iOS app အတွက် pop-out video viewer ကို Facebook စမ်းသပ်နေ





Facebook သည် အွန်လိုင်းဗီဒီယို ကြည့်ရှုနိုင်မည့် နည်းလမ်းသစ်တစ်ရပ်အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
သုံးစွဲသူအချို့သည် Facebook iOS app တွင် carousel ဟူခေါ်သော မြင်ကွင်းပုံစံသစ်ကို တွေ့ရှိခဲ့ကြကြောင်း Twitter မှတစ်ဆင့် ဝေမျှခဲ့ကြသည်။

ထို့အပြင် pop-out, picture-in-picture ပုံစံ လုပ်ဆောင်ချက်များကိုလည်း တွေ့မြင်ခဲ့ရသည်ဟု ဆိုခဲ့ကြသည်။
Pop-out video viewer သည် ဗီဒီယိုကို News Feed နှင့်ယှဉ်လျက် သုံးနိုင်သောကြောင့် Facebook သုံးစွဲသူက ဗီဒီယိုကို ကြည့်ရှုရင်း News Feed ကို အပေါ်နှင့် အောက်သို့ scroll လုပ်နိုင်မည် ဖြစ်သည်။

Ref: TNW
Credit internetjournal
Thiha Htike(THT)




အဆင်​​ပြေပါ​စေ

ကို​နေဇင်​ (နည်းပညာ)



ကျ​နော်​တင်​သမျှကို Facebook ကတိုက်​ရိုက်​လိုချင်​ရင်
ဒီ​နေရာမှာ
Like တစ်​ချက်​​ပေးခဲ့ပါ





MotoExpo Mobile Application အား အခမဲ့ ရယူနိုင်မည်

YangonHeartz Bussiness Solution မှ ထုတ်ဝေလျက်ရှိသည့် မော်တော်ကားမဂ္ဂဇင်း တစ်စောင်ဖြစ်သော MotoExpo ကို Google Play Store ၌ အခမဲ့ Download ရယူကာ ဖတ်ရှုနိုင်ပြီဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့ အခု Application ကို Android ဖုန်းများ အတွက်ပဲ ထုတ်လုပ်သေးတာ ဖြစ်ပါတယ်။
 အခု ဗားရှင်းကိုလည်း သုံးစွဲသူများ ကျေနပ်မှုရှိအောင် နေ့စဉ် ကံစမ်းမဲ အစီအစဉ်တွေလည်း ပါဝင်ပြီး အခြားထူးခြားတဲ့ အစီအစဉ်ပေါင်းများစွာနဲ့ ဖြန့်ချိသွားမှာပါ။ ကျွန်တော်တို့ရဲ့ဒီ MotoExpo မော်တော်ကားမဂ္ဂဇင်းကို အင်တာနက် Website ဖြစ်တဲ့ www.motoexpomm.com နဲ့ Social Media ဖြစ်တဲ့ Facebook မှာလည်း www.facebook.com/motoexpomm ကို ဝင်ရောက်ပြီး ဖတ်ရှုနိုင်ပါပြီ" ဟု YangonHeartz Bussiness Solution မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
အဆိုပါ MotoExpo Mobile Application ကို YangonHeartz Bussiness Solution မှ ထုတ်ဝေပြီး Coolidea မှ နည်းပညာပိုင်းကို တာဝန်ယူ ဆောင်ရွက် ပေးထားကြောင်း သိရသည်။
Thiha Htike(THT)
(ယခုတင်ပေးသောAppအား " ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး) "တွင်အခမဲ့လာရောက်ထည့်သွင်းနိုင်ပါတယ်ခင်ဗျာ)



အဆင်​​ပြေပါ​စေ

ကို​နေဇင်​ (နည်းပညာ)



ကျ​နော်​တင်​သမျှကို Facebook ကတိုက်​ရိုက်​လိုချင်​ရင်
ဒီ​နေရာမှာ
Like တစ်​ချက်​​ပေးခဲ့ပါ





ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်ရေး Kyeet (ကြည့်) Application ကို မကြာခင် မိတ်ဆက်မည်





ရွေးကောက်ပွဲနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို စုစည်းတင်ဆက်ပေးမည့် Kyeet (ကြည့်) Mobile Application ကို စက်တင်ဘာလကုန်ပိုင်း၌ မိတ်ဆက် ပေးသွားမည်ဟု MIDO မှ မရတနာထွန်းက ပြောသည်။

