Samsung ၏ ဒုတိယမြောက် Tizen စမတ်ဖုန်းကို အိန္ဒိယတွင် ရောင်းချမည်





ဇန်နဝါရီလက Z1 ကို မိတ်ဆက်ပေးခဲ့သော Samsung သည် ကုမ္ပဏီပိုင် Tizen ဆော့ဖ်ဝဲ အသုံးပြုထားသော ဒုတိယမြောက် စမတ်ဖုန်းကို ဗုဒ္ဓဟူးနေ့က ပွဲထုတ် မိတ်ဆက်ပေးခဲ့သည်။

အဆိုပါ စမတ်ဖုန်းကို Samsung Z3 ဟု ခေါ်ဆိုပြီး ၎င်းကို အောက်တိုဘာလ ၂၁ ရက်တွင် ရူပီး ၈,၄၉၀ (၁၃၁ ဒေါ်လာ) ဖြင့်ရောင်းချမည်ဖြစ်သည်။

Samsung သည် နာမည်ကျော်ကြားပြီး အောင်မြင်မှုရရှိသော ဖုန်းများတွင် Google Maps, Gmail နှင့် Google Search ကဲ့သို့သော Google ဝန်ဆောင်မှုများပါဝင်သည့် Android operating system အသုံးပြုထားသည်။ သို့သော်လည်း Z3 နှင့် Z1 ကို ဖွံ့ဖြိုးစဈေးကွက်များအတွက် တန်ဖိုးနည်း ဖုန်းများအဖြစ် ရည်ရွယ်ထုတ်လုပ်ထားသောကြောင့် Tizen ကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။

Z3 တွင် ၅ လက်မ HD Super AMOLED display, 1.3GHz quad-core processor နှင့် 8-megapixel ကင်မရာတို့ ပါဝင်သည်။ ဖုန်းတွင် 1GB memory ကို အသုံးပြုထားပြီး သိုလှောင်မှုပမာဏက 8GB ဖြစ်သော်လည်း microSD card slot မှတစ်ဆင့် 128GB အထိ တိုးမြှင့်သိမ်းဆည်းနိုင်သည်။ ဘက်ထရီက 2,600mAh ဖြစ်သည်။ ဖုန်း၏ ကိုယ်ထည်မှာ ပါးလွှာပြီး သတ္တုကိုယ်ထည်ကို အသုံးပြုထားသည်။
အခြားဒေသများ၌ Z3 စမတ်ဖုန်း ရောင်းချမည့်အချိန်ကို Samsung မှ ပြောကြားခဲ့ခြင်း မရှိပေ။

Ref: CNET
Credit  internetjournal

သီဟထိုက်
My Facebook Account Click



အဆင်​​ပြေပါ​စေ

ကို​နေဇင်​ (MMiTO)



ကျ​နော်​တင်​သမျှကို Facebook ကတိုက်​ရိုက်​လိုချင်​ရင်
ဒီ​နေရာမှာ
Like တစ်​ချက်​​ပေးခဲ့ပါ





BeeTalk ၏ Public Account အား လူတိုင်းအသုံးပြုနိုင်ရန် စတင်





BeeTalk ၏ Public Account အား လူတိုင်းအသုံးပြုနိုင်ရန် စတင်ဆောင်ရွက်လိုက်ကြောင်း သတင်းရရှိသည်။
BeeTalk Chatting App မှ မြန်မာနိုင်ငံရှိ အသုံးပြုသူများအတွက် BeeTalk Public Account Admin Platform ကို လူတိုင်းအသုံးပြုနိုင်ရန် စတင်လိုက်ခြင်း ဖြစ်သည်။

“အခု BeeTalk မှာ ဖွင့်ထားတဲ့ Public Account ၇၀ ရှိပြီ။ အဲ့ဒီ့အထဲမှာ အားကစား၊ ကျန်းမာရေး၊ ဖျော်ဖြေရေး၊ မီဒီယာ အစရှိတာတွေ ပါဝင်ပါတယ်။ Public Account တွေ အများကြီးဖြစ်လာတဲ့ အတွက် သတင်းအချက်အလက်တွေကို ရှာဖွေနေစရာမလိုဘဲ ဖုန်းထဲကို အမြဲတမ်းရောက်ရှိနေမှာပါ” ဟု BeeTalk မြန်မာ၏ Marketing Manager မနန်းမိုက ပြောသည်။

