AutoCAD 2014, 2015 Latest version (86x64) With Keygen (မြန်မာလိုစာအုပ် အပါအ၀င်)

 AutoCAD 2014, 2015 Latest version (86x64) With Keygen
 (မြန်မာလိုစာအုပ် အပါအ၀င်)
မင်္ဂလာပါ
AutoCAD ကို တစ်ခကဒ်တည်း တောင်းဆိုနေကြတဲ့
ဘော်ဒါတွေအတွက် တစ်နေကုန်အပင်ပန်းခံ ရှာပြီး
အားလုံးအတွက် တင်ပေးလိုက်ပါတယ်။

တော်တော်ရှာရခက်တဲ့ ဆော့ဝဲပဲဗျာ တကယ်တစ်နေကုန်တယ်
ဒေါင်းလော့လင့်တွေ အဆင်ပြေအောင်လို့ တင်ပေးဖို့ကိုကမလွယ်တာ
ရလာတော့လည်း တန်လိုက်ထာပေါ့ဗျာ....

2014 ဗားရှင်းတွေကတော့ ရှိတယ်၊ 2015 အတွက်ကတော့
ရှားပါးနေသေးတယ်၊ IOS ဖိုင်ကိုတင်ပေးလိုက်ရင်လည်း
မလုပ်တတ်မှာစိုးလို့၊ ပြီးရင် Size ကလည်း တော်တော်ကြီးတယ်။
တော်ရုံအင်တာနက် ဆွဲအားနဲ့တော့ မလွယ်လောက်ဖူး
ကျနော် ဒေါင်းလော့ရယူကြည့်ပါသေးတယ် 1 GB လောက်ရှိတယ်ဆိုတော့
အင်တာနက်ကော်နယ်ရှင်ကို အားနာတာနဲ့ ဒေါင်းလော့မယူရဲတောဖူး

ကဲဗျာ ဘာပဲဖြစ်ဖြစ် အခက်အခဲတာတော့ ရှိနေကြမှာပဲ
ဒါပေမယ့် မဖြစ် ဖြစ်အောင်လုပ်ဖို့ စိတ်ကူးရှိနေသေးသ၍
အဆင်ပြေအောင်တော့ ကြိုးစားကြတော့ဗျာ

စကားမစပ်ဗျာ ဒီ AutoCAD ကို အခြေခံမှ အဆင့်မြင့်အထိ လေ့လာ
လိုသူများအတွက် ဆရာ အောင်ဇော်လတ် ရေးသားပြု စုထားတဲ့
AutoCAD2010 အသုံးပြု နည်းမြန်မာလို စာအုပ်ကိုပါ တစ်ပါတည်း
တွဲတင်ပေးလိုက်ပါတယ်။

ဒီစာအုပ်လေးနဲ့ ပတ်သက်လို့ ဆရာ အောင်ဇော်လတ် က
 AutoCAD စာအုပ်လေးထဲမှာ AutoCAD Software ကိုတီထွင်သည့်
Autodesk ကုမ္ပဏီက AutoCAD စာအုပ်ကို သင်တန်းကျောင်း
လက်စွဲအသုံးပြု ရန်အနေဖြင့်သာ Exam Guide vo-1 နှင့် vol-2 ဟု
စာအုပ်နှစ်အုပ် ထုပ်ဝေခဲ့သဖြင့်လည်း ရှားပါးလှသည့် စာအုပ်လေး ဖြစ်ပါသည်။

မူလ စာအုပ်အတိုင်း E-book ၌ အပိုင်း ၂ ပိုင်းပါဝင်လာမည်ဖြစ်သလို
ပူးတွဲပါလာသည့် Workfiles များနဲ့ ပေါင်းစပ်လေ့လာပါမှ ပိုမိုပြည့်စုံသည့်
အဆင့်သို့ ရောက်ရှိလာမည်ဖြစ်ပြီး Audodesk မှ ကြီးမှူးစစ်ဆေးသည့်
စာမေးပွဲသာမက ICDL CAD စာမေးပွဲများကိုပါ ၀င်ရောက်ဖြေဆိုနိုင်ရန်
 အထောက်အကူ ပြုပေးမှာဖြစ်ပါသည်။

အသက်မွေးဝမ်းကြောင်း အတတ်ပညာတစ်ခုအဖြစ် AutoCAD နဲ့ ဆက်စပ်သော
နယ်ပယ်တွင် တက်စုံရွက်စုံဖြင့် မိမိတို့၏ အနာဂတ်ကို ကိုယ်တိုင် စိတ်တိုင်းကျ
ဖန်တီးနိုင်အောင် အသေစစ်ရှင်းပြထားတဲ့ စပါယ်ရှယ် စာအုပ်ကောင်းလေး
ဖြစ်တဲ့အကြောင်းနဲ့ ဆုမွန်ကောင်းလည်း တောာင်းပေးထားပါတယ်ခင်ဗျာ...

ကျနော်ကတော့ ဒီ AutoCAD ဆော့ဝဲကို 2014 ကိုရော့ 2015 ကိုပါ
တစ်နေရတည်း ဒေါင်းလော့ရယူနိုင်အောင် တင်ပေးလိုက်ပါတယ်။

ဒေါင်းလော့ရယူဖို့ရန် IDM နဲ့ကပိုအဆင်ပြေပါလိမ့်ယ်
အောက်ကလင့်မှာ ဒေါင်းလော့ရယူလိုက်ပါ

နောက်ဆုံးထွက် IDM ကို ရယူပါ

အသုံးပြု နည်း မြန်မာလိုစာအုပ် AutoCAD 2015 ကို
အောက်ကလင့်မှာဒေါင်းလော့ရယူလိုက်ပါ

AutoCAD 2010 အသုံးပြုနည်း (မြန်မာလို)

ကဲဒီတစ်ခါ AutoCAD ဆော့ဝဲကြီးကို ကွန်ပျူ တာမှာ
အမြဲတမ်းအသုံးပြုလို့ရအောင် Full Version အဖြစ်အင်စတော
လုပ်နည်းကို အောက်မှာ ဆက်လေ့လာကြည့်လိုက်ပါ

Installation Guide
============
၁။ ဆော့ဝဲကို အင်စတောမလုပ်မှီ အင်တာနက်ကို ပိတ်ထားပါ
 ဒေါင်းလော့ရလာတဲ့ AutoCAD 86x64 setup ဖိုင်ကို
Run as administer ဖြင့် အင်စတော့လုပ်ပါ။
 ၂။ အောက်ကပုံအတိုင်းပြနေခဲ့ရင်တော့ Install ဆိုတာကိုနှိပ်ပါ။
၃။ အောက်ကပုံအတိုင်းပြနေခဲ့ရင်တော့ License and Services Agreement 
တောင်းနေတာဖြစ်ပါတယ် အနီရောင်လေးနဲ့ဝိုင်းပြထားတဲ့ ပထမနေရာမှာ
မိမိနေတဲ့ နိုင်ငံကိုရွေးပေးလိုက်ပါ၊ ပြီးရင် i Accept ဆိုတဲ့နေရာမှာ အမှန်ခြစ်ပေးပါ။
ပြီးရင် Next ကိုနှိပ်လိုက်ပါ။ 
၎။ Next ကိုနှိပ်ပြီးလို့ အောက်ကပုံအတိုင်းပေါ်လာတဲ့အခါ
အနီရောင်လေးနဲ့ဝိုင်းပြထားတဲ့နေရာမှ Product Information ရဲ့အောက်
I have my product information ကိုအမှန်ခြစ်ပေးပါ၊

Serial Number နေရာမှာ
1. 666-69696969 2. 667-98989898
  3. 400-45454545 4. 066-66666666 
အပေါ်မှ လေးခုမှ တစ်ခုခုကို Copy ကူးထည့်ပေးပါ။

Product Key နေရာမှာ
 001G1 ဆိုတာကိုထည့်ပေးပါ။
အားလုံး အဆင်ပြေပြီဆိုရင်တော့ Next ကိုထပ်နှိပ်ပေးလိုက်ပါ။

အပေါ်က Product Key သည် AutoCAD အတွက်သာသီးသန့်ဖြစ်ပါသည်
တစ်ခြားသော Edition ဆော့ဝဲတွေအတွက်တော့ Official ကတိုက်ရိုက်ချပေးထားတဲ့
Product Key များကို သူ့ဆော့ဝဲနဲ့ သူ့ကီးကိုအမှန်ထည့်ပေးရမှာဖြစ်ပါတယ်။
 တစ်ခြားသော ထုတ်ကုန်ဆော့ဝဲဗားရှင်းတွေအတွက် အောက်ကလင့်မှာ ရယူလိုက်ပါ။