Kyeet (ကြည့်) ဟု အမည်ပေးထားသည့် Mobile Application ကို Website အနေဖြင့် www.kyeet.org ဟူ၍ လွှင့်တင်သွားမည်ဖြစ်ပြီး ရွေးကောက်ပွဲကို စိတ်ပါ ဝင်စားသည့် မည်သူမဆို သတင်းအချက်အလက် ရယူခြင်းနှင့် သတင်းအချက်အလက် ပေးပို့ခြင်းတို့ကို ပြုလုပ်ဆောင်ရွက်နိုင်မည်ဟု သိရသည်။

“ရွေးကောက်ပွဲ ကာလအတွင်းမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို သတင်းတင်ပေးနေတာမျိုးပါ။ ဒီနေရာမှာ နှစ်မျိုးရှိပါတယ်။ ကျွန်မတို့ရဲ့ မိတ်ဖက် အဖွဲ့အစည်းတွေဆီက လာတဲ့ သတင်းတွေ ဆိုရင် တိကျခိုင်မာတဲ့ သတင်းအနေနဲ့ တစ်ခါတည်း လွှင့်တင်သွားမှာပါ။ အသုံးပြုတွေဆီက ပေးပို့လာတဲ့ သတင်းတွေဆိုရင်တော့ အရောင်တစ်မျိုးနဲ့ တင်ဆက်ပေးသွားမှာပါ။ ကျွန်မတို့ စုံစမ်းလို့ ဟုတ်တယ် ဆိုရင်တော့ သူ့ကိုလည်း တိကျခိုင်မာတဲ့သတင်း အနေနဲ့ ပြောင်းလဲတင်ပေးမှာပါ” ဟု မရတနာထွန်းက ဆိုသည်။

Kyeet (ကြည့်) Mobile Application ကို MIDO နှင့် Center For Civic Technology (CCT) တို့ ပူးပေါင်းဖန်တီးခဲ့ခြင်းဖြစ်ပြီး ရွေးကောက်ပွဲကာလအတွင်း နည်းပညာကို အသုံးချ၍ စောင့်ကြည့် လေ့လာမှုများ ပြုလုပ်နိုင်ရန် ရည်ရွယ်ထားသည်ဟု သိရသည်။
လူထုအခြေပြု ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး Platform တစ်ခုကို တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ပထမဦးဆုံးအနေဖြင့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ သိသင့် သိထိုက်သည့် အသင်း အချက်အလက်များကို တင်ဆက်ပေးမည်ဖြစ်သည်။ ဒုတိယအဆင့်သည် ရွေးကောက်ပွဲ ကျင်းပနေသည့် နေ့ရက် အတွင်း ဖြစ်ပေါ်လာသည့် ပြဿနာ အရပ်ရပ်ကို အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ဖော်ပြပေးခြင်း ဖြစ်သည်။

“ဥပမာအနေနဲ့ - မဲရုံကဖွင့်ချိန်ထက် စောဖွင့်တာတွေ၊ နောက်ကျဖွင့်တာတွေ၊ ကိုယ့်နာမည်နဲ့ မဲစာရင်းက ပေးပြီးသားဖြစ်နေတာတွေ၊ ဒါတွေကို သတင်းအချက်အလက် အနေနဲ့ ပေးပို့နိုင်ပါတယ်။ သတင်းတွေကိုတော့ ကျွန်မတို့ စိစစ်ပြီးတော့မှာ တင်မှာပါ။ ကျွန်မတို့ နဲ့ ချိတ်ဆက်ထားတဲ့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အဖွဲ့တွေက လာတဲ့ သတင်းကတော့ ချက်ချင်းတင်မှာပါ။ သူတို့ကိုလည်း သင်တန်းတွေပေးထားမှာ ဖြစ်တဲ့ အတွက် ယုံကြည့်ရမှုလည်း ရှိတယ်”ဟု မရတနာထွန်းက ပြောသည်။

Kyeet (ကြည့်) ၏ ဆောင်ပုဒ်သည် "လွတ်လပ် မျှတ စိတ်ချရဖို့ ရွေးကောက်ပွဲကို စောင့်ကြည့်စို့” ဖြစ်ပြီး ရွေးကောက်ပွဲ ကာလအတွင်း ပေါ်ပေါက်လာသည့် ပြဿနာများ အချိန်နှင့် တစ်ပြေးညီ သိရှိ၍ အချိန်နှင့် တစ်ပြေးညီ ပြန်လည် ဖြေရှင်းပေးနိုင်ရန် မျှော်လင့်ထားကြောင်း သိရသည်။