Public Account တစ်ခုပြုလုပ်ရန်အတွက် အီးမေးလ်၊ ကိုယ်ရေးအချက်အလက်များနှင့် မျက်နှာထင်ရှားစွာမြင်ရသော ဓာတ်ပုံတစ်ပုံ လိုအပ်မည်ဖြစ်သည်။ BeeTalk တွင် Public Account မှတ်ပုံတင်ခြင်း ပြုလုပ်မည်ဆိုပါက သတ်မှတ်ထားသော မှတ်ပုံတင်ရန် နေရာသို့ဝင်ရောက်ပြီး (၁) Basic Information (၂) Email activation (၃) User Information (၄) Account Information တို့ကို အဆင့်ဆင့် ဖြည့်စွက်ရမည်ဖြစ်သည်။ မှတ်ပုံတင်ပြီးပါက BeeTalk မှ ယင်းအချက်အလက်များကို စစ်ဆေး၍ ခွင့်ပြုပေးမည်ဖြစ်ကြောင်း၊ စတင် အသုံးပြုနိုင်ရန် စာတိုပို့ပေးမည်ဖြစ်ကြောင်း၊ ယင်းနောက် အကောင့် စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

BeeTalk မိုဘိုင်း application မှာ ၂၀၁၅ ခုနှစ် ဇန်န၀ါရီလတွင် မြန်မာနိုင်ငံ၌ စတင်ခဲ့ခြင်းဖြစ်ပြီး ကိုယ်ပိုင် အကောင့်မှ တစ်ဆင့် followers များ အကန့်အသတ် မရှိ စုဆောင်းခြင်း၊ သတင်း အချက်အလက်များ ပျံ့နှံ့ရောက်ရှိစေခြင်း၊ Digital Marketing များ ပြုလုပ်နိုင်ခြင်း စသည်တို့ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း သိရသည်။ BeeTalk ၏ Public Account အား လူတိုင်း အသုံးပြုနိုင်ရန် စတင်ဆောင်ရွက်ခြင်း အခမ်းအနားကို အောက်တိုဘာလ ၁၄ ရက်က နိုဗိုတယ်ဟိုတယ်တွင် ကျင်းပခဲ့သည်။

Credit  internetjournal

သီဟထိုက်
My Facebook Account Click





အဆင်​​ပြေပါ​စေ

ကို​နေဇင်​ (MMiTO)



ကျ​နော်​တင်​သမျှကို Facebook ကတိုက်​ရိုက်​လိုချင်​ရင်
ဒီ​နေရာမှာ
Like တစ်​ချက်​​ပေးခဲ့ပါ





Dictionary For Window Phone

 
Windows Phone အသုံးပြုသူများအတွက် Dictionary ဆိုသည့် app သည် စကားလုံး ၁၅၀,၀၀၀ နှင့်အထက်ပါမည့် dictionary app တစ်ခု ဖြစ်သည်။ အဆိုပါ app သည် connection အသုံးပြုရန်မလိုအပ်ဘဲ offline အသုံးပြုနိုင်မယ့် app တစ်ခုလည်း ဖြစ်သည်။ စကားလုံးအဓိပ္ပာယ်များကို English to English သာ ဘာသာပြန်ဆိုပေးမည့် Windows Phone သုံး Mobile app တစ်ခုလည်း ဖြစ်သည်။

Download ပြုလုပ်လိုသူများအနေဖြင့် Windows Store တွင် download လုပ်ယူနိုင်မည်ဖြစ်ပြီး download ပြုလုပ်ရမယ့် ဖိုင်အရွယ်အစားမှာ 8.5MB ခန့်သာ ရှိမည်ဖြစ်သည်။ Windows Phone version 8.1 နှင့် အထက်တွင်သာ အသုံးပြုနိုင်မယ့် app တစ်ခု ဖြစ်သည်။ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။

Credit  internetjournal
သီဟထိုက်
My Facebook Account Click
(ယခုတင်ပေးသောAppအား " ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး) "တွင်အခမဲ့လာရောက်ထည့်သွင်းနိုင်ပါတယ်ခင်ဗျာ)
 



အဆင်​​ပြေပါ​စေ

ကို​နေဇင်​ (MMiTO)



ကျ​နော်​တင်​သမျှကို Facebook ကတိုက်​ရိုက်​လိုချင်​ရင်
ဒီ​နေရာမှာ
Like တစ်​ချက်​​ပေးခဲ့ပါ





Google Slides For Android

 
 
