OPPO Neo 7 ဝယ်ယူတာနဲ့ MPT ရဲ့ ခြောက်လ ဆက်တိုက် အင်တာနက် အခမဲ့သုံးစွဲခွင့်ရရှိနိုင်ပြီ





OPPO Neo7 ဖုန်းဝယ်ယူ အသုံးပြုသူများ အတွက် ကျပ်နှစ်သောင်း တန်ဖိုးရှိ ဆုလက်ဆောင်ငါးမျိုး ပေးသွားမည့် အစီအစဉ်အား ပြုလုပ်ပေးခဲ့ပြီးနောက် ယင်း ဆုလက်ဆောင်များ အပြင် OPPO မှ မြန်မာ့ဆက်သွယ်ရေး MPT နှင့်အတူ ပူးပေါင်းကာ အထူးအစီအစဉ်တစ်ခုအား ထပ်မံ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းအစီအစဉ်မှာ Neo 7 ၀ယ်ယူသူ များအနေဖြင့် ကျပ်နှစ်သောင်းတန်ဖိုးရှိ ဆုလက်ဆောင်များအပြင် MPT Sim ကတ်တစ်ကတ်နှင့်အတူ 777MB ပမာဏရှိ အင်တာနက် သုံးစွဲခွင့်အား လစဉ်  ၆ လ ဆက်တိုက် အခမဲ့ရရှိသွားမည်ဖြစ်ကြောင်း သိရသည်။

“MPT အနေနဲ့ OPPO Myanmar နဲ့ ပူးပေါင်းပြီး အခုလို ပြည်တွင်းက မိုဘိုင်းဖုန်းသုံးစွဲသူတွေ ကြိုက်နှစ်သက်မယ့် လက်ဆောင်အစီအစဉ်ကို ပြုလုပ်ပေးနိုင်တဲ့ အတွက် စိတ်လှုပ်ရှားမိပါတယ်။ ပြီးတော့ မိုဘိုင်းဆက်သွယ်ရေး နယ်ပယ်မှာ ဦးဆောင်နေတဲ့ MPT နဲ့ OPPO တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံက မိုဘိုင်းဖုန်း အသုံးပြုသူတွေကို ထူးခြားတဲ့ လက်ဆောင် အစီအစဉ်တွေ ပေးချင်တာပါ” ဟု MPT-KSGM Joint Operation မှ Mr. Koichi Kawase, Chief Commercial Officer မှ ပြောသည်။

OPPO Myanmar ၏ အမှုဆောင်အရာရှိချုပ် Mr. David Tang က လည်း “မြန်မာနိုင်ငံရဲ့ မိုဘိုင်းဖုန်းဈေး ကွက်အတွင်းမှာ လူငယ်တွေကြား ရေပန်းစားနေတဲ့ OPPO Neo 7 အနေနဲ့ MPT နဲ့ လက်တွဲပြီး ပြည်တွင်းမိုဘိုင်းဖုန်း သုံးစွဲသူတွေအတွက် အခုလို အခမဲ့ အင်တာနက် သုံးစွဲခွင့်တွေကို ပြုလုပ်ပေးနိုင်တဲ့ အတွက် အများကြီးဝမ်းသာမိပါတယ်” ဟု ပြောသည်။
OPPO Neo 7 နှင့် MPT တို့ ပူးပေါင်းပြုလုပ်သည့် အထက်ပါ ဆုလက်ဆောင် အစီအစဉ်များကို ရရှိသူများအနေဖြင့် မိမိတို့ ဖုန်းတွင် တစ်လလျှင်အနည်းဆုံး ဖုန်း အတွင်း ဖြည့်သွင်းငွေ တစ်ထောင်ကျပ် ထည့်သွင်းထားရမည် ဖြစ်သည်။

မျက်နှာပြင်အကျယ် ၅.၅ လက်မရှိ OPPO Neo7 ဖုန်းအား ပြည်တွင်း မိုဘိုင်းဖုန်းဈေးကွက်သို့ ၂၀၁၅ နိုဝင်ဘာလတွင် ကျပ် ၁၉၉,၀၀၀ ဖြင့် စတင်ရောင်းချခဲ့ပြီး Neo 7 ၏ Product Ambassador များအဖြစ် နိုင်ငံကျော် အဆိုတော် မျိုးကြီး၊ ခင်ဝင့်ဝါနှင့် ရဲရင့်အောင်တို့ကို ခန့်အပ်ခဲ့ပြီးဖြစ်သည်။

Credit internetjournal
သီဟထိုက်


အဆင်​​ပြေပါ​စေ

ကို​နေဇင်​ (MMiTO)



ကျ​နော်​တင်​သမျှကို Facebook ကတိုက်​ရိုက်​လိုချင်​ရင်
ဒီ​နေရာမှာ
Like တစ်​ချက်​​ပေးခဲ့ပါ





No comments:

Post a Comment

G730-U00 Emergercy data Error fix 100%

မင်္ဂလာပါ  Huawei G730-U00 Emergercy data Error fix 100%  လေပါ ညီတစ်ယောက် အလှူ ခံရင် တင်ထားတာပါ  Zip file လေကို ဒေါင်းပြီ password ကို အလှူ ငေ...