“အင်တာနက်မရတဲ့ ဒေသတွေမှာဆိုရင် တိုင်ကြားချင်တဲ့ အချက်အလက်တွေကို Application မှာ ရိုက်ထည့်ပြီး ပို့လိုက်တာနဲ့ ဖုန်းက SMS ကို အသုံးပြုပြီး report လုပ်ပေးမှာပါ။ ရောက်လာတဲ့ report တွေကို မြေပုံပေါ်မှာ နေရာအလိုက် ပြန်ပြီး ပြပေးမှာဖြစ်တဲ့အတွက် website ထဲဝင် မြေပုံကြည့်လိုက်တာနဲ့ ဘယ် area တွေမှာ တိုင်ကြားမှု အများဆုံးလည်း ဆိုတာမျိုးကို အချိန်နဲ့ တစ်ပြေးညီ သိနိုင်မှာဖြစ်ပါတယ်” ဟု မရတနာထွန်းက ဆိုသည်။

Credit  internetjournal
Thiha Htike(THT)
My Facebook Account Click


အဆင်​​ပြေပါ​စေ

ကို​နေဇင်​ (နည်းပညာ)



ကျ​နော်​တင်​သမျှကို Facebook ကတိုက်​ရိုက်​လိုချင်​ရင်
ဒီ​နေရာမှာ
Like တစ်​ချက်​​ပေးခဲ့ပါ





Dinga Store ကို စတင်မိတ်ဆက်

ပြည်တွင်းရှိ Mobile Application များကို တစ်နေရာတည်း၌ စုစည်းရောင်းချပေးမည့် Dinga Store ကို ယခုတစ်ပတ်အတွင်း မိတ်ဆက်သွားမည်ဟု Technomation မှ စီအီးအိုဖြစ်သူ ကိုထူးမြင့်နောင်က ပြောသည်။
နိုင်ငံတကာ၌ အောင်မြင်နေသည့် Play Store အတိုင်း စီစဉ်ဖန်တီးထားခြင်းဖြစ်သည့် Dinga Stoer ၌ ပြည်တွင်းထုတ် Mobile Application များကို စုစည်း ရောင်းချ သွားမည်ဖြစ်ပြီး Developer များအနေဖြင့်လည်း Application များကို လွယ်ကူစွာရောင်းချနိုင်မည်ဟု သိရသည်။

“ငွေကြေးခွဲဝေမှုကတော့ နိုင်ငံတကာအတိုင်း Devloper က ၇၀ ရာခိုင်နှုန်းယူပြီးတော့ ကျွန်တော်တို့ က ၃၀ ရာခိုင်နှုန်း ယူပါတယ်။ Payment စနစ်တွေ ကတော့ ပေးလို့ရတဲ့ ဘယ် Payment မဆို ပေးလို့ရအောင် စီစဉ်သွားမှာပါ”ဟု ကိုထူးမြင့်နောင်က ဆိုသည်။

လက်ရှိအချိန်၌ နိုင်ငံတကာ Payment စနစ်များဖြစ်ကြသည့် Visa Card ၊ Master Card များ နှင့် Application ဝယ်ယူရန် ငွေပေးချေနိုင်ပြီး ပြည်တွင်းငွေပေးချေ စနစ်ဖြစ်ကြသည့် MPU ကတ်များ၊ Mobile Money ဝန်ဆောင်မှုများ စသည်တို့ဖြင့်လည်း ငွေပေးချေနိုင်ရန် စီစဉ်နေသည်ဟု သိရသည်။
“ပြည်တွင်းငွေပေးချေမှုတွေလည်း ဆက်ပြီးတော့ ချိတ်ဆက်သွားမှာပါ။ အခုတော့ Dinga Gift Card ဆိုပြီးတော့ ငွေပေးချေနိုင်တဲ့ ကတ်တွေကိုလည်း မိုဘိုင်းဖုန်း ဆိုင်တွေမှာ ရောင်းပေးနေပါတယ်” ဟု ကိုထူးမြင့်နောင်က ပြောသည်။

Dinga Gift Card ကို ရန်ကုန်ရှိ မိုဘိုင်းဖုန်းဆိုင် ၆ ဆိုင်၊ မန္တလေးရှိ မိုဘိုင်းဖုန်းဆိုင် ၃ ဆိုင်နှင့် နေပြည်တော်ရှိ မိုဘိုင်းဖုန်းဆိုင် ၁ ဆိုင်တို့၌ ဝယ်ယူနိုင်ပြီလည်း ဖြစ်သည်။

Dinga Store သည် ပြည်တွင်းရှိ Android မိုဘိုင်းဖုန်း အသုံးပြုသူများအတွက် ရည်ရွယ်ရေးသားထားသည့် Application များကိုသာ စုစည်းတင်ဆက်သွားမည်ဖြစ်ပြီး လက်ရှိ အချိန်၌ Mobile Application ပေါင်း ၃၀ ကျော်ခန့် တင်ဆက်ထားရှိသည်ဟု သိရသည်။

