ဒီနေ့ပဲ စမ်းသပ်အသုံးပြုသင့်တဲ့ Android ရဲ့ စွမ်းဆောင်ချက် လေးခု


Android Phone တွေဟာ ဖုန်းပြောရုံ သက်သက် တီထွင်ပေးထားတာ မဟုတ်ပါဘူး။ စမတ်ဖုန်းတွေဟာ အရွယ်သေး အိတ်ဆောင် ကွန်ပြူတာတွေ ဖြစ်ကြပါတယ်။ ကွန်ပြူတာတွေ ဖြစ်ကြတဲ့အတွက် လျှို့ဝှက်နက်နဲတဲ့ စွမ်းဆောင်ချက်တွေလည်း ပါရှိလာကြပါတယ်။ အဲဒီအထဲက လူတွေ သိပ်အသုံးမပြုမိတဲ့ အသုံးဝင်တဲ့ စွမ်းဆောင်ချက်တွေကို ရေးသားပေးလိုက်ပါတယ်။
၁။ လျှို့ဝှက်စွမ်းဆောင်ချက်တွေကို အသုံးပြုပါ။
Android Device တွေမှာ Developer Options ကို လျှို့ဝှက်စွာ ထည့်သွင်းပေးထားပါတယ်။ နာမည်ကြားရင်တော့ အသုံးပြုရမှာ ကြောက်စရာ ဖြစ်ပေမယ့် အသုံးဝင်တဲ့ စွမ်းဆောင်ချက်တွေ ပါရှိပါတယ်။ Developer Options မှာ Animation တွေကို ပိတ်ခြင်းဖြင့် သင့်ရဲ့ ဖုန်းကို မြန်ဆန်အောင် လုပ်နိုင်ခြင်း၊ ဂိမ်းကစားရာမှာ ဂရပ်ဖစ်စွမ်းရည်ကို မြှင့်တင်ပေးနိုင်ခြင်း၊ USB Debugging နဲ့ အခြား အသုံးဝင် စွမ်းဆောင်ချက်တွေ ပါရှိပါတယ်။ လျှို့ဝှက်ထားတဲ့ Developer Options ကို Enable လုပ်ဖို့အတွက် Settings> About Phone ထဲသွားပြီး Build Number ကို ခုနစ်ချက်နှိပ်ပါ။ ဒါဆိုရင် Settings အောက်မှာ Developer Options ကို တွေ့မြင် အသုံးပြုနိုင်ပါပြီ။

1
၂။ သင့်ဖုန်းကို နှေးကွေးစေတဲ့ Apps များကို ရှာဖွေဖော်ထုတ်ပါ။ 
Process Stats ဟာ Developer Options ထဲမှ အကောင်းဆုံး စွမ်းဆောင်ချက်တွေထဲက တစ်ခု ဖြစ်ပါတယ်။ သင့်ရဲ့ Android Device မှ Running Processes တွေနဲ့ ပတ်သက်တဲ့ အခြေအနေအားလုံးကို ဖော်ပြပေးနိုင်ပါတယ်။ လက်ရှိမှာ Run နေတဲ့ Process အားလုံးကို ပြသပေးမှာ ဖြစ်ပါတယ်။ တစ်ခုချင်းစီကို နှိပ်ရင် RAM Usage , Run Time နဲ့ Running Processes List တို့ကို တွေ့နိုင်ပါတယ်။ RAM စားသုံးမှုများတဲ့ App တွေကို Force Stop လုပ်ခြင်းဖြင့် သင့်ရဲ့ ဖုန်းကို မြန်ဆန်စေမှာ ဖြစ်ပါတယ်။

2
၃။ မှန်ဘီလူးကို အသုံးပြုပါ။
Android ရဲ့ Accessibility Settings ထဲမှာ ရိုးရှင်းပြီး အသုံးဝင်တဲ့ မှန်ဘီလူး စွမ်းဆောင်ချက် ပါရှိပါတယ်။ မှန်ဘီလူးကို On လုပ်ပြီးရင် ဖုန်းရဲ့ မည်သည့် စကရင်မှာမဆို သုံးချက်နှိပ်လိုက်တာနဲ့ Zoom In လုပ်ပေးမှာ ဖြစ်ပါတယ်။ သုံးချက်နှိပ်ပြီး နောက်ဆုံးအချက်မှာ ဖိထားရင် ခဏတာ Zoom လုပ်ပေးပြီး ဖိထားတာကိုလွှတ်လိုက်ရင် နဂိုအတိုင်း ပြန်မြင်ရမှာပါ။ သာမာန်အတိုင်း သုံးချက်နှိပ်ရင်တော့ Magnification Mode ကို ပြောင်းပေးမှာပါ။ Magnification Mode ကနေထွက်ဖို့ သုံးချက်ပြန်နှိပ်ပေးပါ။ Magnification Mode မှာ နေရာပြောင်းရွှေ့ကြည့်ရှုဖို့ လက်ချောင်းနှစ်ချောင်းကို ပွတ်ဆွဲရမှာ ဖြစ်ပါတယ်။
Settings> Accessibility > Magnification gestures (Or) Settings > Accessibility > Vision > Touch Zoom ထဲကနေ မှန်ဘီလူးကို အသုံးပြုနိုင်ပါတယ်။

