နည်းပညာစိတ်​၀င်​စားသူများနှင့်​ ​ကျောင်းသား​ကျောင်းသူများ လက်မ​လွှတ်​သင့်​​သော နည်းပညာ​ဆွေး​နွေးပွဲကြီး (Tech Camp) ၂၈ - ၂ - ၂၀၁၄ တွင်​ ဟင်္သာတ နည်းပညာတက္ကသိုလ်​ ၌ ကျင်းပ


Tech Camp ဆိုတာဘာလဲ မိတ်​​ဆွေတို့​ယော သိပီးပီ
လား ??

Tech Camp ဆိုတာကျ​နော်​တို့ရဲ့ နည်းပညာ​တွေ ၊ အသိပညာ အတတ်​ပညာ ​လေ့လာ​တွေ့ရှိ့ချက်​​တွေကို လွတ်​လပ်​စွာ မျှ​ဝေမယ့်​ ပွဲတစ်​ခုဖြစ်​ပါတယ်​ ။  အလွန်​လျှင်​မြန်​တဲ့ အရှိန်​အဟုန်​နဲ့ တိုးတက်​​ပြောင်းလဲ​နေတဲ့      နည်းပညာ​ခေတ်​ကြီးမှာ ​နေ့စဉ်​​ပေါ်​ပေါက်​​တွေ့ရှိလာ​နေတဲ့ အ​ကြောင်းအရာအသစ်​​တွေကို မိမိသာမက တခြားသူ​တွေလည်း သိရှိ့နိုင်​​အောင်​ ကိုယ်​သိတာ​တွေ မျှ​ဝေ​ပေးဖို့နဲ့ မိမိလိုဘဲ ​လေ့လာ​တွေ့ရှိ့ထားသူ​တွေက ဖြည့်စွက်​​ပေးကာ သူတို့သိရှိ့တာ​တွေကို ကိုယ်​လည်း သိရှိ့ဖို့ အချင်းချင်း ပြန်​လည်​မျှ​ဝေ​ပေးတဲ့​နေရာတစ်​ခုဖြစ်​ပါတယ်​ ။

Tech Camp ၏ ရည်​ရွယ်​ချက်

Tech Camp ဆိုတာက Bar Camp နဲ့သိပ်​မကွာခြားလှ​ပေမယ့်​ Tech Camp မှာ Bar Camp နဲ့မတူတဲ့ အချက်​တစ်​ခုက​တော့ အင်​ဂျင်​နီယာ  နည်းပညာဘာသာ၇ပ်​များနှင့်​ အခြားနည်းပညာဆိုင်​ရာများကိုသာ အဓိက​ဆွေး​နွေးမှာ ဖြစ်​ပါတယ်​ ။ Tech Camp ဟာ အသိပညာ အတတ်​ပညာ နည်းပညာဆိုင်​ရာ ကွာဟ ချက်​​တွေကျဉ်း​မြောင်းလာ​စေဖို့ တစ်​ဥိးတစ်​​ယောက်​တည်းက လက်​၀ါးကြီးအုပ်​ထားမူ့​တွေကို တွန်းလှန်​နိုင်​ဖို့ အသိပညာသစ်​ အတတ်​ပညာသစ်​​တွေ ​လေ့လာဖို့ စိတ်​၀င်​စား​အောင်​မျိုး​စေ့ချ​ပေးနိုင်​ဖို့စတဲ့ အမျိုးမျိုး​သော ရည်​ရွယ်​ချက်​​တွေကို စု​ပေါင်းအ​ကောင်​အထည်​​ဖော်​နိုင်​လာ​အောင်​ ရည်​ရွယ်​ပါတယ်​ ။

Tech Capm မှာ ဗဟုသုတ ဖြစ်​ဖွယ်​ စိတ်​၀င်​စားဖွယ်​ နည်းပညာများကို ​ခေါင်းစဉ်​များစွာ ၊ အခန်းများစွာ ၊ ​ဟော​ပြောသူများစွာဖြင့်​ ပညာရှင်​များနှင့်​ ၀ါသနာရှင်​များမှ ပရတ်​သတ်​များနှင့်​အတူ အပြန်​အလှန်​ ​ဆွေး​နွေး​ဟော​ပြောကြမည်​ဖြစ်​ပါသည် ။ 