Application ၏ ဈေးနှုန်းကို Developer အနေဖြင့် စိတ်ကြိုက် သတ်မှတ်နိုင်မည်ဖြစ်ပြီး အခမဲ့ တင်ဆက်လိုသည့် Application များကိုလည်း Dinga မှ ပြန်လည်ဖြန့်ချိပေး သွားမည် ဖြစ်သည်။

“Developer အနေနဲ့ ငွေပေးချေမှုအတွက် စဉ်းစားစရာမလိုတော့ဘူး။ သုံးမယ့် လူတွေအတွက်တော့ App Store ကို Install လုပ်ထားဖို့ လိုတယ်။ App တင်ပြီး ရောင်း ချင်တဲ့ Developer တွေအနေနဲ့ကတော့ Dinga Group မှာလာပြီး ဆက်သွယ်လို့ရတယ်”ဟု ကိုထူးမြင့်နောင်က ဆိုသည်။

Credit  internetjournal
Thiha Htike(THT)
My Facebook Account Click


အဆင်​​ပြေပါ​စေ

ကို​နေဇင်​ (နည်းပညာ)



ကျ​နော်​တင်​သမျှကို Facebook ကတိုက်​ရိုက်​လိုချင်​ရင်
ဒီ​နေရာမှာ
Like တစ်​ချက်​​ပေးခဲ့ပါ





IFA နည်းပညာပြပွဲတွင် Skylake ပရိုဆက်ဆာများကို Intel မိတ်ဆက်





Intel သည် စွမ်းဆောင်ရည်မြင့် gaming ကွန်ပျူတာများမှ USB stick အရွယ် ကွန်ပျူတာများအထိ ရည်ရွယ်ထုတ်လုပ်ထားသော စီမံကိန်းလျှို့ဝှက်အမည် Skylake ဟုခေါ်သည့် နောက်ဆုံးပေါ် ပရိုဆက်ဆာများကို မိတ်ဆက်ပေးခဲ့သည်။

ဆဋ္ဌမမျိုးဆက် Core ပရိုဆက်ဆာများ၏ microarchitecture သစ်ကြောင့် စွမ်းဆောင်ရည်၊ ဘက်ထရီသက်တမ်းနှင့် ဂရပ်ဖစ်စွမ်းဆောင်ရည်တို့ကို ပိုမိုကောင်းမွန်စေမည်ဟု Intel မှ ပြောကြားသည်။
၎င်းချစ်ပ်များသည် 4K ဗီဒီယိုများကိုလည်း ပိုမိုကောင်းမွန်စွာ ကိုင်တွယ်နိုင်ကြောင်း သိရသည်။

သို့သော်လည်း အမေရိကန်ကုမ္ပဏီ အနေဖြင့် ထုတ်ကုန်အသစ် လိုအပ်သည့် သုံးစွဲသူများကို သိမ်းသွင်းစည်းရုံးရန် အခက်အခဲများနှင့် ကြုံတွေ့ရဖွယ်ရှိသည်။

Microsoft မှ ဖြန့်ချိခဲ့သော နောက်ဆုံးပေါ် operating system ဖြစ်သည့် Windows 10 သည် သုံးစွဲသူများအား အခမဲ့ အဆင့်မြှင့်တင်မှု ပြုလုပ်စေနိုင်သလို ၎င်းဆော့ဖ်ဝဲကို အသုံးပြုရန်အတွက်လည်း ပရိုဆက်ဆာများ အဆင့်မြှင့်တင်ရန် မလိုကြောင်း အကြံပြုထားသည်။



သုံးစွဲသူများသည် ယခင်က operating system များကို အဆင့်မြှင့်တင်လိုသည့်အခါ ကွန်ပျူတာအသစ်များကို ဝယ်ယူကြသော်လည်း ယခုအကြိမ်တွင်မူ ဝယ်ယူမှုများ ပြုလုပ်ဖွယ် မရှိပေ။

ထို့အပြင် တရုတ်နိုင်ငံ၏ စီးပွားရေးကျဆင်းမှုနှင့် ဥရောပဈေးကွက်များ၏ ရောင်းအားကျဆင်းမှုတို့ကြောင့်လည်း ကုမ္ပဏီများနှင့် အစိုးရများ အနေဖြင့် ၎င်းတို့၏ ကွန်ပျူတာများကို အဆင့်မြှင့်တင်မှု နှောင့်နှေးဖွယ်ရှိသည်။

