ကဗျာကို နှစ်သက်တဲ့သူတွေအတွက် လက်မလွှတ်ဘဲ အမြဲဆောင့်ဖတ်နေရတဲ့ ကဗျာပို့စ်လေးတစ်ခုပါပဲ
နေ့စဉ်ပုံမှန်ကဗျာ၅ပုဒ်တင်ဖြစ်အောင် အကောင်းဆုံးကြိုစားပါမယ် ဆိုတာနဲ့ ဝေဖန်အကြံပြုလိုသည်ဖြစ်စေ / ကဗျာများရေးသားပေးပို့လိုသည် ဖြစ်စေ ph-0973151297 ကို ရေးသားသူ၏ အမည်၊နေရပ်လိပ်စာ ရေးသားပြီး Viber မှဖြစ်စေ၊sms ဖြင့်ဖြစ်စေ ပေးပို့နိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ် ...နောက်ထပ်လည်း မည်သည့် လူတိုင်းအတွက်အကျိုးရှိစေမယ့်အစီအစဉ်ကောင်းလေးများဖန်တီးနိုင်အောင်လည်း အကြုံပြုနိုင်ပါတယ်ခင်ဗျာ...
ဝေဖန်အကြုံချက်သည် ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ...
အရောင်ဖြူဝင်း၊ ရနံ့သင်း၍
အဆင်းလည်းလှ၊ပြောမ၀အောင်
များပြားလှသည်၊တော်ဝင်သဇင်.....
ရှေးယခင်၊နန်းတွင်းဘုရင်
သူသာလျှင်၊ရှိလေစွဟု
စိတ်အာရုံတွင်၊ဖမ်းယူစွဲငင်
ပြုနိုင်စွမ်းပင်၊တော်ဝင်သဇင်.........
သူသာလျှင်၊ဖြစ်လာရန်လည်း
အပင်ပေါ်အပင်ဆင်လို့၊မြေပေါ်မကျ
ပင်မြင့်ဖျားမှ၊ငွားငွားစွင့်
ဂုဏ်ယူဝင့်ထည်၊ကျက်သရေရှိလှပါဘိ၊တော်ဝင်သဇင်.......
ဩော်.....ရွှေစံပယ်
အသင်သည်လည်း၊နှင်းရည်ကိုသောက်
မြေမှာမြစ်တွယ်၊ပေါက်ရောက်ပါလည်း
သင်၏ရနံ့၊မွှေးပျံ့ပျံ့သည်
မြင်သူတို့၏၊စိတ်သဏာန်ဝယ်,
ကြည်နူးရွှင်လန်းစေလိမ့်မည်။
အဆင်းလည်းလှ၊ပြောမ၀အောင်
များပြားလှသည်၊တော်ဝင်သဇင်.....
ရှေးယခင်၊နန်းတွင်းဘုရင်
သူသာလျှင်၊ရှိလေစွဟု
စိတ်အာရုံတွင်၊ဖမ်းယူစွဲငင်
ပြုနိုင်စွမ်းပင်၊တော်ဝင်သဇင်.........
သူသာလျှင်၊ဖြစ်လာရန်လည်း
အပင်ပေါ်အပင်ဆင်လို့၊မြေပေါ်မကျ
ပင်မြင့်ဖျားမှ၊ငွားငွားစွင့်
ဂုဏ်ယူဝင့်ထည်၊ကျက်သရေရှိလှပါဘိ၊တော်ဝင်သဇင်.......
ဩော်.....ရွှေစံပယ်
အသင်သည်လည်း၊နှင်းရည်ကိုသောက်
မြေမှာမြစ်တွယ်၊ပေါက်ရောက်ပါလည်း
သင်၏ရနံ့၊မွှေးပျံ့ပျံ့သည်
မြင်သူတို့၏၊စိတ်သဏာန်ဝယ်,
ကြည်နူးရွှင်လန်းစေလိမ့်မည်။
ရေးသူ=ဇူး(တောင်တွင်းကြီး)
=============
'အလိမာ'
ငယ်တုန်းကလ္ဘက်ရည်ဆိုင်မှာ စားပွဲထိုးလေးငွေကိုင်သလို
စာရင်းအင်းပိုင်နိုင်စွါ
ငါတွက်နိုင်ချင်မိတယ်
သူငယ်ချင်းရီးစါးထားတဲ့အခါ
အယွင်းမှားမပါအောင်အလေးထားသလို
ငါလဲစါရေးသား တတ်ချင်မိခဲ့တယ်
ချစ်သူလေးများစါရေးသားတဲ့အခါ
ငါ့ကိုများပေးထားလာရင်
ကျွမ်းကျွမ်းကျင်ကျင်ငါဖတ်တတ်ချင်ခဲ့တယ်
ငါတပ်ထဲဝင်တဲ့အခါ
အရာရှိကြီးများစိုင်းထိုးကြပေမင့်
ငါ့မှာတော့ဝိုင်းထိုးတာကိုခံနေခဲ့ရတယ်
ခုတော့ငါရှေ့တန်းထွက်တဲ့အခါ်
မှတ်သားချက်ကိုနားမလည်မိလို့
မိုင်းကွင်းထဲငါဆင်းခဲ့မိတော့တယ်
သြော် ခုငါသေရတော့မယ်
စါတလုံးတော့တတ်ချမိပါတယ်....