Google Slides ဆိုသည့် app သည် Presentation ဖိုင်များကို Android Device ပေါ်တွင် ဖန်တီးပြုလုပ်ခြင်း၊ Power Point ဖိုင်များကို အဆိုပါ app ပေါ်တွင် အသုံးပြု ခြင်း အစရှိသည်တို့ကို ပြုလုပ်နိုင်မည့် app တစ်ခု ဖြစ်သည်။ ဖိုင်များကို အလွယ်တကူ ဖန်တီးနိုင်အောင် ပြုလုပ်ပေးထားသည့် app ဖြစ်သည်။
Download ပြုလုပ်လိုသူများအနေဖြင့် Play Store တွင် download ပြုလုပ်နိုင်မည် ဖြစ်သည်။

download ပြုလုပ်ရမည့် ဖိုင်အရွယ်အစားမှာ 36.9MB ခန့် ရှိမည်ဖြစ်ပြီး Android version 4.1 နှင့် အထက်တွင် ထည့်သွင်း အသုံးပြုနိုင်မည် ဖြစ်သည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။

Credit  internetjournal
သီဟထိုက်
My Facebook Account Click
(ယခုတင်ပေးသောAppအား " ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး) "တွင်အခမဲ့လာရောက်ထည့်သွင်းနိုင်ပါတယ်ခင်ဗျာ)



အဆင်​​ပြေပါ​စေ

ကို​နေဇင်​ (MMiTO)



ကျ​နော်​တင်​သမျှကို Facebook ကတိုက်​ရိုက်​လိုချင်​ရင်
ဒီ​နေရာမှာ
Like တစ်​ချက်​​ပေးခဲ့ပါ





Samsung Galaxy ဖုန်းများ မြန်မာစာမမှန်ခြင်းကို ဖြေရှင်းမယ့် 2015 Myanmar Zawgyi (ifont)





MMUG မှာ ကိုအောင်သူရ ရေးသားထားတဲ့
Samsung Galaxy ဖုန်းများအတွက် မြန်မာစာ
မှန်စေမယ့် apk ကိုတင်ပေးလိုက်ပါတယ်
Galaxy J5 မြန်မာစာမမှန်လို့ ဒီapk လေးနဲ့
ဖြေရှင်းလိုက်တာ အဆင်ပြေသွားတယ်လို့
ဆိုပါတယ်...
အောက်မှာဒေါင်းလုပ်ရယူနိုင်ပါတယ်...

Myanmar Zawgyi 2015>>  Download

Exodus 2  >>>>> Download


နောက်တစ်ခုက
Clash Of Clan မြန်မာစာ ရေးလို့ရ
Lollipop Support Zawgyi
မြန်မာ ( ZG ) ကရင် မွန် ရခိုင် ရှမ်း စာသုံးလို့ရ
စာထပ် စာလုံးကပ်နေပါက
system / csc ထဲက feature.xml ကိုဖျက်ပေးပါ ။။
Android Version အလိုက်ကြည့်ယူနိုင်ပါတယ်
 
For Android 4.3 >>> Download

For Android 4.4.2 to 5.0 >>> Download

Samsung Devices
Custom Recovery ( cwm or twrp ) မှ install လုပ်ပါ.



လင့်သေသွားသည်ဖြစ်စေ.
ကျနော်တင်သော Post နှင့်ပတ်သပ်ပီး
အခက်အခဲတစ်စုံတစ်ရာရှိပါက
My FB Acc >> Min Oke Kar chat box မှ
လာရောက်အကြံပေးစေပါတယ်ခင်ဗျာ.



Min Oke Kar (ဘီလူးကျွန်းသားလေး)
နည်းပညာ

Samsung Galaxy J7 (SM-J700F) Firmware & Flash it...

Samsung Galaxy J 7 အတွက် Firmware
နဲ့ Firmware တင်နည်းကို တင်ပေးလိုက်ပါတယ်..

နည်းကတော့ တစ်ပုံစံတည်းပါ.
ဒါပေမယ့် မသိသေးတဲ့ သူများအတွက်
ထပ်ပီး တင်ပေးလိုက်ပါတယ်....


1. Download Odin V 3.10.7
    Odin V3.10.7 >>> Download

2. Download Samsung Ph Driver    
    USB >>>  Download
    Kies  >>> Download

3. Firmware (Thai Region is more sutable)
    Thailand   >>>   Download
    Malaysia  >>>   Download
    Cambodia>>>   Download