Intel ကမူ သက်တမ်း ငါးနှစ်နှင့်အထက် ရှိသော ကွန်ပျူတာများ သုံးစွဲမှုသည် သန်း ၆၀၀ ကျော်ရှိကြောင်း မှတ်ချက်ပြု ပြောကြားခဲ့သည်။

နည်းပညာ လေ့လာဆန်းစစ်သူ ဂျက်ခ်ဂိုးလ်ကမူ “ကွန်ပျူတာအဟောင်းကို ပိုင်ဆိုင်သူ တော်တော်များများက Windows 10 ကို upgrade လုပ်သလို ကွန်ပျူတာသစ်တစ်လုံးကိုလည်း ဝယ်ယူပါလိမ့်မယ်။ စွမ်းဆောင်ရည်မြင့် ကွန်ပျူတာကို လိုအပ်သူတွေအတွက်က ပိုပြီး ဆွဲဆောင်စရာတစ်ခု ဖြစ်လာပါလိမ့မယ်။ နောက်ပြီး ဒီပရိုဆက်ဆာကြောင့် ပန်ကာမလိုတဲ့ ပါးလွှာ ပေါ့ပါးပြီး သေးငယ်တဲ့ ထုတ်ကုန်ဒီဇိုင်းသစ်တွေကို တွေ့မြင်ရဖို့ရှိပါတယ်။ စွမ်းအင်သုံးစွဲမှု နည်းပါးတဲ့အတွက်ကြောင့်လည်း ဘက်ထရီကို ၁၀ နာရီကနေ ၁၂ နာရီအထိ အသုံးပြုနိုင်ပါလိမ့်မယ်” ဟု သုံးသပ်ပြောကြားခဲ့သည်။

Ref: BBC
Credit  internetjournal



အဆင်​​ပြေပါ​စေ

ကို​နေဇင်​ (နည်းပညာ)



ကျ​နော်​တင်​သမျှကို Facebook ကတိုက်​ရိုက်​လိုချင်​ရင်
ဒီ​နေရာမှာ
Like တစ်​ချက်​​ပေးခဲ့ပါ





ပညာရေးနှင့် ပတ်သက်သည့် Application များ ဝင်ရောက်ယှဉ်ပြိုင်ကြရန် Telenor က ဖိတ်ခေါ်





နော်ဝေနိုင်ငံ အော်စလိုမြို့၌ ကျင်းပမည့် Digital Winners 2015 အတွက် ပညာရေးနှင့် ပတ်သက်သော Application များ ဝင်ရောက်ယှဉ်ပြိုင်ကြရန် Telenor Myanmar က ဖိတ်ခေါ်ထားသည်။

Digital Winners Award ဆိုသည်မှာ ICT Innovators များနှင့် Entrepreneurs များကို အသိအမှတ်ပြုသည့် ပွဲတစ်ခုဖြစ်ပြီး နော်ဝေနိုင်ငံ အော်စလိုမြို့၌ နှစ်စဉ် အောက်တို ဘာလတွင် ကျင်းပလေ့ရှိကြောင်းသိရသည်။
Telenor ကွန်ရက်တည်ရှိရာ ပါကစ္စတန်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှိ၊ မြန်မာ၊ ထိုင်းနှင့် မလေးရှား နိုင်ငံတို့မှ ကိုယ်စားပြု App Developer အဖွဲ့ကို Telenor ရုံးချုပ်တည် ရှိရာ အော်စလိုမြို့သို့ စေလွှတ်၍ ပြိုင်ဆိုင်စေခြင်းဖြစ်ပြီး ပထမဆုအဖြစ် နော်ဝေငွေ ခရိုနာ ၁ သိန်း ချီးမြှင့်မည်ဟု သိရသည်။

ထို့အပြင် ကိုယ်စားပြုအဖွဲ့သည် Digital Winners Conference ကိုလည်း အခမဲ့ တက်ရောက်ဆွေးနွေးခွင့် ရရှိမည်ဖြစ်ပြီး Conference အသေးစိတ်ကို www.digitalwinners.no တွင် ဝင်ရောက် လေ့လာနိုင်ကြောင်း Telenor က ကြေညာထားသည်။

မြန်မာပြည်တွင်းရှိ App Developer များကို Telenor Myanamr က ပြိုင်ပွဲကျင်းပပေးမည် ဖြစ်ပြီး အကောင်းဆုံးတစ်ဖွဲ့ကို နိုင်ငံ ကိုယ်စားပြု အဖြစ် ရွေးချယ်၍ အော်စလို သို့ စေလွှတ်မည်ဖြစ်ကြောင်း၊ ခရီးစဉ်အတွက် ကုန်ကျစရိတ်ကိုမူ Telenor မှ ကျခံပေးမည်ဖြစ်ကြောင်း သိရသည်။

