အားလုံး တင်ပေးထားပြီးသားပါ
မေးလွန်းအားကြီးလို့ ပါ အများကြီးလို့ပြောပါရစေ ဘာ browser \ ဟိုကျော် ဒီကျော် ၊ ဟိုဟာသုံး ၊ ဒီဟာသုံး ၊ ဟိုဟာ ၊ ဒီဟာ ကျွန်တော့်နည်းတွေကကျွန်တ်ာအရင်ဆုံး ကြိုပြောပါရစေဗျာ ကျွန်တော်ဘာမှမသိ မတတ်ဘူးဆိုတာပါပဲ .. ကျွန်တော်တင်သောပို့စ်တွေက အခုမှ ၁၅၀၀ sim card ၀ယ်ကိုင်တဲ့ သူများအတွက်ပါ ဆရာကြီးများနှင့်ဆရာ့ ဆရာ့ကြီး များ နားလည်ပေးပါနော် ဘာလို့လဲဆိုတော့ ကျွန်တော်အရင်က အလုပ်တစ်ဖက်ကျောင်းတစ်ဖက်ဖြစ်လို့ ပို့စ်တင်ခြင်းကိုပစ်ပယ်ထားပါတယ် အားရင်တော့တစ်မျိုးပေါ့ အခုစာမေးပွဲဖြေပြီးတော့ ကျွန်တော်ပို့စ်တွေ ပြန်တင်ပေးပါတယ် FB Group တွေ မှာ မတင်ပေးတာ မဖြေပေးတာ အကြောင်းရှိပါတယ် အကောင့်က သတင်းစုံ Soware ဖြစ်နေလို့ပါ (ဖတ်ပဲဖတ်status ပဲရေး)ရှေ့လဆို ပြန်ရပြီ ကျွန်တော် မအားတဲ့ အလုပ်ကြားက မကောင်းတဲ့ connection ကြားက တစ်မိနစ်၂ ကျပ်ပေးပြီး တင်ပေးနေရတာပါ ကျွန်တော်ပျော်ပါတယ် ကျွန်တော်ဖုန်းနံပါတ်နဲ့ဖုန်းဆက်ပြီးမေးလို့ရပါတယ်ဆိုတာကျွန်တော့်ပင်ပန်းတာလေးတွေကို ကျေနပ်စေလို့ပါ ။အချို့ ကတော့ ပညာစမ်းတယ်ဗျာ အဲ့မော်ဒယ်မှာ လိုင်းမတတ်တာကို ဘယ်လိုလုပ်ရမလဲမမေးဘူး CMD ကတော့ Firmware ဘယ်လိုတင်လဲတဲ့ ဆရာကျလို့နေမှာပေါ့ ထားလိုက်ပါ ဒါပေမဲ့ကျွန်တော်ဘာမှ မတတ်ဘူးနော် ဟိုလိုလို ဒီလိုလိုပေါ့ ကျွန်တော့်ဆရာပြောသလိုပေါ့ သိတော့သိတယ်မကျွမ်းဘူးဆိုတာကိုပေါ့ (But ဘာမှမသိပါဘူး လေ့လာဆဲပါ)
ကဲမသိသေးသောသူများအတွက်ပါ
Telenor နဲ့ဖွင့်မယ်
1. ဖုန်းမှာ Chrome Browser ရှိရပါမယ်.. အခြား Browser တွေက အချိန်ကြာပြီး အဆင်မပြေတာ များလို့ပါ.. မရှိရင် အောက်မှာ ဒေါင်းပြီး Install လုပ်လိုက်ပါ..Chrome Browser :2. ဖုန်း အင်တာနက်ကို ဖွင့်ပြီး Chrome Browser ရဲ့ အပေါ်ဆုံးက Address Bar ထဲမှာ https://mail.google.com လို့ရိုက်ထည့်ပြီး Go ကိုနှိပ်လိုက်ပါ..

