Email လား Gmail လား :-P

  Email လား Gmail လား :-P

Facebook ပေါ်မှာနာမည်ကြီးနေတဲ့ မြန်မာနိုင်ငံတွင် Email အစား Gmail
 သုံးစွဲသူ ၁.၉၈ သန်းခန့်ရှိလာ ဆိုတဲ့ ခေါင်းစဉ်နဲ့ပတ်သက်ပြီး email နဲ့ gmail ငြင်းခုန်နေကြပါတယ်။ အမှန်တော့ ဆောင်းပါးကိုကူးချရမှာ ခေါင်းစဉ်လွဲသွားတာဖြစ်တယ်လို့ မူရင်း စာရေးတဲ့သူကဆိုပါတယ်။

 Email နဲ့ Gmail ဘယ်လိုကွာလဲဆိုတာကြည့်ကြရအောင်။ Email ဆိုတာ electronic mail ရဲ့ အတိုကောက်ဖြစ်ပါတယ်။ ၁၉၉၃ ခုနှစ်မှာစတင်ပြီး တစ်ယောက်(သို့)တစ်ယောက်ထဲပိုတဲ့သူတွေဆီကို digital message ပို့တဲ့စနစ်ပဲဖြစ်ပါတယ်။

 Email address တစ်ခုမှာ Local Part ရယ် Domain Part ရယ်ဆိုပြီးပါဝင်ပါတယ်။ ဥပမာ myatminsoe@myanmarmobileapp.com ဆိုရင် @ ရှေ့က myatminsoe ကို local part လို့ခေါ်ပြီး @နောက်က myanmarmobileapp.com ကို domain part လို့ခေါ်ပါတယ်။

 Email Address ဟာ တစ်ယောက်နဲ့တစ်ယောက်လုံးဝမတူပဲ unique ဖြစ်ပါတယ်။ domain part တူရင် local part မတူရပါဘူး။ local part တူရင် domain part မတူရပါဘူး။ myatminsoe@myanmarmobileapp.com နဲ့ myatminsoe@gmail.com ဟာ domain part မတူတဲ့အတွက် နှစ်ခုလုံးရှိနိုင်ပါတယ်။ Google ကထုတ်လုပ်တဲ့ Gmail ဟာ email တစ်ခုပဲဖြစ်ပါတယ်။

 သူ့ရဲ့ domain part ဟာ gmail.com နဲ့ဆုံးတာဖြစ်ပြီး မြန်မာနိုင်ငံမှာ @gmail.com အသုံးပြုသူ ၁.၉၈ သန်းရှိတယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ @gmail.com အပြင် @yahoo.com, @outlook.com, @icloud.com အစရှိတဲ့ email တွေအများကြီးရှိပါသေးတယ်။ emailထဲမှာ တော်တော်များများက အခမဲ့ရပြီး တစ်ချို့က လစဉ်ကြေးပေးရတဲ့ @mptmail.com.mm လိုမျိုး email တွေလဲရှိပါတယ်။ me@myatminsoe.com လိုမျိုး ကိုယ်ပိုင် domain နဲ့သုံးတဲ့ email တွေလဲရှိပါတယ်။ ဒီလောက်ဆို email နဲ့ gmail ဘာကွာလဲဆိုပြီး မေးစရာမလိုတော့ဘူးထင်ပါတယ်။

Myat Min Soe

www.myanmarmobileapp.com

အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)
 www.zunite.org

FB ချစ်ပရိတ်သတ်ကြီးများခင်ဗျား ဇူးနစ်(နည်းပညာ) ဆိုက်မှာ ဖုန်းဆော့ဝဲ ဂိမ်းများ သတင်းစသော အသစ်ကလေးများကို အချိန်နဲ့တစ်ပြေးညီ တင်ပေးနေတာမို့ FB Page လေးကို  LIKE ပေးပြီး အားပေးနိုင်ပါတယ်။(အားလုံးကို ကျေးဇူးတင်ပါတယ်)



ကို​နေဇင်​ - အ​ခြေခံနည်းပညာ Groupထဲကို
Join Group
လုပ်​​ပေးပါဦး - ​အောက်​ကစာသား​ပေါ်သို့်​နှိပ်​ပီးသွားပါ



Facebook Page သို့ Like
နှိပ်​​ပေးပါဦး -​ ​အောက်​ကစာသား​ပေါ်သို့ နှိပ်​ပီးသွားပါ



အောက်​က Click Here To Download စာသားကို
Click ပီး Down ပါ

အဆင်​​ပြေပါ​စေခင်​ဗျာ

-- ​​CLICK HERE TO DOWNLOAD --


ကို​နေဇင်​ - နည်းပညာ

No comments:

Post a Comment

G730-U00 Emergercy data Error fix 100%

မင်္ဂလာပါ  Huawei G730-U00 Emergercy data Error fix 100%  လေပါ ညီတစ်ယောက် အလှူ ခံရင် တင်ထားတာပါ  Zip file လေကို ဒေါင်းပြီ password ကို အလှူ ငေ...