ဒေါင်းထားတဲ့ Firmware ဖိုင်ကို Zip ဖြည်လိုက်ပါ.
အကုန်လုံးစုံပီဆိုရင်တော့ Odin ကို ဖွင့်လိုက်ပါ..
PDA မှာ ခုနက ကိုယ်ဒေါင်းပီး Zip ဖြည်ချထားတဲ့
Firmware  ဖိုင်(xxxxxx.tar.md5) ကို ရွေးပေးလိုက်ပါ.
Samsung Driver မရှိရင် install အရင်လုပ်ပါ..
ပီးရင် ဖုန်းကို Download Mode ခေါ်ပါ.
(Power Up+Home+Power)
ပီးရင် Computor နဲ့ကြိုးထိုးပါ..
Odin က ID Colum မှာ အရောင်ပေါ်လာတဲ့အထိစောင့်ပါ
ပေါ်လာပီဆိုရင် start ကိုနှိပ်ပါ ...
pass ပြတဲ့အထိစောင့်ပါ ..
Pass ပြပီး Reboot ပြန်လည်သွားမှ Firmware တင်ခြင်းပီးဆုံးပါပီ


လင့်သေသွားသည်ဖြစ်စေ.
ကျနော်တင်သော Post နှင့်ပတ်သပ်ပီး
အခက်အခဲတစ်စုံတစ်ရာရှိပါက
My FB Acc >> Min Oke Kar chat box မှ
လာရောက်အကြံပေးစေပါတယ်ခင်ဗျာ.



Min Oke Kar (ဘီလူးကျွန်းသားလေး)
နည်းပညာ


ဈေးနူန်းချို သာ အာမခံချက်အပြည့်ရှိပြီး ထူးခြားချက်ရှိသော NEWINGS Dual 3G Hanset(တစ်သိန်းအောက်ကောင်းကောင်းသုံးလိုသူများအတွက်)


မန်မာပြည်မှာစတင်ရောင်းချနေပြီဖြစ်တဲ့ NEWINGS ဖုန်းနဲ့မိတ်ဆက်ပေးချင်ပါတယ်။
ဈေးနူန်းကတော့ 6xxxx ,9xxxx ဖြစ်ပါတယ်။ ဒီဖုန်းဟာ ဈေးနူန်းလည်းချိုသာသလို အရည်အသွေးလည်းကောင်းမွန်ပြီးအာမခံချက်အပြည့်အ၀ရှိတဲ့ဖုန်းဖြစ်ပါတယ်။

 Screen Size က ၅လက်မ,၄လက်မနဲ့ လာတာဖြစ်ပြီး SIM Card ၂ကဒ်ထည့်သွင်းနိုင်ပါတယ်။Android Version ကို Jelly,Kitkat
ကိုအသုံးပြုထားပါတယ်။ 3Gonly Hanset ဖြစ်ပြီး Flash light,font&Back Camera ,facebook ,Youtube ,Google Service,Myanmar fontကို Built inအနေန့ ပါဝင်ပြီး ပါဝင်သောဖုန်းများဖြစ်ပါတယ်။ ကြိုက်သလောက် Runပြီး Screen ပေါ့တာကြိုက်သူတွေ နဲ့
Memory အတော့်အသင့်ပါဝင်တာ ကြိုက်သူတွေအတွက် လက်မလွှတ်သင့်ပါဘူး ။

ထပ်ပြောရရင်တော့ COC(Clash of Clan) ၀ါသနာရှင်တွေအတွက် အကောင့်ချိတ်ဖို့အဆင်သင့်ပါသည့်အတွက် လက်မလွှင့်ပါဘူး။ မိမိအနေနဲ့ တစ်သိန်းအောက်ဖြစ်ရမည် ဈေးနူန်းသက်သာရမည် ,
 အရေအသွေးကောင်းရမည်,ပြင်ဆင်မူပစွည်းရှိရမည် အာမခံချက်အပြည့်အ၀ရှိမယ်ဆိုရင် Newings ကိုမေ့လို့လုံးဝမရပါဘူး လက်ရှိ ဈေးကွက်မှာ ရောင်းအားကောင်းပြီး သုံးသူတိုင်း စိတ်ကျေနပ်မူအပြည့်အ၀ပေးနေတဲ့ Hanset တစ်လုံးဖြစ်ပါတယ်။အောက်တွင် Model တစ်ခု
ခြင်းဆီကို ရှင်းပြထားပါတယ် ဖတ်ကြည့်ပေးပါ။