Product keys for Autodesk products (Official)
၅။ Next ကိုနှိပ်လိုက်ပြီးလို့ အောက်ကပုံအတိုင်းမြင်နေရရင်တော့
အနီရောင်လေးနဲ့ ၀ိုင်းပြထားတဲ့နေရာတွေကို အသေချာကြည့်ပါ
အားလုံးအဆင်ပြေတယ်ဆိုရင်တော့ Install ဆိုတာကို နှိပ်လိုက်ပါ။
၆။အောက်ကပုံအတိုင်းမြင်နေရရင်တော့ ကီးထည့်ပြီးလို့ အောင်မြင်
ကြောင်းပြနေတာဖြစ်ပါတယ် Finish ကိုနှိပ်လိုက်ပါ။
၇။ အဆင့်တွေကျော်လာခဲ့လို့အောက်ကပုံအတိုင်း Activate လုပ်ခိုင်းပါလိမ့်မယ်
Activate လုပ်ရန် Activate ဆိုတာကိုနှိပ်ပေးလိုက်ပါ။
၈။အသေအချာလုပ်ပါ ကျနော် အနီရောင်လေးနဲ့ဝိုင်းပြထား
တဲ့နေရာတွေမှာ အမှန်ခြစ်လေးတွေ မှန်ပလေ့စေ ပြီးရင် Next ကိုနှိပ်လိုက်ပါ။
၉။ အောက်ပုံအတိုင်း ပေါ်လာရင်တေ့ အနီရောင်လေးနဲ့
ဝိုင်းပြထားတဲ့ I have an activation code from Autodesk ကို
အမှန်ခြစ်ပေးထားပါ။ နံပါတ်စဉ်တွေပေါ်နေတဲ့ နေရာတွေမှာ Activation Code
 တွေထည့်ပေးရဦးမှာမို့ ဒီနေရာမှာ next ကို လုံးဝမနှိပ်ပါနဲ့ဦး။ ဒီအတိုင်း
ခနရပ်ဆိုင့်ထားပေးပါ။
 ၁၀။ ဒီတစ်ခါ Keygen ဖိုင်ကို အင်စတောလုပ်ရပါမယ်
သူ့အထဲမှ Activation Code ကို ကူးယူရမှာမို့ ကျနော်တင်ပေးထားတဲ့
Crack ဖိုင်ထဲမှာ မိမိကွန်ပျူ တာနဲ့ ကိုက်ညီမယ့် Keygen ကို
 အင်စတောလုပ်ရမှာဖြစ်ပါတယ်။

ကွန်ပျူ တာက 32Bit OS ဆိုရင်တေ့ 23 keygen ဖိုင်ကို အင်စတောလုပ်ပါ
ထို့အတူပဲ 64 bit OS ဆိုရင်လည်း 64 Keygen ဖိုင်အင်စတော လုပ်လိုက်ပါ။
၁၁။ အင်စတောလုပ်ပြီးလို့ အပေါ်ကပုံအတိုင်းမြင်နေရတဲ့အခါမှာတော့
 ကျ နော်အနီရောင်လေးနဲ့ဝိုင်းပြထားတဲ့ Paste Request here ဆိုတဲ့နေရာမှာ
Request Code ကိုထည့်ပေးရမှာဖြစ်လို့ စောနားက ကျနော်တို့
နံပါတ် ၉ မှာ တွေ့ခဲ့တဲ့ Product License Activation Option နေရာမှာ
 Request Code ဆိုတာပါတယ်။ အဲဒီ Request Code ကို Copy ယူပြီး
 ဖွင့်ထားတဲ့ Keygen ဖိုင်ရဲ့ Paste Request here ဆိုတဲ့နေရာမှာ
Paste လုပ် (ထည့်) လိုက်ပါ။ ပြီးရင် Patch ဆိုတာကိုနှိပ်ပေးလိုက်ပါ။
၁၂။ Patch ဆိုတာကိုနှိပ်လိုက်တာနဲ့ အောင်မြင်ကြောင်း
အောက်ကပုံအတိုင်းပြနေပါလိမ့်မယ်။
၁၃။ Patch ကိုနှပ်လို့ Successfully patched လို့အောင်မြင်ပြီးတာနဲ့
အောက်ကပုံအတိုင်း Generate ဆိုတာကို ထပ်နှိပ်ပေးလိုက်ပါ။
၁၄။ ကဲအဆင့်တွေလည်း အောင်မြင်စွာကျော်ဖြတ်ခဲ့ပြီးဖြစ်လို့
အခုဆိုရင် Generate ကိုနှိပ်ပြီး Activation serial Key ကိုလည်း ရယူထား
ပြီးဆိုတော့  အောက်ကပုံအတိုင်းသာ Serial Key ကိုကူးယူးပြီး အခန်းနံပါတ်
၉ နေရာမှာ လိုအပ်နေတဲ့ I have an activation code from Autodesk
ဆိုတဲ့နေရာမှာ အောက်ကပုံလေးအတိုင်း ပျော်ပျော်ကြီး ထည့်ပေးလိုက်ပါ။
အားလုံးထည့်ပြီးသွားရင်တော့ Next ကိုနှိပ်ပါ။

၁၅။ ကဲဗျာ နောက်ဆုံးအဆင့်ဆိုမှတော့ အားလုံးသိပြီးသား
အတိုင်း Finish ကိုသာ နှိပ်ပေးလိုက်ပါတော့။

Features of AutoCAD 2015
 =================
Below are detailed features which you’ll experience after AutoCAD 2015
    Optimized Command Line options.
    Preview of Property Pages.
    Documentation Tools and Content Explorer.
    Duplication object deletion.
    Parametic Design with Slash revision.
    Object and Layer Transparency.
    Annotation Scaling.
    New Feature is Live Maps.
    Improved Reality Capture.
    SketchBook Designer.
    Surface Analysis.
    Viewport Controls.
    Editable UCS Icons.
    Autodesk 360 Connectivity.
    More features can be experienced after AutoCAD 2015

System Requirements For AutoCAD 2015
=======================
Before you start AutoCAD 2015 , make sure your PC
 meets minimum system requirements.
    Operating System: Windows 8.1 / Win 8 / Win 7 / Vista / XP
    Memory (RAM): Minimum 2 GB
    Hard Disk: 10 GB Space
    Processor: Intel Core 2 Duo

AutoCAD 2014 32 Bit

Download Here

AutoCAD 2014 64 Bit

Download Here


AutoCAD 2014 keygen (Only) 

OR

AutoCAD 2014 keygen (Only) 


AutoCAD 2015 ISO 64 Bit
PFU 
#1 http://sh.st/s9XqG
#2 http://sh.st/s9XqH
#3 http://sh.st/s9XqJ

Mega :
#1 http://sh.st/s9Z8e
#2 http://sh.st/s9Z8r
#3 http://sh.st/s9Z8t
 အထက်ပါလင့်များကို Part 1,2,3 အနေဖြင့် ဒေါင်းလော့ရယူမှာဖြစ်ပါတယ်
ပေးထားတဲ့ လင့်တွေကို Copy ကူးယူပြီး Browser မှာ Paste လုပ်ပြီး
ဒေါင်းလော့ရယူနိုင်ပါတယ်။ ဒေါင်းလော့ရလာတဲ့ Zip ဖိုင်တွေထဲမှ Part 1 ကိုသာ
Extract ဖြင့်ဖြေလိုက်ရင် ပါပြီ။

ISO ဖိုင်ဖြစ်လို့ အခွေအဖြစ် Burn ယူပြီး
အင်စတင်လုပ်ကာ အသုံးပြု နိုင်မှာဖြစ်ပါတယ်။

AutoCAD 2015 ISO 32 Bit ကိုတော့
ရှာမရသေးဘူးဗျာ အွန်လိုင်းတစ်ခွင်လည်း
တင်ပေးတဲ့သူတွေနည်းတော့ လိုက်ရှာတာ မောတယ်
နောက်များ ကြုံ ကြို က်ရင် တင်ပေးပါ့မယ်ဗျာ...

AutoCAD 2015 Crack ဖိုင်တော့ ရှိတယ်
အင်စတောလုပ်နည်းကတော့ 2014 နဲ့တူပါတယ်
အသုံးလိုတယ်ဆိုရင်တော့ ဒေါင်းလော့ရယူထားလိုက်ပါ


AutoCAD 2015 Crack (Only)

OR

AutoCAD 2015 Crack (Only)


 AutoCAD 2010 အသုံးပြုနည်းကို မြန်မာလို
ပြန်ဆိုပေးထားတဲ့ ဆရာ အောင်ဇော်လတ် ကို
ကျနော် ဒီနေရာကနေ အလေးအမြတ် ဂါရ၀ပြုပါတယ်ဆရာ
 
အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)


ကို​နေဇင်​ - အ​ခြေခံနည်းပညာ Groupထဲကို
Join Group
လုပ်​​ပေးပါဦး - ​အောက်​ကစာသား​ပေါ်သို့်​နှိပ်​ပီးသွားပါ

ကို​နေဇင်​ - အ​ခြေခံနည်းပညာ Group


Facebook Page သို့ Like
နှိပ်​​ပေးပါဦး -​ ​အောက်​ကစာသား​ပေါ်သို့ နှိပ်​ပီးသွားပါ

ကို​နေဇင်​ - နည်းပညာ Page



အဆင်​​ပြေပါ​စေ

ကို​နေဇင်​ - နည်းပညာ


Soft : ( MB)


<<<  Don't Forget To Say Thanks CLICK HERE TO DOWNLOADDon't Forget To Say Thanks  >>>
 

ဖုန်းထဲက Data တွေကို ပြန်လည်ရယူပေးနိုင်မယ့် DiskDigger Pro 0.993 apk

DiskDigger Pro (root) 0.993 Apk

 မင်္ဂလာပါ
အခုတလော သိပ်မအားတာနဲ့ ပိုစ့်တွေသိပ်မတင်ပေးဖြစ်ဘူး
ဒီဆော့ဝဲလေးကိုတော့ တောင်းဆိုထားကြတာကြာပါပြီ
သတိရတုန်းလေး အားလုံးအတွက် တင်ပေးလိုက်ပါတယ်။
ဒီဆော့ဝဲလေးကတော့ Android user တိုင်း ဆောင်ထားသင့်တဲ့
 All in one တစ်ခုဖြစ်မယ်ထင်ပါတယ်။ တစ်ခါတစ်လေ မိမိရဲ့ ဖုန်းထဲကနေ
 မှားဖျက်မိတဲ့ Photo , Music , documents စတဲ့ အရေးကြီး Data တွေကို  ပြန်လည်  
Recover ကောင်းကောင်းလုပ်ပေးနိုင်မယ့် စပါယ်ရှယ် ဆော့ဝဲကောင်းလေးဖြစ်ပါတယ်။

 ဒီဆော့ဝဲလေးနဲ့ မိမိရဲ့ ပျက်စီးဆုံးရှုံးသွားတဲ့ အောက်ပါ Format ဆိုက်
 Data အားလုံးကို အကုန်ပြန်လည် ရယူနိုင်မှာဖြစ်ပါတယ်။

JPG, PNG, MP4 / M4A / 3GP / 
MOV, GIF, MP3, AMR, WAV, TIF, CR2, SR2, NEF, DCR,
 PEF, DNG, ORF, DOC / DOCX, XLS / XLSX, PPT / PPTX, 
PDF, XPS, ODT / ODS / ODP / ODG, ZIP, APK, EPUB.