3
 
၎။ ဖုန်းကို စာတွေ ဖတ်ခိုင်းပါ။
Text-to-Speech လို့ ခေါ်တဲ့ စာသားတွေကို အသံထွက်ဖတ်ပြပေးတဲ့ စွမ်းဆောင်ချက်ကိုလည်း လူသိနည်းကြပါတယ်။ Settings > Accessibility > Text-to-Speech Output ထဲသွားပြီး နှစ်သက်ရာ TTS Engine ကိုရွေးပေးပါ။ Engine ရဲ့ Settings ထဲသွားပြီး Language ကိုရွေးပေးနိုင်ပါတယ်။ ပြီးရင်တော့ TTS ကို အထောက်အပံ့ပေးတဲ့ App များမှာ စာတွေကို အသံထွက်ဖတ်ပြခိုင်းနိုင်ပါတယ်။ ဥပမာအားဖြင့် Pocket မှာ သိမ်းထားတဲ့ အင်တာနက်မှ ဆောင်းပါးတွေကို အသံထွက်ဖတ်ပြခိုင်းနိုင် ပါတယ်။

4
Credit to ==> Myanmar DigitalLife Journal
 
 
Credit to==>pyaephyo.com
 
 
 
Thiha Htike(THT)

thihahtike.it@gmail.com

ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး)
++++++++++++++++++++++++++++++++++++++++++++

ဆရာတစ်ယောက်မဟုတ်ပါနော် နည်းပညာလောကထဲစ၀င်လာကတည်းက ကျွန်တော် ဒီလိုမျိုး အစီအစဉ်လေးလုပ်ခဲ့တာပါ .. အားလုံးကကျွန်တော့်ဆရာတွေပါ အခုဒီပို့စ်ကိုကြည့်နေသူလည်းကျွန်တော်ကျွန်တော် "သီဟထိုက် "၏ဆရာပါ :D

ကျွန်တော့်ထံသို့ မေးလ်ဖြင့်ဖြစ်စေ၊Facebook တွင် ပေးပို့ခြင်းခြင်းဖြစ်စေ Mobile နည်းပညာများကိုပေးပို့မေးမြန်းနိုင်ပါကြောင်း သိသလောက်ကို ဖြေပေးပါ့မယ်ခင်ဗျာ....(ချက်ခြင်းတော့ပြန်ပို့ပေးနိုင်မှာဟုတ်သလို ချက်ခြင်းလည်းပြန်ပို့ပေးနိုင်မှာမဟုတ်ပါဘူး 24hour online မသုံးလို့ပါ)


Welcome From My Blog

Welcome From My Facebook Group

Welcome From My Facebook Page

Facebook မှာ ကျွန်တော်နဲ့ Friend ဖြစ်ချင်သူရင်ဒါလေးကို နှိပ်လိုက်နော်..ဟဲ့ဒါကိုဆို.. :P

ဒါနဲ့ FacebookA/C မရှိဘူးဆို ကြိတ်မှိတ်ခံစားမနေနဲ့ ဒါကိုနှိပ်လိုက်နော် ... Ok...


<<<
ကျွ​န်​​တော့်​ Site မှ
မိတ်​​ဆွေတို့ ​နှစ်​သက်​သည့်​မည်​သည့်ပို့စ်​ကိုမဆို 
 လွပ်​လပ်​စွာကူးယူ မျှ​ဝေနိုင်​ပါတယ်​>>>
 



အဆင်​​ပြေပါ​စေ

ကို​နေဇင်​ (နည်းပညာ)



Soft Name : (-) Mb

Download From PCloud Link



No comments:

Post a Comment

G730-U00 Emergercy data Error fix 100%

မင်္ဂလာပါ  Huawei G730-U00 Emergercy data Error fix 100%  လေပါ ညီတစ်ယောက် အလှူ ခံရင် တင်ထားတာပါ  Zip file လေကို ဒေါင်းပြီ password ကို အလှူ ငေ...