Xiaomi Mi 3 Review



ကိုယ်ထည်ဒီဇိုင်းအရရော၊ OS ဒီဇိုင်းအရပါ ကောင်းမွန်တဲ့ တရုတ်ပြည်တွင်းထုတ် အဆင့်မြင့် စမတ်ဖုန်းတစ်လုံး

HANMINSEIN

The Good : Xiaomi ရဲ့ Mi 3 ဖုန်းမှာ လှပတဲ့ အလူမီနီယံ-မဂ္ဂနီဆီယမ်သတ္ထုကိုယ်ထည်ပါရှိလာပြီး စွမ်းဆောင်ရည်ကလည်း မြင့်မားသလို OS UI ကလည်း Android ဖုန်းတွေထဲမှာ အကောင်းဆုံးလို့ ပြောလို့ရပါတယ်။

The Bad : 4G LTE စနစ်ကို support မပေးသလို microSD card slot လည်း မပါရှိပါဘူး။ နောက်ပြီး Mi Store မှာကလည်း တရုတ်စာသားတွေနဲ့ပဲ ရေးသားထားတာကြောင့် Language ပိုင်းမှာ အနည်းငယ်ခက်ခဲနိုင်ပါတယ်။


The Bottom Line : တရုတ်ဖုန်းဆိုပေမယ့် အခြားသော ထိပ်သီးစမတ်ဖုန်းကုမ္ပဏီတွေရဲ့ အဆင့်မြှင့်ဖုန်းတွေကို တန်းတူယှဉ်နိုင်ပါတယ်။ အကယ်၍ သင်ဟာ ငွေ ၃သိန်းအောက်လောက်နဲ့ စွမ်းဆောင်ရည်ကောင်းပြီး ဒီဇိုင်းလှပတဲ့ အဆင့်မြှင့် စမတ်ဖုန်းကိုကိုင်ချင်ရင်တော့ Xiaomi Mi3 ဟာ သင့်အတွက် အသင့်တော်ဆုံးဖုန်းတစ်လုံးဖြစ်မှာပါ။
Xiaomi ဆိုတာ တရုတ်ပြည်တွင်းမှာတော့ ပြီးခဲ့တဲ့နှစ်တွေကတည်းက တရုတ်ပြည်တွင်းဈေးကွက်မှာ နာမည်ရထားပြီးဖြစ်တဲ့ စမတ်ဖုန်းထုတ်လုပ်တဲ့ကုမ္ပဏီဖြစ်ပါတယ်။ လက်ရှိကုမ္ပဏီကို ဦးဆောင်နေသူကတော့ ယခင် Google က အဆင့်မြင့်အမှုဆောင်တစ်ဦးဖြစ်တဲ့ Hugo Barra ပါ။ သူရောက်ပြီးနောက်ပိုင်း Xiaomi ဟာ တရုတ်ပြည်ပဈေးကွက်ကိုလည်း ပိုမိုချဲ့ထွင်နိုင်လာပါတယ်။ ဒီနှစ်မှာပဲ Xiaomi ဟာ အရှေ့တောင်အာရှနဲ့ အခြားသော အာရှနိုင်ငံအချို့မှာ ဈေးကွက်စတင်ချဲ့ထွင်နေပါပြီ။ ဥပမာ-စင်ကာပူ၊မလေး၊ ဟောင်ကောင်၊ ထိုင်ဝမ်နဲ့ အိန္ဒိယလိုနိုင်ငံတွေမှာလည်း Xiaomi သုံးစွဲသူတွေ တဖြည်းဖြည်း များပြားလာပါတယ်။ မြန်မာနိုင်ငံကိုတော့ တရားဝင်မိတ်ဆက်ခြင်းမရှိသေးပေမယ့် Xiaomi ဖုန်းကို တချို့သောဖုန်းသုံးစွဲသူတွေ တော်တော်များများ သတိပြုမိပြီး ဖြစ်ပါလိမ့်မယ်။