 ဒီဆော့ဝဲကို အသုံးပြု ဖိုရန်အတွက်ကတော့ ဖုန်းဟာ
 Root Access  ရရှိထားပြီးသား ဖုန်းတစ်လုံးဖြစ်ရပါမယ်။
အသုံးလိုတဲ့ ညီအကိုတွေကတော့ အောက်ကလင့်မှာ
ဒေါင်းလော့ရယူနိုင်ပါပြီ။


Size 978k ပဲရှိပါတယ်။ 2.2 အထက်
ဖုန်းအားလုံးမှာ အဆင်ပြေပါတယ်။

Download Here

OR

Download Here

အဆင်ပြေပါစေ


ဇူးနစ်(နည်းပညာ)

ကို​နေဇင်​ - အ​ခြေခံနည်းပညာ Groupထဲကို
Join Group
လုပ်​​ပေးပါဦး - ​အောက်​ကစာသား​ပေါ်သို့်​နှိပ်​ပီးသွားပါ

ကို​နေဇင်​ - အ​ခြေခံနည်းပညာ Group


Facebook Page သို့ Like
နှိပ်​​ပေးပါဦး -​ ​အောက်​ကစာသား​ပေါ်သို့ နှိပ်​ပီးသွားပါ

ကို​နေဇင်​ - နည်းပညာ Page



အဆင်​​ပြေပါ​စေ

ကို​နေဇင်​ - နည်းပညာ


Soft : ( MB)


<<<  Don't Forget To Say Thanks CLICK HERE TO DOWNLOADDon't Forget To Say Thanks  >>>
 

အင်္ဂလိပ်စာကို ချစ်မြတ်သူတွေအတွက် အားလုံးထဲက နံပါတ်ဝမ်း-Longman Dictionary of Contemporary English 5 - Audio Edition v1.4

 
Longman Dictionary of Contemporary English 5 - Audio Edition v1.4
မင်္ဂလာပါ
ဒီတစ်ခါ ကျနော် ပြန်လည်မျှဝေချင်တာလေးကတော့
Android user တွေအတွက် ဖုန်းနဲ့ Tablet တွေမှာ
အသုံးပြု ဖို့ Dictionary ကောင်းကောင်းလေးဖြစ်ပါတယ်။

Longman ဆိုရင်တော့ ကွန်ပျူ တာ OS မှာ လူကြို က်များတဲ့
အားလုံးထဲက နံပါတ်ဝမ်းကြီး Dictionary ဆိုတာကို အားလုံးသိကြမှာပါ။

  ကွန်ပျူ တာသုံး Dictionary တွေထဲမှာတော့ ကျနော်အကြိုက်ဆုံး
ဖြစ်ပါတယ်။ ဒီ Apk လေးထဲမှာလည်း စကားလုံးပေါင်း 230,000 လောက်ပါ
ဝင်ပါတယ်။ ရိုးရိုးလေး ပြောရရင်တော့ အင်္ဂလိပ်စာကို လိုက်စားနေကြတဲ့
ညီအကိုတွေနဲ့ ကျောင်းသား/သူများအတွက် ဒီ ဆော့ဝဲလေးဟာ
 the most up-to-date learner's dictionary လေးဖြစ်လို့
 သင့်အတွက် fluency English Skill ကို လုံးဝပိုင်ဆိုင်စေမှာလည်းဖြစ်ပါတယ်။

မီးနင်း တစ်လုံးစီရဲ့အဓိပါယ်ကို ဖေါ်ပြပေးရာ၌ definitions အားဖြင့်
အနည်းဆုံး 2,000 အသုံးပြု ပေးထားတာကိုက ပြည့်စုံလွန်းလှပါတယ်။
pronunciations ဆိုင်ရာအတွက် British and American English ကို
Audio ဖြင့် 77,000 ကျော်ထည့်သွင်းပေးထားပါသေးတယ်။

အဲဒီ Audio ရဲ့ စကားလုံးတွေရဲ့ အဓိပါယ်ကိုလည်း example sentences
အနေဖြင့် 86,000 recorded ဖြင့် ရေးဆွဲထားသေးတာမို့ သင့်အတွက် စိတ်ကူး
မလွဲစေချင်တဲ့ အားလုံးထဲက နံပါတ်ဝမ်း Dictionary လေးဖြစ်ပါတယ်။

 ဒီ ဆော့ဝဲလေးကိုတော့ အင်္ဂလိပ်စာကို ချစ်မြတ်သူတွေအတွက်
သင်သွားလေရာကို ပါတဲ့ သင့်စမတ်ဖုန်းလေးနဲ့အတူ လုံးဝ
ဆောင်ထားသင့်ပါတယ်။ အထူးစိတ်ဝင်စားစရာကောင်းတာကတော့
ဒီဆော့ဝဲလေးကို www.amazon.com မှာတောင် Price: $29.99 နဲ့
ရောင်းပေးနေတာဖြစ်ပါတယ်။ 

သင့်အတွက် ဒီ Dictionary လေးဟာ
vocabulary အတွက်လည်း အထောက်အကူဖြစ်အောင် images ဖြင့်လည်း
တွဲစပ်ပေးထားတော့ သေချာပါတယ် သင်လိုအပ်နေတဲ့ fluency Skill ကို
ဒီ Apk လေးက လုံးဝအထောက်အကူ ပြု ပေးပြီး နေ့ချင်းတိုးတက်မှုကို
ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။

 အသုံးလိုတဲ့ညီအကိုတွေကတော့ အောက်ကလင့်များမှာ
Free Apk အနေဖြင့် စိတ်ကြို က်ဒေါင်းလော့ရယူနိုင်ပါပြီ။

Application Features

- a native, dedicated dictionary app written specifically for the Android platform
- full content of the print dictionary
- PLUS additional collocations, synonyms & word histories
- complete front matter and additional resources
- hyperlinked cross-references
- real-time progressing look-up
- wildcard pattern searches with * ?
- bookmark your favourite entries
- automatic history listing
- integrated entry menus for quick navigation
- offline use (except for audio and images) 

  
 Download Here

OR

Download Here 

OR

 Download Here

OR

Download Here 

OR

Download Here 

OR

Download Here 

OR

Download Here 

24.4 MB ပဲရှိပါတယ်။
2.2 အထက် ဖုန်းအားလုံးမှာ အဆင်ပြေပါတယ်။

အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)
ကို​နေဇင်​ - အ​ခြေခံနည်းပညာ Groupထဲကို
Join Group
လုပ်​​ပေးပါဦး - ​အောက်​ကစာသား​ပေါ်သို့်​နှိပ်​ပီးသွားပါ

ကို​နေဇင်​ - အ​ခြေခံနည်းပညာ Group


Facebook Page သို့ Like
နှိပ်​​ပေးပါဦး -​ ​အောက်​ကစာသား​ပေါ်သို့ နှိပ်​ပီးသွားပါ

ကို​နေဇင်​ - နည်းပညာ Page



အဆင်​​ပြေပါ​စေ

ကို​နေဇင်​ - နည်းပညာ


Soft : ( MB)


<<<  Don't Forget To Say Thanks CLICK HERE TO DOWNLOADDon't Forget To Say Thanks  >>>
 

Xiaomi Redmi 1S, Mi4, Mi3, Note, Pad တို့ကို Official MIUI ROM များ အလွယ်တကူ တင်ပေးနိုင်တဲ့ Updater App Beta 26 apk

Updater App Beta 26 apk
 မင်္ဂလာပါ
ဒီနေ့တော့ စမတ်ဖုန်းသမားတွေအတွက်
ဆော့ဝဲလေးဆန်းလေးတစ်ခုကို မိတ်ဆက်ပေးလိုက်ပါတယ်။

အခုနောက်ပိုင်း အရမ်းနာမည်ကြီးပြီး လူကြိုက်များလာတဲ့
 MIUI V5 ဆိုင်ရာတွင် Xiaomi Redmi 1S, Mi4, Mi3, Note, Pad တို့ရဲ့
 Official MIUI ROM များကို ဒီဆော့ဝဲလေးက အလွယ်တကူ
အင်စတောလုပ်ယူနိုင်မှာဖြစ်ပါတယ်။

ဒီဆော့ဝဲလေးကတော့ Xiaomi ဖုန်း/Tablet တွေမှာ Built-in ပါတဲ့
 Updater app ဖြစ်တာမို့ ဖုန်းမှာတင် အင်စတောလုပ်ပြီး
 ROM Flash များကို အလွယ်တကူ တင်ယူနိုင်မယ့်
တစ်ခုတည်းသော ဆော့ဝဲလေးဖြစ်ပါတယ်။

Software Information
=================
Software Name:MIUI Updater
Version Information:Beta 26
Version Size:0.9 MB
Applicable Models / Systems:MIUI V5 Or Later


 Download Here

OR

Download Here 

OR

Download Here 

OR

 Download Here

Updater app ကိုအသုံးပြု၍ MIUI ROM တင်နည်းကို သူ့နဲ့သက်ဆိုင်ရာ
ROM တင်နည်းမှာ ရှင်းပြပေးသွားမှာဖြစ်ပါတယ်။

အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)

ကို​နေဇင်​ - အ​ခြေခံနည်းပညာ Groupထဲကို
Join Group
လုပ်​​ပေးပါဦး - ​အောက်​ကစာသား​ပေါ်သို့်​နှိပ်​ပီးသွားပါ

ကို​နေဇင်​ - အ​ခြေခံနည်းပညာ Group


Facebook Page သို့ Like
နှိပ်​​ပေးပါဦး -​ ​အောက်​ကစာသား​ပေါ်သို့ နှိပ်​ပီးသွားပါ

ကို​နေဇင်​ - နည်းပညာ Page



အဆင်​​ပြေပါ​စေ

ကို​နေဇင်​ - နည်းပညာ


Soft : ( MB)


<<<  Don't Forget To Say Thanks CLICK HERE TO DOWNLOADDon't Forget To Say Thanks  >>>
 

Android ဖုန်း tablet အားလုံးမှာ ဖုန်း၊ tablet မှ တိုက်ရိုက် ဗားရှင်းမြှင့်တင်နည်းနဲ့ ကွန်ပျူ တာမှ တင်နည်းများအပြည့်အစုံ

Android ဖုန်း Tablet အားလုံးမှာ ဖုန်း Tablet မှတိုက်ရိုက် ဗားရှင်းမြှင့်တင်နည်းနဲ့ ကွန်ပျူ တာမှ တင်နည်းများ
မင်္ဂလာပါ
Android ချစ်ပရိတ်သတ်ကြီးများအတွက် အထူးရည်ရွယ်ပြီး
ဒီပိုစ့်လေးကို တင်ပေးလိုက်ခြင်းဖြစ်ပါတယ်ခင်ဗျား

ခေါင်းစဉ်လေးမြင်တာနဲ့ ဘာဆိုတာကို သဘောပေါက်မှာပါ
သိပြီးသား ညီအကိုတွေကတော့ ကျော်သွားလိုက်ကြပါ
လေ့လာခါစညီအကိုတွေနဲ့ စနစ်ဟောင်းကို တွန်းလှန်ပြီး စနစ်သစ်
စတိုင်အသစ်လေးနဲ့ လန်းချင်သူများကတော့ လုံးဝသိထားရမယ့်
Android Device ဆိုင်ရာ နည်းလမ်းကောင်းလေးဖြစ်ပါတယ်။

ဘာကြောင့်ဗားရှင်းမြင့်ရသလဲလို့ ဆိုတော့ အသစ် အသစ်ထွက်ရှိလာတဲ့
Android Operating System တွေရဲ့ Features အသစ်တွေ၊ function တွေ၊
 performance ပိုမိုကောင်းလာအောင် ဆိုပြီး ဗားရှင်းအဟောင်းကနေ အသစ်ကို
တင်ယူခြင်းဖြစ်ပါတယ်။

ဗားရှင်းအဟောင်းရဲ့ လုပ်ဆောင်ချက်ကတော့ အထူးပြောနေစရာ
မလိုလောက်တော့ဖူးလို့ထင်ပါတယ် အသုံးပြုနေရင်းကနေ ထုပစ်ချင်စိတ်
ပေါက်လောက်အောင် လေးလန်နေပြီး ဘာဆိုဘာမှ ထူးခြားမှု ကောင်းမွန်
ထပ်တိုးလာတာမျိုးလည်း မရှိပဲ တစ်နေ့ထက်တစ်နေ့ ပိုဆိုးလာခြင်းကတော့
ဗားရှင်းအဟောင်းပေါ့ဗျာ

ကဲ အလန်းဆုံးဆိုတဲ့ နောက်ဆုံးထွက် ဗားရှင်းတွေရဲ့ Features အသစ်တွေ၊
 function တွေ၊ performance ကောင်းကောင်းနဲ့ အသုံးပြုချင်တယ်ဆိုရင်တော့
Android ဖုန်း tablet အားလုံးမှာ ဖုန်း၊ tablet မှ တိုက်ရိုက် ဗားရှင်းမြှင့်တင်နည်းနဲ့
ကွန်ပျူ တာမှ တင်နည်းများကို အောက်မှာ လေ့လာကြည့်လိုက်ပါ။

Android Version 2.3 မှ 4.3 အထိဖုန်းရှင်းအနိမ့်
ဖုန်းတွေအတွက် နောက်ဆုံးဗားရှင်းမြှင်တင်နည်း
===========================
၁။ ပထမဆုံး Wifi အင်တာနက်ကို ဖုန်းမှာ ချိတ်ဆက်ပါ

၂။ ပထမဆုံး ဖုန်းရဲ့ Setting ဆိုကိုနှိပ်ပါ
၃။ Setting ထဲမှာ Privacy setting ဆိုတာကိုတစ်ချက်နှိပ်ပါ။

၎။ ပေါ်လာတဲ့ Privacy setting တွေရဲ့အောက်မှ
 Back up my data ဆိုတာကို အမှန်ခြစ်ပေးထားလိုက်ပါ။
၅။ About Phone ဆိုတာကထပ်နှိပ်ပါ
၆။ Software ဆိုတာကို ထပ်နှိပ်လိုက်ပါ
၇။ Update ဆိုတာကိုနှိပ်ပါ
၈။ Update ဆိုတာကို နှိပ်လိုက်တဲ့အခါ အောက်ကပုံအတိုင်း ပေါ်လာပါလိမ့်မယ်
ကျနော် အနီရောင်လေးနဲ့ ၀ိုင်းပြထားတဲ့ Scheduled software updates နေရာမှာ
 အမှန်ခြစ်ပေးပြီး Install ဆိုတာကိုသာနှိပ်ပေးလိုက်ပါ။
၉။ တကယ်လို့ အောက်ကပုံအတိုင်းပြနေရဲ့ရင်တော့ သင့်ဖုန်းအတွက် လက်ရှိနေတဲ့ ဗားရှင်းသည် နောက်ဆုံး ဗားရှင်းဖြစ်နေတာပါ၊ အဲဒီလိုသာ ပြနေခဲ့ရင်တော့ ရှိတာလေးနဲ့ ရောင့်ရဲနေလိုက်ပါ၊ သင့်ဖုန်းအတွက် ထုပ်လုပ်သူနဲ့ ၀မ်ဆောင်မှုကို
 ပေးသူတို့ရဲ့အပေါ်မှာသာမူတည် ဖြစ်လို့ ဒီနေ့ တွပ်ပီ ကံမကောင်း ဘူးလို့ပဲ မှတ်လိုက်ပါ။
၁၀။ဖုန်း Tablet ကနေ တိုက်ရိုက် လုပ်ယူတာဖြစ်လို့
Internet Connection အခြေအနေအရ အနည်းအမြန်ကတော့ရှိမှာပါ။
အားလုံးအဆင်ပြေရင်တော့ ဖုန်းက Reboot ကျပြီးပြန်တက်လာတဲ့အခါ
မိမိဖုန်းအတွက် သတ်မှတ်ပေးထားတဲ့ Official ရဲ့ နောက်ဆုံးဗားရှင်းကို
သင်ပိုင်ဆိုင်နိုင်ပါပြီ။

(မှတ်ချက်=အထက်ပါနည်းလမ်းသည် Samsung ဖုန်းကို
အခြေခံပြီး ရှင်းပြထားခြင်းသာဖြစ်ပါတယ် တစ်ခြားသော ဖုန်းတွေရဲ့
System တွေနဲ့ ကွဲပြားခြားနေရင်လည်း ဒီနည်းအတိုင်းထပ်တူဆိုတာကို
မှတ်ယူစေချင်ပါတယ်)

4.3 အထက် ဖုန်းများမှ 4.4.2 အထက် ဗားရှင်းသို့ မြှင်တင်နည်း
 ========================
 ၁။ နည်းလမ်းကတော့ အပေါ်က အတိုင်းဖြစ်သည့်
အတွက် ပုံတွေကိုမပြပေးတော့ပါ၊ စာပဲ ရေးလိုက်ပါတယ်။
ကျနော်မှာ Note 2 ဖုန်းကို ၀ယ်တုန်းက ဗားရှင်း 4.3 ကြီးပါ
မကြို က်တော့တာနဲ့ Official ကလည်း 4.4.2 ဗားရှင်းကို
ပေးနေတော့ အထက်ပါနည်းလမ်းအတိုင်းပဲ မြှင်တင်ထားတာပါ။

၂။ ဗားရှင်းမြှင့်ဖို့ရန်အတွက်  Settings > More >
 About Device > Software Updates > Update ကိုနှိပ်ပေးလိုက်ပါ။
မိမိဖုန်းအတွက် Official က သက်ဆိုင်ရာနောက်ဆုံးဗားရှင်းကို
ထုပ်ပေးထားပြီးသားဆိုရင်တော့ တွပ်ပီ ကံကောင်းမှာပေါ့ဗျာ....


