တရုတ်နိုင်ငံသို့  Google က Play Store, app များနှင့် ဝန်ဆောင်မှုများ ပြန်လည်သယ်ဆောင်လာမည့်  ကိစ္စသည် လျှို့ဝှက်ထားရမည့် ကိစ္စမဟုတ်ကြောင်း၊ အဆိုပါကိစ္စသည် ယခုနှစ်တွင်  ဖြစ်ပေါ်လာလိမ့်မည် ဖြစ်ကြောင်း တရုတ်အခြေစိုက် Lenovo မိုဘိုင်းအဖွဲ့မှ  အကြီးအကဲဖြစ်သူ ချန်ဇူဒေါင်က ပြောကြားသည်။
 
ဇူဒေါင်၏ ပြောကြားချက်ကို Tech.Sina က ကိုးကား ဖော်ပြခဲ့သော်လည်း Google  ဝန်ဆောင်မှုများ အသုံးပြုနိုင်မည့်အချိန်နှင့် ပတ်သက်၍ အသေးစိတ်  ဖော်ပြခဲ့ခြင်း မရှိပေ။
နှစ်အတန်ကြာ ဝန်ဆောင်မှုများ ရုပ်သိမ်းခဲ့ပြီးနောက် တရုတ်နိုင်ငံ၌ Google  Play Store အထူးဗားရှင်းတစ်ခုကို ဖြန့်ချိသွားမည် ဖြစ်ကြောင်း အစောပိုင်းက  သတင်းများ ထွက်ပေါ်ခဲ့သည်။ ထို့နောက် Android ၏ Engineering Director  ဖြစ်သူ ဒေးဗစ်ဆင်ဂယ်တန်က Google ၏ app နှင့် ဝန်ဆောင်မှုများ ပါဝင်သော  စမတ်နာရီ platform အသုံးပြုထားသည့် Moto 369 Android Wear နာရီကို  တရုတ်နိုင်ငံတွင် မိတ်ဆက်သွားမည်ဟု ပြောကြားခဲ့သည်။
လက်ရှိတွင် တရုတ်ဖုန်း အများအပြား၌ Android ကို အသုံးပြုထားသော်လည်း  ဟန်းဆက်ကုမ္ပဏီများက တရုတ်အခြေစိုက် ဝန်ဆောင်မှုများနှင့် app store များသာ  ပေါင်းစပ်ပါဝင်သည့် AOSP ခေါ် Android Open Source Project ကိုသာ  မှီခိုနေရသည်။
Ref: ZDNet
Credit  internetjournal
သီဟထိုက်
အဆင်ပြေပါစေ
ကိုနေဇင် (MMiTO)
ဒီနေရာမှာ
Like တစ်ချက်ပေးခဲ့ပါ


No comments:
Post a Comment