မာစတာ၊ ဗီဇာကတ် အသုံးပြုကာ နိုင်ငံတကာငွေကြေး ၂၅ မျိုးဖြင့် ရေဘေးအတွက် လှူဒါန်းနိုင်
ရေဘေးအတွက် နိုင်ငံတကာမှအလှူရှင်များ လှူဒါန်းလိုပါက မာစတာ၊ ဇီဇာကတ်တို့ဖြင့် www.ysfmyanmar.org ဝက်ဘ်ဆိုက်တွင် ဝင်ရောက်လှူဒါန်းနိုင်ကြောင်း သိရသည်။
အဆိုပါ ဝက်ဘ်ဆိုက်သို့ဝင်ရောက်ပြီး Donate Us ကိုနှိပ်၍ လှူဒါန်းနိုင်မည်ဖြစ်သည်။
"ရေဘေးအတွက် ပြည်ပမှာနေထိုင်တဲ့သူတွေ လှူဒါန်းနိုင်အောင် စီစဉ်ပေးတာပါ" ဟု Youth Social Force ပရဟိတလူငယ်များအသင်းမှ ကိုရဲပြည့်သူက ပြောသည်။
နိုင်ငံတကာမှအလှူငွေများကို ဝက်ဘ်ဆိုက်မှတစ်ဆင့် ကောက်ခံခြင်းအား သြဂုတ်လ ၂ ရက်တွင် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ကောက်ခံရရှိလာသည့် အလှူငွေများကို ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသော အသင်းအဖွဲ့များသို့ ပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။
Facebook အသုံးပြုသူများအနေဖြင့် နိုင်ငံတကာက နားလည်သဘောပေါက်စေရန် #saveMyanmar hash tag ဖြင့် Facebook တွင် ကျစ်လျစ်စေရန်လည်းကောင်း၊ နားလည်သဘောပေါက်ပြီး Donate Button အားထည့်ပေးရန် request လုပ်ခြင်းအားလည်းကောင်း လုပ်ဆောင်နေကြောင်း၊ အဆိုပါ Donate Button မရခင် YSF ဝက်ဘ်ဆိုက်၏ Donate Button မှ ကူညီပေးမည်ဖြစ်ကြောင်း ဆိုသည်။
ငွေကြေး ၂၅ မျိုးဖြင့် မာစတာကတ်၊ ဗီဇာကတ်တို့မှတစ်ဆင့် လှူဒါန်းလာသော အလှူငွေများအား ကယ်ဆယ်ရေး ဆောင်ရွက်နေသော ဒေသခံအသင်းများ၊ ကွန်ရက်များ၊ အသင်းကြီးများအား တိုက်ရိုက်လှူဒါန်းသွားမည်ဟု သိရသည်။
YSF မန္တလေးအသင်းခွဲမှ ဇူလိုင်လ ၂၂ ရက်တွင် တက္ကသိုလ်များ၊ အသင်းအဖွဲ့များ၊ အလှူရှင်များကိုယ်စား ကျပ် ၉၁ သိန်းကျော်ကို လှူဒါန်းပြီးဖြစ်၍ ထပ်မံ သွားရောက်တော့မည် မဟုတ်ဘဲ ဝက်ဘ်ဆိုက်မှ ရရှိလာသော အလှူငွေများကို အခြားအသင်းအဖွဲ့များသို့ တိုက်ရိုက် လှူဒါန်းရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ Youth Social Force အဖွဲ့ကို ၂၀၁၃ ခုနှစ် နိုဝင်ဘာက ရန်ကုန်မြို့တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၁၄ ခုနှစ် ဇူလိုင်လတွင် မန္တလေး၊ ၂၀၁၅ ခုနှစ် ဇန်န၀ါရီလတွင် နိုင်ငံခုနစ်နိုင်ငံတို့တွင် ထပ်မံဖွဲ့စည်းထားပြီး လက်ရှိ အဖွဲ့ဝင်ပေါင်း ၇၀၀ ကျော်ရှိကြောင်း သိရသည်။
Ref&Credit==>internetjournal
Thiha Htike(THT)
thihahtike.it@gmail.com
Subscribe to:
Post Comments (Atom)
G730-U00 Emergercy data Error fix 100%
မင်္ဂလာပါ Huawei G730-U00 Emergercy data Error fix 100% လေပါ ညီတစ်ယောက် အလှူ ခံရင် တင်ထားတာပါ Zip file လေကို ဒေါင်းပြီ password ကို အလှူ ငေ...
-
သီချင်ဝါသနာအိုးတွေအတွက် မိမိ Android ဖုန်း မှာတင် အပြတ်ဟဲလို့ ရမယ့် Sing Play ဆိုတဲ့ Apk လေးတင်ပေးလိုက်ပါတယ် ဒီapk လေးရဲ့ ကော...
-
ဖုန်းနဲ့တင် Drum တီးချင်သူတွေအတွက် Drum Set ဆိုတဲ့ Apk လေးတင်ပေးလိုက်ပါတယ် . . . အပျင်းပြေလေးတီးလို့ရတာပေါ့ . . တီးချင်ရင်...
No comments:
Post a Comment