ပထမဆုံး Xiaomi ဆိုတာ ဘယ်လိုအသံထွက်ရမလဲလို့ စဉ်းစားနေသူတွေ ရှိပါမယ်။ တရုတ်စာလုံးဖြစ်တာကြောင့် တခြားသူတွေအဖို့ အသံထွက်က မှားယွင်းရင် မှားယွင်းနေပါလိမ့်မယ်။ ရှောက်မီ ဒါမှမဟုတ် ရှောင်မီဆိုတာကတော့ အနီးစပ်ဆုံးဖြစ်ပါလိမ့်မယ်။
Mi3 ဖုန်းက မနှစ်ကတည်းက မိတ်ဆက်ထားတဲ့ဖုန်းဖြစ်ပါတယ်။ ဒီနှစ်လယ်မှာပဲ Xiaomi ဟာ ၄င်းတို့ရဲ့ မျိုးဆက်သစ် Mi4 ဖုန်းကို မိတ်ဆက်ပြီးဖြစ်ပါတယ်။ Mi4 မိတ်ဆက်ပြီးဖြစ်ပေမယ့် Mi3 နဲ့ Mi4 ဟာ ဒီဇိုင်းခြင်းဟာ လုံးဝကွာခြားနေတာကြောင့် ကိုယ်ဘယ်လိုဒီဇိုင်းကိုကြိုက်နှစ်သက်သလဲဆိုတာပေါ်မူတည်ပြီး အကြိုက်ကွဲပြားနိုင်ပါသေးတယ်။ ပြည်တွင်းမှာလည်း Mi4 ရနိုင်ပေမယ့် Mi3 ထက်စာရင် ဈေးနှုန်းကြီးမြှင့်နေသေးပြီး ရှားလည်း ရှားပါသေးတယ်။
Mi 3 ရဲ့ ကိုယ်ထည်တည်ဆောက်ပုံက ကောင်းမွန်လှပါတယ်။ သတ္ထုဟန်ရှိတဲ့ အလူမီနီယံ၊ မဂ္ဂနီဆီယမ်အရောကိုယ်ထည်ကို အသုံးပြုထားပြီး ကိုယ်ထည်ဒီဇိုင်းကလည်း လှပါတယ်။ ၅လက်မအရွယ်ရှိ FullHD မျက်နှာပြင်ပါရှိလာပြီး Gorilla Glass 3 နဲ့လည်း မျက်နှာပြင်အကြမ်းခံနိုင်အောင် ကာကွယ်ထားပါသေးတယ်။ အသေးစိတ်ကြည့်ရအောင်ပါ။

Design and Build Quality

လွန်ခဲ့တဲ့ ၃နှစ်ကစပြီး Mi ဖုန်းတွေကို တရုတ်ပြည်တွင်းမှာ စတင်မိတ်ဆက်ခဲ့ပြီးနောက်ပိုင်း Xiaomi ဟာ တရုတ်ဖုန်းဈေးကွက်မှာ တဖြည်းဖြည်း နေရာရလာပါတယ်။ Mi3 ကလည်း ကုမ္ပဏီရဲ့ အကောင်းဆုံးထုတ်ကုန်တစ်ခုလို့တောင် ဆိုနိုင်ပါတယ်။ ၄င်းမှာ ကြည့်လို့ကောင်းတဲ့ ဒီဇိုင်းနဲ့ ကိုယ်ထည်တည်ဆောက်ပုံ ပါရှိပြီး ၅ လက်မအရွယ်ဖုန်းဆိုတာ အသင့်တော်ဆုံးဆိုဒ်တစ်ခုလို့ ဆိုနိုင်ပါတယ်။