Android 4.4.2 Features

  • Android 4.4.2 OS
  • White Status Bar Icons
  • Camera Shortcut on Lock-Screen
  • Wireless Printing
  • Album Art on Lock-Screen during Music Playback
  • NFC tap-to-pay support
  • Options to set default messaging and launcher apps
  • Transparent status bar
  • Better stability
  • Improved Ram usage
  • Smoother Interface Overall
  • Samsung KNOX 2.0
  • Samsung Wallet
  • Emoji for Keyboard
  • Bug Fixes
နောက်ဆုံးထွက် ဗားရှင်းကို ကွန်ပျူ တာမှ တင်နည်း
=======================
ဒီတစ်ခါ ကျနော် ပြန်လည်မျှဝေချင်တာကတော့
ဖုန်းက Android Version တွေကို ကွန်ပျူ တာမှ တင်ယူနည်းလေးပါ
အောက်မှာ လေ့လာကြည့်လိုက်ပါ

၁။ ပထမဆုံး Samsung Kies နောက်ဆုံးဗားရှင်းကို ဒေါင်းလော့ရယူလိုက်ပါ
ပြီးရင် အင်စတောလုပ်နည်းကိုပါ အောက်ကလင့်မှာ ၀င်လေ့လာလိုက်ပါ

Samsung Phone & Tablet တွေအတွက် မရှိမဖြစ်တဲ့ Entertainment ဆော့ဝဲ

 ၂။ Samsung Kes ဆော့ဝဲကို ကွန်ပျူ တာမှာ အင်စတောလုပ်ပြီးရင်တော့
ဖုန်းနဲ့ ကွန်ပျူ တာကို ချိတ်ဆက်လိုက်ပါ။

၃။ ဖုန်းနဲ့ကွန်ပျူ တာချိတ်ဆက်ပြီးလို့ Connected ဖြစ်တဲ့အခါ
အောက်ကပုံအတိုင်းပြနေပါလိမ့်မယ်။ Basic Information ဆိုတာကို
တစ်ချက်နှိပ်လိုက်ပါ။ မြင်နေရတဲ့ပုံအတိုင်းပါပဲ သင့်ဖုန်းအတွက်
New firmware is available ပြနေခဲ့ရင်တော့ သေချာသွားပါပြီ
သင့်အတွက် နောက်ဆုံးဆိုတာကို Update လုပ်ယူနိုင်မှာဖြစ်ပါတယ်။
အထက်ပါပုံအတိုင်းမြင်နေရရင်တော့  ဗားရှင်းမြှင်ရန်အတွက်
ကျနော် အပြာလေးနဲ့ဝိုင်းပြထားတဲ့ Firmware Upgrade button
ဆိုတာကို နှိပ်ပေးလိုက်ပါ။

၎။အောက်ကပုံအတိုင်း ပြနေခဲ့ရင်တော့ terms of the agreement ကို
ပြောနေတာဖြစ်ပါတယ် မြှားနဲ့ ထိုးပြထားတဲ့ I have read all of the above
Information ရဲ့နေရာမှ လေးထောင့်ကွက်လေးကို အမှန်ခြစ်ပေးလိုက်ပါ။
ပြီးရင် Start Upgrade ဆိုတာကို ထပ်နှိပ်ပေးလိုက်ပါ။
Start Upgrade ဆိုတာကိုနှိပ်လိုက်ပြီး ဗားရှင်းစတင်မြှင့်နေတုန်းမှာ
ဖုန်းနဲ့ကွန်ပျူ တာချိတ်ဆက်ထားတဲ့ USB ကြိုးကို ဖြု တ်မိတာမျိုးမလုပ်ပါနဲ့
အချိန်အနည်းငယ်ကြာအောင် စောင်ပေးလိုက်ပါ အားလုံးပြီးတာနဲ့
ဖုန်းက သူ့အလိုလို Reboot ကျသွားပါလိမ့်မယ်၊ ပြန်တက်လာတဲ့အခါမှာတော့
သင့်ဖုန်းလေးမှာ Official ရဲ့ နောက်ဆုံးဗားရှင်းလေးကို ပိုင်ဆိုင်နိုင်ပါပြီ။

Android ဖုန်း tablet အားလုံးမှာ ဖုန်း၊ Tablet အားလုံးကို
Official ရဲ့ နောက်ဆုံးဗားရှင်းကို Odin ကိုအသုံးပြု ပြီး
ဗားရှင်းမြှင့်တင်နည်း
=========================
ဒီတစ်ခါကျနော် ပြန်လည်မျှဝေသွားချင်တာလေးကတော့
Odin ဆော့ဝဲကိုအသုံးပြု ပြီး Official ရဲ့ နောက်ဆုံးဗားရှင်းကို
ဖုန်းနဲ့ Tablet တွေမှာ အလွယ်တကူ Upgrade လုပ်နည်းပဲဖြစ်ပါတယ်။

၁။ ပထမဆုံး Samsung Phone Driver ကို အောက်ကလင့်မှာဒေါင်းလော့
 ရယူလိုက်ပါ၊ ပြီးရင် ကွန်ပျူ တာမှာ အင်စတောလုပ်လိုက်ပါ။

Samsung USB Drivers များကို ဖုန်းအမျိုးအစားအလိုက် စိတ်ကြို က်ရွေးချယ် ဒေါင်းလော့ရယူနိုင်ပါပြီ

၂။ Odin ဆော့ဝဲကို အောက်ကလင့်မှာဒေါင်းလော့ရယူလိုက်ပါ
မိမိဖုန်းအတွက် ကိုက်ညီမှာ Odin ဗားရှင်းကို စိတ်ကြို က်ရွေးပြီးဒေါင်းယူနိုင်ပါတယ်
အကောင်းဆုံးကတော့ နောက်ဆုံးထွက်ထားတဲ့ Odin v3.07 ကိုသာဒေါင်းယူလိုက်ပါ။

ဖုန်းကလစ်သူနဲ့ Service သမားတွေအတွက် Odin ဗားရှင်းအားလုံးကို တစ်နေရာတည်းမှာ ရယူနိုင်ပါပြီ

၃။ Samsung Firmware များကိုတော့ မိမိဖုန်းရဲ့ မော်ဒယ် အလို Official ဆိုက်မှာ
အကောက်အသစ်တစ်ခုဖွင့်ပြီး စိတ်ကြို က်ဒေါင်းလော့ရယူနိုင်မှာဖြစ်ပါတယ်။
အောက်ကလင့်မှာ ၀င်လေ့လာကြည့်လိုက်ပါ။

www.sammobile.com မှာအကောက်တစ်ခု အလွယ်တကူ ဖွင့်ယူပြီး Samsung Official ရဲ့ Firmware အားလုံးကို လိုသလောက်ဒေါင်းလော့ယူနိုင်ပါပြီ

သို့မဟုတ် အောက်ကလင့်အတိုင်း Free download ရယူနည်းကို
အောက်ကလင့်မှာ လေ့လာကြည့်လိုက်ပါ

Samsung latest official firmware တွေကို တနေရာတည်းကနေဒေါင်းလော့ရယူနိုင်ပါပြီ

၂။ ဖုန်းကို ပါဝါပိတ်လိုက်ပါ။ အောက်ကပုံကိုကြည့်ပါ။
၃။ ဖုန်းကို Download Mode ၀င်ပေးရမှာဖြစ်ပါတယ်။
Volume Down Key, Home Button and Power key ကိုတွဲနှိပ်ထားပါ
အနည်းဆုံး 5 to 8 မိနစ်လောက်တွဲနှိပ်ပေးလိုက်ပါ။ အောက်ကဘယ်က
အခြမ်းပုံအတိုင်း Warning ဆိုပြီး ပေါ်လာတဲ့အခါ ဘယ်ဘက်အခြမ်းမှ ပုံအတိုင်းပြနေပါလိမ့်မယ်။
အသံချဲ့ တဲ့ခလုပ်ကို နှိပ်ပေးလိုက်ပါ၊ အဲဒါဆိုရင်တော့ ဖုန်းကို Download Mode  ၀င်ပြီးပါပြီ။
၎။ ဒေါင်းလော့ရယူထားတဲ့ Odin ကို Zip ဖိုင်နဲ့ဆိုရင်တော့ Extract files
ဖြင့်ဖြေလိုက်ပါ၊ ပြီးရင် ဖွင့်လိုက်ပါ။ ဖုန်းနဲ့ကွန်ပျူ တာကိုချိတ်ဆက်လိုက်ပါ။

ဒီနေရာမှာ နည်းနည်းပြောစရာရှိပါတယ်။ ကျနော် အနီရောင်လေးနဲ့
ဝိုင်းပြထားတဲ့ နေရာတွေကို သတိထားစေချင်ပါတယ်။

(က) ဖုန်းကို USB ကြိုးနဲ့ ချိတ်ဆက်လိုက်တဲ့အခါ အပေါ်ဆုံးက
ID: COM နေရာမှာ အပြာရောင်လေးပြနေရပါမယ်။

(ခ) ဒုတိယအနီရောင်လေးအတန်းမှာ ကျနော် အမှန်ခြစ်ပေးထားတာ
တွေပါလိမ့်မယ်၊တကယ်တော့ Odin ကိုဖွင့်လိုက်တာနဲ့ အဲဒီနှစ်နေရာမှာ
အမှန်ခြစ်က Auto ခြစ်ထားပြီးသားဖြစ်နေတာပါ။ တကယ်လို့အမှန်ခြစ်လေး
ရှိမနေခဲ့ရင်တော့ အမှန်ဖြစ်ပေးထားပေးပါ။

(ဂ) တတိယမြောက် အနီရောင်နဲ့ဝိုင်းပြထားတဲ့
Pit စသည်ဖြင့် သူ့အောက်မှာ လေးခုပါဝင်ပါတယ်။

 (ဃ) ဖုန်းရဲ့အမျိုးအစားအလိုက် ဒီနေရာမှာ အနည်းငယ်ကွဲပြားခြားနားကြပါတယ်၊
မိမိဒေါင်းလော့ရယူလာတဲ့ Firmware ထဲမှာ တကယ်လို့
သင့်ဖုန်းအမျိုးအစားအရ လေးခုလုံး လိုအပ်တယ်ဆိုရင်တော့ Official ရဲ့
Firmware မှာတင် တစ်ခါတည်းတန်းပါလာပြီးသားဖြစ်ပါတယ်။

