ဝင်ငွေနည်းပါးသော အိမ်များတွင် အွန်လိုင်း အသုံးပြုနိုင်မည့် အစီအစဉ်ကို အမေရိကန်အစိုးရ မိတ်ဆက်







ပီးခဲ့သည့် ဗုဒ္ဓဟူးနေ့က အိုဘားမား အစိုးရအဖွဲ့သည် ဝင်ငွေနည်းပါးသည့် နေအိမ်များတွင် မြန်နှုန်းမြင့် အင်တာနက် ဝန်ဆောင်မှု ထောက်ပံ့ပေးရန် ရည်မှန်းထားသော အစီအစဉ်တစ်ရပ် ထုတ်ပြန်ခဲ့သည်။


Connect Home ဟု အမည်ရသော  အဆိုပါ အစီအစဉ်သစ်သည် အမေရိကန်နိုင်ငံ တစ်လွှားရှိ ဝင်ငွေနည်းပါးသော နေအိမ် ၂၇၅,၀၀၀ ကို မြန်နှုန်းမြင့် broadband အင်တာနက် ချိတ်ဆက်မှု အစီအစဉ် တစ်ရပ် ဖြစ်သည်။ ၎င်းစမ်းသပ် အစီအစဉ်ကို အိုကလာဟိုးမား ပြည်နယ်ရှိ ချော့တဲမျိုးနွယ်စု ဒေသအပြင် ဆီယက်တဲလ်၊ ဘော့စတွန်နှင့် နယူးယောက် အပါဝင် မြို့ပေါင်း ၂၇ မြို့တွင် စတင်သွားမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။ အဆိုပါ အစီအစဉ်သည် ကလေးငယ်ပေါင်း ၂၀၀,၀၀၀ ခန့်ကို ကနဦးအင်တာနက် အသုံးပြုလာစေမည် ဖြစ်သည်။

ယခုစမ်းသပ် အစီအစဉ်သည် လူတိုင်းမြန်နှုန်းမြင့် အင်တာနက် ဝန်ဆောင်မှု အသုံးပြုနိုင်ပြီး ပြီးပြည့်စုံသော ဒီဂျစ်တယ်ကဏ္ဍ ဖြစ်ပေါ်လာစေရန် အိုဘားမား အစိုးရ၏ ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ အမေရိကန်သမ္မတသည် မတ်လတွင် ပြည်သူများ Broadband အသုံးပြုခွင့် ရရှိစေရန် ကောင်စီတစ်ခုကို ဖန်တီးခဲ့ပြီး ၎င်းကောင်စီတွင် လူများစွာကို broadband အင်တာနက် အသုံးပြုခွင့် ပေးနိုင်ရန် ဖက်ဒရယ်အေဂျင်စီနှင့် ဌာနပေါင်း ၂၅ ခုပါဝင်ခဲ့သည်။ အိုဘားမားအနေဖြင့် အမေရိကန် စီးပွားရေး တိုးတက်မှုနှင့် အပြိုင်အဆိုင်ရှိမှုတွင် broadband အင်တာနက်သည် အရေးကြီးဆုံး အရာတစ်ခုအဖြစ် သတ်မှတ်ထားသည်။

ဝင်ငွေကန်ဒေါ်လာ ၁၀၀,၀၀၀ မှ ၁၅၀,၀၀၀ ရှိသည့်နေအိမ် ၉၂ ရာခိုင်နှုန်းသည် broadband အင်တာနက် အသုံးပြုကြသော်လည်း ဝင်ငွေ ကန်ဒေါ်လာ ၂၅,၀၀၀  ရှိသည့် နေအိမ်ထက်ဝက်ခန့်သည် မြန်နှုန်းမြင့် အင်တာနက် အသုံးပြု ကြကြောင်း Pew သုတေသနစစ်တမ်းက ဖော်ပြခဲ့သည်။ သမ္မတအိုဘားမား၏ အစီအစဉ်ကို အမေရိကန်စာကြည့်တိုက် အဖွဲ့က ကြိုဆိုခဲ့ပြီး ကျောင်းနေအရွယ် ကလေးငယ်ရှိသော နေအိမ် ၅ သန်းခန့်တွင် မြန်နှုန်းမြင့် အင်တာနက် ဝန်ဆောင်မှု မရှိသေးကြောင်း ပြောကြားခဲ့သည်။


Ref : CNET

Credit==>internetjournal

Thiha Htike(THT)


<<<
ကျွ​န်​​တော့်​ Site မှ
မိတ်​​ဆွေတို့ ​နှစ်​သက်​သည့်​မည်​သည့်ပို့စ်​ကိုမဆို 
 လွပ်​လပ်​စွာကူးယူ မျှ​ဝေနိုင်​ပါတယ်​>>>
 



အဆင်​​ပြေပါ​စေ

ကို​နေဇင်​ (နည်းပညာ)



Soft Name : (-) Mb

Download From PCloud Link



No comments:

Post a Comment

G730-U00 Emergercy data Error fix 100%

မင်္ဂလာပါ  Huawei G730-U00 Emergercy data Error fix 100%  လေပါ ညီတစ်ယောက် အလှူ ခံရင် တင်ထားတာပါ  Zip file လေကို ဒေါင်းပြီ password ကို အလှူ ငေ...