တရုတ်ဖုန်းတွေဆိုရင် ဈေးပေါတယ်၊ ပလတ်စတစ်ကိုယ်ထည်နဲ့သာ လာတယ်၊ ကွာလတီမကောင်းဘူးလို့ သုံးစွဲသူအများစုကထင်ကြပေမယ့် နောက်ပိုင်း တရုတ်ဖုန်းတွေတော်တော်များများဟာ ကွာလတီကောင်းလာတာကိုတွေ့ရပါတယ်။ Mi3 ဖုန်းဟာလည်း ဒီအတိုင်းပါပဲ။ Mi3 ရဲ့ ဖုန်းဒီဇိုင်းက အသေးစိတ်ကအစ ကောင်းမွန်အောင်တည်ဆောက်ထားပါတယ်။ အလေးချိန်က ၁၄၅ ဂရမ်ရှိပြီး ထင်ထားတာထက် ပေါ့တာကိုတွေ့ရပါတယ်။ ဒါကြောင့် သင်လက်ထဲမှာ Mi3 ဖုန်းကိုကိုင်ထားရင် သက်တောင့်သက်သာ ရှိပါလိမ့်မယ်။

ဖုန်းရဲ့ကျောဘက်ဘယ်ဘက်ထိပ်နားမှာတော့ 13MP ရှိ ကင်မရာနဲ့ dual-flash မီးပါရှိပြီး အောက်နားမှာတော့ MI လိုဂိုပါရှိပါတယ်။ ဖုန်းရဲ့အောက်ခြေမှာတော့ စပီကာနဲ့ micro USD အပေါက်ပါရှိပြီး ဖုန်းရဲ့ညာဘက်မှာတော့ ပါဝါခလုတ်နဲ့ အသံခလုတ်တို့ ပါရှိပါတယ်။ ဖုန်းရဲ့ ထိပ်ပိုင်းမှာတော့ ဆင်းကဒ်  slot နဲ့ နားကြပ်ပေါက်ပါရှိပါတယ်။ အခုနောက်ပိုင်းဖုန်းအများစုဟာ သေးငယ်တဲ့ micro (or) nano SIM တွေသုံးလာကြပေမယ့် Mi3 မှာတော့ ပုံမှန်ဆင်းကဒ်ဆိုဒ်ပဲ ထည့်ရမှာဖြစ်ပါတယ်။ CDMA/GSM နဲ့ WCDMA ဆိုပြီး ဗားရှင်း ၂မျိုးနဲ့လာပါတယ်။
ရှေ့မျက်နှာပြင်ရဲ့ ဘယ်ဘက်ထိပ်မှာတော့ MI လိုဂို ပါရှိပြီး အောက်ဘက်မှာတော့ menu buttons တွေပါရှိပါတယ်။ မျက်နှာပြင်အရွယ်အစားက ၅လက်မရှိကာ resolution က 1920x1080 ရှိတာကြောင့် Full HD အရည်အသွေးရှိတဲ့ဖုန်းတစ်လုံးလို့ ဆိုရပါမယ်။

အတွင်းပိုင်းမှာတော့ မြန်နှုန်း 2.3 GHz ရှိ quad-core Qualcomm Snapdragon 800 processor ပါရှိပြီး RAM က 2GB ဖြစ်ကာ Internal Storage ကတော့ 16 GB ပါ။ မှတ်ဥာဏ်ထပ်တိုးဖို့အတွက် microSD card slot မပါတာကြောင့် စိတ်ပျက်စရာပါ။ 64GB ဗားရှင်းလည်းရှိသေးပေမယ့် တရုတ်ပြည်တွင်းဈေးကွက်မှာသာ ရရှိနိုင်ပြီး ပြည်တွင်မှာတော့ 16GB version ပဲ ရှိပါတယ်။ NFC, Bluetooth, WIFI အားလုံးပါရှိပေမယ့် 4G LTE စနစ်ကိုတော့ အထောက်အပံ့ပေးမှာ မဟုတ်ပါဘူး။