(င) တစ်ခုချင်းစီကို ထည့်ဖို့ရန်အတွက် Pit ဆိုရင် Pit ဆိုတဲ့စာသားကို
 တစ်ချက်နှိပ်လိုက်ပြီးရင်စောနားက ဒေါင်းလော့ရယူထားတဲ့ Firmware ဖိုင်ထဲက
 Pit နာမည်နဲ့ ပါတဲ့ File ကိုရွေးပေးရမှာဖြစ်သလို တစ်ခြား Bootloader, 
PAD, Phone, CSC စသည်ဖြင့် တစ်ခုချင်းစီကို ရွေးထည့်ပေးရမှာဖြစ်ပါတယ်။

(စ) ID: COM နေရာမှာ အပြာလေးပြထာနဲ့ Message ဆိုနေရာမှာ
စာတန်းအနည်းငယ်ပေါ်လာပါလိမ့်မယ်။ အောက်ကပုံကိုအသေအချာ
ကြည့်ပါ၊ အားလုံး အသင့်ဖြစ်ပြီဆိုရင်တော့ Start ဆိုတာကို နှိပ်ပေးလိုက်ပါ။

(ဆ) Start ဆိုတာကိုနှိပ်လိုက်ပြီးတာနဲ့ ဖုန်းနဲ့ကွန်ပျူ တာချိတ်ဆက်ထားတဲ့
USB ကြိုးကို လုံးဝမဖြုတ်မိပါစေနဲ့ ဘာမှထပ်လုပ်စရာမလိုတော့ပါ ဒီအတိုင်း
စောင့်ကြည့်နေလိုက်ရုံပါ။
၅။ အချိန်နည်းငယ်ကြာပြီပါမည်။ ID: COM စာတန်းရဲ့အထက်
bottom နေရာမှာ အစိမ်းရောင်အတန်းလေး စတင်ပြေးနေပါလိမ့်မယ်
အဲဒီအရောင်လေး စတင်ပြီဆိုတာနဲ့ မိမိဖုန်းမှာလည်း Firmware ကို
စတင် install လုပ်နေပါပြီ။ အချိန်အနည်းငယ်စောင့်နေလိုက်ပါ။
အစိမ်းရောင်တန်းလေး ပြီးတဲ့သွားတဲ့အထိ သွားမှာဖြစ်ပါတယ်။

၆။ အစိမ်းရောင်အတန်းလေး ပြည့်ပြီးတာနဲ့ အောက်ကုံအတိုင်း
Odin မှာ Pass ဆိုပြီး ပြနေပါလိမ့်မယ်။ Message နေရာမှာလည်း Success ဆိုပြီး
စာသားတွေပြနေပါလိမ့်မယ်။ ဖုန်းမှာလည်း Firmware ကို install လုပ်ပြီးလို့
Reboot ကျသွားပါလိမ့်မယ်။ ဖုန်း ပါဝါပွင့်ပြီးတက်လာတဲ့အခါမှ Odin မှ Exit ဆိုတာကို
နှိပ်လိုက်ပြီး ဖုန်းနဲ့ ကွန်ပျူ တာချိတ်ဆက်ထားတဲ့ USB ကြိုးကို အားရပါးရသာ
ဖြု တ်လိုက်ပါတော့ဗျာ...

အထက်ပါ Odin ကိုအသုံးပြု ပြီး Firmware တင်နည်းသည်
စိတ်ချရပါသည်။ လေ့လာခါစညီအကိုတွေကို ကျနော်အထူးမှာချင်တာကတော့
ဒီလိုမျိုးစတင်ကလစ်တာကို စတင်တောမယ်ဆိုရင် ကြောက်ကြောက်နဲ့
မလုပ်စေချင်ပါ၊ တကယ်တော့အချက်ကြီးမဟုတ်ပါ၊ လုပ်ပါပေါင်းများလာရင်
အဆင်ပြေလာပါလိမ့်မယ်။ ဒီနည်းနဲ့ တင်ယူမယ်ဆိုရင်တော့ မိမိဖုန်းကို
Official ကချပေးတဲ့ နောက်ဆုံးဆိုတဲ့ Firmware တွေကို စိတ်ကြိုက်
install လုပ်ယူနိုင်မှာ ဖြစ်ပါကြောင်းခင်ဗျား....

အားလုံးပဲ AOS Device တွင်ပျော်၍ တော်နိုင်ကြပါစေဟု
ဆန္ဒများနဲ့

နည်းပညာချစ်သူ ပရိတ်သတ်ကြီးများအတွက်
ကျနော် ကြိုးစားနေပါဦးမယ်

အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)

ကို​နေဇင်​ - အ​ခြေခံနည်းပညာ Groupထဲကို
Join Group
လုပ်​​ပေးပါဦး - ​အောက်​ကစာသား​ပေါ်သို့်​နှိပ်​ပီးသွားပါ

ကို​နေဇင်​ - အ​ခြေခံနည်းပညာ Group


Facebook Page သို့ Like
နှိပ်​​ပေးပါဦး -​ ​အောက်​ကစာသား​ပေါ်သို့ နှိပ်​ပီးသွားပါ

ကို​နေဇင်​ - နည်းပညာ Page



အဆင်​​ပြေပါ​စေ

ကို​နေဇင်​ - နည်းပညာ


Soft : ( MB)


<<<  Don't Forget To Say Thanks CLICK HERE TO DOWNLOADDon't Forget To Say Thanks  >>>
 

နည်းပညာစိတ်​၀င်​စားသူများနှင့်​ ​ကျောင်းသား​ကျောင်းသူများ လက်မ​လွှတ်​သင့်​​သော နည်းပညာ​ဆွေး​နွေးပွဲကြီး (Tech Camp) ၂၈ - ၂ - ၂၀၁၄ တွင်​ ဟင်္သာတ နည်းပညာတက္ကသိုလ်​ ၌ ကျင်းပ


Tech Camp ဆိုတာဘာလဲ မိတ်​​ဆွေတို့​ယော သိပီးပီ
လား ??

Tech Camp ဆိုတာကျ​နော်​တို့ရဲ့ နည်းပညာ​တွေ ၊ အသိပညာ အတတ်​ပညာ ​လေ့လာ​တွေ့ရှိ့ချက်​​တွေကို လွတ်​လပ်​စွာ မျှ​ဝေမယ့်​ ပွဲတစ်​ခုဖြစ်​ပါတယ်​ ။  အလွန်​လျှင်​မြန်​တဲ့ အရှိန်​အဟုန်​နဲ့ တိုးတက်​​ပြောင်းလဲ​နေတဲ့      နည်းပညာ​ခေတ်​ကြီးမှာ ​နေ့စဉ်​​ပေါ်​ပေါက်​​တွေ့ရှိလာ​နေတဲ့ အ​ကြောင်းအရာအသစ်​​တွေကို မိမိသာမက တခြားသူ​တွေလည်း သိရှိ့နိုင်​​အောင်​ ကိုယ်​သိတာ​တွေ မျှ​ဝေ​ပေးဖို့နဲ့ မိမိလိုဘဲ ​လေ့လာ​တွေ့ရှိ့ထားသူ​တွေက ဖြည့်စွက်​​ပေးကာ သူတို့သိရှိ့တာ​တွေကို ကိုယ်​လည်း သိရှိ့ဖို့ အချင်းချင်း ပြန်​လည်​မျှ​ဝေ​ပေးတဲ့​နေရာတစ်​ခုဖြစ်​ပါတယ်​ ။

Tech Camp ၏ ရည်​ရွယ်​ချက်

Tech Camp ဆိုတာက Bar Camp နဲ့သိပ်​မကွာခြားလှ​ပေမယ့်​ Tech Camp မှာ Bar Camp နဲ့မတူတဲ့ အချက်​တစ်​ခုက​တော့ အင်​ဂျင်​နီယာ  နည်းပညာဘာသာ၇ပ်​များနှင့်​ အခြားနည်းပညာဆိုင်​ရာများကိုသာ အဓိက​ဆွေး​နွေးမှာ ဖြစ်​ပါတယ်​ ။ Tech Camp ဟာ အသိပညာ အတတ်​ပညာ နည်းပညာဆိုင်​ရာ ကွာဟ ချက်​​တွေကျဉ်း​မြောင်းလာ​စေဖို့ တစ်​ဥိးတစ်​​ယောက်​တည်းက လက်​၀ါးကြီးအုပ်​ထားမူ့​တွေကို တွန်းလှန်​နိုင်​ဖို့ အသိပညာသစ်​ အတတ်​ပညာသစ်​​တွေ ​လေ့လာဖို့ စိတ်​၀င်​စား​အောင်​မျိုး​စေ့ချ​ပေးနိုင်​ဖို့စတဲ့ အမျိုးမျိုး​သော ရည်​ရွယ်​ချက်​​တွေကို စု​ပေါင်းအ​ကောင်​အထည်​​ဖော်​နိုင်​လာ​အောင်​ ရည်​ရွယ်​ပါတယ်​ ။

Tech Capm မှာ ဗဟုသုတ ဖြစ်​ဖွယ်​ စိတ်​၀င်​စားဖွယ်​ နည်းပညာများကို ​ခေါင်းစဉ်​များစွာ ၊ အခန်းများစွာ ၊ ​ဟော​ပြောသူများစွာဖြင့်​ ပညာရှင်​များနှင့်​ ၀ါသနာရှင်​များမှ ပရတ်​သတ်​များနှင့်​အတူ အပြန်​အလှန်​ ​ဆွေး​နွေး​ဟော​ပြောကြမည်​ဖြစ်​ပါသည် ။ 

