Samsung Galaxy S Duos S7562 ဖုန်းမှားကို အလွယ်တကူ Root လုပ်ပြီး မြန်မာစာထည့်မယ်

မင်္ဂလာပါ
ဟိုတလောက FB မှ အကူအညီတောင်းလာတဲ့
Galaxy S Dous ဖုန်းနဲ့ မြန်မာစာပြသနာလေးပါ
တော်တော်များများလည်းသိပြီးသားဖြစ်တဲ့ Samsung
ဖုန်းများနဲ့ မြန်မာစာက သိပ်အခက်ကြီးမဟုတ်ဖူးဆိုတာပါပဲ

ဘာကြောင့်လဲဆိုတော့ Samsung ဖုန်းတိုင်းမှာလိုလို
Display>>>Fonts Style ဆိုပြီးပါနေပြီးသားဖြစ်နေလို့ပါ
(ဖုန်းအစစ်ကိုပြောလိုပါသည် China ထုတ်တွေမဟုတ်ပါ)

Font Style ပါပြီးသားဖုန်းတစ်လုံးအတွက်ကတော့
မြန်မာဖောင့်အတွက်ဆိုရင်တော့ Root ဖောက်စရာကိုမလိုတာပါ
ဒါပေမယ့် အချို့ သော ဆော့ဝဲများ၊ ဂိမ်းများကို Rooted Device လို
အသုံးပြု ရတာ အဆင်ပြေမှာ မဟုတ်ပါဘူး...

မိမိဖုန်းက Font Style ပါပြီးသားလည်းဖြစ်တယ် Root လုပ်ပြီးတော့လည်း
အသုံးမပြု လိုဘူး မြန်မာစာ လုံးဝအမှန်ရေးနိုင်တယ် ဖတ်နိုင်တယ်
အဲဒီနည်းလမ်းလေးအတိုင်းပဲ အဆင်ပြေချင်တယ်ဆိုရင်တော့
အောက်ကလင့်မှာ ၀င်ဖတ်ကြည့်ပါ %100% အဆင်ပြေပါတယ်။

Samsung ဖုန်း ဗားရှင်း 4.4.2 အားလုံးကို မြန်မာစာ အလွယ်ထည့်နည်း

ဖုန်းကို Root လုပ်ပြီး အသုံးပြုလိုတဲ့ ဘော်ဒါတွေကတော့
အောက်မှာ လေ့လကြည့်လိုက်ပါ

၁။ ဖုန်းတစ်လုံးကို Root လုပ်တော့မယ်ဆိုင်တော မိမိဖုန်းဟာ
အနည်းဆုံး 70 to 80% လောက်တော့ ရှိနေရပါမယ်။

၂။  Enable the USB debugging mode ပေးလိုက်ပါ
မလုပ်တတ်သေးရင်တော့ အောက်ကလင့်မှာဝင်ကြည့်ပေးပါ

 Root ဖောက်နည်းများကို စတင်လေ့လာတော့မယ်ဆိုရင် ပထမဆုံးသိထားရမယ့် USB debugging on & Off ဆိုတာ 

၃။ မိမိဖုန်းမှာ ရှိတဲ့ အရေးကြီးတဲ့ Data များကို Backup လုပ်ထားရန်
လိုအပ်ပါတယ် Backup လုပ်ဖို့ရန်အတွက် အကောင်းဆုံးကတော့
Apk လေးတွေနဲ့ဆိုအဆင်ပြေပါတယ် အောက်ကလင့်မှာရှိတဲ့
Apk တွေရဲ့ အကြောင်းကိုအရင်ဖတ်ကြည့်ပါ ပြီးတော့မှ မိမိနဲ့အဆင်ပြေမယ့်
Apk တစ်ခုကို ဖုန်းမှာ အင်စတောလုပ်ပြီး Backup ပြု လုပ်ထားလိုက်ပါ