Software and features

Xiaomi ဖုန်းတွေရဲ့ အဓိက စိတ်ဝင်စားစရာအကောင်းဆုံးနဲ့ အထင်ရှားဆုံးက အတွင်းမှာပါရှိတဲ့ MIUI ပါပဲ။ Android စနစ်ကို ပိုပြီးလှပသေသပ်အောင် စနစ်တကျပြုပြင်ထားတာဖြစ်ပြီး ရုတ်တရက်ကြည့်ရင် Android OS ထက် iOS လို့တောင် ထင်မှားစရာရှိပါမယ်။ ဒီဇိုင်းပိုင်းကလည်း iOS နဲ့ဆင်တူလှပြီး သပ်သပ်ရပ်ရပ်ရှိတာကို တွေ့ရပါတယ်။ တရုတ်ဘက်က ဝင်တဲ့ဖုန်းဆိုရင် Google Service တွေမရရှိနိုင်တာကိုတော့ သတိပြုရပါမယ်။ စင်ကာပူအလုံးတွေဆိုရင်တော့ Google Service အပြည့်အဝအထောက်အပံ့ပေးပါတယ်။

MIUI ရဲ့ အထင်ရှားဆုံးအရာက Theme ပါပဲ။ ကိုင်တဲ့သူတော်တော်များများကလည်း Theme ဒီဇိုင်းလှလို့ ကိုင်ကြတာ များပါတယ်။ MIUI Theme တွေက သပ်သပ်ရပ်ရပ်ရှိလှပြီး ဖုန်းစနစ်တခုလုံးရဲ့ ဒီဇိုင်းကိုပြောင်းလဲနိုင်တာကြောင့် Theme ပြောင်းတာ ကြိုက်နှစ်သက်တဲ့သူတွေအတွက် အကောင်းဆုံးပါပဲ။ ဥပမာ Ferrari theme ကိုပြောင်းလိုက်ရင် UI design ပြောင်းရုံတင်မက ဖုန်းကို unlock လုပ်တဲ့အချိန်မှာ Ferrari engine နှိုးသံပါထွက်ရှိပါသေးတယ်။ MiStore မှလည်း နုနုရွရွ မိန်းကလေးအကြိုက် Theme ဒီဇိုင်းတွေကစလို့ Transformer လို ခပ်ရှုပ်ရှုပ်နဲ့ ယောက်ျားလေးအကြိုက် Theme ဒီဇိုင်းတွေလည်း အမျိုးအစုံရှိပါတယ်။ နောက်ပြီး Theme တွေထဲကမှ ကိုယ်ကြိုက်နှစ်သက်တဲ့အရာတွေ(ဥပမာ-Icon, Lockscreen) ကိုလည်း သီးခြားစီ ပြုပြင်နိုင်ပါသေးတယ်။

MIUI မှာတော့ App Drawer Icon ပါရှိမှာမဟုတ်ပါဘူး။ iOS လိုပဲ App တွေကို Homescreen မှာ စာမျက်နှာအလိုက် တွေ့ရှိမှာ ဖြစ်ပါတယ်။ ပါရှိတဲ့ Build-in App တွေက သပ်သပ်ရပ်ရပ်ရှိသလို ထူးထူးခြားခြားသုံးနိုင်တဲ့စနစ်တွေလည်း ပါပါသေးတယ်။ ဥပမာ Music App ကို အပြီးဖွင့်တာမဟုတ်ပဲ Icon ပေါ်ကို လက်နဲ့ အောက်ဘက်အသာလေးဆွဲလိုက်ရင် Widget ပုံစံနဲ့ အမြန်ဖော်ပြပေးတဲ့စနစ်တွေလည်း ပါပါသေးတယ်။ ဒီစနစ်ကတော့ Build-in App အနည်းငယ်မှာပဲ ရတာပါ။