3. ပြီးရင် Create an account ကိုနှိပ်. ဖုန်းနံပတ်ကလွဲလို့ ဖြည့်စရာရှိတာ ဖြည့်ပြီး Continue ဆိုတဲ့ အပြာတန်းကြီးကိုနှိပ်လိုက်ပါ.. အဲဒီမှာ ဖုန်းနံပတ်တောင်းလိမ့်မယ်.. တစ်ခါတစ်လေ မတောင်းဘူး.. တောင်းခဲ့ရင် အကွက်လေးရဲ့ ဘေးက အလံလေးကို တစ်ချက်နှိပ်လိုက်ပြီး Myanmar +95 ကိုရှာပြီးရွေးလိုက်.. ပြီးရင် ကိုယ့်ဖုန်းနံပတ်ကို 09 ကစပြီးဖြည့်လိုက်.. ကျွန်တော် ဖြည့်ပြထားတယ်.. How do we Send you codes? ရဲ့ အောက်နားမှာ Voice Call ကိုရွေး.. ပြီးရင် Continue ကိုနှိပ်လိုက်ပါ..

ဖုန်း တစ်လုံး( နံပတ်ကတော့ ဘာမဆိုဖြစ်နိုင်ပါတယ်.. ) ခေါ်လိမ့်မယ်.. သူပြောတဲ့ ဂဏန်း ၆ လုံးကို ဖြည့်ရမယ့် အကွက်ထဲဖြည့်လိုက်ပြီး Confirm ကိုနှိပ်လိုက်ပါ..
4. Profile ဖြည့်ခိုင်းမှာဖြစ်ပါတယ်.. ကျော်သွားလို့လည်း ရပါတယ်.. ပြီးရင်တော့ Gmail ထဲကိုရောက်သွားပြီး Gmail Team က ပို့တဲ့ အီးမေး တွေ တွေ့ပါမယ်.. ဒီအတိုင်းထားလိုက်ပါ..

ဖုန်းရဲ့ Home Key ကိုနှိပ်ပြီး ထွက်ပါ.. ( Home Key ဆိုတာ Huawei နဲ့ HTC မှာဆိုရင် အိမ်ပုံလေး.. ဖုန်းရဲ့ အောက်နားလေးမှာရှိတယ်. Samsung မှာဆို အောက်နားက Button အကြီးကြီး. )
ဒီမှာ Gmail ဖွင့်တာ ပြီးသွားပြီ... Gmail ရှိပြီးသားဆိုရင် အဆင့် 3 နဲ့ 4 ကို လုပ်စရာမလိုဘူး.. Sign in ဝင်ထားပြီး Home နဲ့ ထွက်ထားလိုက်ပါ....Facebook Account ဖွင့်နည်း
1. ဖုန်းမှာ UC Browser တင်ထားလိုက်ပါ.. မရှိရင် အောက်မှာ ဒေါင်းပြီး Install လုပ်ထားလိုက်ပါ..UC Browser :2. UC Browser ကိုဖွင့်ပါ.. သူ့မှာပါတဲ့ Facebook ကိုနှိပ်ပါ.


3. ဖြည့်ရမယ့် အကွက်တွေထဲမှာ ဖြည့်ပါ.. ဒါကိုတော့ အသေးစိတ် မပြောတော့ပါဘူး.. Email မှာ ခုနက ဖွင့်ထားတဲ့ Email ကို ဖြည့်လိုက်ပါ.. ဆက်နှိပ်သွားရင်တော့ confirm code တောင်းတဲ့အဆင့်ကို ရောက်သွားပါမယ်..

ဘာမှ မလုပ်ဘဲ ဖုန်းရဲ့ Home Key ကိုနှိပ်ပြီး ထွက်လိုက်ပါ..
4. ခုနက ပြန်ထွက်ထားခဲ့တဲ့ Chrome Browser ကိုဖွင့်လိုက်ပါ.. အီးမေးထဲမှာ Facebook က ပို့ထားတဲ့ အီးမေးတစ်စောင် ရောက်နေပါမယ်.. မတွေ့သေးရင် မျဉ်းတို သုံးချောင်းရဲ့ ညာဘက်က မျဉ်းကွေးလေးကို တစ်ချက်နှိပ်လိုက်ပါ.. Facebook က အီးမေးကို တွေ့ရင် နှိပ်လိုက်ပါ.. အဲဒီမှာ Code 5 လုံး ပို့ထားတာကို မှတ်လိုက်ပါ.. ပြီးရင် Home Key ကိုနှိပ်ပြီး ပြန်ထွက်လိုက်ပါ..

