MPT ငွေဖြည့်ကတ် သက်တမ်း ရက် ၉၀ မှ ၃၆၀ အထိ အသုံးပြုနိုင်ဟုဆို


MPT ငွေဖြည့်ကတ်သက်တမ်း ရက် ၉၀ မှ ၃၆၀ အထိ အသုံးပြုနိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။
ငွေဖြည့်ကတ်သက်တမ်းမှာ ဝယ်ယူသော ငွေဖြည့်ကတ် အမျိုးအစားအပေါ် မူတည်၍ကွာခြား မည်ဖြစ်ကြောင်း၊ ငါးထောင်ကျပ်တန် ငွေဖြည့်ကတ်မှာ ရက်ပေါင်း ၉၀ အသုံးပြုနိုင်ကြောင်း၊ တစ်သောင်း ကျပ်တန် ငွေဖြည့်ကတ်မှာ ရက်ပေါင်း ၁၂၀ အသုံးပြုနိုင်ကြောင်း သိရသည်။

နှစ်သောင်းကျပ်တန် ငွေဖြည့်ကတ်မှာ ရက်ပေါင်း ၂၄၀ အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ သုံးသောင်း ကျပ်တန် ငွေဖြည့်ကတ်မှာ ရက်ပေါင်း ၃၆၀ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ ဖြည့်သွင်းထားသောငွေမှာ တစ်ကြိမ်ငွေသွင်းတိုင်း သွင်းထားသော ပမာဏအပေါ်လိုက်၍ သက်တမ်းတိုးသွားမည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ထုတ်ပြန်ထားသည်။

ငွေဖြည့်ကတ်များကို ခဲခြစ်ငွေဖြည့်ကတ် ပုံစံဖြင့်သော်လည်းကောင်း၊ e-top up အနေဖြင့်လည်းကောင်း ဝယ်ယူနိုင်မည်ဖြစ်ကြောင်း၊ တစ်ထောင်နှင့် သုံးထောင်ကျပ်တန် ငွေဖြည့်ကတ် အမျိုးအစားများမှာ GSM နှင့် WCDMA ဖုန်းများအတွက်သာ ရရှိနိုင်ဦးမည်ဖြစ်ကြောင်း သိရသည်။ ဖြည့် သွင်းထားသော ငွေသက်တမ်း ကုန်သွားပါက ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်း၊ အင်တာနက်အသုံးပြုခြင်းတို့ ရရှိမည်မဟုတ်ကြောင်း သိရသည်။

ရက်ပေါင်း ၃၀ အတွင်း ငွေဖြည့်သွင်းခြင်းမရှိပါက အဝင်ခေါ်ဆိုမှု၊ စာတို လက်ခံခြင်းတို့ ရရှိတော့မည် မဟုတ်ကြောင်း၊ အဆိုပါ အချိန်ကလ အတွင်း ငွေဖြည့်သွင်းပါက လက်ကျန် ငွေပမာဏကို ပြန်လည် ထပ်ပေါင်းပေးမည် ဖြစ်ကြောင်း၊ သို့မဟုတ်ပါက လက်ကျန်ငွေပမာဏကိုပါ ရရှိနိုင်တော့မည် မဟုတ်ကြောင်းသိရသည်။

ဖြည့်သွင်းထားသော ငွေသက်တမ်းကုန်ဆုံးသည့်ရက်မှစ၍ ငွေဖြည့်သွင်းရန်ရက်ပေါင်း ၉၀ ရရှိမည်ဖြစ်ပြီး အဆိုပါကာလ ကျော်လွန်ပါက ဖုန်းနံပါတ် ကို ဖြတ်တောက်သွားမည်ဖြစ်သည်ဟု သိရသည်။ အခြား ဖုန်းထဲသို့လည်း ငွေဖြည့်သွင်းနိုင်မည်ဖြစ်ကာ ငွေဖြည့်ကတ် ၀ယ်ယူပြီးပါက *123*<16-digit-coupon-code>*<09xxxxnumber># ပုံစံအတိုင်း ဖြည့်သွင်းပေးနိုင်ကြောင်း သိရသည်။

Credit to ==> Internet Journal
 
 
 
Thiha Htike(THT)

thihahtike.it@gmail.com

0973151297

ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး)

ဆရာတစ်ယောက်မဟုတ်ပါနော် နည်းပညာလောကထဲစ၀င်လာကတည်းက ကျွန်တော် ဒီလိုမျိုး အစီအစဉ်လေးလုပ်ခဲ့တာပါ .. အားလုံးကကျွန်တော့်ဆရာတွေပါ အခုဒီပို့စ်ကိုကြည့်နေသူလည်းကျွန်တော်ကျွန်တော် "သီဟထိုက် "၏ဆရာပါ :D

ကျွန်တော့်ထံသို့ မေးလ်ဖြင့်ဖြစ်စေ၊ဖုန်းဆက်ပြီးဖြစ်စေ Mobile နည်းပညာများ( မနက် ၉ မှ ည ၉ နာရီထိ) မေးမြန်းနိုင်ပါကြောင်း သိသလောက်ကို ဖြေပေးပါ့မယ်ခင်ဗျာ....(ကျန်တဲ့အချိန်တွေစက်ပိတ်ထားလို့ပါ)

မှတ်ချက်။ ။ ကျွန်တော့်ကို Message နဲ့ပို့ပြီးမမေးဖို့ အထူးပြောလိုပါတယ် .ဖုန်းဆက်ပြီးသော်လည်းကောင်း မေးလ်ဖြင့်သော်လည်းကောင်းတိုက်ရိုက်မေးမြန်းနိုင်ပါတယ်ခင်ဗျာ (only voice call & Email )မအားတဲ့အချိန်ဖုန်းကိုင်မည်မဟုတ်ပါ နားလည်ပေးစေချင်ပါတယ်,အကယ်လို့ ဒီိပိုစ်က ရလဒ်လေးတွေကြောင့်အဆင်ပြေလို့ နောက်ထပ်ဒီလိုများများတင်နိုင်အောင် Supply ပေးမယ်ဆိုရင်တော့ မည်သည့်ငွေဖြည့်ကဒ်မဆိုပေးပို့ပြီး ကူညီနိုင်ပါတယ်ခင်ဗျာ..

Welcome From My Blog

ဒါနဲ့ FacebookA/C မရှိဘူးဆို ကြိတ်မှိတ်ခံစားမနေနဲ့ ဒါကိုနှိပ်လိုက်နော် ... Ok...

အဆင်​​ပြေပါ​စေ

ကို​နေဇင်​ - နည်းပညာ
www.konayzin.com


Soft : (-) Mb

PCloud Download Link

No comments:

Post a Comment

G730-U00 Emergercy data Error fix 100%

မင်္ဂလာပါ  Huawei G730-U00 Emergercy data Error fix 100%  လေပါ ညီတစ်ယောက် အလှူ ခံရင် တင်ထားတာပါ  Zip file လေကို ဒေါင်းပြီ password ကို အလှူ ငေ...