Build-in ပါရှိတဲ့ Compass App က ဒီဇိုင်းပိုင်း အတော်သပ်ရပ်တာကိုတွေ့ရပါတယ်။ အခြားသော Weather လို App တွေနဲ့ File Manager လို App တွေလည်း ဒီဇိုင်းပိုင်း လှပသေသပ်တာကို တွေ့ရပါတယ်။ Security လို App ကနေတဆင့် ဖုန်းနံပါတ်တွေကို Block နိုင်သေးသလို Data Monitoring tool ကနေလည်း ဘယ် Application က အင်တာနက်ဒေတာ ဘယ်လောက် သုံးစွဲနေတယ်၊ ဘယ် App တွေကို ဒေတာသုံးစွဲခြင်းကနေရပ်ထားမယ်၊ WiFi ကနေပဲ သုံးစွဲခွင့်ပြုမယ်စသလို အသေးစိတ်ထိန်းချုပ်နိုင်ပါသေးတယ်။ အခုနောက်ပိုင်း ဖုန်းအော်ပရေတာတွေက ဒေတာကနေ ပိုက်ဆံဖြတ်တာကြောင့် အခုလို ပြီးပြည့်စုံတဲ့ Data Monitoring Tool ပါရှိနေတာက စိတ်ကျေနပ်ဖွယ်ရာပါပဲ။
Xiaomi က MIUI ဆိုတာ To made Android much better and Redefining Android လို့ဆိုထားတဲ့အတိုင်း OS တစ်ခုလုံးကို အသေးစိတ်ပြုပြင်ထားပါတယ်။ အကယ်၍ MIUI ROM ကိုပဲ စမ်းသုံးချင်သေးရင်လည်း သင့်ဖုန်းနဲ့ ကိုက်ညီမယ့် ROM ကို Xiaomi website မှာ ဒေါင်းလုဒ်လုပ်နိုင်ပြီး စမ်းသပ်သုံးစွဲကြည့်နိုင်ပါသေးတယ်။

Camera

Xiaomi Mi3 ဖုန်းမှာ 13 Megapixel ရှိ Dual-LED flash camera ပါရှိပြီး ရှေ့ကင်မရာကတော့ 2MP ပါရှိပါတယ်။ Camera App  မှာ ပုံမှန်ဖုန်းတွေလိုပဲ Panorama, HDR နဲ့ အရောင် filter တချို့ရနိုင်ပြီး ထွေထွေထူးထူး feature တွေတော့ မပါရှိပါဘူး။ ဓါတ်ပုံကွာလတီကလည်း ကောင်းမွန်တာကိုတွေ့ရပြီး ကင်မရာပိုင်းစနစ်ကောင်းမွန်တဲ့ဖုန်းလို့ သုံးသပ်နိုင်ပါတယ်။

Performance

ဗားရှင်းဟောင်း Snapdragon 800 processor ပဲ ပါရှိပေမယ့်လည်း သုံးစွဲရာမှာတော့ ထစ်ငေါ့တာမရှိပါဘူး။ သုံးရတာ ချောချောမွေ့မွေ့ရှိလှပါတယ်။ Quadrant benchmark နဲ့ ဖုန်းစွမ်းဆောင်ရည် ရမှတ်တိုင်းတာရာမှာ ၂၁၁၆၄ မှတ် ရရှိတာကိုတွေ့ရပြီး ၄င်းရဲ့ပြိုင်ဘက်လို့ဆိုနိုင်တဲ့ OnePlus One ဖုန်းထက်တော့ အနည်းငယ်နည်းတာကိုတွေ့ရပါတယ်။ ဒါပေမယ့် ဖုန်းရဲ့ စွမ်းဆောင်ရည်တခုလုံးကို ခြုံပြောရရင် သုံးစွဲရတာ ကောင်းမွန်လှတယ်လို့ ဆိုနိုင်ပါတယ်။

Battery life

နောက်ကာဗာက ဖြုတ်တပ်လို့မရပဲ အတွင်းမှာတော့ သိပ်သည်းဆ 3050 mAh ရှိ ဘက်ထရီပါရှပါတယ်။ ပုံမှန်သုံးရင်တော့ ၁ရက်ကျော်ခံတာကိုတွေ့ရပြီး ပိုပြီးကြာရှည်ခံချင်ရင်တော့ ကိုယ်နဲ့သင့်တော်မယ့် Battery Power mode တွေကိုလည်း ရွေးချယ်နိုင်ပါသေးတယ်။