စမတ်ဖုန်းတွေအတွက် Android Device များကို Backup လုပ်ရန် အကောင်းဆုံး Apps များ

၎။ Samsung Driver ကို အရင်ဦးမှာ
 အောက်ကလင့်မှာ ဒေါင်းလော့ယူလိုက်ပါ

Download Here

၅။ Root လုပ်ဖို့ရန်အတွက် Rooting Files ကို
 အောက်ကလင့်မှာရယူလုက်ပါ
Download Here

၆။ ကွန်ပျူ တာနဲ့ ဖုန်းကို ချိတ်ဆက်လိုက်ပါ၊ ပြီးတော့
စောနားကဒေါင်းလော့ရလာတဲ့ Rooting Files ရဲ့ Zip ကို Extra file
ဖြင့်ဖြေလိုက်ပါ၊ အဲဒီအထဲက SuperSu ဖိုင်ကို
 ဖုန်းရဲ့ SD Card ထဲသို့ ကူးထည့်လိုက်ပါ

၇။ ဖုန်းရဲ့ ပါဝါခလုပ်ကိုနှိပ်ပြီး Power Off လုပ်လိုက်ပါ
(ဖုန်းကို ပိတ်လိုက်ပါ)
၈။ ဒီတစ်ခါ ဖုန်းကို Download Mode ၀င်ရမှာဖြစ်တဲ့အတွက်
Volume Down button, Home Button and Power Button ဆိုပြီး
တွဲနှိပ်ထားလိုက်ပါ အနည်းဆုံး 4 to 7 စက္ကန့်လောက်ကြာအောင်
တွဲနှိပ်ပေးထားလိုက်ပါ။ မလုပ်တတ်သေးရင်တော့ အောက်ကလင့်မှာကြည့်ပါ

Samsung Galaxy ဖုန်းတွေအတွက် အလွယ်တကူ Download Mode ၀င်နည်း

၉။ အောက်ကပုံလေးအတိုင်းပြနေခဲ့ရင်တော့ Volume Up Key အသံ
တိုးတဲ့ ခလုပ်ကို တစ်ချက်နှိပ်လိုက်ပါ
 အောက်မှာလည်း ပြပေးထားပါတယ်
၁၀။ Rooting Files ထဲက Odin ကို ဖွင့်လိုက်ပါ၊
ဒီနေရာမှာ ဖုန်းနဲ့ကွန်ပျူ တာ အချိတ်အဆက် အသင့်ဖြစ်နေပလေ့စေ

၁၁။ အောက်ကပုံအတိုင်း Odin မှာ ပြနေခဲ့ရင်တော့
Root လုပ်ဖိုရန် အသင်ဖြစ်နေပါပြီ။
၁၂။  အပေါ်ကပုံလေးအတိုင်းပြနေခဲ့ရင်တော့ PDA ဆိုတာကို
တစ်ချက်နှိပ်လိုက်ပါ ပြီးတော့ စောနားက ဒေါင်းလော့ရထားတဲ့
Rooting Files ထဲက recovery.tar ကိုရွေးပေးလိုက်ပါ
၁၃။ PDA ကို နှိပ်ပြီးလို့ Recovery.tar ဖိုင်က အသင်ဖြစ်နေခဲ့ရင်
တော့ Start ဆိုတာလေးကိုနှိပ်လိုကပါ နံပါတ်စဉ် တပ်ပေးထားပါတယ်
၁၄။ မိနစ်အနည်းငယ်ကြာပြီးလို့ အောက်ကပုံအတိုင်း
ပြနေခဲ့ရင်တော့ Root Access ရရှိနေပါပြီ။
Restart တစ်ကြိမ်ကျသွားပါလိမ့်မယ်၊ ဖုန်းပြန်တက်လာတဲ့အခါ
ဖုန်းနဲ့ကွန်ပျူ တာ ချိတ်ဆက်ထားတာကို ဖြု တ်လိုက်ပါ။
၁၅။ ဒီတစ်ခါ Recovery mode ၀င်ရမှာဖြစ်လို့
ဖုန်းကို စောနားကို Power Off လုပ်လိုက်ပါ။
ပြီးတော့ Volume Up button, Volume Down button,
Home button and Power button ကို တစ်ပြို င်နက်တည်း
တွဲနှိပ်ထားလိုက်ပါ၊ အနည်းငယ်ကြာတာနဲ့
ဖုန်းက Recovery mode ကိုရောက်သွားပါလိမ့်မယ်။

