Showing posts with label iOS Tutorial. Show all posts
Showing posts with label iOS Tutorial. Show all posts

iOS Device များကို Jailbreak မလုပ်မှီ ဖုန်းထဲမှ Data ဖိုင်များကို အလွယ်တကူ Backup လုပ်ပြီး သိမ်းဆည်းထားနည်း

မင်္ဂလာပါ
ဒီတစ်ခါ ကျနော်ပြန်လည်မျှဝေချင်တာကတော့
iDevice တွေအတွက် မသိမိဖြစ်တဲ့ နည်းပညာလေးတစ်ခုဖြစ်ပါတယ်။

 iOS Device တစ်ခုကို သေသေချာချာလေးလုပ်တတ်သွားပြီဆိုရင်တော့
ကျန်တဲ့ Device အားလုံးလည်း ထို့အတူပဲဆိုတာကို သတိထားစေချင်ပါတယ်။

iDevice ကို Jailbreaking မလုပ်ခင် မိမိဖုန်း/tablet တို့မှာရှိတဲ့
အရေးကြီးတဲ့ Data တွေကို သိမ်းထားနည်းကိုတော့ iDevice ကို
ချစ်မြတ်နိုင်းသူတိုင်း လုံးဝသိထားရမယ့် အပိုင်းဖြစ်ပါတ။

Jailbreak လုပ်လိုက်တာနဲ့ Data တွေပျောက်ဆုံးပျက်စီးခဲ့မယ်ဆိုရင်
ပြီးတော့ Backup လုပ်ထားတာမျိုးလည်း မရှိဘူးဆိုရင်တော့
မိမိမှ သိမ်းဆည်းထားတဲ့ Data တွေကို ပြန်လည်ရယူနိုင်ဖို့က
တော်တော် မလွယ်တော့တဲ့ ကိစ္စတစ်ခုပါ။

Android Device က မိမိဖုန်း/Tablet တွေကို အလွယ်တကူ
Backup & Restore လုပ်ရန် လွယ်ကူပေမယ့် ဒီ iDevice တွေ
အတွက်တော့ အလေ့အထမရှိတဲ့သူတွေနဲ့ လေ့လာခါစ ကိုင်ခါစ
ညီကိုတွေအတွက် တော့ လုံးဝအခက်ကြီးတစ်ခု ဖြစ်မယ်ထင်ပါတယ်။

အခုကျနော် ရှင်းပြသွားမှာ iTunes ဆော့ဝဲကိုအသုံးပြု ပြီး
သိမ်းဆည်းထားနည်းကိုရော့ iCloud ကို အကောက်ကို အသုံးပြု ပြီး
ဖုန်း/Tablet တွေမှာတင် Backup လုပ်နည်း များကိုလည်း
အသေးစစ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်။

iTunes ဆော့ဝဲကို အသုံးပြု ပြီး Data များကို Backup လုပ်ပြီး
သိမ်းဆားထားနည်း (၁)
====================
၁။ ပထမဆုံး iTunes ဆော့ဝဲ နောက်ဆုံးထွက်လေးကို
အောက်ကလင့်မှာဒေါင်းလော့ရယူနိုင်သလို၊ iTunes ဆော့ဝဲကို
မိမိကွန်ပျူ တာရဲ့ OS Device နဲ့ကိုက်ညီမယ့် 32/64 Bit တွေကို
ကွန်ပျူ တာမှာ အလွယ်တကူ အင်စတောလုပ်နည်းကိုလည်း
လေ့လာကြည့်လိုက်ပါ။

iTunes ဗားရှင်းအားလုံး ကွန်ပျူ တာမှာ အလွယ်တကူ အင်စတောလုပ်နည်း

၂။ မိမိကွန်ပျူ တာမှာ iTunes ဆော့ဝဲကို အောင်မြင်စွာ
အင်စတောလုပ်ပြီးပြီဆိုရင်တော့ ဖုန်း/Tablet ကို
ကွန်ပျူ တာနဲ့ ချိတ်ဆက်လိုက်ပါ။

၃။ ပြီးရင် iTunes ဆော့ဝဲကို ဖွင့်လိုက်ပါ

၎။ ကွန်ပျူ တာမှာ iTunes ဆော့ဝဲနဲ့ ချိတ်ဆက်ပြီးတဲ့ အခါ
 အောက်ကပုံအတိုင်း ပေါ်နေပါလိမ့်မယ်။
 အဲဒီမှာ iTunes ဆော့ဝဲရဲ့အထက်
 sidebar မှာ မိမိဖုန်းနာမည်နဲ့ ဖေါ်ပြနေပါလိမ့်မယ်။
Right Click တစ်ချက်ထောက်လိုက်ပါ။
၅။ အောက်ကပုံအတိုင်းပေါ်လာတဲ့အခါ
 Backup ဆိုတာကိုနှိပ်လိုက်ပါ
၆။ အောက်ကပုံအတိုင်းပေးလာခဲ့ရင်တော့ Backup Now
ဆိုတာကို ထပ်နှိပ်ပေးလိုက်ပါ။
၇။ Backup လုပ်ပြီးတာနဲ့ Backup process ပြီးအောင်ထိ
စောင့်နေပေးလိုက်ပါ၊ ပြီးရင်တော့ မိမိကွန်ပျူ တာရဲ့ Documents ထဲကို
သွားကြည့်လိုက်ပါ မိမိ ဖုန်း/Tablet များကို အောင်မြင်စွာနဲ့
Backup လုပ်ပြီး သိမ်းဆည်းထားခြင်း ကိစ္စပြီးဆုံးပြီး ဖြစ်ပါတယ်။

iTunes ဆော့ဝဲကို အသုံးပြု ပြီး Data များကို Backup လုပ်ပြီး
သိမ်းဆားထားနည်း (၂)
 =========================
 ဒီတစ်ခါ Official ရဲ့ နည်းလမ်းအတိုင်း ရှင်းပြပေးသွားမှာ
ဖြစ်ပါတယ်။ အောက်မှာ လေ့လာကြည့်လိုက်ပါ

