မိသားစုလူနေမှု ဘဝကို ပိုင်ဆိုင်နိုင်ရန် အားပေးတိုက်တွန်းမည့် 3D လမ်းလျှောက်ပြိုင်ပွဲ ကျင်းပမည်





မန်မာနိုင်ငံမှ Modern Retail Market တွင် ထိပ်တန်းကုမ္ပဏီဖြစ်သည့် City Mart Holdings Co., Ltd. (CMHL) နှင့် F & N ကုမ္ပဏီတို့ ပူးပေါင်းကာ Active Family Day Out Event ဖြစ်သည့် မိသားစုလူနေမှုဘဝကို ပိုင်ဆိုင်နိုင်ရန် အားပေးတိုက်တွန်းမည့် 3D လမ်းလျှောက်ပြိုင်ပွဲကြီးအား ဒီဇင်ဘာလ ၆ ရက်၊ နံနက် ၆ နာရီမှ ၁၁ နာရီအထိ ပြည်သူ့ ဥယျာဉ်၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။


အဆိုပါ ပွဲတွင် မိမိ၏ ချစ်သူခင်သူများ၊ မိတ်ဆွေသူငယ်ချင်းများ၊ မိသားစုများနှင့်အတူ တစ်နေ့တာလုံး ပျော်ရွှင်စရာကောင်းသော Activity ပေါင်း မြောက်မြားစွာ ပါဝင်မည်ဖြစ်ပြီး လမ်းလျှောက်သူများ အနေဖြင့် စွန့်စားခန်းသွားရသကဲ့သို့ ပုံပုံပြင်ဆန်ဆန် ခရီးတိုလေးများကို ဖြတ်သန်းရမည်ဖြစ်ပြီး အခြား အစီအစဉ်းများဖြစ်သည့် ဂိမ်းအစီအစဉ်၊ ကျန်းမာရေးဆိုင်ရာ ဆွေးနွေးပွဲများနှင့် ပြိုင်ပွဲများလည်း ပါဝင်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲတွင် အသက်အပိုင်းအခြား အကန့်အသတ်မရှိသော်လည်း လူဦးရေ ၂,၅၀၀ အထိသာ ကန့်သတ်ထားပြီး ပါဝင်လိုသူများအနေဖြင့် City Mart ဆိုင်များဖြစ်သော Golden Valley, Junction Thamine, Junction Maw Tin တို့တွင် နိုဝင်ဘာလ ၁၆ ရက်မှ ဒီဇင်ဘာ ၆ ရက်အထိ စာရင်းပေးသွင်းနိုင်မည် ဖြစ်သည်။

Credit  internetjournal

သီဟထိုက်
My Facebook Account Click




အဆင်​​ပြေပါ​စေ

ကို​နေဇင်​ (MMiTO)



ကျ​နော်​တင်​သမျှကို Facebook ကတိုက်​ရိုက်​လိုချင်​ရင်
ဒီ​နေရာမှာ
Like တစ်​ချက်​​ပေးခဲ့ပါ





No comments:

Post a Comment

G730-U00 Emergercy data Error fix 100%

မင်္ဂလာပါ  Huawei G730-U00 Emergercy data Error fix 100%  လေပါ ညီတစ်ယောက် အလှူ ခံရင် တင်ထားတာပါ  Zip file လေကို ဒေါင်းပြီ password ကို အလှူ ငေ...