W500 Model (Dual 3G)ဆိုလျှင်..,
Screen Size က 5 inches ရှိပြီး Flash မီးပါဝင်ပါတယ်။Android Version 4.4 ( Kitkat)ကိုသုံးထားပြီးCPU ကတော့ Quad-Core 1.3GHz သုံးထားပါတယ်။အဖြူ၊အမည်းနှစ်မျိုးလာပါတယ်။
Rom Memory 4GB ပါဝင်ပြီး SD Card အနေနဲ့တော့ 32GB ထိထပ်စိုက်နိုင်ပါတယ်။ ဖုန်းရဲ့ RAM ပမာဏကတော့ 512MB ပါ။Dual Sim Card စိုက်နိုင်ပြီး ကဒ်ပေါက်နှစ်ခုလုံးက 3G တွေဖြစ်ပါတယ် ။
GPS,Wifi,Bluetooth&FMပါဝင်ပါပြီး Video Call ,Motion & Gesture,Magic Thumb ပါဝင်တဲ့အတွက် အသုံးပြုသူတွေအတွက်ပိုနှစ်သက်စေမှာပါ။
မြန်မာဘာသာစကားBuilt in ပါဝင်ပြီး up to 39 languages ထိsupport လုပ်ပါတယ်။Camera အနေနဲ့ Back camera 5 Megapixel ဖြစ်ပြီး font camera ကတော့ 0.3MP ဖြစ်ပါတယ်။

COC နှစ်သက်သူများအတွက် Google Play Service built inပါဝင်တဲ့အတွက် updateလုပ်ရသက်သာပြီး အခက်အခဲမရှိလွယ်ကူစွာချိတ်ဆက်ကစားနိုင်ပါတယ်။
အခြားသော ဂိမ်းကစားသူများအတွက်လည်း CPU Quad-Core 1.3 GHz သုံးထားတဲ့အတွက် Touch အသွားအလာလျင်မြန်ပြီး စက်ဟမ်းခြင်းမှာကင်းဝေးပါတယ်။
Screen 5လက်မဖြစ်သဖြင့်စာဖတ်ဝါသနာပါသူတွေအတွက်လည်းအဆင်ပြေပြီး Screen size ကြီးတာကိုင်ချင်သူများအတွက်လည်းမငြင်းလောက်ပါဘူး။

ှSmart Motion များပါဝင်သည့်အတွက် လူတိုင်းသိပြီးဖြစ်ကြသလို Double Click ဆိုပါဝင်ပွင့်တာ, M လို့ရေးရင် music ပွင့်တာ ,W ဆိုလူတိုင်းသုံးတဲ့ WhatsApp ပွင့်တာ..အစသဖြင့်
 Motion များပါဝင်တဲ့အတွက်အလွယ်တကူအသုံးပြုနိုင်ပါတယ်ခင်ဗျာ။Notibar ကိုဆွဲချလိုက်ရင်လည်း Shortcut များစွာတွေ့ရမှာပါ Lock Screen Shortcut,Power off shortcut ,Flashမီး,Location..
အစသဖြင့် Easy Shortcut များပါဝင်ပါတယ်။ Individuality ထဲမှ font ထဲဝင်ပြီး မိမိနှစ်သက်ရာ Font Size ကိုများကို မူလပါတာလည်းသုံးလို့ရသလို User font အနေနဲ့လည်းသုံးလို့ရပါတယ်ခင်ဗျာ။

ပိုပြီးကောင်းတာကတော့ အာမခံတစ်နှစ်ပေးထားပြီး တစ်နှစ်တွင်း User Earror မဟုတ်ဘဲ System Earror ဆိုရင် Free Service ကိုအချိန်အနည်းငယ်တွင်း ပြန်လုပ်ပေးခြင်းဖြစ်ပါတယ်။
တစ်နှစ်ကျော်သွားပါကလည်း ပစွည်းမရှိမှာစိုးရိမ်စရာမလိုဘယ် နီးစပ်ရာ Newings Showroom ,Newings Service Center,မိမိဝယ်သည့်ဆိုင်များကို သွားရောက်ပြင်ဆင်နိုင်ပါတယ်။

Touch နဲ့ LCD သက်သက်ဖြစ်တာကြောင့် မိမိမှန်ကွဲရင်မှန်ပဲလဲရမှာပါ ,Lcd ကွဲရင် LCD ပါပဲ။ မိမိတို့ဖုန်းများပြင်ဆင်မူပိုင်းအတွက် စိုးရိမ်စိတ်မရှိအောင်လည်း Newings မှ MotherBoard ကအစရှိတာ
ကြောင့် Board လဲရမည့်အနေအထားမှာလည်း မိမိဟန်းဆက်ကိုပဲမခွဲမခွါ တူညီတဲ့တန်ဖိုးကုန်ကျခံကာ ပြင်ဆင်နိုင်ပါတယ်။ဈေးနူန်းကတော့ 6xxxx ဖြစ်ပါတယ်။

ကျန်သည့် Function များကျန်သေးသည့်အတွက်မိမိကိုယ်တိုင် ၀ယ်ယူပြီးမှ အသုံးပြုကြပါလို့တိုက်တွန်းပါတယ် ။ တစ်သိန်းအောက်ဟန်းဆက်လည်းဝယ်ချင် " ဈေးနူန်းချိုသာရမယ် , အရေအသွေးစိတ်ချ
ရမယ်၊အာမခံချက်အပြည့်ရှိရမယ် နဲနဲပေးပြီးများများသုံးမယ်ဆိုရင်တော့" ကျွန်တော်အကြံပြုချင်တောတော့ Newings Hanset ကိုသတိရလိုက်ပါခင်ဗျာ...

