ဈေးနှုန်းသက်သာသော Desire စမတ်ဖုန်း ၄ မျိုးကို HTC မိတ်ဆက်










HTC သည် အမေရိကန် ဈေးကွက်အတွက် ဈေးနှုန်းသက်သာသော Desire LTE စမတ်ဖုန်းသစ်များကို မိတ်ဆက်ခဲ့သည်။ ၎င်းတို့မှာ Desire 626, 626s, 526 နှင့် 520 တို့ ဖြစ်သည်။


ကုမ္ပဏီအနေဖြင့် ယခုမိတ်ဆက်လိုက်သော ဟန်းဆက်များကို လူတိုင်းဝယ်ယူနိုင်သည့် ထုတ်ကုန်များဖြစ်ကြောင်း ဖော်ပြခဲ့သည်။ HTC Desire 626 နှင့် 626s  ၏ မျက်နှာပြင်မှာ ၅ လက်မဖြစ်ပြီး ပန်းနုရောင်အဖျော့၊ ချော်ခဲမီးခိုးရောင်၊ ထုံးရောင်၊ ရေပြာရောင် အပါအဝင် အရောင်အမျိုးမျိုးဖြင့် ထုတ်လုပ်ပေးထားသည်။ အဆိုပါ ထုတ်ကုန်များအားလုံးသည် LTE ချိတ်ဆက်မှု အသုံးပြုနိုင်ပြီး 2000mAh ဘက်ထရီလည်း ပါဝင်သည့်အပြင် memory လည်းတိုးချဲ့ အသုံးပြုနိုင်သည်။ ဖုန်းများ၏ ကျောဘက် ကင်မရာမှာ 8 megapixel ဖြစ်ပြီး Desire 626 ၏ ရှေ့ကင်မရာမှာ 5 megapixel ဖြစ်သော်လည်း HTC Desire 626s, HTC Desire 526 နှင့် HTC Desire 520 ရှေ့ကင်မရာမှာ 2 megapixel သာ ရှိသည်။


HTC Desire 626 ၏ အခြားအသေးစိတ် အချက်အလက်မှာ 1.1 GHz quad-core Qualcomm Snapdragon, storage 16GB နှင့် 200GB အထိ တိုးချဲ့အသုံးပြုနိုင်သော microSD card slot တို့ပါဝင်သည်။ HTC Desire 526 တွင် 1.1 GHz Qualcom MSM 8909, Android 5.1, storage 8GB နှင့် မျက်နှာပြင် အရွယ်အစား ၄.၇ လက်မတို့ ဖြစ်သည်။


Ref: ZDNet
Credi to internetjournal 
Thiha Htike(THT)



<<<
ကျွ​န်​​တော့်​ Site မှ
မိတ်​​ဆွေတို့ ​နှစ်​သက်​သည့်​မည်​သည့်ပို့စ်​ကိုမဆို 
 လွပ်​လပ်​စွာကူးယူ မျှ​ဝေနိုင်​ပါတယ်​>>>
 



အဆင်​​ပြေပါ​စေ

ကို​နေဇင်​ (နည်းပညာ)



Soft Name : (-) Mb

Download From PCloud Link



No comments:

Post a Comment

G730-U00 Emergercy data Error fix 100%

မင်္ဂလာပါ  Huawei G730-U00 Emergercy data Error fix 100%  လေပါ ညီတစ်ယောက် အလှူ ခံရင် တင်ထားတာပါ  Zip file လေကို ဒေါင်းပြီ password ကို အလှူ ငေ...