HTC One Mini - m4 ဖုန်းအမျိုးအစားတွေအတွက် 5.0.2 Lollipop Official Nightly ROM များကို တစ်နေရတာမှာဒေါင်းလော့ရယူနိုင်ပါပြီ

 5.0.2 Lollipop Official Nightly ROM 
မင်္ဂလာပါ
ဒီနေ့တော့ ဟိုရှာဒီရှာနဲ့ တွေ့လာတဲ့ HTC One Mini - m4 ဖုန်း
ဆိုင်ရာ5.0.2 Lollipop Official Nightly ROM များကို အားလုံး
အတွက် တင်ပေးလိုက်ပါတယ်။

ကျနော် တင်ပေးဖူးတဲ့ Firmware လင့် တွေထဲမှာတော့
အခုလင့်က ပိုလန်းသလားလို့ တစ်ကယ် တစ်ချက်တည်းနဲ့
5.0.2 Lollipop Official ROM ကြီး တန်းဆင်းလာတာနော်

ပထမတော့ ကျနော်လည်း ဒေါင်းလော့ရယူရတာတွေကို
တစ်ချို့  Official ဆိုက်တွေဆိုရင် သိတယ်မလား Register တင်ခိုင်း
FB ကို Like ပေးခိုင်းနဲ့ တိုင်ပတ်နေတာပဲ၊ ပြီးတော့ သူတို့ပြောသမျှ
လိုက်လုပ်တာလည်းလုပ်ပြီးရော့ Download ဆိုတာနှိပ်လိုက်တာနဲ့
လင့်က တစ်ခုခုကြောင့် ပျက်စီးနေတာကိုပဲ နေ့တိုင်းတွေ့နေရတော့
ဒီလင့်ကိုလည်း ကျနော် အဲသလို ထင်နေတာ

ဘယ်ဟုတ်မယ် မယုံတယုံနဲ့ အပေါ်ဆုံး လင့် နောက်ဆုံး Update အနေဖြင့်
တက်နေတဲ့ဟာကို ကျနော် တစ်ချက်ထောက်ကြည့်လိုက်တော့ တစ်ခါတည်း
ဒေါင်းလော့ Zip ဖိုင်ကြီးက တန်းဆင်းလာတော့ မဖြစ်ပါဘူးဆိုရင်ပြီး
အားလုံးကို သွားသတိရတာနဲ့ ဒီပိုစ့်လေးကို ရေးလိုက်ပါတယ်ခင်ဗျား...

HTC One Mini - m4 ဖုန်းအမျိုးအစားတွေအတွက်
 5.0.2 Lollipop Official Nightly ROM များကို တစ်နေရတာမှာ
One Click Download နဲ့ စိတ်ကြို က်ဒေါင်းလော့ရယူနိုင်ပါပြီ။

Firmware ဒေါင်းလော့လုပ်နည်း
================
၁။ Firmware များကိုရယူဖို့ရန် အောက်ကလင့်ကိုနှိပ်လိုက်ပါ။

HTC One Mini-m4 5.0.2 Lollipo Official ROM

၂။ အောက်ပုံအတိုင်း Official ဆိုက်ကိုရောက်သွားပါလိမ့်မယ်
ဒီနေရာမှာ ဗဟုသုတ အနေဖြင့် ထည့်စွက် ပြောကြည့်ပါမယ်
 အောက်မှာ ကျနော် အနီရောင်လေးနဲ့ ၀ိုင်းပြထားပါတယ်
ဒီလိုရေးရတာကလည်း အခုမှ လော့လာခါစ ညီအကိုတွေ
အတွက် ဒေါင်းလော့ရယူရာတွင် အဆင်ပြေအောင်လို့ပါ

၁။ Device နေရာမှာတော့ HTC One Mini - m4 အမျိုးအစား
ဆိုတာကို ပြနေတာဖြစ်ပါတယ်။
၂။ Type ဆိုတာတဲ့နေရာမှာ Nightly ပြနေတာက
 HTC One Mini - m4 အမျိုးအစားထဲမှ
Nightly ဖြစ်တယ်ဆိုတာကိုပြနေတာပါ။
၃။ Filename နေရာမှာတော့ Firmware အမျိုးအစားကိုပြနေတာပါ
၎။ Size နေရာမှာတော့ အဲဒီ Firmware Zip ဖိုင်ဟာ အရွယ်အစားအားဖြင့်
222.60 MB လောက်ရှိတယ်ဆိုတာကိုပြပေးနေတာပါ။
၅။ Date Added နေရာမှာ အခုမြင်နေရတဲ့ Firmware တွေဟာ
ဘယ်နေ့ ကနောက်ဆုံးအဖြစ် တင်ပေးထားတယ်ဆိုတာကိုပြနေတာပါ။
၆။ Firmware ကိုဒေါင်းလော့ရန်အတွက်ကတော့ Filename ဆိုတဲ့နေရာမှ
စာတန်းအပြာရောင်လေးနဲ့ ပေါ်နေတဲ့ နေရာလေးကို တစ်ချက်နှိပ်လိုက်ပါ။
 ၇။ တစ်ချက်နှိပ်လိုက်ပြီးတာနဲ့တော့ အောက်ကပုံအတိုင်း
Firmware zip ဖိုင်ကြီး တန်းကျလာပါလိမ့်မယ်
Start Download ဆိုတာကိုသာ နှိပ်ပေးလိုက်ပါ။

အားလုံးပဲ ဘ၀ရဲ့အမောတွေပြေနိုင်ကြပြီး
Android တွင်ပျော်၍ တော်နိုင်ကြပါစေ

အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)
 www.zunite.org

FB ချစ်ပရိတ်သတ်ကြီးများခင်ဗျား ဇူးနစ်(နည်းပညာ) ဆိုက်မှာ ဖုန်းဆော့ဝဲ ဂိမ်းများ သတင်းစသော အသစ်ကလေးများကို အချိန်နဲ့တစ်ပြေးညီ တင်ပေးနေတာမို့ FB Page လေးကို  LIKE ပေးပြီး အားပေးနိုင်ပါတယ်။(အားလုံးကို ကျေးဇူးတင်ပါတယ်)



No comments:

Post a Comment

G730-U00 Emergercy data Error fix 100%

မင်္ဂလာပါ  Huawei G730-U00 Emergercy data Error fix 100%  လေပါ ညီတစ်ယောက် အလှူ ခံရင် တင်ထားတာပါ  Zip file လေကို ဒေါင်းပြီ password ကို အလှူ ငေ...