BeeTalk ၏ Public Account အား လူတိုင်းအသုံးပြုနိုင်ရန် စတင်





BeeTalk ၏ Public Account အား လူတိုင်းအသုံးပြုနိုင်ရန် စတင်ဆောင်ရွက်လိုက်ကြောင်း သတင်းရရှိသည်။
BeeTalk Chatting App မှ မြန်မာနိုင်ငံရှိ အသုံးပြုသူများအတွက် BeeTalk Public Account Admin Platform ကို လူတိုင်းအသုံးပြုနိုင်ရန် စတင်လိုက်ခြင်း ဖြစ်သည်။

“အခု BeeTalk မှာ ဖွင့်ထားတဲ့ Public Account ၇၀ ရှိပြီ။ အဲ့ဒီ့အထဲမှာ အားကစား၊ ကျန်းမာရေး၊ ဖျော်ဖြေရေး၊ မီဒီယာ အစရှိတာတွေ ပါဝင်ပါတယ်။ Public Account တွေ အများကြီးဖြစ်လာတဲ့ အတွက် သတင်းအချက်အလက်တွေကို ရှာဖွေနေစရာမလိုဘဲ ဖုန်းထဲကို အမြဲတမ်းရောက်ရှိနေမှာပါ” ဟု BeeTalk မြန်မာ၏ Marketing Manager မနန်းမိုက ပြောသည်။

Public Account တစ်ခုပြုလုပ်ရန်အတွက် အီးမေးလ်၊ ကိုယ်ရေးအချက်အလက်များနှင့် မျက်နှာထင်ရှားစွာမြင်ရသော ဓာတ်ပုံတစ်ပုံ လိုအပ်မည်ဖြစ်သည်။ BeeTalk တွင် Public Account မှတ်ပုံတင်ခြင်း ပြုလုပ်မည်ဆိုပါက သတ်မှတ်ထားသော မှတ်ပုံတင်ရန် နေရာသို့ဝင်ရောက်ပြီး (၁) Basic Information (၂) Email activation (၃) User Information (၄) Account Information တို့ကို အဆင့်ဆင့် ဖြည့်စွက်ရမည်ဖြစ်သည်။ မှတ်ပုံတင်ပြီးပါက BeeTalk မှ ယင်းအချက်အလက်များကို စစ်ဆေး၍ ခွင့်ပြုပေးမည်ဖြစ်ကြောင်း၊ စတင် အသုံးပြုနိုင်ရန် စာတိုပို့ပေးမည်ဖြစ်ကြောင်း၊ ယင်းနောက် အကောင့် စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

BeeTalk မိုဘိုင်း application မှာ ၂၀၁၅ ခုနှစ် ဇန်န၀ါရီလတွင် မြန်မာနိုင်ငံ၌ စတင်ခဲ့ခြင်းဖြစ်ပြီး ကိုယ်ပိုင် အကောင့်မှ တစ်ဆင့် followers များ အကန့်အသတ် မရှိ စုဆောင်းခြင်း၊ သတင်း အချက်အလက်များ ပျံ့နှံ့ရောက်ရှိစေခြင်း၊ Digital Marketing များ ပြုလုပ်နိုင်ခြင်း စသည်တို့ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း သိရသည်။ BeeTalk ၏ Public Account အား လူတိုင်း အသုံးပြုနိုင်ရန် စတင်ဆောင်ရွက်ခြင်း အခမ်းအနားကို အောက်တိုဘာလ ၁၄ ရက်က နိုဗိုတယ်ဟိုတယ်တွင် ကျင်းပခဲ့သည်။

Credit  internetjournal

သီဟထိုက်
My Facebook Account Click





အဆင်​​ပြေပါ​စေ

ကို​နေဇင်​ (MMiTO)



ကျ​နော်​တင်​သမျှကို Facebook ကတိုက်​ရိုက်​လိုချင်​ရင်
ဒီ​နေရာမှာ
Like တစ်​ချက်​​ပေးခဲ့ပါ





No comments:

Post a Comment

G730-U00 Emergercy data Error fix 100%

မင်္ဂလာပါ  Huawei G730-U00 Emergercy data Error fix 100%  လေပါ ညီတစ်ယောက် အလှူ ခံရင် တင်ထားတာပါ  Zip file လေကို ဒေါင်းပြီ password ကို အလှူ ငေ...