Android ဖုန်းကင်မရာတွေကို Manual စနစ်ဖြင့် ထိန်းချုပ်အသုံးပြုခြင်း


Android ဖုန်းတွေမှာ ပါဝင်တဲ့ ဖုန်းကင်မရာကို ဓာတ်ပုံကင်မရာတွေမှာ အသုံးပြုသလိုမျိုး Manual စနစ်နဲ့ ကိုယ်တိုင်အလင်းအမှောင် ချိန်ညှိရိုက်ကူးနိုင်မယ့် နည်းလမ်းဖြစ်ပါတယ်။ ဒီလိုမျိုး အသုံးပြု နိုင်ဖို့အတွက် ဆော့ဖ်ဝဲကို အသုံးပြုရ ပါလိမ့်မယ်။ အသုံးပြုမယ့် ဆော့ဖ်ဝဲကတော့ IgCamera ဆိုတဲ့ ဆော့ဖ်ဝဲဖြစ်ပါတယ်။ ဆော့ဖ်ဝဲကို Play Store ပေါ်မှာ အခမဲ့ရယူအ သုံးပြုနိုင်ပါတယ်။ ဆော့ဖ်ဝဲရဲ့ Icon ကတော့ ခုလိုပုံစံမျိုးပါ။

ဆော့ဖ်ဝဲကို ဖွင့်လိုက်တဲ့ အချိန်မှာတော့ ခုလိုမျိုး မြင်တွေ့ရပါလိမ့်မယ်။

ဆော့ဖ်ဝဲကို ဖွင့်လိုက်တာနဲ့ ကင်မရာစနစ်က တစ်ခါတည်း ပွင့်လာမှာ ဖြစ်ပါတယ်။ မြင်တွေ့ရတဲ့ ကင်မရာမြင်ကွင်းပေါ်မှာ အသုံးပြုနိုင်မယ့် စနစ်တွေကတော့ ပုံမှန် ဖုန်းကင်မရာတွေမှာ မြင်တွေ့နေကျ စနစ်ပုံစံမျိုးတွေနဲ့ ဆင်တူပါတယ်။ ဒါပေမဲ့ ထူးခြားတာကတော့ ဆော့ဖ်ဝဲရဲ့ Setting စနစ်ပါပဲ။ ကျွန်တော်တို့ Setting ထဲကို နှိပ်လိုက်ပါမယ်။

Setting ကို နှိပ်လိုက်ရင်တော့ ခုလိုမျိုးမြင်တွေ့ ရပါလိမ့်မယ်။

Setting ထဲမှာ အသုံးပြုနိုင်မယ့် စနစ်တွေကို အပေါ်မှာ ဘားတန်းလေးခု ပြသပေးထားတာ ရှိပါတယ်။

ပထမဆုံး ထိပ်ဆုံးကစနစ်ကတော့ ကင်မရာအတွက် ချိန်ညှိနိုင်မယ့် နည်းလမ်းတွေဖြစ်ပြီး ဒုတိယ စနစ်တစ်ခုဖြစ်တဲ့ ဓာတ်ပုံ ပုံစံသင်္ကေတကတော့ ဓာတ်ပုံရဲ့ အရည်အသွေး Pixel နဲ့ ဘယ်နေရာတွေမှာ သိမ်းဆည်းမယ်ဆိုတာကို ရွေးချယ်သတ်မှတ်နိုင်တဲ့ နေရာဖြစ်ပါတယ်။
တတိယ စနစ်ဖြစ်တဲ့ ဗီဒီယို အခွေပုံစံ သင်္ကေတကတော့ ဗီဒီယိုနဲ့သက်ဆိုင်တဲ့ Resolution တွေနဲ့ File Format တွေကို ရွေးချယ်နိုင်တဲ့ နေရာဖြစ်ပါတယ်။
လေးခုမြောက် စနစ်ဖြစ်တဲ့ Setting ပုံသင်္ကေတကတော့ ဆော့ဖ်ဝဲရဲ့ Setting တွေကို စုစည်းပေးထားတဲ့ နေရာဖြစ်ပါတယ်။ ပထမဆုံး ဓာတ်ပုံစနစ်အတွက် ကင်မရာချိန်ညှိခြင်းတွေကို စတင်လေ့လာ ကြည့်ကြပါမယ်။

ကင်မရာထဲကို ဝင်လိုက်ရင် ခုလိုမျိုးမြင် ရပါလိမ့်မယ်။

မြင်တွေ့ရတဲ့ မြင်ကွင်းမှာတော့ DSLR ကင်မရာတွေမှာ ဓာတ်ပုံကို Manual စနစ်နဲ့ ရိုက်သလိုမျိုး ကိုယ်တိုင်စိတ်ကြိုက် အလင်းအမှောင်တွေနဲ့ White Balance, Effect, ISO, Exposure အစရှိတဲ့ စနစ်ပေါင်းများစွာကို စိတ်ကြိုက်ချိန်ညှိပြီး ရိုက်နိုင်ပါတယ်။
ဥပမာအနေနဲ့ ပထမဆုံး White Balance ကို ချိန်ညှိကြည့် ကြပါမယ်။ White Balance ကို ချိန်ညှိနိုင်ဖို့အတွက် စနစ်ထဲကို ဝင်လိုက်ရင်တော့ ခုလိုမျိုးမြင်တွေ့ရ ပါလိမ့်မယ်။

မြင်တွေ့ရမယ့် မြင်ကွင်းမှာ အသုံးပြုနိုင်မယ့် White Balance စနစ်ပေါင်းများစွာကို စိတ်ကြိုက်ရွေးချယ် အသုံးပြုနိုင်ပါတယ်။
ဒါက White Balance ထဲမှာပဲ ရှိပါသေးတယ်။ ISO ထဲကိုဝင်လိုက်မယ် ဆိုရင်တော့ ISO 1600 ထိ အသုံးပြုနိုင်တာကို မြင်တွေ့ရပါ လိမ့်မယ်။
Exposure ထဲကို ဝင်လိုက်မယ်ဆိုရင်လည်း အသုံးပြုနိုင်မယ့် Exposure စနစ်ပေါင်းများစွာကို မြင်တွေ့နိုင်ပါတယ်။ Focus Mode လည်း ပါဝင်တဲ့အတွက် Focus  စနစ်တွေကိုလည်း ကိုယ့်စိတ်ကြိုက်ပုံစံမျိုးနဲ့ ပြောင်းလဲချိန်ညှိ အသုံးပြုနိုင်ပါတယ်။
 
 
Thiha Htike(THT)
(ယခုတင်ပေးသောAppအား " ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး) "တွင်အခမဲ့လာရောက်ထည့်သွင်းနိုင်ပါတယ်ခင်ဗျာ)



အဆင်​​ပြေပါ​စေ

ကို​နေဇင်​ (MMiTO)



ကျ​နော်​တင်​သမျှကို Facebook ကတိုက်​ရိုက်​လိုချင်​ရင်
ဒီ​နေရာမှာ
Like တစ်​ချက်​​ပေးခဲ့ပါ





No comments:

Post a Comment

G730-U00 Emergercy data Error fix 100%

မင်္ဂလာပါ  Huawei G730-U00 Emergercy data Error fix 100%  လေပါ ညီတစ်ယောက် အလှူ ခံရင် တင်ထားတာပါ  Zip file လေကို ဒေါင်းပြီ password ကို အလှူ ငေ...