ပုံမှန်​ အစည်းအ​ဝေး ၊ ​ဆွေး​နွေးပွဲ ၊ ​တွေဆုံပွဲ စတာ​တွေ
ကို ကြိုတင်​စီမံထားတဲ့ ​ခေါင်းစဉ်​​တွေ ထားရှိ့ခြင်းမရှိ့ဘဲ
တက်​​ရောက်​လာသူ​တွေက ​ပြောလာတဲ့ ​ပြောချင်​တဲ့ အ
ကြောင်းအ၇ာ​တွေကို တစ်​ချိန်​တည်း တပြိုင်​တည်းမှာ တင်​ပြ​ပေးနိုင်​တဲ့​ဆွေး​နွေးခန်းများစွာကို ဖန်​တီး​ပေးနိုင်
မယ့်​ နည်းပညာဆိုင်​ရာ အ​တွေးအမြင်​ ဖလှယ်​တဲ့ ပွဲတစ်​ခုလည်း ဖြစ်​ပါတယ်​ ။



ကျ​နော်​တို့ TU ဟင်္သာတ အ​နေဖြင့်​ Tech Camp TU ပွဲကြီးအား တ၀်​ကြိမ်​တစ်​ခါမျှ ကျင်းပဖူးခြင်းမရှိ့​သေးပါ ။ ယခု ပထမဆုံး အကြိမ်​အဖြစ်​ Tech Camp TU အားကျင်းပ ပြု့လုပ်​နိုင်​ရန်​ အတွက်​ ကျ​နော်​တို့ TU ဟသာင်္တ ​ကျောင်းသူ / ​ကျောင်းသားများမှ ကြိုးစားအား
ထုတ်​လျှက်​၇ှိ့ပါသည်​ ။ သို့ပါ​သော​ကြောင့်​ စိတ်​ပါဝင်​စား
သူများနှင့်​ ​ကျောင်းသားည​ကျောင်းသူများ အားလုံး အ​နေဖြင့်​ ​အောက်​​ဖော်​ပြပါ ​ကျောင်းသား - ​ကျောင်းသူ များ
ထံတွင်​ ဆက်​သွယ်​စုံစမ်းပါဝင်​နိုင်​ပါသည်​ ။


၁ ။ ​မောင်​မျိုးသူရကိုကို  09 251 123 518
၂ ။ မယုဝါ၀င်း​မော်​        09 422 488 988

Tech Camp ကျင်းပမည့်​​နေ့ရက်​  ၂၈ - ၁၂ - ၂၀၁၅ မှ
၁ - ၃ - ၂၀၁၅ အထိ ။

နည်းပညာ​ဆွေး​နွေးပွဲဖြစ်​​မြောက်​​ရေးအတွက်​ ​ကျောင်းသား​ကျောင်းသူများ၏ ကြိုးစားမူ့များကို အ​သေးစိတ်​သိလိုပါက Facebook Page ​လေးတွင်​ Like ​လေးတစ်​ချက်​​ပေးပီး ၀င်​​ရောက်​​လေ့လာနိုင်​ပါတယ်​ ။ အလှူ​ငွေများ ပါဝင်​လှူဒါန်းလိုပါက အထက်​​ဖေါ်ပြပါ ​ကျောင်းသား ​ကျောင်းသူများထံ စုံစမ်းလှူဒါန်းနိုင်​ပါတယ်





ကို​နေဇင်​ - အ​ခြေခံနည်းပညာ Groupထဲကို
Join Group
လုပ်​​ပေးပါဦး - ​အောက်​ကစာသား​ပေါ်သို့်​နှိပ်​ပီးသွားပါ

ကို​နေဇင်​ - အ​ခြေခံနည်းပညာ Group



Facebook Page သို့ Like

နှိပ်​​ပေးပါဦး -​ ​အောက်​ကစာသား​ပေါ်သို့ နှိပ်​ပီးသွားပါ

ကို​နေဇင်​ - နည်းပညာ Page




အဆင်​​ပြေပါ​စေ

ကို​နေဇင်​ - နည်းပညာ

No comments:

Post a Comment

G730-U00 Emergercy data Error fix 100%

မင်္ဂလာပါ  Huawei G730-U00 Emergercy data Error fix 100%  လေပါ ညီတစ်ယောက် အလှူ ခံရင် တင်ထားတာပါ  Zip file လေကို ဒေါင်းပြီ password ကို အလှူ ငေ...