V840 Model ဆိုလျင်..,
CDMA/GSM နှစ်ကဒ်ထိုးဖြစ်ပါတယ် အခြားသော Brandများထက်ထူးခြားချက်အနေနဲ့ကတော့ Telenor ,Ooredoo ,MPT ,MEcTel လေးမျိုးလုံးအသုံးပြုနိုင်ပါတယ် Sim Slot (1)တွင် 3G Network ဖြင့်အသုံးပြုနိုင်ပါတယ် ooredoo နဲ့cdma(800MHz)အသုံးပြုချင်တဲ့သူတွေ
အတွက် ရွေးရမည့်ဖုန်းဖြစ်ပါတယ်။Screen Size ကတော့ 4.0 ဖြစ်ပြီး Flashမီးပါဝင်ပါတယ်။

Android Version 4.3 အသုံးပြုထားပြီး CPU 1.2GHz သုံးထားပါတယ် Rom Memory 4GB ပါဝင်ပြီး RAM အနေဲ့ 512 ပါဝင်ပါတယ်။Camera ကတော့ Back Camera 5.0MP ပါဝင်ပြီး font က 0.3MP ဖြစ်ပါတယ်။ Facebook ,Youtube,
Google Service,Myanar Font များကို Built in ပါဝင်ပြီး အသုံးပြုသူများအတွက် ပေးရသော တန်းကြေးထက် စိတ်ကျေနပ်မူကို ပိုပေးနိုင်မှာပါ ။ ဈေးနူန်းကတော့ 6xxxx ဖြစ်ပါတယ်။

WG 931 Model ဆိုလျှင်..,
Screen အားဖြင့် ၅ လက်မရှိပြီး Flash မီး ပါဝင်ပါတယ်။3G Support လုပ်သည့်အတွက် Telenor ,Ooredoo,MPT Sim card များကို 3G အသုံးပြုနိုင်မှာပါ။ CPU Quad-Cord 1.2GHz အသုံးပြုထားတဲ့အတွက်မြန်ဆန်မူအပိုင်းမှာ စိတ်ချရပါတယ်။Rom Memory 4GB သုံးထားပြီး
Ram ကတော့ 512 ပါ။ Camera ကို Back 8MPနဲ့ Font 2.0MP သုံးထားတဲ့အတွက် ရုပ်ထွက်ကြည်လင်ပြတ်သားစွာမြင်တွေ့ရမှာပါ။ Battery ကတော့ 2000 mAh ဖြစ်ပါတယ်။အခြားသော 3D Wallpaperများ Theme များ လည်းစိတ်ကြိုက်ရွှေးချယ်သုံးနိုင်ပြီး အခြားသော
ဒီမှာမရေးသေးသော Function များလည်းပါပါသေးတယ်။ ဈေးနူန်းကလည်း 9xxxx ဖြစ်သည့်အတွက် လူတိုင်းအလိုလို ၀ယ်ယူနိုင်ပါတယ်။

 ဘာသာစကားအနေနဲ့ မြန်မာ, အင်္ဂလိပ်, တရုတ် သုံးဘာသာနဲ့အသုံးပြုနိုင်ပါတယ်။ Google Service,Myanmar Font ပါတစ်ခါတည်းပါပြီး
ဖြစ်သည့်အတွက် မြန်မာဖောင့်ပျောက်ခြင်းမှလည်းကင်းဝေးပါတယ်။






Model 200 Hanset ဖြစ်ပါတယ်။ GSM ,WCDMA မှန်ကန်သော မြန်မာစာ စနစ်အသေပါဝင်ပြီး Rom 1GB နဲ့ Ram 256MB ဖြစ်ပါတယ်။Camera 0.08 MP ဖြစ်ပါတယ်။ Transfer လုပ်ငန်းစဉ်အတွက် Bluetooth ပါဝင်ပြီး FM လည်းSupport လုပ်ပါတယ်။Battery လည်း 1000m Ah ဖြစ်ပါတယ်။





