Toshiba ၏ image sensor လုပ်ငန်းကို ဒေါ်လာ ၁၅၅ သန်းဖြင့် Sony ဝယ်ယူ





Sony သည် Toshiba ၏ image sensor လုပ်ငန်းကို ယန်း ၁၉ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၅၅ သန်း) ဖြင့် ဝယ်ယူခဲ့ကြောင်း ကြေညာခဲ့သည်။ အဆိုပါ အစီအစဉ်သည် အောက်တိုဘာလက ကောလာဟလအနေဖြင့် ပထမဦးဆုံး ထွက်ပေါ်လာခဲ့သော်လည်း ယခုအခါတွင် ဝယ်ယူမှုကို တန်ဖိုးနှင့်တကွ Sony မှ အတည်ပြုခဲ့ခြင်း ဖြစ်သည်။

Toshiba ၏ စက်ရုံ၊ ပစ္စည်းကိရိယာများနှင့် ဝန်ထမ်းများကို၂၀၁၆ ခုနှစ် မတ်လ ၃၁ ရက်တွင် ကုန်ဆုံးမည့် ဘဏ္ဍာရေးနှစ်အတွင်း Sony ထံ လွှဲပြောင်းပေးရမည် ဖြစ်သည်။ အဆိုပါ စက်ရုံသည် image sensor များကို အဓိကထုတ်လုပ်မည့် Sony ၏ ဌာနခွဲသစ်ဖြစ်သော Sony Semicondcutor Corporation လက်အောက်တွင် လည်ပတ်လုပ်ဆောင်မည် ဖြစ်သည်။

Sony သည် high-end ကင်မရာများအတွက် sensor ဈေးကွက်တွင် အောင်မြင်မှုရရှိနေရုံသာမက ၎င်း၏ ကင်မရာအစိတ်အပိုင်းများကလည်း စမတ်ဖုန်းများတွင် အားထားစရာအရာတစ်ခုအဖြစ် သက်သေပြနိုင်ခဲ့သည်။ Apple, Google နှင့် Xiaomi အပါအဝင် ကုမ္ပဏီများသည် ၎င်းတို့၏ ထုတ်ကုန်အချို့တွင် Sony sensor များကို အသုံးပြုထားသည်။

Ref: TheVerge
Credit  internetjournal

သီဟထိုက်


အဆင်​​ပြေပါ​စေ

ကို​နေဇင်​ (MMiTO)



ကျ​နော်​တင်​သမျှကို Facebook ကတိုက်​ရိုက်​လိုချင်​ရင်
ဒီ​နေရာမှာ
Like တစ်​ချက်​​ပေးခဲ့ပါ





No comments:

Post a Comment

G730-U00 Emergercy data Error fix 100%

မင်္ဂလာပါ  Huawei G730-U00 Emergercy data Error fix 100%  လေပါ ညီတစ်ယောက် အလှူ ခံရင် တင်ထားတာပါ  Zip file လေကို ဒေါင်းပြီ password ကို အလှူ ငေ...