ကွန်ပျူတာကျောင်းမတက်ပဲ Developer ဖြစ်လာသူ

logan thompson
Logan Tompson ဟာ လုပ်ငန်းခွင်မှာ Web Developer တစ်ယောက်အနေနဲ့ အသက်မွေးဝမ်းကျောင်းပြု ရပ်တည်နေတဲ့ လူတစ်ယောက်ပါ။ သူဟာ ကွန်ပျူတာ တက္ကသိုလ်တက်ပြီး ပညာသင်ကြားခဲ့တဲ့လူတစ်ယောက်မဟုတ်ပါဘူး။ သူဟာ Web Development အကြောင်းကို စိတ်ဝင်စားသူတစ်ယောက်ပါ။ သူများတွေရေးထားတဲ့ Website ကိုတွေကိုကြည့်ပြီး ကိုယ်တိုင်လည်း ဖန်တီးတတ်ချင်လာတယ်။ ဒါကြောင့် Web Development နဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကို အွန်လိုင်းကနေ လေ့လာသင်ယူခဲ့ပါတယ်။

အွန်လိုင်းကနေ နားမလည်တဲ့အကြောင်းအရာတွေကိုတော့ Web Development အကြောင်းကို တတ်မြောက်ကျွမ်းကျင်တဲ့ အခြားသူများနဲ့ သူငယ်ချင်းများက မေးမြန်းပါတယ်။ သူဟာကိုယ်ပိုင် လေ့လာခြင်းနဲ့ပဲ Web Developer အဖြစ် လုပ်ငန်းခွင်မှာ အသက်မွေးဝမ်းကျောင်းပြုကာရပ်တည်နေတာဖြစ်ပါတယ်။ Logan Tompson က Web Development အကြောင်းကိုလေ့လာတဲ့အခါ https://www.codecademy.com/ ဆိုတဲ့ Website မှာ သွားရောက်လေ့လာဖြစ်ပါတယ်။

Code Cademy ဆိုတဲ့ Website ဟာ Programming Language များဖြစ်တဲ့ Python , JavaScript , HTML & CSS , PHP နဲ့ jQuery အပြင် အခြားသော language များကိုလည်း လေ့လာနိုင်ပါတယ်။ ဒါ့အပြင် Youtube ကနေလည်း လေ့လာဖြစ်ပါတယ်။

ကွန်ပျူတာ ကျောင်းမတက်ပဲ Devloper အဖြစ် အသက်မွေးဝမ်းကျောင်းပြုချင် တဲ့လူဟာ မိမိစိတ်ဝင်စားတဲ့ Developing ဆိုင်ရာ Language တစ်ခုပေါ်မှာ စိတ်ဝင်စားစွာနဲ့ အမြဲတမ်း လေ့လာနေဖို့လိုပါတယ်။ သင်ခန်းစာတွေတစ်ခုပြီး တစ်ခု လေ့လာပြီးတဲ့အခါ ကိုယ်ပိုင် project တွေကိုပြုလုပ်ပါ။ ကိုယ်ပိုင် Project များလာတာနဲ့အမျှ လုပ်ငန်းခွင်ဝင်တဲ့အခါ Portfolio အဖြစ်ပြသနိုင်ပြီး အသက်မွေးဝမ်းကျောင်းအလုပ်အဖြစ် ရပ်တည်နိုင်မှာဖြစ်ပါတယ်။

Ref : Mashable
 Credit အောင်ကိုထက် (MMAS)

Thiha Htike(THT)
My Facebook Account Click


အဆင်​​ပြေပါ​စေ

ကို​နေဇင်​ (နည်းပညာ)



ကျ​နော်​တင်​သမျှကို Facebook ကတိုက်​ရိုက်​လိုချင်​ရင်
ဒီ​နေရာမှာ
Like တစ်​ချက်​​ပေးခဲ့ပါ





No comments:

Post a Comment

G730-U00 Emergercy data Error fix 100%

မင်္ဂလာပါ  Huawei G730-U00 Emergercy data Error fix 100%  လေပါ ညီတစ်ယောက် အလှူ ခံရင် တင်ထားတာပါ  Zip file လေကို ဒေါင်းပြီ password ကို အလှူ ငေ...