၁။ ပထမဆုံး iTunes ဆော့ဝဲ နောက်ဆုံးထွက်လေးကို
အောက်ကလင့်မှာဒေါင်းလော့ရယူနိုင်သလို၊ iTunes ဆော့ဝဲကို
မိမိကွန်ပျူ တာရဲ့ OS Device နဲ့ကိုက်ညီမယ့် 32/64 Bit တွေကို
ကွန်ပျူ တာမှာ အလွယ်တကူ အင်စတောလုပ်နည်းကိုလည်း
လေ့လာကြည့်လိုက်ပါ။

iTunes ဗားရှင်းအားလုံး ကွန်ပျူ တာမှာ အလွယ်တကူ အင်စတောလုပ်နည်း

၂။ မိမိကွန်ပျူ တာမှာ iTunes ဆော့ဝဲကို အောင်မြင်စွာ
အင်စတောလုပ်ပြီးပြီဆိုရင်တော့ ဖုန်း/Tablet ကို
ကွန်ပျူ တာနဲ့ ချိတ်ဆက်လိုက်ပါ။

၃။ ပြီးရင် iTunes ဆော့ဝဲကို ဖွင့်လိုက်ပါ

၎။ ကွန်ပျူ တာမှာ iTunes ဆော့ဝဲနဲ့ ချိတ်ဆက်ပြီးတဲ့ အခါ
 အောက်ကပုံအတိုင်း ပေါ်နေပါလိမ့်မယ်။
အထက် File> Devices > Back up ဆိုတာကိုနှိပ်ပေးလိုက်ပါ။


 ၅။ Backup လုပ်ပြီးတာနဲ့ Backup process ပြီးအောင်ထိစောင့်နေပေးလိုက်ပါ၊
 ပြီးရင် iTunes ဆော့ဝဲကို ဖွင့်ပါ၊ Preferences ဆိုတာကိုထပ်နှိပ်ပါ။
iPhone/iPad/တွေရဲ့ နာမည်နဲ့ မိမိBackup လုပ်ထားတဲ့ အချိန်အတိအကျနဲ့
နေ့တွေပါ အသေအချာ မြင်ရမှာဖြစ်ပါတယ်။

 iCloud အကောက်ကိုအသုံးပြု ပြီး Data များကို Backup လုပ်ပြီး
သိမ်းဆည်းထားနည်း
=========================
၁။ iCloud အကောက်ကို အသုံးပြု ပြီး Backup လုပ်မှာဖြစ်လို့
သင့်မှာ iCloud အကောက်တစ်ခုရှိနေရပါမယ်။
iCloud အကောက်သာရှိနေခဲ့ရင်တော့ automatic
 %100% လောက် Backup လုပ်ရတာ လွယ်ကူပါတယ်။

၂။ Settings > iCloud > Backup
တကယ် သင့်ဖုန်းက iOS 7 Device သာဖြစ်နေခဲ့ရင်တော့
 Settings > iCloud > Storage & Backup ဆိုတာကို
တစ်ဆင့်ချင်းနှိပ်သွားလိုက်ပါ။

၃။ တကယ်လို့ သင့်ဖုန်းမှာ iCloud Backup ဆိုတဲ့
နေရာမှာ Turn on လုပ်လို့မရှိသေးရင်တော့Turn on လုပ်ပေးလိုက်ပါ။

၎။  ပြီးရင် Backup Now ဆိုတာကို နှိပ်ပေးလိုက်ပါ။
၅။ ဘာမှ ထပ်လုပ်ပေးစာမလိုပဲ သူ့အလိုလို Data
 တွေအားလုံးကို Backup လုပ်နေပါလိမ့်မယ်။
၆။ အားလုံးပြီးသွားရင်တော့ သင့်ဖုန်း/Tablet တွေမှာ
iCloud အကောက်ကိုအသုံးပြု ပြီး Backup လုပ်ခြင်း
ကိစ္စအောင်မြင်စွာပြီးဆုံးပါပြီ။

ဒီ iDevice ဆိုင်ရာ Data များအားလုံးကို
iTunes ဆော့ဝဲနဲ့ iCloud အကောက်တွေကို
အသုံးပြု ပြီး Restore အလွယ်တကူ လုပ်ယူနည်းများကိုတော့
အလင့်သင့်သလိုတင်ပေးသွားမှာဖြစ်ပါတယ်။

အားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့ထင်ပါတယ်။

ခင်မင်လေးစားလျှက်

အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)
 www.zunite.org

FB ချစ်ပရိတ်သတ်ကြီးများခင်ဗျား ဇူးနစ်(နည်းပညာ) ဆိုက်မှာ ဖုန်းဆော့ဝဲ ဂိမ်းများ သတင်းစသော အသစ်ကလေးများကို အချိန်နဲ့တစ်ပြေးညီ တင်ပေးနေတာမို့ FB Page လေးကို  LIKE ပေးပြီး အားပေးနိုင်ပါတယ်။(အားလုံးကို ကျေးဇူးတင်ပါတယ်)




 

G730-U00 Emergercy data Error fix 100%

မင်္ဂလာပါ  Huawei G730-U00 Emergercy data Error fix 100%  လေပါ ညီတစ်ယောက် အလှူ ခံရင် တင်ထားတာပါ  Zip file လေကို ဒေါင်းပြီ password ကို အလှူ ငေ...