Model C820&C850 ဖြစ်ပါတယ် CDMA 1x800 MHz ဖြစ်ပါတယ်။Camera ကတော့ 0.08 MPဖြစ်ပြီး Mp3 Support ပေးပါတယ်။မြန်မာစာစနစ် အသေပါဝင်ပြီး Battery ကတော့ 1000mAh ဖြစ်ပါတယ်။ အာမခံကတော့ 1 year ပေးထားပါတယ်။


Hanset အားလုံးကို ၁ နှစ်အာမခံပေးထားပြီး ဈေးနူန်းချိုသာစွာဖြင့် Brand အားလုံးထဲမှာထူးခြားသော Brand တစ်ခုအဖြစ်ရပ်တည်လျက်ရှိပါသည်။

*ဆက်သွယ်ရန်*
  ==> အမှတ်(၁၀၂၁-ခ)၊သုဓမာလမ်း၊(၂)ရပ်ကွက်၊မြောက်ဥကလာပ၊ရန်ကုန်မြို့ ။
ဖုန်း-01-655686၊09-420006923၊09-795872700

--------
* အထက်ပါ Hanset များကို ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး)တွင် လာရောက်ဝယ်ရောက်ပြီးလည်းအားပေးနိုင်ပါတယ်ခင်ဗျာ။ဝယ်ယူသူများကို Facebook Accountတစ်ခု ၊ လိုအပ်သောAccountလိုအပ်သောAppsများ၊Music,Wallpaperများကိုအခမဲကထည့်သွင်းပေးပြီးဟန်းဆက်များကိုလည်းဈေးနူန်းချိုသာစွာဖြင့်
လာရောက်ဝယ်ယူအားပေးနိုင်ပြီး preorderမှာယူသောဆိုင်သမားများအတွက်လည်း မှာယူပါက လက်ခမယူဘဲ အထက်တွင်ဖော်ပြထားသော Softwareများကိုထည့်သွင်းပေးပြီး ရောင်းချဖို့အတွက်ပါ သင်ပေးပါမည်ခင်ဗျာ...
09-73151297

မှတ်ချက်။ ။ ယခုကြော်ငြာအား "Tele Lord Distribution" မှ ဖြန့်ဝေပါသည်။ ။
Settings ပိုင်းဆိုင်ရာများကိုလည်း အသေးစိတ်ဖော်ပြနိုင်ရန်ကြိုးစားပါအုံးမည်။ ။


အဆင်​​ပြေပါ​စေ

ကို​နေဇင်​ (MMiTO)



ကျ​နော်​တင်​သမျှကို Facebook ကတိုက်​ရိုက်​လိုချင်​ရင်
ဒီ​နေရာမှာ
Like တစ်​ချက်​​ပေးခဲ့ပါ





Flash Call Alert For Newings W500&other Models

ကျွန်တော်လည်း အလုပ်မအားတာနဲ့ပို့စ်တွေသိပ်တင်မဖြစ်ဘူးပါ စာမေးပွဲလည်း ရှိလို့ပါ အင်းပေါ့ စာမေးပွဲကြောင့်ပါ ၁၁လပိုင်းကုန်ခါနီးရင် exam ပြီးပါပြီ ပြီးရင် ပြန်Run ပါ့မယ် အခုလည်း Run ပါတယ် အနည်းအကျဉ်းပေါ့ ရောင်းချထားတဲ့ Newings W500 နဲ့အခြား Model တွေအတွက် Flash Alert လေးတစ်ခုတင်ပေးလိုက်ပါ့မယ် ဖုန်းခေါ်ရင်သူကလည်း Alert software တိုင်းနဲ့ရဘူးလေ အဆင်ပြေတဲ့ဟာ နဲ့မှပဲရတာ ကဲအောက်မှာဒေါင်းပြီး Install လုပ်ပြီး သုံးပါ အဆင်ပြေပါစေနော်...

Download

 

သီဟထိုက်
My Facebook Account Click


အဆင်​​ပြေပါ​စေ

ကို​နေဇင်​ (MMiTO)



ကျ​နော်​တင်​သမျှကို Facebook ကတိုက်​ရိုက်​လိုချင်​ရင်
ဒီ​နေရာမှာ
Like တစ်​ချက်​​ပေးခဲ့ပါ





Samsung Galaxy J5 & E5 Root လုပ်မယ်..

ခုနောက်ပိုင်း ခေတ်စားလာတဲ့
Samsung Galaxy J5 & E5 တို့ကို root
လုပ်နိုင်အောင် CF Auto Root ကို
တင်ပေးလိုက်ပါတယ်..