ပညာရေးနှင့်ပတ်သက်သော Application များကို ဝင်ရောက်ယှဉ်ပြိုင်လိုပါက https://goo.gl/PSCtff သို့ဝင်ရောက်၍ ဝင်ခွင့်ဖောင်အား ဖြည့်စွက်ရမည်ဖြစ်ပြီး digitalwinners@telenor.com.mm သို့ စက်တင်ဘာ ၁၀ ရက် နောက်ဆုံးထား၍ ပေးပို့ရမည်ဟု သိရသည်။

ပြိုင်ပွဲဝင်များမှ ပေးပို့လာသည့် Application များကို ဆန်ခါတင်ရွေးချယ်ကာ Telenor ရုံးတွင် Face to Face Pitching ပြုလုပ်စေမည်ဖြစ်ပြီး အကောင်းဆုံး အဖွဲ့အား မြန်မာပြည် ကိုယ်စားလှယ်အဖြစ်ရွေးချယ်၍ နော်ဝေနိုင်ငံသို့ စေလွှတ်မည်ဟု သိရသည်။

Credit  internetjournal
Thiha Htike(THT)
My Facebook Account Click


အဆင်​​ပြေပါ​စေ

ကို​နေဇင်​ (နည်းပညာ)



ကျ​နော်​တင်​သမျှကို Facebook ကတိုက်​ရိုက်​လိုချင်​ရင်
ဒီ​နေရာမှာ
Like တစ်​ချက်​​ပေးခဲ့ပါ





Samsung ၏ အကူအညီဖြင့် လက်တော့ပ်ဈေးကွက်သို့ Xiaomi ဝင်ရောက်ဖွယ်ရှိ





Mi စမတ်ဖုန်းများဖြင့် တရုတ်နိုင်ငံရှိ Apple ဈေးကွက်ရှယ်ယာများကို ရယူနိုင်ခဲ့သော Xiaomi သည် လက်တော့ပ်ဈေးကွက်တွင် Apple နှင့် ယှဉ်ပြိုင်ရန် စီစဉ်နေကြောင်း သိရသည်။

Xiaomi သည် ထုတ်ကုန်သစ်အတွက် screen များနှင့် memory အစိတ်အပိုင်းများ ထောက်ပံ့ပေးဖွယ်ရှိသော အီလက်ထရွန်နစ် ကုမ္ပဏီကြီးဖြစ်သည့် Samsung နှင့် ဆွေးနွေးနေကြောင်း Bloomberg မှ ဖော်ပြခဲ့သည်။
အမည်မဖော်ပြထားသော ရင်းမြစ်များ၏ ပြောကြားချက်ကို ကိုးကားသော Bloomberg ၏ ဖော်ပြချက်အရ ၎င်းလက်တော့ပ်ကို ၂၀၁၆ ခုနှစ် အစောပိုင်းတွင် ဖြန့်ချိဖွယ်ရှိကြောင်းနှင့် ဘေဂျင်းအခြေစိုက် ကုမ္ပဏီအနေဖြင့် Apple ၏ MacBok Air နှင့် ယှဉ်ပြိုင်နိုင်ရန် မျှော်လင့်ထားကြောင်း သိရသည်။

ကမ္ဘာ့စတုတ္ထအကြီးဆုံး စမတ်ဖုန်းကုမ္ပဏီဖြစ်သည့် Xiaomi သည် ဈေးနှုန်းသင့်တင့်ပြီး ဆွဲဆောင်မှုရှိသော ထုတ်ကုန်များဖြင့် တရုတ်နိုင်ငံတွင် နာမည်ကျော်ကြားလာခဲ့သူ ဖြစ်သည်။

၎င်းသည် ဒေသတွင်းတွင် ထိပ်ဆုံးနေရာ၌ ရပ်တည်နိုင်ရန် Apple နှင့် ယှဉ်ပြိုင်နေရသည်။ Apple သည် ယခုနှစ် ပထမ သုံးလပတ်တွင် တရုတ်နိုင်ငံ၏ နံပါတ်တစ် နေရာကို ရရှိခဲ့သော်လည်း ဒုတိယသုံးလပတ်တွင် Xiaomi ကို ပြန်လည်လွှဲပြောင်းပေးခဲ့ရသည်။

Xiaomi သည် စမတ်ဖုန်းများအပြင် တီဗီများ၊ ကျန်းမာရေးကို ခြေရာခံနိုင်သော လက်ပတ်များ၊ tablet များနှင့် လေသန့်စင်စက်များကို ထုတ်လုပ်ထားသည်။

