ်ပင်
ဝေကွာခြင်းအကိုင်းအခက်
အလွမ်းသစ်ရွှက်တွေပြည့်စုံခဲ့သော်လည်း
ပျော်ရွှင်မူပန်းပွင့်လေးမဖူးပွင့်ခဲ့ဘူး
(ကဗျာရေးသူ=ရှင်မွေးလွန်း(နမ့်စန်))
ချစ်ခဲ့လေလား
နှလုံးသားဝယ်
ထိန်းမရလေသော
ချစ်ဖူးလေသော
အမှတ်တမဲ့က
အမှတ်တရဖြစ်စေပြီ
နင်မသိလည်း လွမ်းမိနေပြီ
နင်မခေါ်ချင်လည်း
ငါတော်ချင်နေပြီ
နင်မသိတဲ့အချစ်ခရီးလမ်းမှာ
အဖော်မပါဘဲ ငါရပ်စောင့်နေမိပြီ
((ကဗျာရေးသူ=only))
<နိဂုံး>
လိုက်ကာမချဘဲ
သိမ်းခဲ့ရတဲ့
ငါတို့နှစ်ယောက်ရဲ့
တစ်ခန်းရပ်ပြဇာတ်ထဲမှာ
နောက်ဆုံးအလွမ်းမင်းသမီးက
ငါတဲ့လား~~~~
((ကဗျာရေးသူ=မှော်ဝင်)) ကြာအင်းဆိပ်ကြီး
ငါ့ရဲ့အချစ် နင်မသိတော့
ကွယ်ရာမှာ
တွယ်တာကာ လွမ်းရတယ်
မချစ်ဘူးတော့ ရင်းတော့မယ်
အချစ်ဦးရယ်
ငါ့ရဲ့အချစ်နင်မသိတော့
ကွယ်ရာမှာ
တွယ်တာကာ
လွမ်းရတယ်
မချစ်ဘူးတော့ ရူးတော့မယ်
အချစ်ဦးရယ်
ငါ့ရဲ့အချစ် နင်မသိတော့
ကွယ်ရာမှာ တွယ်တာကာ
လွမ်းရတယ်
မချစ်ဘူးတော့ရူးတော့မယ်
အချစ်ဦးရယ်
((ကဗျာရေးသူ=အမည်မသိ))
<<ခွန်အား>>
ဘ၀ရေဆန်ခရီးလမ်း
မငြီးတမ်းပါ ရဲဝင့်စွာ
တွေ့ကြုံလာသမျှအခက်ခဲ
ရင်ဆိုင်နိုင်ဖို့
အသင့်ပြင်ဆဲ
ရှေ့ဆက်လှမ်းဖို့ ခွန်အားဆင်
ရောင်နီသစ်တို့ ဒို့ဇွဲပင်.....။
((ကဗျာရေးသူ=အမည်မသိ))
အပြုံးမရှားတဲ့မင်း
အရူုံးများနှင့်ရင်ဆိုင်ရချိန်မှာ
နောင်တတရားတွေ
လက်ဝယ်ပိုက်ရင်း
ရိုက်ရိုက်ကာငိုကြွေးမနေပါနဲ့
တိတ်တိတ် ကြွေကွဲ
မျက်ရည်ဝဲနှင့်
အားမန်ဖြည့်ကာ
ပြုံးစမ်းပါ
((ကဗျာရေးသူ=nai(သဖ)))
အဆင်ပြေပါစေ
ကိုနေဇင် (နည်းပညာ)
ဒီနေရာမှာ
Like တစ်ချက်ပေးခဲ့ပါ
No comments:
Post a Comment