EPSON အမှတ်တံဆိပ် L-Series ပရင်တာများ မိတ်ဆ





EPSON အမှတ်တံဆိပ် L-Series ပရင်တာများ မိတ်ဆက်ပွဲကို သြဂုတ်လ ၂၀ ရက် ညနေ ၆ နာရီက Chatrium Hotel Royal Lake, Ball Room ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် L220, L310, L360, L365 နှင့် L565 မော်ဒယ်ပရင်တာများကို မိတ်ဆက်ပြသခဲ့သည်။ L220 ပရင်တာမှာ လုပ်ဆောင်ချက် မျိုးစုံပါရှိသော ပရင်တာဖြစ်ပြီး တစ်မိနစ်လျှင် စာရွက် ၂၇ ရွက် (27ppm) အမြန်နှုန်းဖြင့် ပရင့်ထုတ်ပေးနိုင်ပြီး ကုန်ကျစရိတ် အသက်သာဆုံး ဖြစ်သည်ဟု သိရသည်။

မင်ဘူးတစ်စုံလျှင် ရောင်စုံ စာရွက် ၆၅၀၀ နှင့် အဖြူ ၊ အမည်းစာရွက် ၄၀၀၀ အထိ ထုတ်ပေးနိုင်မည်ဖြစ်သည်။ L310 ပရင်တာမှာ လုပ်ငန်းတစ်မျိုးတည်းသာ အသုံးပြုနိုင်သည့် ပရင်တာအမျိုးအစား ဖြစ်သည်။ L360 နှင့် L365 ပရင်တာများသည် လုပ်ဆောင်ချက်မျိုးစုံသုံး ပရင်တာများဖြစ်ပြီး ကုန်ကျစရိတ် ထိရောက်မှုအရှိဆုံး ပရင်တာများ ဖြစ်သည်ဟု သိရသည်။ တစ်မိနစ်လျှင် စာရွက် ၃၃ ရွက် (33 ppm) အမြန်နှုန်းဖြင့် ပရင့်ထုတ်ပေးနိုင်မည်ဖြစ်သည်။ L365 မော်ဒယ်ပရင်တာတွင် ဝိုင်ဖိုင် ဆက်သွယ်မှုပါရှိပြီး Epson Connect ဆော့ဖ်ဝဲနှင့် တွဲဖက်အသုံးပြုနိုင်သည့်အတွက် သုံးစွဲသူများက မိုဘိုင်း ပစ္စည်းများမှတစ်ဆင့် L365 ပရင်တာဖြင့် ပရင့်ထုတ်နိုင်မည်ဖြစ်သည်။

L565 ပရင်တာမှာ အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် လုပ်ဆောင်ချက်မျိုးစုံသုံး ပရင်တာ ဖြစ်သည်။ ထုထည် ကြီးမားသော ပရင့်လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ဒီဇိုင်းထုတ်ထားပြီး အလိုအလျောက် စာရွက်ပေးသွင်းနိုင်သည့်စနစ် တပ်ဆင်ထားသဖြင့် အဆင်ပြေလွယ်ကူစွာ အသုံးပြုနိုင်မည်ဖြစ်သည်။

အဆိုပါ ပရင်တာမှာ ဝိုင်ဖိုင်၊ မိုဘိုင်းပစ္စည်းများနှင့် တိုက်ရိုက်ချိတ်ဆက်လုပ်ကိုင်နိုင်မည်ဖြစ်သည်။ Apple AirPrint, Google Cloud Print နှင့် Mopria Print Service ဆော့ဖ်ဝဲများနည်းတူ Epson Connect ဆော့ဖ်ဝဲကို ထည့်သွင်း အသုံးပြုထားသည့်အတွက် L565 ပရင်တာကို ကြိုးမဲ့နည်းဖြင့် ပရင့်ထုတ်နိုင် မည် ဖြစ်သည်။

သုံးစွဲသူများ၏ ယုံကြည်စိတ်ချမှုရရှိစေရန်အတွက်လည်း Epson မှ အသစ်မိတ်ဆက်လိုက်သည့် ပရင်တာစက်များနှင့် ပရင်တာစက်ခေါင်းများ၏ အာမခံသက်တမ်းကို တစ်နှစ်မှ နှစ်နှစ်သို့ တိုးမြှင့်ပေးထားကြောင်း သိရသည်။

EPSON မှ အသစ်မိတ်ဆက်လိုက်သည့် L-Series ပရင်တာများ၏ တန်ဖိုးမှာ ဒေါ်လာ ၁၅၀ မှ ၅၀၀ ဝန်းကျင်အထိ ရှိမည်ဖြစ်သည်။

Credit  internetjournal
Thiha Htike(THT)
My Facebook Account Click


အဆင်​​ပြေပါ​စေ

ကို​နေဇင်​ (နည်းပညာ)



ကျ​နော်​တင်​သမျှကို Facebook ကတိုက်​ရိုက်​လိုချင်​ရင်
ဒီ​နေရာမှာ
Like တစ်​ချက်​​ပေးခဲ့ပါ





No comments:

Post a Comment

G730-U00 Emergercy data Error fix 100%

မင်္ဂလာပါ  Huawei G730-U00 Emergercy data Error fix 100%  လေပါ ညီတစ်ယောက် အလှူ ခံရင် တင်ထားတာပါ  Zip file လေကို ဒေါင်းပြီ password ကို အလှူ ငေ...