တရုတ်စမတ်ဖုန်းကုမ္ပဏီသည် ဇူလိုင်လက Apple ၏ iPhone 6 နှင့် ယှဉ်ပြိုင်ရန်အတွက် Mi Note Pro ကို ဖြန့်ချိခဲ့သည်။ Mi Note Pro ၏ လျင်မြန်သော စွမ်းဆောင်ရည်နှင့် ပါးလျသည့် ဒီဇိုင်းကြောင့် CNET ၏ ဆန်းစစ်မှုတွင် အမြင့်ဆုံးအမှတ်ရရှိခဲ့သည်။

Ref: CNET



အဆင်​​ပြေပါ​စေ

ကို​နေဇင်​ (နည်းပညာ)



ကျ​နော်​တင်​သမျှကို Facebook ကတိုက်​ရိုက်​လိုချင်​ရင်
ဒီ​နေရာမှာ
Like တစ်​ချက်​​ပေးခဲ့ပါ





Handwriting Japanese Kanji For Android

ဂျပန်ဘာသာစကားကို စတင်လေ့လာလိုသူများအတွက် ဂျပန်စာလုံး ရေးသားပုံများကို လေ့ကျင်ပေးနိုင်မည့် app တစ်ခု ဖြစ်သည်။ ထို့ပြင် အဆိုပါ app သည် Kanji စကားလုံးများကို လေ့ကျင့်လိုသူများအတွက်ပါ အထောက်အပံ့ပေးနိုင်အောင် စီစဉ်ပေးထားပြီး အသံထွက်များကိုလည်း နားဆင်နိုင်ရန်အတွက် ပြုလုပ်ပေး ထားသည်။
Download ပြုလုပ်လိုသူများအနေဖြင့် အခမဲ့ download လုပ်ယူနိုင်မည်ဖြစ်ပြီး download ပြုလုပ်ရမည့် ဖိုင်အရွယ်အစားမှာ 7.5 MB ခန့်သာ ရှိမည်ဖြစ်သည်။ Android Version 4.0 နှင့် အထက်တွင် ထည့်သွင်း အသုံးပြုနိုင်မည့် app တစ်ခု ဖြစ်သည်။ အခမဲ့ download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။
Thiha Htike(THT)
(ယခုတင်ပေးသောAppအား " ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး) "တွင်အခမဲ့လာရောက်ထည့်သွင်းနိုင်ပါတယ်ခင်ဗျာ)



အဆင်​​ပြေပါ​စေ

ကို​နေဇင်​ (နည်းပညာ)



ကျ​နော်​တင်​သမျှကို Facebook ကတိုက်​ရိုက်​လိုချင်​ရင်
ဒီ​နေရာမှာ
Like တစ်​ချက်​​ပေးခဲ့ပါ





စက်တင်ဘာ ၉ ရက်တွင် iPad Pro ကို Apple မိတ်ဆက်မည်ဟုဆို





Apple သည် လာမည့် ရက်သတ္တပတ်တွင် ကျင်းပမည့် ပွဲ၌ iPhone သစ်များအပြင် အရွယ်ကြီးမားသည့် iPad Pro ကို ပွဲထုတ်မိတ်ဆက်ဖွယ်ရှိကြောင်း 9to5Mac မှ ဖော်ပြခဲ့သည်။

နည်းပညာကုမ္ပဏီကြီးသည် စက်တင်ဘာ ၉ ရက် ပွဲတွင် iPad Pro နှင့် iPad Mini 4 သစ်တို့ကို မိတ်ဆက်ဖွယ်ရှိကြောင်း 9to5Mac က ယုံကြည်ရသော ရင်းမြစ်များကို ကိုးကားကာ ဖော်ပြခဲ့သည်။

ယခုအခါတွင် Apple ၏ ဝင်ငွေ သုံးပုံနှစ်ပုံကျော်သည် iPhone မှ ရရှိခြင်း ဖြစ်ပြီး သုံးလပတ် iPad ရောင်းချမှုနှုန်းကလည်း တစ်နှစ်ထက်တစ်နှစ် လျော့နည်းလာလျက်ရှိသည်။ ထို့အတွက်ကြောင့် tablet များအပေါ် သုံးစွဲသူများ၏ စိတ်ဝင်စားမှု ပြန်လည်ရရှိလာစေရန်အတွက် Apple က အရွယ်ကြီးမားသည့် iPad ဖြင့် ကြိုးပမ်းဖွယ်ရှိသည်။

