iPhone 5c ရောင်းချမှု ရပ်ဆိုင်းရန် Apple စီစဉ်နေ





Apple သည် စက်တင်ဘာလတွင် ဆန်ဖရန်စစ္စကိုမြို့၌ ကျင်းပမည့် ပွဲတွင် iPhone 6s နှင့် iPhone 6s Plus တို့ကို မိတ်ဆက်ပေးသည်နှင့် တစ်ပြိုင်နက် iPhone 5c ရောင်းချမှုကို ရပ်ဆိုင်းရန် စီစဉ်နေကြောင်း 9to5Mac မှ ဖော်ပြခဲ့သည်။

အဆိုပါ သတင်းဌာန၏ အဆိုအရ Apple သည် ၄ လက်မ screen ပါဝင်သော စမတ်ဖုန်းသစ်တစ်မျိုးကို ထုတ်လုပ်ရန် စီစဉ်နေကြောင်း၊ သို့ရာတွင် ၎င်းကို ယခုနှစ်တွင် တင်ပို့ရောင်းချရန် အဆင်သင့် မဖြစ်သေးကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်က Apple သည် ၄.၇ လက်မနှင့် ၅.၅ လက်မ screen အသီးသီးပါဝင်သော iPhone 6 နှင့် iPhone 6 Plus တို့ကို မတ်ဆက်ပေးခဲ့သည်။ ယခင် iPhone 5s တွင်မူ ၄ လက်မ display ကို အသုံးပြုခဲ့သည်။

iPhone 5c ရောင်းချမှုကို ရပ်ဆိုင်းရခြင်းမှာ နှေးကွေးသော ပရိုဆက်ဆာကဲ့သို့သော feature အဟောင်းများနှင့် ရောင်းအားနည်းပါးခြင်းတို့ကြောင့် ဖြစ်ကြောင်း 9to5Mac မှ ဆိုခဲ့သည်။

စက်တင်ဘာလ ၉ ရက်တွင် ကျင်းပမည့် Apple ပွဲတွင် နောက်ဆုံးပေါ် iPhone နှင့်အတူ အဆင့်မြှင့်ထားသော Apple TV set-top box တို့ကို မြင်တွေ့ရဖွယ်ရှိသည်။

Ref: USAToday
Credit  internetjournal
Thiha Htike(THT)



အဆင်​​ပြေပါ​စေ

ကို​နေဇင်​ (နည်းပညာ)



ကျ​နော်​တင်​သမျှကို Facebook ကတိုက်​ရိုက်​လိုချင်​ရင်
ဒီ​နေရာမှာ
Like တစ်​ချက်​​ပေးခဲ့ပါ





No comments:

Post a Comment

G730-U00 Emergercy data Error fix 100%

မင်္ဂလာပါ  Huawei G730-U00 Emergercy data Error fix 100%  လေပါ ညီတစ်ယောက် အလှူ ခံရင် တင်ထားတာပါ  Zip file လေကို ဒေါင်းပြီ password ကို အလှူ ငေ...