ငယ်တုန်းကလ္ဘက်ရည်ဆိုင်မှာ စားပွဲထိုးလေးငွေကိုင်သလို
စာရင်းအင်းပိုင်နိုင်စွါ
ငါတွက်နိုင်ချင်မိတယ်
သူငယ်ချင်းရီးစါးထားတဲ့အခါ
အယွင်းမှားမပါအောင်အလေးထားသလို
ငါလဲစါရေးသား တတ်ချင်မိခဲ့တယ်
ချစ်သူလေးများစါရေးသားတဲ့အခါ
ငါ့ကိုများပေးထားလာရင်
ကျွမ်းကျွမ်းကျင်ကျင်ငါဖတ်တတ်ချင်ခဲ့တယ်
ငါတပ်ထဲဝင်တဲ့အခါ
အရာရှိကြီးများစိုင်းထိုးကြပေမင့်
ငါ့မှာတော့ဝိုင်းထိုးတာကိုခံနေခဲ့ရတယ်
ခုတော့ငါရှေ့တန်းထွက်တဲ့အခါ်
မှတ်သားချက်ကိုနားမလည်မိလို့
မိုင်းကွင်းထဲငါဆင်းခဲ့မိတော့တယ်
သြော် ခုငါသေရတော့မယ်
စါတလုံးတော့တတ်ချမိပါတယ်....
ရေးသူ=KhinMaungWin
pone nar su 13.
BAGO
===========
"အလွမ်း"
တို့နှစ်ယောက်ဝေးသွားတဲ့နေ့ကစပြီး
တိတ်တခိုးရင်ခုန်သံနဲ့
နေ့ရက်တွေကိုအသက်ဆက်သူ
ရေးသူ= သွန်းဆစ်ကြယ်( ကော့ကရိတ်မြို့နယ် )
==========
"အချစ်ဝဋ်ကြွေး"
ချစ်သူ...
တကယ်ဆို ဒို့တွေလမ်းခွဲခဲ့ကြပြီပဲ
နေ့နေ့ညည မေ့မရခဲ့ပါဘူး
မေ့ဖြောက်ဖို့ကြိုးစားတိုင်း
တိုးတိုးပြီးသတိရနေတဲ့ ငါ့စိတ်ကိုလည်းမုန်းတယ်
မဖြစ်နိုင်တော့ဘူးဆိုကာမှ
သူလည်းပဲ ငါ့လိုသတိရနေမလားဆိုတဲ့ခပ်ကြောင်ကြောင်အတွေးတွေကြေင့်
ချစ်သူနဲ့ဝေးရာကို ထွက်ပြေးချင်ပေမယ့်
မင်းမရှိတော့တဲ့ အချိန်ကစပြီး
ပျော်စရာတွေ ပျောက်ဆုံးသွားတဲ့
မနက်ဖြန်ဆိုတာကို အတူကျော်လွှားရင်း
ဒါဟာဝဋ်ကြွေးတစ်ခုဖြစ်မယ်ဆိုရင် ဒီဘဝ ဒီမျှနှင့်သာကျေပါစေ
မသွားနိုင်တဲ့ ငါ့ရဲ့ခြေထောက်တွေကိုလည်းမုန်းတယ်
မသွားနိုင်တဲ့ ငါ့ရဲ့ခြေထောက်တွေကိုလည်းမုန်းတယ်
ဖြစ်ချင်တာထက်ဖြစ်သင့်တာကို ဦးစားပေးရတဲ့ ဘဝကြီးမှာ
ငါဘာများ တတ်နိုင်မှာလည်းချစ်သူရယ်...
ရေးသူ=----(ပေါင်းတည်)
==========
ရေးသူ=လွမ်းကာရံ( စစ်တွေ
ရခိုင် )
ရခိုင် )
သီဟထိုက်
========
အဆင်ပြေပါစေ
ကိုနေဇင် (MMiTO)
ဒီနေရာမှာ
Like တစ်ချက်ပေးခဲ့ပါ

No comments:
Post a Comment