၃၆၀ ဒီဂရီလှည့်၍ ကြည့်ရှုနိုင်သော ဗီဒီယိုကြော်ငြာများကို YouTube ပြသပေးမည်





Google သည် ကြော်ငြာများကို လူအများ စိတ်ဝင်စားလာစေရန် iOS, Android နှင့် Chrome တွင် ၃၆၀ ဒီဂရီ လှည့်လည်၍ ကြည့်ရှုမည့် ဗီဒီယိုကို ထောက်ပံ့ပေးထားသည်။

ဘီယာအမှတ်တံဆိပ် Bud Light သည် Google ၏ TrueView ကြော်ငြာ paltform အသုံးပြုထားသော feature ပါဝင်သည့် ပထမဆုံး ကြော်ငြာဖြစ်လာသည်။ PC သုံးစွဲသူများသည် ၃၆၀ ဒီဂရီလှည့်လည် ကြည့်ရှုနိုင်သည့် ဗီဒီယိုများကို mouse အသုံးပြု၍ ကြည့်ရှုနိုင်မည် ဖြစ်သည်။ မိုဘိုင်းဖုန်း သုံးစွဲသူများအနေဖြင့် ဖုန်းအားအနည်းငယ် စောင်းငဲ့၍ ၃၆၀ ဒီဂရီမြင်ကွင်းကို ကြည့်ရှုနိုင်မည် ဖြစ်သည်။ မတ်လက Google သည် ၃၆၀ ဒီဂရီဗီဒီယို ထောက်ပံ့မှု feature ကို မိတ်ဆက်ခဲ့ပြီး ယခင် ၃၆၀ ဒီဂရီ ဗီဒီယိုများသည် လက်ရှိ ဗီဒီယိုများထက် ၃၆ ရာခိုင်နှုန်း ပိုမိုကောင်းမွန်စေရန် စွမ်းဆောင်ခဲ့ကြောင်း ကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။

Ref: TheNextWeb
Credit==>internetjournal

Thiha Htike(THT)
 thihahtike.it@gmail.com

No comments:

Post a Comment

G730-U00 Emergercy data Error fix 100%

မင်္ဂလာပါ  Huawei G730-U00 Emergercy data Error fix 100%  လေပါ ညီတစ်ယောက် အလှူ ခံရင် တင်ထားတာပါ  Zip file လေကို ဒေါင်းပြီ password ကို အလှူ ငေ...