Conclusion


အခုနောက်ပိုင်း တရုတ်ပြည်တွင်းထုတ်ဖုန်းတွေဟာ အဆင့်မှီလာတာကိုတွေ့ရပါတယ်။ ပြည်တွင်းမှာ ဈေးကွက်ချဲ့ထွင်နေတဲ့ တရုတ်ဖုန်းကုမ္ပဏီတွေဖြစ်တဲ့ Oppo, Vivo နဲ့ Lenovo စမတ်ဖုန်းကုမ္ပဏီတွေဟာ အခြားသော ကမ္ဘာ့ထိပ်သီးဖုန်းကုမ္ပဏီတွေလိုပဲ စွမ်းဆောင်ရည်ပိုင်းကောင်းမွန်လာသလို ဈေးနှုန်းပိုင်းကလည်း မတိမ်းမယိမ်းဖြစ်လာတာကို တွေ့ရပါတယ်။

Xiaomi Mi3 ဟာလည်း စွမ်းဆောင်ရည်ပိုင်းအရရော၊ ဒီဇိုင်းပိုင်းအရရော၊ Software အရရော အဘက်ဘက်ကကောင်းမွန်တဲ့အပြင် ဈေးနှုန်းကလည်း ချိုသာပါသေးတယ်။ အဓိက အားနည်းချက်ကတော့ microSD card slot မပါရှိတာကြောင့် Storage များများသုံးစွဲသူတွေအတွက်တော့ စိတ်အနှောင့်အယှက်ဖြစ်စရာပါပဲ။
ခြုံပြောရရင်တော့ သင်ဟာ ဒီဇိုင်းပိုင်းကောင်းပြီး အရည်အသွေးမြင့်ကာ ဈေးနှုန်းချိုသာတဲ့ဖုန်းတစ်လုံး လိုချင်ရင်တော့ Xiaomi Mi3 ဟာသင့်အတွက် အသင့်တော်ဆုံးလို့ဆိုနိုင်ပါတယ်။ Mi3 ကို ကာလာ အနက်နဲ့ အဖြူ ၂မျိုးကို ဈေးနှုန်း ၂၇၀၀၀၀ ဝန်းကျင်နဲ့  Win Mobile, Myanmar Mi Store, Telefono ဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပြီး မန္တလေးမှာတော့ ရွှေနဂါး မိုဘိုင်းမှာ ဝယ်ယူနိုင်ပါတယ်။

Ref : CNET

Credit blog.techspace.com.mm

အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)
 www.zunite.org

FB ချစ်ပရိတ်သတ်ကြီးများခင်ဗျား ဇူးနစ်(နည်းပညာ) ဆိုက်မှာ ဖုန်းဆော့ဝဲ ဂိမ်းများ သတင်းစသော အသစ်ကလေးများကို အချိန်နဲ့တစ်ပြေးညီ တင်ပေးနေတာမို့ FB Page လေးကို  LIKE ပေးပြီး အားပေးနိုင်ပါတယ်။(အားလုံးကို ကျေးဇူးတင်ပါတယ်)



ကို​နေဇင်​ - အ​ခြေခံနည်းပညာ Groupထဲကို
Join Group
လုပ်​​ပေးပါဦး - ​အောက်​ကစာသား​ပေါ်သို့်​နှိပ်​ပီးသွားပါ

ကို​နေဇင်​ - အ​ခြေခံနည်းပညာ Group


Facebook Page သို့ Like
နှိပ်​​ပေးပါဦး -​ ​အောက်​ကစာသား​ပေါ်သို့ နှိပ်​ပီးသွားပါ

ကို​နေဇင်​ - နည်းပညာ Page



အဆင်​​ပြေပါ​စေ

ကို​နေဇင်​ - နည်းပညာ


Soft : ( MB)


<<<  Don't Forget To Say Thanks CLICK HERE TO DOWNLOADDon't Forget To Say Thanks  >>>
 

No comments:

Post a Comment

G730-U00 Emergercy data Error fix 100%

မင်္ဂလာပါ  Huawei G730-U00 Emergercy data Error fix 100%  လေပါ ညီတစ်ယောက် အလှူ ခံရင် တင်ထားတာပါ  Zip file လေကို ဒေါင်းပြီ password ကို အလှူ ငေ...