ငါးရက်အတွင်း Microsoft Surface Book များ အကုန်ရောင်းချခဲ့ရ





အောက်တိုဘာလ ၇ ရက်မှစတင်ကာ ကြိုတင်မှာယူများ လက်ခံခဲ့ပြီးနောက် Surface Book လက်တော့ပ်များ အကုန်ရောင်းချခဲ့ရကြောင်း Microsoft မှ ပြောကြားသည်။

လက်တော့ပ်တွင် ပါဝင်သော ကီးဘုတ်ကိုဖြုတ်၍ tablet အသွင်ဖြင့် သုံးနိုင်သည့် Windows 10 ထုတ်ကုန်ကို အောက်တိုဘာလ ၂၆ ရက်တွင် သုံးစွဲသူများထံ တင်ပို့ရောင်းချမည် ဖြစ်သည်။

“Surface Book အတွက် များပြားလှတဲ့ ဝယ်လိုအားကို ကျွန်တော်တို့ တွေ့မြင်ခဲ့ပါတယ်။ အောက်တိုဘာလ ၂၆ ရက်မှာ ရရှိနိုင်ဖို့အတွက် ကြိုတင်မှာယူနိုင်မယ့် အရေအတွက်အားလုံး ရောင်းကုန်သွားပါပြီ။ အောက်တိုဘာလ ၂၆ ရက်ကျရင် စတိုးဆိုင်တွေမှာ Surface Book ကို နည်းပါးတဲ့ အရေအတွက်နဲ့သာ ရနိုင်ပါမယ်။ အွန်လိုင်းမှာ ထပ်မံ မှာယူနိုင်မယ့်အချိန်နဲ့ တင်ပို့ရောင်းချမယ့်အချိန်ကို ထပ်မံကြေညာသွားပါမယ်” ဟု Microsoft ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။

Microsoft သည် Surface Book ကို အောက်တိုဘာလ ၆ ရက်တွင် ပွဲထုတ်မိတ်ဆက်ပေးခဲ့ပြီး ၎င်းသည် ဖန်တီးခဲ့သမျှ ကွန်ပျူတာများတွင် အပါးလွှာဆုံးနှင့် စွမ်းဆောင်ရည်အမြင့်ဆုံး ဖြစ်ကြောင်း ဆိုခဲ့သည်။
Surface Book သည် ဈေးနှုန်းမြင့်မားပြီး တန်ဖိုးမှာ ၁,၄၉၉ ဒေါ်လာမှ ၂,၆၉၉ ဒေါ်လာအထိ ကျသင့်မည် ဖြစ်သည်။ ၎င်းတွင် ၁၃.၅ လက် 3,000 x 2,000 pixel display နှင့် နောက်ဆုံးပေါ် Intel Core processor အသုံးပြုထားပြီး ဘက်ထရီကို ၁၂ နာရီအထိ အသုံးပြုနိုင်မည် ဖြစ်သည်။

Ref: CNET
Credit  internetjournal

သီဟထိုက်
Credit internetjournal



အဆင်​​ပြေပါ​စေ

ကို​နေဇင်​ (MMiTO)



ကျ​နော်​တင်​သမျှကို Facebook ကတိုက်​ရိုက်​လိုချင်​ရင်
ဒီ​နေရာမှာ
Like တစ်​ချက်​​ပေးခဲ့ပါ





No comments:

Post a Comment

G730-U00 Emergercy data Error fix 100%

မင်္ဂလာပါ  Huawei G730-U00 Emergercy data Error fix 100%  လေပါ ညီတစ်ယောက် အလှူ ခံရင် တင်ထားတာပါ  Zip file လေကို ဒေါင်းပြီ password ကို အလှူ ငေ...