၁၆။ Recovery menu ကို ရောက်ဖို့ အပေါ်သို့ ရွေ့ချင်တယ်ဆိုရင်
အသံတိုးခလုပ်ကို နှိပ်ပါ၊ အောက်သို့ဆင်းချင်တယ်ဆိုရင် အသံတိုး
ခလုပ်ကိုနှိပ်ပါ၊ ပြီးတော့မှာ Install zip from SD card >
 Choose zip from SD card > Install SuperSu v1.80.zip” ရွေးပေးလိုက်ပါ။

၁၇။ အောက်ကပုံလေးအတိုင်း Reboot System ပြန်ရွေ့ပြီး
System Reboot ချပေးလိုက်ပါ။
၁၈။ ဖုန်းပြန်လည်တက်လာတဲ့အခါ အောက်ကပုံလေးအတိုင်း
ပြနေခဲ့ရင် စောနားကာ install လုပ်လိုက်တဲ့ SuperSu လေး
အသင့်ရောက်နေတာလေးကို မြင်ရမှာဖြစ်ပါတယ်။
Root လုပ်ခြင်းကိစ္စအားလုံးပြီးသွားပါပြီ။
တစ်ခါမှ မလုပ်ဖူးသေးတဲ့ ဘော်ဒါတွေအတွက်တော့
ကြိုးစားပြီးလုပ်ကြည့်စေချင်ပါတယ်၊ တစ်ခါနှစ်ခါလောက်
လက်တွေ့စမ်းထားရင်တော့ သိပ်အခက်ကြီးမဟုတ်တော့ပါ

မြန်မာစာအတွက်ကတော့ လွယ်ပါတယ်
ဖောင့်နဲ့ကီးဘုတ်အလွယ်ထည့်နည်းများကို
အောက်ကလင့်မှာ ၀င်လေ့လာကြည့်လိုက်ပါ

မြန်မာဖောင့်နဲ့ ကီးဘုတ်များ အလွယ်ထည့်နည်း

အားလုံးပဲ Android တွင် ပျော်၍ တော်နိုင်ကြပါစေ
ခင်မင်လေးစားလျှက်

အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)
 www.zunite.org

FB ချစ်ပရိတ်သတ်ကြီးများခင်ဗျား ဇူးနစ်(နည်းပညာ) ဆိုက်မှာ ဖုန်းဆော့ဝဲ ဂိမ်းများ သတင်းစသော အသစ်ကလေးများကို အချိန်နဲ့တစ်ပြေးညီ တင်ပေးနေတာမို့ FB Page လေးကို  LIKE ပေးပြီး အားပေးနိုင်ပါတယ်။(အားလုံးကို ကျေးဇူးတင်ပါတယ်)




ကို​နေဇင်​ - အ​ခြေခံနည်းပညာ Groupထဲကို
Join Group
လုပ်​​ပေးပါဦး - ​အောက်​ကစာသား​ပေါ်သို့်​နှိပ်​ပီးသွားပါ



Facebook Page သို့ Like
နှိပ်​​ပေးပါဦး -​ ​အောက်​ကစာသား​ပေါ်သို့ နှိပ်​ပီးသွားပါ



အောက်​က Click Here To Download စာသားကို
Click ပီး Down ပါ

အဆင်​​ပြေပါ​စေခင်​ဗျာ

-- ​​CLICK HERE TO DOWNLOAD --


ကို​နေဇင်​ - နည်းပညာ

No comments:

Post a Comment

G730-U00 Emergercy data Error fix 100%

မင်္ဂလာပါ  Huawei G730-U00 Emergercy data Error fix 100%  လေပါ ညီတစ်ယောက် အလှူ ခံရင် တင်ထားတာပါ  Zip file လေကို ဒေါင်းပြီ password ကို အလှူ ငေ...