ပုံမှန်​ အစည်းအ​ဝေး ၊ ​ဆွေး​နွေးပွဲ ၊ ​တွေဆုံပွဲ စတာ​တွေ
ကို ကြိုတင်​စီမံထားတဲ့ ​ခေါင်းစဉ်​​တွေ ထားရှိ့ခြင်းမရှိ့ဘဲ
တက်​​ရောက်​လာသူ​တွေက ​ပြောလာတဲ့ ​ပြောချင်​တဲ့ အ
ကြောင်းအ၇ာ​တွေကို တစ်​ချိန်​တည်း တပြိုင်​တည်းမှာ တင်​ပြ​ပေးနိုင်​တဲ့​ဆွေး​နွေးခန်းများစွာကို ဖန်​တီး​ပေးနိုင်
မယ့်​ နည်းပညာဆိုင်​ရာ အ​တွေးအမြင်​ ဖလှယ်​တဲ့ ပွဲတစ်​ခုလည်း ဖြစ်​ပါတယ်​ ။



ကျ​နော်​တို့ TU ဟင်္သာတ အ​နေဖြင့်​ Tech Camp TU ပွဲကြီးအား တ၀်​ကြိမ်​တစ်​ခါမျှ ကျင်းပဖူးခြင်းမရှိ့​သေးပါ ။ ယခု ပထမဆုံး အကြိမ်​အဖြစ်​ Tech Camp TU အားကျင်းပ ပြု့လုပ်​နိုင်​ရန်​ အတွက်​ ကျ​နော်​တို့ TU ဟသာင်္တ ​ကျောင်းသူ / ​ကျောင်းသားများမှ ကြိုးစားအား
ထုတ်​လျှက်​၇ှိ့ပါသည်​ ။ သို့ပါ​သော​ကြောင့်​ စိတ်​ပါဝင်​စား
သူများနှင့်​ ​ကျောင်းသားည​ကျောင်းသူများ အားလုံး အ​နေဖြင့်​ ​အောက်​​ဖော်​ပြပါ ​ကျောင်းသား - ​ကျောင်းသူ များ
ထံတွင်​ ဆက်​သွယ်​စုံစမ်းပါဝင်​နိုင်​ပါသည်​ ။


၁ ။ ​မောင်​မျိုးသူရကိုကို  09 251 123 518
၂ ။ မယုဝါ၀င်း​မော်​        09 422 488 988

Tech Camp ကျင်းပမည့်​​နေ့ရက်​  ၂၈ - ၁၂ - ၂၀၁၅ မှ
၁ - ၃ - ၂၀၁၅ အထိ ။

နည်းပညာ​ဆွေး​နွေးပွဲဖြစ်​​မြောက်​​ရေးအတွက်​ ​ကျောင်းသား​ကျောင်းသူများ၏ ကြိုးစားမူ့များကို အ​သေးစိတ်​သိလိုပါက Facebook Page ​လေးတွင်​ Like ​လေးတစ်​ချက်​​ပေးပီး ၀င်​​ရောက်​​လေ့လာနိုင်​ပါတယ်​ ။ အလှူ​ငွေများ ပါဝင်​လှူဒါန်းလိုပါက အထက်​​ဖေါ်ပြပါ ​ကျောင်းသား ​ကျောင်းသူများထံ စုံစမ်းလှူဒါန်းနိုင်​ပါတယ်





ကို​နေဇင်​ - အ​ခြေခံနည်းပညာ Groupထဲကို
Join Group
လုပ်​​ပေးပါဦး - ​အောက်​ကစာသား​ပေါ်သို့်​နှိပ်​ပီးသွားပါ

ကို​နေဇင်​ - အ​ခြေခံနည်းပညာ Group



Facebook Page သို့ Like

နှိပ်​​ပေးပါဦး -​ ​အောက်​ကစာသား​ပေါ်သို့ နှိပ်​ပီးသွားပါ

ကို​နေဇင်​ - နည်းပညာ Page




အဆင်​​ပြေပါ​စေ

ကို​နေဇင်​ - နည်းပညာ

TeraCopy Pro 3.0 With Serial Key Full Version Size(5.8MB)

ကွန်ပျူတာမှာ သီချင်းတွေကို ကူးတဲ့အခါမှာ အလွန်အသုံးဝင်ပါတယ်။ကော်ဖီကူးတာ နှေးနေတဲ့သူငယ်ချင်းတွေ ဒီဆော့ဝဲလေးကိုသာအသုံးပြုလိုက်ပါ။ဒီဆော့ဝဲလေးက သီချင်းတွေ ၊ဖိုင်တွေ ကော်ဖီကူးတဲ့အခါမှာ
အလွန်မြန်ဆန်လှပါတယ်ခင်ဗျာ
ထိုင်းရောက်ခေတ္တ


ကို​နေဇင်​ - အ​ခြေခံနည်းပညာ Groupထဲကို
Join Group
လုပ်​​ပေးပါဦး - ​အောက်​ကစာသား​ပေါ်သို့်​နှိပ်​ပီးသွားပါ

ကို​နေဇင်​ - အ​ခြေခံနည်းပညာ Group


Facebook Page သို့ Like
နှိပ်​​ပေးပါဦး -​ ​အောက်​ကစာသား​ပေါ်သို့ နှိပ်​ပီးသွားပါ

ကို​နေဇင်​ - နည်းပညာ Page



အဆင်​​ပြေပါ​စေ

ကို​နေဇင်​ - နည်းပညာ


Soft : ( MB)


<<<  Don't Forget To Say Thanks CLICK HERE TO DOWNLOADDon't Forget To Say Thanks  >>>
 

အရိုးရှင်းဆုံး Windows 7 တင်နည်း

အရိုးရှင်းဆုံး Windows 7 တင်နည်း

မင်္ဂလာပါ
ဒီနေ့တော့ Windows 7 တင်နည်းကို အားလုံးအတွက် တင်ပေးလိုက်ပါတယ်။
Windows တစ်ခုကို စတင်ပြီး Install လုပ်တော့မယ်ဆိုရင်တော့ Windows 7 ကိုတင်ယူနိုင်ဖို့ရန်အတွက်
Requirement ခေါ်တဲ့ အချက်အလက်နဲ့ ပြည့်စုံပါမှ Windows ကိုအဆင်ပြေပြေ တင်ယူနိုင်မှာဖြစ်ပါတယ်။
Windows 7 ကိုတင်ဖိုရန် လိုအပ်ချက်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

Windows 7 system requirements
===================
1 gigahertz (GHz) or faster 32-bit (x86) or 64-bit (x64) processor

1 gigabyte (GB) RAM (32-bit) or 2 GB RAM (64-bit)

16 GB available hard disk space (32-bit) or 20 GB (64-bit)

DirectX 9 graphics device with WDDM 1.0 or higher driver
မြန်မာလိုတော့ ရှင်းပြနေစရာမလိုလောက်တော့ဖူးလို့ထင်ပါတယ်။  
 စာကိုမြင်တာနဲ့သဘောပေါက်လောက်မှာပါ၊ တကယ်လို့မိမိကွန်ပျူတာက အထက်ပါ လိုအပ်ချက်တွေနဲ့ ပြည့်စုံနေတယ်ဆိုရင်တော့ Windows 7 တစ်ခုကို အရိုးရှင်းဆုံးနည်းကို အောက်မှာ ဆက်လေ့လာကြည့်ရအောင်ပါ။

Windows တစ်ခုကို Install စတင်လုပ်ဆောင်တော့မယ်ဆိုရင်တော့ သင့်မှာ ၀င်းဒိုးအခွေ DVD တစ်ချပ်တော့ လိုအပ်ပါမယ်။ အားလုံးအသင့်ဖြစ်ရင်တော့ ကွန်ပျူတာရဲ့ Power ကိုစတင်ဖွင့်လိုက်ပါ။
Delete Key ကိုနှိပ်ထားပါ၊ အချို့သော ကွန်ပျူတာတို့တွင် F2 Key ကိုနှိပ်ပေးထားပါ။ သေချာစေရန် CMOS Setup ပေါ်လာသည်အထိ လေး ငါးခါ လောက် ဆက်တိုက်နှိပ်ထားပေးပါ။
Windows 7 DVD အခွေကိုထည့်လိုက်ပါ။
Advanced BIOS Features ဆိုတာကိုနှိပ်ပါ အနီရောင်နဲ့ဝိုင်းပြထားပါတယ်။
First Boot Device OR Boot sequence ဆိုတာကို ရှာပြီး
First Boot နေရာမှာ CDROM ထားပါ။ Second Boot နေရာမှာ Harddisk OR HDD-0 ကိုထားပါ။
ပြီးလျှင် F10 Key ကိုနှိပ်၊ Yes OR Enter Key ကိုနှိပ်ပေးလိုက်ပါ။

စက်က Restart ကျသလို ကျသွားပါလိမ့်မယ် စောင့်နေပါ၊ စက်ပြန်တက်လာတဲ့အခါ၊

Press any key to boot from DC or DVD……

ဆိုပြီးစာကြောင်းအဖြူရောင်လေးနဲ့ပေါ်လာခဲ့ရင်တော့ Enter Key ကိုနှိပ်ပေးလိုက်ပါ။


Windows Files များကို ကူးယူနေတုန်းလေး ခေတ္တစောင့်နေလိုက်ပါ။
Starting Windows ဆိုပြီးအောက်ကပုံအတိုင်းမြင်နေရရင်တော့ ခနလေးစောင့်နေလိုက်ပါ

Install Windows ဆိုပြီးပေါ်လာတဲ့အခါ ဘာမှထပ်ရွေးပေးစရာမလိုတော့ပါ Next ကိုနှိပ်လိုက်ပါ။