5. UC Browser ကိုဖွင့်လိုက်ပါ... Code ဖြည့်ရမယ့် အကွက်ထဲမှာ ခုနက မှတ်ထားတဲ့ ဂဏန်း ၅ လုံးကိုဖြည့်ပြီး Confirm ကိုနှိပ်လိုက်ပါ..

6. ဒီအဆင့်မှာ Profile Information ဖြည့်ရပါမယ်.. ကျွန်တော် ပြထားသလို ဖြည့်လိုက်ပါ.. ဒါက အလွယ် ပြောတာပါ.. အကွက်တွေထဲမှာ ကိုယ်ဖြည့်ချင်တာကို ဖြည့်လို့ရပါတယ်.. Facebook က အသိအမှတ်ပြုထားတာကိုလိုချင်ရင်တော့ မြို့နာမည်၊ ကျောင်းနာမည်တွေကို ရေးပြီး ညာဘက်က Search ကိုနှိပ်.. ပေါ်လာတဲ့ မြို့၊ ကျောင်း တွေကို ရွေးထည့်နိုင်ပါတယ်.. ပြီးရင်တော့ Save ပေါ့..


8. နောက်အဆင့်တွေမှာတော့ Skip တွေကိုနှိပ်ပြီး ကျော်နိုင်ပါပြီ.. အားလုံးပြီးသွားရင်တော့ Facebook Account တစ်ခု လွယ်လွယ်ကူကူ ရပြီးသွားပါပြီ...

Home Key နှိပ်ပြီး ပြန်ထွက်ကာ Facebook Application ဖွင့်ပြီး ကိုယ့်အကောင့်ကို Log in ဝင်နိုင်ပါပြီ...
ဒီ Facebook App ထဲမှာလည်း မြို့နာမည်၊ ကျောင်းနာမည်တွေ မေးပါတယ်.. အကောင့်လုပ်တုန်းကအတိုင်း ဖြည့်ပေးလိုက်ပါ.. ဒုတိယ အဆင့်နဲ့ တတိယအဆင့်ကို Skip လုပ်ပြီး ကျော်လိုက်ပါ.. ဒါဆို သုံးလို့ရပြီ.. အစ အဆုံး အကောင့်ဖွင့်တာ ၁၀ မိနစ်ပဲကြာပါတယ်.. လိုင်း စုတ်လို့ စောင့်နေရတာတော့ မသိဘူးနှော်...


အကောင့်ရပြီဆိုပြီး အားရဝမ်းသာ ဖြစ်မနေခင် သိထားရမယ့် စည်းကမ်းလေးတွေ ပြောပြပါအုံးမယ်..
1. ၂၄ နာရီအတွင်း Friend ၁၀ ယောက်ထက် ပိုပြီး Request မပို့ပါနဲ့
2. အကောင့်သစ်မှာ ပို့စ် အနည်းဆုံး ၃ ခု တင်ပါ.. ပို့စ်မှာ လင့်တွေ မထည့်ပါနဲ့အုံး.. နောက် သက်တမ်း ကြာလာမှ လင့်တွေပါတဲ့ စာတွေ တင်လို့ရပါပြီ..
3. သူများ ရေးထားတာတွေကို အနည်းဆုံး ၅ ခု Like လုပ်ပါ..
4. အကောင့်သစ်ကို ခု ဖုန်းနဲ့ သုံး၊ ခဏနေ ကွန်ပျူတာနဲ့သုံး မလုပ်ပါနဲ့အုံး.. အနည်းဆုံး ၂၄ နာရီတော့ ဖုန်းနဲ့ပဲ သုံးနေလိုက်ပါ...
ဒါဆိုရင်တော့ အဆင်ပြေပါပြီ.. ဘယ်တော့ ဖုန်းနံပါတ်နဲ့ ကုဒ်တောင်းမလဲဆိုတာ မသိပါဘူး....
နောက်တစ်ခုက မိတ်ဆွေတွေကို သေသေချာချာ ရှင်းပြထားပါလျက်နဲ့ Facebook အကောင့်လေး ဖွင့်ပေးပါ.. Facebook အကောင့် ဝယ်ချင်လို့ပါဆိုပြီး လာမပြောပါနဲ့.. ကျွန်တော် အဲဒီဝန်ဆောင်မှု မလုပ်ပေးပါခင်ဗျာ..
အထက်ပါနည်းအတိုင်း တစ်နေ့ကို အရေအတွက်အကန့်အသတ်မရှိ လုပ်နိုင်ပါတယ်.. ဖုန်းရဲ့ Setting> Application> Manage Application သို့မဟုတ် Setting> More> Application Manager ကိုနှိပ်.. Chrome ကိုနှိပ်.. Clear Data လုပ်.. UC Browser ကိုလည်း Clear Data လုပ်ပြီး အကောင့်သစ် နောက်တစ်ခု ထပ်ဖွင့်နိုင်ပါတယ်...