Apple သည် ပုံမှန်အားဖြင့် စက်တင်ဘာလတွင် iPhone သစ်ကို မိတ်ဆက်ကြေညာလေ့ရှိပြီး iPad ကိုမူ အောက်တိုဘာလတွင် မိတ်ဆက်လေ့ရှိသည်။

အသစ်မိတ်ဆက်မည့် iPad တွင် resolution မြင့်မားသည့် display နှင့် အနားတစ်ဘက်စီတွင် စပီကာများ ပါဝင်ဖွယ်ရှိကြောင်း၊ iPad Mini 4 သည် လက်ရှိဗားရှင်းထက် ပါးလွှာပြီး လျင်မြန်ကြောင်း 9to5Mac မှ ဖော်ပြခဲ့သည်။

အကယ်၍ Apple က အဆိုပါ ထုတ်ကုန်များကို လာမည့်ရက်သတ္တပတ်တွင် မိတ်ဆက်ပေးခဲ့ပါက နိုဝင်ဘာလတွင် စတိုးများ၌ ရောင်းချဖွယ်ရှိကြောင်း သိရသည်။

Ref: CNET
Credit  internetjournal
Thiha Htike(THT)



အဆင်​​ပြေပါ​စေ

ကို​နေဇင်​ (နည်းပညာ)



ကျ​နော်​တင်​သမျှကို Facebook ကတိုက်​ရိုက်​လိုချင်​ရင်
ဒီ​နေရာမှာ
Like တစ်​ချက်​​ပေးခဲ့ပါ





မှတ်ဉာဏ်ပမာဏ မြင့်မားသော ZenFone 2 စမတ်ဖုန်းသစ်ကို Asus မိတ်ဆက်





ယခင်မျိုးဆက်များထက် သိုလှောင်မှု မှတ်ဉာဏ်ပမာဏ ပိုမိုမြင့်မားပြီး Storage 256GB ထိ ပါဝင်လာမည်ဖြစ်သော ZenFone 2 စမတ်ဖုန်းကို Asus မှမိတ်ဆက်ခဲ့သည်။

တရုတ် (တိုင်ပေ) အီလက်ထရွန်းနစ် ကုမ္ပဏီ Asus ၏ Android စမတ်ဖုန်းတွင် ယခင်မျိုးဆက်ကဲ့သို့  ၅.၅ လက်မ မျက်နှာပြင်နှင့် 2.3 GHz Intel quad-core ပရိုဆက်ဆာ ပါဝင်လာသော်လည်း storage မှာမူ 256GB အထိ ပါဝင်လာမည်ဖြစ်ကြောင်း ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုတွင် ပြုလုပ်ခဲ့သောပွဲတွင် ကုမ္ပဏီက ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ Asus သည် RAM 4GB နှင့် storage 256GB ပါဝင်သော ကန်ဒေါ်လာ ၂၄၄ တန်ဖိုးရှိ ZenFone 2 စမတ်ဖုန်းကို မတ်လတွင် တရုတ် (တိုင်ပေ) ၌ ဖြန့်ချိခဲ့ဖူးသည်။

 ထို့နောက် ကုမ္ပဏီအနေဖြင့် ZenFone စမတ်ဖုန်း အမျိုးမျိုးကို အမေရိကန်သို့ မဖြန့်ချိမီ တရုတ် (တိုင်ပေ) ၌ ဦးစွာဖြန့်ချိခဲ့သည်။ ၎င်းတို့ဖြန့်ချိခဲ့သည့် မော်ဒယ်များတွင် RAM 2GB နှင့် storage 64GB အထိပါဝင်သော ဖုန်းများစွာ ပါဝင်သည်။

ထိုအချိန်မှစ၍ Asus သည် ကင်မရာ အသားပေး ထုတ်လုပ်ထားသော ZenFone 2 polygon စတိုင်လ် Deluxe Edition နှင့် laser နှင့် Selfie ဗားရှင်းများကို ထုတ်လုပ်ခဲ့သေးသည်။

Ref: CNET
Credit  internetjournal
Thiha Htike(THT)



အဆင်​​ပြေပါ​စေ

ကို​နေဇင်​ (နည်းပညာ)



ကျ​နော်​တင်​သမျှကို Facebook ကတိုက်​ရိုက်​လိုချင်​ရင်
ဒီ​နေရာမှာ
Like တစ်​ချက်​​ပေးခဲ့ပါ





G730-U00 Emergercy data Error fix 100%

မင်္ဂလာပါ  Huawei G730-U00 Emergercy data Error fix 100%  လေပါ ညီတစ်ယောက် အလှူ ခံရင် တင်ထားတာပါ  Zip file လေကို ဒေါင်းပြီ password ကို အလှူ ငေ...