1. Download Odin V 3.10.7
    Download

2. Download Samsung Ph Driver    
    USB >>> Download
    Kies >>> Download

3. Download CF Auto Root For-

    ဒီ Model များအတွက်
    SM-E500F , SM-J500F , SM-J500F/DS , SM-J500FN

   DOWNLOAD

    ဒီ Model များအတွက်
   SM-E500H , SM-J500H , SM-J500H/DS , SM-J500HN

   DOWNLOAD


အကုန်လုံးစုံပီဆိုရင်တော့ Odin ကို ဖွင့်လိုက်ပါ..
PDA မှာ ခုနက ကိုယ်ဒေါင်းထားတဲ့
root ဖိုင်ကို ရွေးပေးလိုက်ပါ.
Samsung Driver မရှိရင် install အရင်လုပ်ပါ..
ပီးရင် ဖုန်းကို Download Mode ခေါ်ပါ.
(Power Up+Home+Power)
ပီးရင် Computor နဲ့ကြိုးထိုးပါ..
Odin က ID Colum မှာ အရောင်ပေါ်လာတဲ့အထိစောင့်ပါ
ပေါ်လာပီဆိုရင် start ကိုနှိပ်ပါ ...
pass ပြတဲ့အထိစောင့်ပါ ..
Pass ပြပီး Reboot ပြန်လည်သွားမှ Firmware တင်ခြင်းပီးဆုံးပါပီ

အဆင်ပြေပါစေ....


လင့်သေသွားသည်ဖြစ်စေ.
ကျနော်တင်သော Post နှင့်ပတ်သပ်ပီး
အခက်အခဲတစ်စုံတစ်ရာရှိပါက
My FB Acc >> Min Oke Kar chat box မှ
လာရောက်အကြံပေးစေပါတယ်ခင်ဗျာ.



Min Oke Kar (ဘီလူးကျွန်းသားလေး)
နည်းပညာ

Samsung Galaxy J5 Firmware & How to flash it?

Galaxy J5 Firmware နှင့် Firmware တင်နည်း.



လိုအပ်တာတွေ ဒေါင်းလုပ်အရင်ဆွဲလိုက်ပါ ..
Download Odin V 3.10.7  >>>>  Download

Samsung ဖုန်းများအတွက် Driver
USB >>> Download
Kies >>> Download

Firmware
J500F >>>  https://1fichier.com/dir/2QGQvl5g
J500H >>> https://1fichier.com/dir/kX9LSu3M
Model အမျိုးအစားကို ကြည့်ပီး
Download ဆွဲပါ...

Driver မရှိရင် အရင်မောင်းထားလိုက်ပါ.
ပီးရင် ခုနကဒေါင်းထားတဲ့
Odin V3 ကို ဖွင့်လိုက်ပါ..
ပီးရင် PDA မှာ ခုနက ဒေါင်းထားတဲ့
ကိုယ့်ဖုန်းModel ရဲ့ Firmware (.tar.md5)
ကိုရွေးပေးလိုက်ပါ..ဖိုင်မပေါ်လာမချင်းခဏစောင့်ပါ.
ပီးရင် ဖုန်းကို donwload mode ခေါ်ပါ
(Vol Down+Home+Power) နှိပ်ပါ..
Continue မေးလာပါက Continue နှိပ်ပါ.
ကွန်ပျူတာနဲ့ ကြိုးထိုးပါ..
Odin မှာ ကြည့်ပါ  ID: COM ကော်လံမှာ အပြာရောင်ပေါ်လာမှ
Start ကိုနှိပ်ပါ..Pass ပြပီး ဖုန်းက Restart လည်သွားရင်ပီးဆုံးပါပီ ..
အဆင်ပြေပါစေ..


လင့်သေသွားသည်ဖြစ်စေ.
ကျနော်တင်သော ပို့နှင့်ပတ်သပ်ပီး
အခက်အခဲတစ်စုံတစ်ရာရှိပါက
My FB Acc >> Min Oke Kar chat box မှ
လာရောက်အကြံပေးစေပါတယ်ခင်ဗျာ.



Min Oke Kar (ဘီလူးကျွန်းသားလေး)
နည်းပညာ

G730-U00 Emergercy data Error fix 100%

မင်္ဂလာပါ  Huawei G730-U00 Emergercy data Error fix 100%  လေပါ ညီတစ်ယောက် အလှူ ခံရင် တင်ထားတာပါ  Zip file လေကို ဒေါင်းပြီ password ကို အလှူ ငေ...