ဒါက နောက်ထပ်တစ်နည်း
ဒီ Add-ons လေး ကို Firefox Browser ထဲကိုInstall လုပ်လိုက်ပါ။
Add-on Link - https://addons.mozilla.org/en-US/firefox/addon/anonymox/?src=search
Add-ons ကို install လုပ်ပြီးရင် Firefox ကို Restart လုပ်လိုက်ပါ။
ပြီးရင် Firefox add-ons Manager ထဲက Anonymox add-ons ကိုတွေ့ပါမယ်
Enable လုပ်လိုက်ပါ
ပြီးရင် ip address ကို www.whatismyip.com မှာသွားစစ်လိုက်ပါ။
Country မှာ USA လို့ပြရင်ရပါပြီ။
Firefox မှာ Error တက် နေ ရင်
Firefox > Options > Options > Advanced Tab > Network > Connection Setting > Use System Proxy Setting ကို အမှန်ခြစ်ပါ။
www.facebook.com မှာAccount အသစ်အလွယ်တကူဖွင့်လို့ရပါပြီ။
မှတ်ချက်
Lock ကျ နေတဲ့ Account များလဲဒီနည်းနဲ့ ဖြည်လို့ရပါတယ်။
Country ကို Myanmar ရွေးပေးပါ။
Ph no- 959xxxxxxx(eg- 9595196032 ကိုယ်ဖုန်းနံပါတ်ထည့်ပါ။)
SMS ပို့တာမရွေးပဲ ဖုန်းခေါ်တာကိုရွေးပါ။FaceBook ကဖုန်းခေါ်ပြီး Code no ပြောပါလိမ့်မယ်။
ဒါနောက်တစ်နည်း
၁။ အခုဒေါင်းလိုက်တဲ့ apk ကိုဖွင့်လိုက်ပါ။
၂။ ကျွန်တော်တို့ က Mail အသစ်လုပ်မှာ မို့လို့ Sign Up ကို ရွေးပါ။

၃။ First Name…….စတာတွေ ဖြည့်ပေး လိုက်ပါ။ New E-Mail မှာ ကိုယ်လို ချင်တဲ့ လိပ်စာ ထည့်ပါ။
@mail.ru ကိုနှိပ်လိုက်ပါ။ အဲ့ဒီ ထဲက ကိုယ်မှတ်လို့ ကောင်းတဲ့ နာမည် ရွေးလို့ ရပါတယ်။ ကျွန်တော်
ကတော့ @mail.ru ကိုပဲ ယူလိုက်ပါပြီ။ ( အောက်နားလေးက I agree ဘာညာ ဘာညာ ဆိုကို အမှန်
ခြစ်ပေးလိုက်ပါ)။
ပီးရင် Next ကိုနှိပ်ပါ။

၎။ နောက် တစ်ဆင့်မှာ Ph no တောင်းပါ လိမ့်မယ်။ ကျွန်တော်တို့ က ဖုန်း နံပါတ်ကို မထည့်ဘူး ဆိုတဲ့
အတွက် “I don’t have cell phone” ကို ရွေးပါမယ်။

၅။ ပြီးရင် Security Question ကို ထည့်ခိုင်း ပါလိမ့်မယ်။ အဆင်ပြေရာ ထည့်ပါ။ မှတ်တော့ မှတ်ထား
ဦးနော်။ သူ့ ပုံမှာပေး ထားတဲ့ code လေးကို မှန်အောင် ရိုက်ပေး လိုက်ပါ။ ပြီးရင် DONE ကိုနှိပ်ပါ။