အောက်ကပုံအတိုင်းပေါ်လာခဲ့ရင်တော့ Install Now ဆိုတာကိုနှိပ်ပေးလိုက်ပါ။


Setup is starting ဆိုပြီး အောက်ကပုံအတိုင်းပေါ်လာခဲ့ရင်တော့
 ခနလေးစောင့်နေလိုက်ပါ


မိနစ်အနည်းနယ်ကြာပြီးလို့ အောက်ကပုံအတိုင်းပေါ်လာခဲ့ရင်တော့ Operating System OS ကိုရွေးပေးရမှာဖြစ်ပါတယ်၊ ဒါကတော့ ကျနော့် Windwos DVD ခွေက All in One အမျိုးအစားဖြစ်နေလို့ Operating System များနေတာပါ။ မိမိအသုံးပြုလိုတဲ့ Windows Operating System ကိုရွေးပေးရမှာဖြစ်ပါတယ်၊ အခုကျနော်ကတော့ Windows 7 Ultimate x86 ကိုရွေးပေးလိုက်ပါတယ်။



အောက်ကပုံအတိုင်း မြင်နေရရင်တော့ I accept the license terms ဆိုတဲ့
 လေးထောင့်ကွက်လေးကို အမှန်ခြစ်လေးပေးပါ၊ ပြီးရင် Next ကိုနှိပ်ပေးလိုက်ပါ။



Windows အသစ်တင်ယူမှာဖြစ်လို့ Custom (Advanced) ဆိုတာကိုရွေးပေးလိုက်ပါ။


Custom (Advanced) ရွေးပြီးလို့ အောက်ကပုံအတိုင်းပေါ်လာခဲ့ရင်တော့ တကယ်လို့ သင့်ကွန်ပျူတာမှာ
Partation တွေများနေခဲ့ရင်တော့ မိမိ Windwos တင်လို့ Harddisk Partation ကိုရွေးပေးရမှာဖြစ်ပါတယ်။ ကျနော်မှာတော့ Partation တစ်ခုတည်းပဲ ဖြစ်နေလို့ Next ကိုပဲနှိပ်ပေးလိုက်ပါတယ်။


တကယ်လို့ ၀င်ဒိုးကအရင်သုံးလက်စ အဟောင်းရှိနေသေးတာတို့ဆိုရင်ပဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့် Windows အဟောင်းကို Format ချလိုတာတို့ Delete လုပ်လိုတာတို့ဆိုရင်တော့  Drive Option (Advanced) ဆိုတာကို နှိပ်ပြီး Format ချယူနိုင်ပါတယ်။



Windows Files များကို Install ပြုလုပ်နေတုန်း ခနစောင့်နေပါ၊ Copying Windows files ကနေ Completing installation အထိ %0 to %100 အထိစောင့်နေရပါမယ် ဘာမှလုပ်ပေးစရာမလိုပါ။


Windows dialogue box ကျလာပြီးရင်တော့ User name နေရာမှာ မိမိနာမည်ကိုထည့်ပါ၊ 
Computer name နေရာမှာတော့ မိမိကွန်ပျူတာကို ထားလိုသောနာမည်တစ်ခုခုကို
 ရေးထည့်ပေးလိုက်ပါ။ ပြီးရင် Next ကိုနှိပ်လိုက်ပါ။


Password ထားပြီးအသုံးပြုလိုက ဖြည့်ပေးလိုက်ပါ။ ဒီနေရာမှာလည်း Password နေရာမှာ မိမိထားလိုသော Password ကိုထားပေးပါ၊ ဥပမာ-Zunite (CEO) စသည်ပေါ့၊ စာလုံးအကြီးအသေးအကုန်ရပါတယ်။

 Retype your password ဆိုတဲ့နေရာမှာလည်း စောနားက Password နေရာမှာထည့်ထားခဲ့တဲ့ Password ကိုထပ်ထည့်ပေးလိုက်ပါ။ Type password hint (required) နေရာမှာတော့ အပေါ်က မိမိထားခဲ့တဲ့ Password မတူတဲ့ နံပါတ်တစ်ခုခုဖြစ်ဖြစ် စာပဲဖြစ်ဖြစ် တစ်ခုခုကိုရေးရမှာဖြစ်ပါတယ်။ 

ရေးပြီးလည်းအဲဒီ Hint password ကိုအသေချာမှတ်ထားပေးလိုက်ပါ။ တယ်ကယ်လို့ မိမိက password ကိုမေ့လို့ ဖွင့်မရတော့တဲ့အခါ စောနားက hint လုပ်ထားတဲ့ Password ကိုပြန်ထည့်ပေးနိုင်ရင် ကွန်ပျူတာ Lock ကိုကောင်းကောင်း ဖြေယူနိုင်ပါတယ်။ ပြီးရင် Next ကိုနှိပ်ပါ။
ထည့်ပြီး အသုံးမပြုလိုသေးဘူးဆိုရင်လည်း Next ကိုနှိပ်ပေးလိုက်ပါ။


License agreement ဖြင့်ဝယ်ထားသော Windows မဟုတ်လျှင်တော့ Product Key ကိုမထည့်ပဲ automatically activate Windows when I’m online မှာရှိတဲ့ လေးထောာင့်ကွက်လေးမှ အမှန်ခြစ်လေးကိုဖြုတ်ပေးပြီး Next ကိုသာနှိပ်ပေးလိုက်ပါ။


အဆင့်တွေကျော်လာခဲ့လို့ အောက်ကပုံအတိုင်းမြင်နေရရင်တော့
 Ask me later ဆိုတာကိုရွေးပေးလိုက်ပါ။

Time zone ရွေးခိုင်းတဲ့နေရာမှာတော့ မိမိနေတဲ့ နိုင်ငံရဲ့ Provide ကိုရွေးလိုက်ပါ။


Windows ကို Install လုပ်နေတုန်း သင့်မှာ Internet Connection သာအသင့်ရှိနေပြီး တစ်ခါတည်း Connected လုပ်ပြီး Install လုပ်ယူသွားချင်တယ်ဆိုရင် Wifi ရဲ့ လျှို့ဝှက်ချက် ကုတ်နံပါတ်ကိုထည့်ပေးပြီး မိမိအသုံးပြုမယ့် Network အမျိုးအစားကို ရွေးပေးလိုက်ပါ။

Router အမျိုးအစားသုံးတဲ့ သူတွေအထူးသဖြင့် 10 User Or Group User အနေဖြင့်အသုံးပြုနေကြတဲ့ သူတွေကတော့ အပေါ်ဆုံး Home Network ကိုရွေးချယ်ပေးလိုက်ပါ။


အားလုံးပြီးလို့ Windows is finalizing your setting ဆိုပြီး အောက်ကပုံအတိုင်းပေါ်နေရင်တော့ ခနစောင့်နေလိုက်ပါ ကွန်ပျူတာရဲ့ Desktop Screen ကြီးပေါ်လာသည်အထိစောင့်နေလိုက်ပါ။



Congratulations ပေါ့ဗျာ အပေါ်ကအဆင့်တွေကို အောင်မြင်စွာကျော်ဖြတ်ခဲ့ပြီးဖြစ်လို့ 
Windows 7 Ultimate တင်ခြင်းကိစ္စ အောင်မြင်စွာပြီးဆုံးပါပြီ။




PDF စာအုပ် အဖြစ် သိမ်းဆည်းထားချင်တဲ့ ဘော်ဒါတွေကတော့
အောက်ကလင့်မှာဒေါင်းလော့ရယူလိုက်ပါ။

Download Here 

OR

Download Here

OR

Download Here 

OR

 Download Here

OR

Download Here

Windows 8 တင်နည်းကိုတော့ အောက်ကလင့်မှာ
ဒေါင်းလော့ရယူလိုက်ပါ

အရိုးရှင်းဆုံး Windows 8 တင်နည်း (မြန်မာလို စာအုပ်)

Windows 10 တင်နည်းကိုတော့ အောက်ကလင့်မှာ
ဒေါင်းလော့ရယူလိုက်ပါ

Windows 10 Technical Preview Pro Edition & Enterprise Edition ဗားရှင်းအားလုံးကို အလွယ်တကူ Windows တင်နည်း  

အားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်
အားလုံးကို ခင်မင်လေးစားလျှက်
   

အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)
 www.zunite.org

FB ချစ်ပရိတ်သတ်ကြီးများခင်ဗျား ဇူးနစ်(နည်းပညာ) ဆိုက်မှာ ဖုန်းဆော့ဝဲ ဂိမ်းများ သတင်းစသော အသစ်ကလေးများကို အချိန်နဲ့တစ်ပြေးညီ တင်ပေးနေတာမို့ FB Page လေးကို  LIKE ပေးပြီး အားပေးနိုင်ပါတယ်။(အားလုံးကို ကျေးဇူးတင်ပါတယ်)



ကို​နေဇင်​ - အ​ခြေခံနည်းပညာ Groupထဲကို
Join Group
လုပ်​​ပေးပါဦး - ​အောက်​ကစာသား​ပေါ်သို့်​နှိပ်​ပီးသွားပါ

ကို​နေဇင်​ - အ​ခြေခံနည်းပညာ Group


Facebook Page သို့ Like
နှိပ်​​ပေးပါဦး -​ ​အောက်​ကစာသား​ပေါ်သို့ နှိပ်​ပီးသွားပါ

ကို​နေဇင်​ - နည်းပညာ Page



အဆင်​​ပြေပါ​စေ

ကို​နေဇင်​ - နည်းပညာ


Soft : ( MB)


<<<  Don't Forget To Say Thanks CLICK HERE TO DOWNLOADDon't Forget To Say Thanks  >>>
 

G730-U00 Emergercy data Error fix 100%

မင်္ဂလာပါ  Huawei G730-U00 Emergercy data Error fix 100%  လေပါ ညီတစ်ယောက် အလှူ ခံရင် တင်ထားတာပါ  Zip file လေကို ဒေါင်းပြီ password ကို အလှူ ငေ...