၆။ ဒါဆိုရင် mail အသစ် လုပ်တာ ပြီးပါပြီ။ Facebook မဖွင့်ခင် အခုဖွင့် ထားတဲ့ mail အကောင့်ကို ပြန်
ဝင် ထားပါ။

၇။ နောက် တစ်ဆင့် ကတော့ Facebook အကောင့် ဖွင့်ဖို့ ပဲ ကျန်တော့တယ်။ ကဲ…….Facebook app
ထဲဝင် လိုက်ပါ။ အသစ် လုပ်မှာဖြစ်တဲ့ အတွက် Sign Up ကိုရွေးပါ။

၈။ နာမည် ထည့်ခိုင်း ပါလိမ့်မယ်။ ကိုယ်သုံး ချင်တဲ့ နာမည် ထည့်ပေး လိုက်ပါ။ ပီးရင် Continue ပေါ့။

၉။ Password ပေးလိုက်ပါ။
၁၀။ ပြီးရင် Profile ပုံတို့ ၊ကျောင်းတို့ နေရပ် လိပ်စာတို့ ထည့်ပေး လိုက်ပါ။
၁၁။ ဒီလို အ၀ိုင်းလေးလည် ပြီးလို့ ကိုယ့်ဖေ့ဘွတ်လေး ပွင့်သွားရင်တော့ FB အကောင့် လုပ်တာ 80%
လောက်တော့ပြီးပါပြီ။

၁၂။ပြီးရင် Mail ထဲကို FB က Code ပို့ထား ပါလိမ့်မယ်။ အဲ့ဒီထဲ ၀င်လိုက်ပါ။ Confirm Your Account
ကိုနှိပ်ပါ။ ပီးရင် Facebook app ကို ရွေးပေး လိုက်ပါ။ ဒါဆို account confirm လုပ်တာ ပြီး သွားပြီဖြစ်
တဲ့ အတွက် Facebook Account ကို ဖုန်းနံပါတ် မလိုပဲ ၁၀၀% ဖွင့်တာ ပြီးဆုံး သွားပါပြီ။
နောက်ဖွင့်နည်းတွေ အများကြီးရှိသေးတယ်ဗျာ ဒါပေမဲ့ အားလုံးက ခေါင်းစဉ်တစ်ခုအောက်မှာပဲ ရှိတာပါ ..
Credit to မူလစာရေးသူများအားလုံး
Thiha Htike(THT)
thihahtike.it@gmail.com
0973151297
ဆရာတစ်ယောက်မဟုတ်ပါနော် နည်းပညာလောကထဲစ၀င်လာကတည်းက ကျွန်တော် ဒီလိုမျိုး အစီအစဉ်လေးလုပ်ခဲ့တာပါ .. အားလုံးကကျွန်တော့်ဆရာတွေပါ အခုဒီပို့စ်ကိုကြည့်နေသူလည်းကျွန်တော့်ဆရာပါ :D
ကျွန်တော့်ထံသို့ မေးလ်ဖြင့်ဖြစ်စေ၊ဖုန်းဆက်ပြီးဖြစ်စေ Mobile နည်းပညာများ မေးမြန်းနိုင်ပါကြောင်း သိသလောက်ကို ဖြေပေးပါ့မယ်ခင်ဗျာ....
မှတ်ချက်။ ။ ကျွန်တော့်ကို Message နဲ့ပို့ပြီးမမေးဖို့ အထူးပြောလိုပါတယ် .ဖုန်းဆက်ပြီးသော်လည်းကောင်း မေးလ်ဖြင့်သော်လည်းကောင်းတိုက်ရိုက်မေးမြန်းနိုင်ပါတယ်ခင်ဗျာ (only voice call & Email )အမှန်တစ်ကယ်ပြောရရင် ပြန်ပို့ဖို့ပိုက်ပိုက်မရှိလို့ပါခင်ဗျာ :P
Welcome From My Blog
** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
** Step-2. "5sec". လောက်စောင့်ပေးပါ။
** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။
** Step-4. Download Link ကျလာပါလိမ့်မယ်။
** အဆင်ပြေပါစေခင်ဗျာ။
Download
No comments:
Post a Comment